Saturday, December 12, 2009

တင်လို့မရ
စိတ်ဓါတ်ကျ...
ရေးပြီးသားတွေ
ဘာလုပ်ရ...
ကွိ..ကွိ..ကွ..ကွ..

Friday, November 13, 2009

တွေးပြီးတော့ မကြောက်ပေါင်ဘူးဗျာ..........

မော်စကွီရှည်ကတော့ တဂ်ထားတယ်..... ကမ္ဘာကြီးက ဘာဖြစ်မယ်ဆိုလား ညာဖြစ်မယ်ဆိုလားပဲ တဲ့..... သိဘူးလေ... ဘာဖြစ်ဖြစ်...

ကောင်လေးက ဗုဒ္မဘာသာဝင်ပါ.... ဗုဒ္မဘာသာတောင်မှ မဟာယနမဟုတ်ပါဘူး ထေရ၀ါဒ ဗုဒ္မဘာသာဝင်ပါခင်ဗျာ.....
ကောင်လေးတို့ မြတ်စွာဘုရားကိုယ်တော်မြတ်က ဟောကြားထားပါတယ်.... သာသနာသက္ကရာဇ် ၅၀၀၀ တည်မယ်တဲ့....
ကောင်လေးတို့ သိသမျှလေးပေါ့..... အခုထိတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟောကြားထားတာ တွေက ဒီနေ့ဒီအချိန်ထိ
သွေဖယ်ပြီးတော့ ဖြစ်ပျက်နေတာ တစ်ခုမှ မတွေ့ဘူးသေးပါ....ခုမှ သာသနာသက္ကရာဇ်က တစ်ဝက်ကျော်ကျော်လေးပဲရှိသေးတာပါ....
မွေးဖွါးခြင်းရှိမယ်ဆိုရင်တော့လည်း သေဆုံးခြင်းကတော့ ရှိနေမှာပါ ..ဒါကလည်း ဘာမှ မထူးဆန်းတဲ့ သဘာဝတာရားပါပဲလေ....
ကောင်လေး ဒါတွေဒါတွေကိုမကြားရခင်သေးကတည်းက စက်တင်ဘာ ၈ရက်နေ့က ဘယ်လောက်ကြာကြာနေရဦးမှာလဲ ဆိုတဲ့
ပို့လေးကို ရေးထားခဲ့ပါတယ်ခင်ဗျာ..... အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ သက်တမ်းပေါ့လေ.နောက်ဘယ်နှယ် နှစ်ကြာကြာ နေထိုင်ခွင့်
ရဦးမလဲဆိုတာကိုပါ..ဟုတ်တယ်ဗျ.ဒါလေးကစဉ်းစားကြည့်တော့တော်တော်လေးတော့လန့်စရာကောင်းတယ်.. အခုဆို ပျှမ်းမျှသက်တမ်းက တစ်ဖြည်းဖြည်းနဲ့နည်းနည်း လာတယ်လေ..ဟိုအရင်တုန်းက အသက်၁၂၀ရှည်စေသော်တဲ့............
အခု ခင်ဗျားတို့ရဲ့ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့် သေဆုံးသွားတဲလူဦးရေရဲ့ သုံးပုံနှစ်ပုံက
အရွယ်ကောင်းတွေချည်းပဲ.. လူနည်းစုလောက်သာ အသက် ၇၀ နဲ့၈၀ ကြားမှာ ရှိကြတာလေ...
တော်တော်များများကတော့ ၅၀နဲ့၆၀ကြားမှာ နိဂုံးချုပ်သွားကြတာ များတယ်.... ဒါတွေကိုထားလိုက်ပါဦး
ကျွန်တော်တို့ ပျှမ်းမျှသက်တမ်းကို ၈၀နဲ့ပဲတွက်ကြည့်လိုက်လေ.. တစ်နှစ်ကို ၃၆၅ရက်ဆိုတော့ သက်တမ်းက ၈၀ ဆိုရင် ရက်ပေါင်း ၂၉၂၀၀ ရှိတယ်လေ
ဒါတောင် သက်တမ်း ၈၀ နဲ့ တွက်တာ ဘယ်သူမှ အာမခံထားတာ မဟုတ်ပါဘူး အသက်၈၀ ထိ နေရမယ်ဆိုရင်တောင် သက်တမ်းက ရက်ပေါင်း ၂သောင်းကျော်လောက်လေးပဲ ကျန်တော့တာ.. အင်း ... အခု လက်ရှိ သက်တမ်းနဲ့ပဲ တွက်ကြည့် .. သက်တမ်း ၆၀ ဆိုရင် ၂၁၉၀၀ ရက်ပေါင်း.. အခုလက်ရှိ အသက်က ၂၃နှစ်ဆို (၈၃၉၅) နှုတ်ကြည့်လိုက်ရင် ၁၃၅၀၅ ပဲကျန်တော့တာနော် ဒါပါပဲ.........ကျွန်တော့် ထက်တစ်နှစ်ကြီးတဲ့သူ …နှစ်နှစ်ကြီးတဲ့သူ

ငါးနှစ်ကြီးတဲ့သူ…ကဲ.. ၁၀နှစ်လောက်ကြီးတဲ့သူတွေအားလုံးလည်း ပြန်တွက်ကြည့်လေ..

ကမ္ဘာမပျက်လည်း လူကတော့ အချိန်တန်ရင်တော့ သေမှာပဲလေ…..

၂၀၁၂မှာ ကမ္ဘာကြီးက ကောင်လေးတို့ ဗုဒ္မဘုရားဟောကြားထားတဲ့ တရားတော်ကို သွေဖယ်ပြီးတော့ ပျက်သွားမယ်ဆိုရင် ကောင်လေး ရှေ့ဆုံးကနေ အသေခံရဲပါတယ်…

နောက်ထပ်သုံးနှစ်ကြီးတောင် အချိန်တွေကျန်သေးတာပဲကိုးး…. ယုံကြည်တယ်မှုရှိရင်တော့

တွေးမကြောက်ပါဘူးခင်ဗျာ….

မာတုဂါမတွေက မနှစ်သက်တဲ့ ယောင်္ကျား တဲ့....

၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား( အဲဒီထဲကတော့ လွတ်တယ် ဘာလို့လဲဆိုတော့ ဟီး တစ်ခါမှကို မအောင်မြင်ဘူးတာ စာမေးပွဲကလွဲလို့)
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား( ဒါကလည်း သေချာတယ် အဲလိုလိမ်းချင်တာကို မရှိလို့ )
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား ( ဘောက်ကတော့ ရှိဘူးလေ)
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား( ဟားဟ ရေကတော့ တစ်နေ့ နှစ်ခါပဲ အားတိုင်းရားတိုင်းချိုးနေတာ)
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား ( ဒီမှာ နှုတ်ခမ်းမွေးတောင် မပေါက်လို့ စိတ်ညစ်နေတာပါဆို)
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား( လေကတော့ ကြီးသလားမမေးနဲ့တော့လေ အခု ဒီမှာတောင် လျှောက်ပြောနေတာကို)
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား( အင်း မိန်းကလေးကြားထဲမှာ မျက်နှာကတော့ ဟုတ်ပါပြီ ပန်းလှတာက ဘာလဲမသိ ဟီဟိ)
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား ( အားပါးပါး ဒါမျိုးကျတော့ ကောင်လေးငယ်တို့က တော့ အိမ်က ပို့အလောက်လေ)
၉. အာပုပ်စော်နံသော ယောက်ျား ( အောင်မာ အောင်မာ လေဆာနဲ့ တိုက်တာပါနော်)
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား ( အဟင့် အခုမှ တားတားက 23 ပြည့်ပြီးတာပါဆို)
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား ( မရဲလို့ ရည်းစားကတောင် စိတ်ပျက်ပြီင်္း နောက်တစ်ယောက်ရှာ တော့မယ်ဆိုလား ဘာလားပဲ ကြားတော့ကြားနေတယ်လေ)
၁၂. မိန်းကလေးနှင့် တစါခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား ( အင်း မတွေ့ဘူုးသေးတော့လည်း ခက်သားပါ့လားဗျာ )
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား ( အော် ဘောလုံးကန်တာကို ပြောတာနဲ့ တူတယ်နော် )
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား ( နပ်သလားတော့ မသိဘူး တစ်ခါတစ်လေ တူးတောင်တူးသွားလို့ ဂျိုးဆော်တောင် နံရော )
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား ( ကြမ်းတမ်းဆို ဒီကကောင်က လေတိုက်ရင်တောင် တိုင်ဖက်နေရတာ ပါသွားမှာကြောက်လို့)
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား ( ဒါကလည်း တစ်ယောက်ပဲပြောဘူးတာလေ..အဲဒီတစ်ယောက်ကလည်း ပြန်မကြိုက်လို့)
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား ( ဟားဟ အဲဒီ လူက အသန့်ကြိုက်တယ်နဲ့တူတယ်နော်.... )
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား ( အင်း တော်တော်သိပြီး ဗဟုနဲ့ သုတ စုံတယ်နဲ့တူတယ်ညော်)
ံ၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား ( အော် သူငယ်နာမစင်လို့နဲ့တူတယ်)
၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား ( အင်း ဒါကတော့ ခပ်အေးအေးနေတတ်တဲ့ အိမ်ထောင်ဦးပေါ့လေ)
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား ( မာဇက်သွားတာနဲ့စာရင်တော့ တော်သေးတာပေါ့နော )
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား ( ဒီလိုကတော့ တော်တော်ဆိုး )
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား ( ဒါကတော့ တကယ်ကို မှားတာ ကောင်လေးတို့ဆီမှာ မရှိဘူးလေ အဲံဒါ ဟီး ရှိရင်တော့ ဘယ်နေမလဲ ရှေ့ဆုံးကပေါ့ )
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား ( အယ် .... ဒါကလည်း ပညာ ပဲ နော် )
၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား ( ခေတ်ကာလကို သုံးသပ်တတ်တယ်နဲ့ တူပါ့ )
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား ( အင်း တစ်ချို့က ကြောက်တတ်တယ်လေ..ဒါကို အပြစ်လို့တော့ ပြောမရဘူးပေါ့ နော )
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား ( ဥပမာ မြန်မာမင်းသားထဲက နေတိုး တို့လိုပေါ့ အင်း သူ့ကိုကျတော့ ကောင်မလေးတော်တော်များများက ကြိုက်ကျသားပဲ )
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား ( ဘော်ဒီကိုပြတာပေါ့လေ )
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား..(ဒါကတော့ ကြိုက်တဲ့သူလည်းရှိရင်ရှိမှာပေါ့လေ)
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို sexy လုပ်ချင်သော ယောက်ျား ( ဟားဟ ကြည့်တော့ ကောင်းသားပဲ )
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား ( အင်း ဒါကတော့ အစိုးရရုံးဝန်ထမ်းတွေရဲ့ လက္ခဏာပဲလေ)
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား ( တော်တော်လေး သဘောကောင်းတဲ့ သူနဲ့တူတယ် ပါရမီပါတယ်ပေါ့ )

Tuesday, November 10, 2009

ချစ်သူရဲ့သွေးတစ်ကွက်

GTC ကျောင်းမှာပေါ့နော် အရမ်းကိုချစ်ကြတဲ့သမီးရည်းစားနှစ်ယောက်ရှိတယ်တဲ့
သူတို့ကတစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြတာတဲ့ ဒါပေမယ့်တစ်နေ့တော့
ကောင်မလေးက ကောင်လေးဆေးသုံးစွဲတာကိုသိသွားတော့ အစပိုင်းတော့တားတာပေါ့
နောက်ဆုံးမရတော့ ဆေးကိုဖြတ်မှာလား ကောင်မလေးကိုအဆက်သွယ်ဖြတ်မလားလို့မေးတော့
ကောင်လေး ကအလွယ်ပဲ ဆေးကိုဖြတ်ပါ့မယ်လို့ပြောလိုက်တယ်
အဲဒါနဲ့နောက်လဲကျရောသူတကယ်ဆေးကိုမဖြတ်မှန်းလဲသိရောကောင်မလေး
က အရွဲ့တိုက်ပြီး အခြားကောင်လေး တစ်ယောက်နဲ့တွဲပြလိုက်တယ်( သူအရွှဲ့တိုက်တာကြတော့လည်း သူ့အတွက်ပဲနော်)
အရမ်းချစ်ကြတဲ့ချစ်သူတွေဆိုတော့ ကောင်လေးက အရမ်းကြေကွဲပြီကောင်မလေးကို
ပြန်တောင်းပန်ပြီး ဆေးကိုဖြတ်ပါ့မယ့်လို့ကတိပေးလိုက်တယ် ပြီးတော့ သူတို့တွေ့နေကြနေရာလေးမှာ
ကောင်လေးကကောင်မလေးကိုဆေးကြောင် ကြောင်ပြီးသတ်ပစ်လိုက်တယ်

ကောင်မလေးကိုယ်ကသွေးတွေက သူအင်္ကျီမှာပေကုန်တယ် ပြီးတော့မှကောင်လေးလဲ
သတိပြန်ဝင်လာတော့ သူလက်လွန်သွားမှန်းသိတော့
ကောင်မလေးအလောင်းကိုအဲဒီနေရာမှာပဲမြုပ်ခဲ့ပြီး ပြန်သွားတယ် (တစ်ယောက်ထဲ ဘာမှမပါပဲ မြေတွင်းတူး ၊ မြေသယ်လို့ရလားတော့မသိဘူး အဲလိုတော့လာမမေးနဲ့နော် ...သိဘူး... ဒါက ဇာတ်လမ်းပဲဟာကိုလေ နော...)
လူကလည်းရှင်းနေတာကိုး အိမ်ပြန်ရောက်တော့ကောင်လေးက မောမောနဲ့အိပ်ပျော်သွားတယ်

အဲဒါနဲ့အိပ်နေရင်းနဲ့အိမ်မက်မက်တယ် ကောင်မလေး က နင့်အကျီကသွေးတွေကိုပျောက်အောင်ဖျောက် မဖျောက်ရင်
နင်ဒုက္ခရောက်လိမ့်မယ်လို့ပြောတယ် (အံမယ်..သူ့ကိုသတ်သွားတာတောင်မှ ရည်းစားဒုက္ခရောက်မှာကြတော့ စိုးရိမ်နေတာလေ)
(အပြင်မှာတော့မသိဘူးလေ.. ရှိမလားဆိုတာ..... ထင်တော့မထင်ပါဘူး)
အဲဒါနဲ့ကောင်လေးလဲ အိမ်မက်ကလန့်နှိုးလာပြီး သူအကျီ ကိုကြည့်တော့ သွေးတွေပေနေတယ် အဲဒါနဲ့ ဂယောင်ချောက်ခြားနဲ့ ချက်ခြင်းသွား လျှော်တယ် ဒါပေမယ့်ဘယ်လိုလျှော်လျှော် မပျက်ဘူးဖြစ်နဲ့တယ် အဲလိုဖြစ်နေတုန်းမှာ
ကောင်မလေးရဲ့ဝိညာဉ် ကပေါ်လာပြီး သူဆီက တစ်လှမ်းခြင်း တစ်လှမ်းခြင်း

လျှောက်လာတယ် ကောင်လေးကလဲ ကြောက်အားလန့်အား နဲ့ အတင်းအကျီကိုပဲ
သွေးပျောက်အောင် လျှော်တာပေါ့ ဒါပေမယ့် မပျက်ဘူး ကောင်မလေးက
တဖြည်းဖြည်းနဲ့နီးလာတယ် အနားလဲရောက်ရော ကောင်မလေး ၀ိညာဉ်က ဟက်ဟက်ပက်ပက်
ရယ်လိုက်တယ် ကောင်လေးလဲ လန့်နေတာပေါ့ ကောင်မလေး ၀ိညာဉ် ကမေးတယ် နင်ဖျက်လို့မရဘူးမလား တဲ့
ဘယ်ဖျက်လို့ ရပါ့မလဲ တဲ့


[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]


[?][?][?][?][?][?][?][?][?][?][?][?][?]



နင်က အီလန်ဆပ်ပြာမှုန့်မှ မသုံးတာကိုတဲ့.......ဟီဟိ အမေရှိရင် အီလန်ရှိတယ်လေ.......

အဟုတ်ဇာတ်လမ်းလေးလားလို့ ဖတ်လာလိုက်တာ ဟီဟိ ဆပ်ပြာမှုန့်ကြော်ငြာနဲ့လာတိုးနေတယ်
အစုတ်ပလုတ်ကောင်လေးငယ် ပလုတ်တုတ်လို့ သာ စိတ်ကြိုက်သာ ဆူဆဲသွားကြပါ........
အားလုံးပျော်ရွှင်ကြရင် ကျေနပ်ပါတယ်.....


ဟီးဟီးးးးးးးးးးးးးး


ဖတ်ထားသမျှ တွေးထားသမျှတော့ သိသလောက်လေးတော့ရေးထားလိုက်တယ်.....

Wednesday, November 4, 2009

ဘိုးဘွားရိပ်သာတစ်ခုတွင် တွေ့ ရသော စာလေးတစ်စောင်ပါ

သား !
သား...ငယ်ငယ်တုန်းကပေါ့





အချိန်တွေအများကြီးယူပြီး အစားစားတက်အောင်ဇွန်းကိုင်တက်အောင်၊အကျီဝတ်တက်အောင်၊
ကြယ်သီးတပ်တက်အောင်၊ဖိနပ်ကြိုးချည်တက်အောင်၊ဆံပင်ဖြီးတက်အောင်၊နှာရည်တွေကျရင် သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရတာလေးက အမေ့ အတွက်မမေ့ နိုင်စရာလေးတွေပေါ့။
ခုချိန်မှာ ဒါလေးတွေက အမှတ်ရစရာလေးတွေပေါ့ကွယ်။
အဲဒါလေးတွေကို စဉ်စားမိရင် အမေ စိတ်မကောင်းဖြစ်ရတယ်။




ခဏလေး အချိန်နည်းနည်းလေးပေးပါ အမေ ထပ်စဉ်စားပါရစေအုံး။
ဆက်ပြောရမဲ့ စကားများတောင် စဉ်စားမရအောင် မေ့တက်နေပါပြီးသား!
သား...သားမှတ်မိအုံးမလား။
သားငယ်ငယ်က အခေါက် ၁၀၀ လောက် အဆိုလေ့ကျင့်ခဲ့ရတဲ့ ကလေးသီချင်းလေးတစ်ပုဒ်ကိုလေ။
အဲဒီသီချင်းလေးတပုဒ်ကို အမေ ခုထိအမှတ်ရနေတုန်းပေါ့ကွယ်။
ညတိုင်းပြောနေကြ ပုံပြင်လေးတစ်ပုဒ် ၊
တစ်နေ့ တစ်မျိုး မရိုးနိုင်အောင် မေးတက်တဲ့ သားရဲ့မေးခွန်လေးတွေနဲ့ အမေရဲ့တက်သလောက်မှတ်သလောက် ဥာဏ်နဲ့ဖြေခဲ့ရတာလေးတွေကိုလဲ အမှတ်ရနေတုန်းပေါ့။

သား.......

ခုချိန်မှာတော့ အမေ ကသားငယ်ငယ်တုန်းက ဘဝလေးလို့ဖြစ်နေပါပြီ။သား.....
အခုဆိုရင် အကျီကြယ်သီးတပ်တာ ၊ဖိနပ်ကြိုးချည်တာတောင် ခဏခဏမေ့နေပါတယ်။
အစားစားတဲ့ အခါလဲ အကျီတွေ ညစ်ပတ်ကုန်တယ်၊
ဆံပင်ဖြီးရင်တောင် လက်တွေက တုန်တုန်ရင်ရင် နဲ့ပေါ့။
သား... အမေ ကိုတော့ စိတ်ရှည်ပါကွယ်။
ခုချိန်မှာ အမေအတွက် အလိုအပ်ဆုံးကတော့ သားရဲ့ နွေးထွေးတဲ့ လက်တစုံပါပဲ။
သား နဲ့တူတူနေရှိနေမယ့် အချိန်လေးတွေ လိုချင်ပါသေးတယ်။
သား....... ခုဆိုရင် မက်တပ်တောင်ကောင်းကောင်းမရပ်နိုင်၊
လမ်းလည်းကောင်းကောင်းမလျှောက်နိုင်အောင်ပါပဲ။

သားရဲ့နွေးထွေးတဲ့ လက်ကို ဆုပ်ကိုင်ပြီး ကျန်ရှိနေသေးတဲ့ အချိန်ကလေးတွေ ကိုကျော်ဖြတ်ရင်း မကြာမီ ရောက်ရှိလာတော့မဲ့ သေမင်းရဲ့တံခါးဝဆီအထိသို့  တဖြည်း...တဖြည်း...။




သူငယ်ချင်းတို့နားလည်မယ်လို့ မျှော်လင့်ပါတယ်။
မိဘဆိုတာ ဘာနဲ့မှ မလဲနိုင်တဲ့ အရာတခုပါ။
မိဘထက် အရေးကြီးတာ မရှိပါဘူး။
ချစ်သူရည်စား မိန်မ ယောင်္ကျား ဆိုတာ အစားထိုးလို့ရတဲ့ အရာတွေပါ။
မိဘဆိုတာကတော့ အစားထိုးလို့မရနိုင်သလို ဘယ်တော့မှလဲ ပြန်မရနိုင်မဲ့ အရာပါ။
မိဘတွေ မရှိတော့မှ ဝမ်းနည်းပူဆွေးတမ်းတနေမယ့် အတူတူ မိဘ တွေရှိနေစဉ် စောင့်ရှောက်ဖို့ မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့ မမေ့လျှော့ပါနဲ့လို့ သတိပေးချင်ပါတယ်။

ဒါတွေဒါတွေအားလုံးဟာ ကောင်းလေးတတ်လွန်းလို့ရေးထားခြင်းမဟုတ်ပါ...... ဘိုးဘွားရိပ်သာမှာ တွေ့ခဲ့ရတဲ့ နံရံကပ်စာစောင်ထဲမှ
သဘောကျနှစ်သက်လွန်းလို့ ပြန်ပြီးဝေမျှခြင်းသာ ဖြစ်ပါကြောင်း.....................ထပ်ဆင့်ထပ်ဆင့် လက်ကမ်းနိုင်ကြပါစေ....

Tuesday, November 3, 2009

လူပိုကြီး....ပါ

မင်းအတွက်...ငါဟာ သူများတွေနဲ့ နှိုင်းယှဉ်ရင်
ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး..
ပျော်ရွှင်မှုတွေမပေးနိုင်ခဲ့သလို
ရင်ခုန်စရာအကြောင်းလေးတွေကိုလည်း
မဖန်တီးတတ်ခဲ့ဘူးလေ..
မင်းအတွက်တော့ ငါက လူပို တစ်ယောက်ပေါ့..
ပျင်းရိငြီးငွေ့စရာကောင်းလှတဲ့ လူပိုကြီး သက်သက်ပါ..
အချိန်တန်ရင် ဘာပြောတတ်လဲ..ချစ်တယ်ဆိုတဲ့ စကားကိုပဲ
အက်ကြောင်းထပ်အောင် ပြောတတ်ခဲ့ ငါ့အတွက်တော့
မင်း ငြီးငွေ့မယ်ဆိုလည်း ငြီးငွေ့လောက်ပါတယ်.
ဘယ်သူမှ မလိုအပ်တော့တဲ့
လူပိုကြီးတစ်ယောက်အတွက်
ဆန်ကုန်ပြီး မြေလေးနေပြီလားတော့ မသိတော့ဘူးလေ....

Sunday, November 1, 2009

မျက်စိလျှင်ဖို့ ......

ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့်ကို
ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို
ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲ...လုံ့လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့ ရဲ့
အားနည်းချက်လို့  ဆိုရမလားပဲ…။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့
ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက
ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ
လေးလေးပင်ပင်နဲ့ …

“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ...
ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ
သူ့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး…
သူ့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ
ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ
မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင်
စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ
မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က...
လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို
ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို...
ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”

“တိန်…” “တိန်…” “တိန်…”

Saturday, October 31, 2009

မှားတော့မှားတယ် ကြိုက်တယ်


ဆရာမ - သစ်ပင်တစ်ပင်ပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို့ တစ်ယောက် က သေနတ်နဲ.
တစ်ချက် ပစ်လိုက်ရင် ငှက်ဘယ်နှစ်ကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။

ဂျော်နီ - ဘယ်နှစ်ကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ. အားလုံး ထပျံကုန်မှာပါ။

ဆရာမ - အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ့် မင်းရဲ့ အတွေးအခေါ်ကို ကြိုက်တယ်။

ဂျော်နီ - ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတစ်ခုမေးမယ်နော်။

ဆရာမ - အင်း မေး။

ဂျော်နီ - အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ ရေခဲမုန့်ထိုင်စားနေကြတယ်။
ပထမတစ်ယောက် က ရေခဲမုန့်ကို ဘေးကနေ လျှာ နဲ့လျှက်နေတယ်။
ဒုတိယ တစ်ယောက်က ရေခဲမုန့်ကို အပေါ်ကနေ အားရပါးရ စုပ် နေတယ်။
တတိယ တစ်ယောက် က ရေခဲမုန့်ကို ကိုက်စားနေတယ်။ ဘယ်တစ်ယောက်က အိမ်ထောင်သည် လို့ထင်လဲ ဆရာမ။

ဆရာမက ရှက်ရှက် နှင့်

ဆရာမ - အပေါ်ကနေ အားရပါးရ စုပ်ပြီးစား နေတဲ့ သူက အိမ်ထောင်သည် ပေါ့ကွယ်။

ဂျော်နီ - မှားတယ်ဆရာမ ၊ သူတို.ထဲ က လက်ထပ် လက်စွပ်ရှိတဲ့သူကအိမ်ထောင်သည်ပါ။
ဒါပေမယ့် ကျွန်တော် ဆရာမ အတွေးအခေါ်ကို သဘောကျတယ်။


ပျော်စေချင်လို့ပါ... စေ့စေ့တွေးတော့ ရေးရေးပေါ်တဲ့...အဟိ.. တွေးတော့တွေးပေါ့.... လွှတ်အတွေးကြီးတော့လုပ်နဲ့နော်......

Friday, October 30, 2009

သတိထားနော်....Virus တဲ့ ...


အခု CNN က NCC education ရဲ့ director ကကြေညာထားပါတယ်။ ဒီရက်ပိုင်း
(အခုလောက်ဆို လာလောက်ရောပေါ့)။ Postcard from Beijing ဆိုပြီး attachment
file နဲ့ mail လာပါလိမ့်မယ်။ မေးလ်က ပုံကအရမ်းလှတယ်တဲ့။
အဲဒါကိုဖွင့်လိုက်ရင် Hard disk Drive sector ကို burn တဲ့ virus
ဝင်လာပြီး သင့် Hard disk တစ်ခုလုံးကို ပညာပြပါလိမ့်မယ်။
ဝင်လာလို့ကတော့ပြင်လို့ရဘူးနော် ရေစက်ချအမျှသာဝေလိုက်တော့။ ဒီvirus
ကသက်တမ်းတစ်လျှောက်မှာအဆိုးဆုံးတဲ့ ။ ဒီ virus လာမှာကိုစသိတာက McAfee
company ကပါ။ တကယ်လို့ဒီ virus ၀င်လာလို့ရှိရင်ချက်ချင်းsign out လုပ်ပြီး restart ချပါ။ ပြီးသွားရင် မေးကိုပြန်ခေါ်ပြီးဖျက်ပစ်ပါ။ အဲ့တာဆို OK သွားပါလိမ့်မယ်။

အားလုံးသော မောင်နှမ သူငယ်ချင်းများ အဆင်ပြေပါစေဗျာ..... သတိတော့ ထားနော်.... Hard disk တစ်လုံးထပ်ဝယ်လိုက်ရတာက
ပိုက်ဆံပဲကုန်တာပါ..အထဲမှာပါတဲ့ ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့ Data တွေပျက်သွားရင်တော့ အတော့်ကို နှမြောစရာကောင်းလို့ စေတနာနဲ့
မျှဝေလိုက်ပါတယ်... ဒီမေးလ်လေးကို ပေးပို့ပေးတာကတော့ သူငယ်ချင်းတစ်ယောက်ကနေ ပို့ပေးလို့ ရောင်းရင်းများကို ပြန်ပြီး မျှဝေ
လိုက်ပါတယ်... တစ်ဆင့်မှတစ်ဆင့် လက်ကမ်းလိုက်ကြပါဦးနော်........

Thursday, October 29, 2009

ဘယ်သူလုပ်တာလဲ

တစ်ခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊ စာသင် အထောက်အကူပစ္စည်းတွေ မစုံလင်တဲ့ ခေတ်ဆိုပါစို့။ ပညာရေးဝန်ကြီးတစ်ဦးဟာ နယ်မြို့လေးက ကျောင်းတစ်ကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီး ညာဝန်ကြီး ဆိုရင် လက်အုပ် ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။ ဒီလိုနဲ့ အတန်းတစ်တန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှ ကမ္ဘာလုံးတလုံး တင်ထားတာတွေ့လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသား တယောက်ကို

"ဒီကမ္ဘာလုံးကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ" ဆိုပြီး မေးလိုက်ပါသတဲ့။

အမေးခံရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့ "ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး" ပြန်ဖြေလိုက်ပါတယ်။

ဝန်ကြီးလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။ ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီကျောင်းသားကလည်း ခေါင်းကလေးခါပြီး "ကျွန်တော်က ဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာ။ကျနော်လုပ်လာ မဟုတ်ဘူး" လို့ပြန်ဖြေတယ်။

ဝန်ကြီးလည်း ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့် အနားက ကျောင်းဆရာမ ဖက်လှည့်ပြီး "ဒါဘယ်လို ဖြစ်ရတာလဲဗျ" လို့မေးလိုက်တယ်။ ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့
"ဒါ ကလေးတွေ လုပ်တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ၀ယ်လာကတည်းက ဒီလိုပဲ စောင်းနေတာပါ" တဲ့

ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက် လှည့်ကြည့်လိုက်ပါတယ်။ အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ကြီးလည်း မတတ်သာတော့ပဲ ခါးကလေးညွှတ် အရိုအသေပြုရင်း အခုလို ရှင်းပြလိုက်ပါသတဲ့ဗျာ..
"၀န်ကြီးခင်ဗျာ၊ ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့ ကျောင်းကရံပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိလို့ တိမ်းစောင်းနေတာပါ" တဲ့ဗျာ...

Tuesday, October 27, 2009

ပေါက်တတ်ကလောက်ကွန်ပျူတာ အမေးအဖြေများ

ကွန်ပျူတာ ဟက်ကာ ဆကာကြီး မှ အမေးဖြေများကို ဖြေကြားပေးသည်။

အမေးအဖြေ

မေး ။ကွန်ပျူတာထဲမှာပါတဲ့ ရမ် ( Memory) ဆိုတာဘာပါလဲဟင်
ဖြေ ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ

မေး။ တဂစ် (GB) မှာဘယ်နှစ်ဘိုက် ( Bytes) ရှိပါသလဲ
ဖြေ ။ ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်

ဆက်ဖတ်ကြည့်ရအောင်

မေး ။ email ပို့ နေရင်းconnection ပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင် အကောင်းဆုံးပါလဲ
ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါ ပိတ်ပြီးအိပ်ပါ
ဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ

မေး ။ ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ်
ပြောနိုင်မလား
ဖြေ ။ ဟုတ်ကဲ့ရပါတယ်
၁။ systemပုံးကိုအရင်ဖွင့်ပါ
၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။
၃။ ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့
ဇလုံထဲကိုထည့်ပြီး Decogenနဲ့ တစ်ညစိမ်ပါ
၎ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။
၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ
၆ ။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော်
ရွှင်ဖွယ်တွေ့ ရပါလိမ့် မည်။
၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင်
နေပူထဲထားကာအသုံးပြုပါဟု
၈ ။ နောက်ပိုင်းကျရင် အရက်ပြန်ပုလင်းလေးပါဆောင်ထားပါ...
မေး ။ သမီးကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။ ဒါမှလေးနေရင်ပါဝါစပလိုင်းပါထပ်ဖြုတ်ထား
လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်..စိတ်တိုင်းမကျသေးရင်တော့ Casing ပုံးခွံသက်သက်နဲ့ပဲ အသုံးပြုပါ..

မေး ။ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။ UPS ကလဲသိပ်မကောင်းတော့
မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
ဖြေ ။ ups နဲ့ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။
ချက်ချင်းပိတ်သွားရစေမယ်

မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
ဖြေ ။ဆိုင်ပို့ လိုက်ပါ

မေး။ ကျွှန်တော့်window ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ
window မှာပြသနာရှိလို့ လား
ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ
ထိုးပေးပါ ။ ကဲဆက်ဖြေမယ်နော်

မေး။အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင်
ဖြေ။ ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား

မေး။သမီးပို့ လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။

မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို့ ရှိရင်ဗိုင်းရပ်စ်
ပါလို့ ပေါ့ကွယ်.....

ကဲ...အားလုံးသော ညီအစ်ကို မောင်နှမများ ခင်ဗျာ... မိမိတို့ရဲ့ အခက်အခဲများကို မေးချင်သေးတယ်ဆိုလျှင်ဖြင့်
Comment တွင် ဆက်လက်မေးသားနိုင်ပါသည်... ကွန်ပျူတာတစ်စုံလုံး ပျက်စီးရန် တာဝန်ယူဖြေရှင်းပေးပါမည်...
ခက်ခမဲ့ အိမ်တိုင်ရာရောက် ဖြတ်ဆီးပေးနေပါသည်ခင်ဗျာ....

Monday, October 26, 2009

အရောင်မဲ့ချစ်ခြင်းရဲ့မျှော်လင့်မှု


မင်းကိုပေးတဲ့ အရောင်မဲ့အချစ်တွေကို
မင်းနိုင်သလောက် မင်းချစ်တဲ့သူတွေဆီကို virus တစ်ခုလို
ဖြန့်သယ်သွားလိုက်စမ်းပါ မင်းချစ်တဲ့သူတွေကလဲ
သူတို့ချစ်တဲ့လူတွေဆီကို သယ်သွားကြမယ်ဆိုရင်...
ဘယ်သူပြောနိုင်မလဲ....
ကွန်ယက်ကြီးတခုလုဲံးဟာ
အရောင်မဲ့ အချစ်တွေနဲ့ ပြည့်မနေဘူးလို့....

Saturday, October 24, 2009

အချစ်တစ်ဖုံစာဖော်စပ်နည်းတဲ့


လိုအပ်တဲ့ပစ္စည်းတွေကတော့....
၁။ အကြင်နာမျိုးငါးပါး - ၁ကျပ်သား
၂။ အပြုံးပွင့်ခြောက် - ၃ကျပ်သား
၃။ သမုဒယအမြစ် - ၂ကျပ်သားနှင့်၎ပဲသား
၎။ နှုတ်ခမ်းလွှာအမှုန့် - ၁ကျပ်သားနှင့်၂ပဲသား
၅။ မျက်ဝန်းသတ္တုရည် - ၁ရွေးသား
၆။ သစ္စာအခေါက် - ၃ကျပ်သား
နှလုံးသွေးဖြင့် တေပြီး ညစဉ် အိပ်မက်မမက်မီ စားပါက အသည်းကွဲခြင်း၊ ရင်နာခြင်း၊ နှလုံးသားအဖျားတတ်ခြင်း၊ မျက်ရည်ကျခြင်း၊ မေတ္တာချုပ်ခြင်း၊ အလွမ်းနာကျခြင်း၊ သံယောဇဉ်လေဖြတ်ခြင်း၊ အချစ်ငုတ်ခြင်း၊ အလွမ်းနာတာရှည်ခြင်း၊ အချစ်စိတ်ပုံမှန်မလာခြင်း၊ အချစ်ပိန် အချစ်ခြောက်ခြင်း၊ အချစ်အဆိပ်တက်ခြင်း၊ ဥပက္ခာပြုခံရခြင်း၊ ကရုဏမဲ့ခြင်း၊ သစ္စာမရှိခြင်း နှင့် အတ္တကြီးခြင်း စသည့်ရောဂါများကို ဒိဌ ပျောက်ကင်းစေကြောင်း အာမခံပါသည်။

မှတ်ချက်။ ။
( ၉၆ ) ပါးသော အမုန်းရောဂါအမျိုးမျိုးကိုပျောက်ကင်းစေကြောင်းအာမခံပါသည်။တတ်ကျွမ်းနားလည်သော အချစ်သမားတော်ကြီးများ ကိုယ်တိုင်ကြီးကြပ်စောင့်ရှောက်ကုသပေးနေပါသည်။လူမျိုးမရွေး ဘာသာမရွေးသုံးဆောင်နိုင်ပါသည်။ဝေဒနာ ခံစားနေရသူများ အမြန်ဆုံးဆက်သွယ်ပါ။( သတိ - အသက် ၁၆နှစ်နှင့်၃၅ကြား ဝေဒနာရှင်များသာ လက်ခံကုသပေးမည် ဖြစ်ပါသည် )

ဆေးခန်းဖွင့်ချိန်- ည ၉ နာရီ မှ မနက် ၄ နာရီထိသာ( Monday to Sunday မှအပကျန်ရက်များတွင်ဆေးခန်းပိတ်ပါသည် )

ဆက်သွယ်ရန်
အချစ်ဝင်္ကပါ ဆေးတိုက်
အိမ်အမှတ် ၁၅၀၀၊ သစ္စာမေတ္တာလမ်း ၊ အကြင်နာရပ်ကွက်
အချစ်မြို့ ၊ ချစ်သူ့ တိုင်းပြည်
ကညာလိမ်စံအိမ်။

မျှဝေမှုလေးပါ.......သူငယ်ချင်းတစ်ယောက်မေးလ်ထဲကနေ ရတယ်လို့ပဲ ထားလိုက်ပါတော့..ဟီဟိ... မှားတာရှိတော့လည်း ကောင်လေး လွတ်တာပေါ့လေနော....အဓိက ကတော့ အပျိုကြီးများ လူပျိုကြီးများ နေ့စဉ်မှီဝဲပါ
ကျန်းခန့်သာလို့ မာပါစေ......

Thursday, October 22, 2009

မဟာပညာရှိ...


တစ်ခါက တိုင်းပြည်နှစ်ပြည်မှာ ညီနောင်ဝမ်းကွဲ မင်းနှစ်ပါး
အသီးသီးအုပ်ချုပ်လျှက်ရှိသတဲ့။ နောင်တော်မင်းသည် ညီတော်၏တိုင်းပြည်အား
စစ်မက်ပြုပြီး သိမ်းပိုက်ဖို့ အမြဲကြံစည်နေတယ်။
တစ်နေ့မှာ လူသူလက်နက်အလုံးအရင်းဖြင့် မြို့အားဝန်းရံပြီး
ညီတော်အား .. ''မေးခွန်း (၃)ခုမေးမည် ၊ မဖြေနိုင်က နိုင်ငံကိုသိမ်းမည်။
အားလုံးဖြေနိုင်လျှင် တပ်ရုတ်သိမ်း၍ ပြန်မည် …'' ဟု ရာဇသံပို့သည်။
ညီတော်မင်းလည်း ''မေးခွန်းအား မည်သူဖြေနိုင်မည်နည်း ၊ ဖြေနိုင်သူကို
အိမ်ရှေ့စံနှင်း၍ သူကောင်းပြုမည်'' ဆိုပြီးကြေငြာတာပေါ့။ ဒါပေမယ့်
ဘယ်သူမျှ မဖြေ၀ံ့ကြဘူးတဲ့ ။ ကိုယ်ဖြေလို့မှားသွားရင်ဖြင့်
ဒုက္ခများမှာကိုး .....
အဲဒီအချိန်မှာပဲ အမူးသမားတစ်ယောက် စင်ပေါ်တက်လာပြီး
''မေးခွန်းအားကျုပ်ဖြေမည် ၊ မေးပါ ..'' လို့ ဆိုသတဲ့။
အားလုံးကလည်းအံ့အားသင့်နေကြတာပေါ့။ မဟာပညာရှိကြီး ဆိုပြီး
အားကိုးတကြီးနဲ့ကြည့်နေကြတယ်။

မေးခွန်းတွေကအသံတိတ်တွေ ၊ အမူအရာနဲ့ပဲမေးတယ်။

ပထမမေးခွန်းကိုစမေးတယ် -
မေးတဲ့သူက အမူးသမားကို လက်ငါးချောင်းထောင်ပြတယ်။
အမူးသမားက လက်ဆယ်ချောင်း ပြန်ထောင်ပြလိုက်တယ်။
အဖြေမှန်သွားပါတယ် ..

ဒုတိယမေးခွန်းက -
ရင်ဘတ်ကို လက်ဝါးနဲ့ပုတ်ပြတယ်။
အမူးသမားက ရင်ဘတ်ကိုကော ကျောကိုကော ပြန်ပုတ်ပြလိုက်တယ်။
ဒုတိယအဖြေ မှန်သွားပြန်ပါတယ် ..

တတိယမေးခွန်းမှာတော့ -
မေးတဲ့သူက အမူးသမားကို လက်သီးလက်မောင်း တန်းပြတယ်။
အမူးသမားက ပုဆိုးပြန်လှန်ပြလိုက်တယ်။

ဒီလိုနဲ့ အဖြေအားလုံးမှန်သွားပါတယ်။
ဝိုင်းထားတဲ့စစ်တပ်ကြီးလည်း ကတိအတိုင်း ပြန်ရုတ်သွားတယ်။

တိုင်းသူပြည်သားတွေကလည်း ချီးကျူး ၊ ဘုရင်ကလည်း အမူးသမားကို
အိမ်ရှေ့အရာနှင်းတာပေါ့။
နန်းတွင်းက ပညာရှိအမတ်တွေဟာ သူတို့တောင် မဖြေနိုင်တဲ့ မေးခွန်းတွေရဲ့
အဓိပ္ပါယ်ကို သိချင်လွန်းတဲ့အဆုံး အသစ်စက်စက် မဟာပညာရှိ အိမ်ရှေ့စံ
ကိုယ်တော်လေးထံ ချည်းကပ်မေးမြန်းကြတာပေါ့။
ဒီတော့ မဟာပညာရှိကိုယ်တော်လေးက ရှင်းပြတယ် ..
'' အလကားပါဗျာ .. ဒီကောင်တွေက ကျုပ်ကို အရက်သမားမှန်းသိလို့ ထင်တယ် ''
''မင်း တစ်နေ့ကို အရက်ငါးလုံး သောက်နိုင်လား'' လို့မေးတယ် ၊ ကျုပ်ကလည်း
''ငါးလုံးမကဘူး ဆယ်လုံးကုန်အောင်သောက်နိုင်တယ်''လို့ ပြန်ဖြေလိုက်တယ်။
ဒီတော့ ''မင်းဒီလိုသောက်တာ ရင်မပူဘူးလား'' ဆိုပြီး ရင်ဘတ်ကိုပုတ်ပြတယ်။
ကျုပ်လည်း ''ရင်တင်မကဘူး ကျောပါပူတာပေါ့ကွာ'' ဆိုပြီးပြန်ပြောလိုက်တယ်။
နောက်ဆုံး ''မင်းဒီလောက်မိုက်တာ ငါနဲ့ချမလား''
ဆိုပြီးလက်သီးလာထောင်ပြတယ်။ ကျုပ်လည်း ''မင်းနဲ့တော့မချဘူး မင်းတို့ကို
ဒါပဲထင်တယ်ကွာ'' ဆိုပြီး ပုဆိုးလှန်ပြလိုက်တာ
သူတို့ဘာမှပြန်မပြောရဲတော့ဘူးလေ .. ဟား ဟား ''

မေးခွန်းတွေရဲ့အဓိပ္ပါယ်အမှန်ကဒီလို ..
(၁) မင်းတို့ဘုရင်က ငါးပါးသီလနဲ့ပြည့်စုံလား .. ။
(အမူးသမားက လက်ဆယ်ချောင်းပြန်ထောင်ပြလိုက်တော့ '' ငါးပါးတင်မကဘူး
ဆယ်ပါးသီလနဲ့ပါ ပြည့်စုံတယ်'' လို့ထင်သွားတာ)

(၂) မင်းတို့ဘုရင်က တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်သလား .. ။
(အမူးသမားက ရင်ဘတ်ကော ကျောကုန်းကော ပုတ်ပြလိုက်တော့ ''ကျောသားရင်သား
မခွဲခြားပဲ စောင့်ရှောက်တယ်'' လို့ထင်သွားတယ်)

(၃) မင်းတို့ဘုရင်က လက်ရုံးရည်နဲ့ ပြည့်စုံလား .. ။
(ပုဆိုးလှန်ပြလိုက်တာကို '' လက်ရုံးရည်တင်မကဘူး ၊
နှလုံးရည်နဲ့ပါပြည့်စုံတယ်'' လို့ ယူဆသွားတာကိုး ...)

Monday, October 19, 2009

မိန်းမနဲ့ယောကျာင်္း

လောကကြီးမှာ ယောင်္ကျားနဲ့မိန်းမနှစ်မျိုးဘဲရှိတယ် ဒီထဲကမှကိုယ့်ကို ကို
ငါကတော့ဖြင့် ယောကျာင်္းဖြစ်လို့ ပိုမြတ်တယ်ဆိုတဲ့ထင်တလုံးနဲ့ဖြစ်နေတာတော်တော်
စိတ်မကောင်းစရာပါဘဲ...သဘာဝတရားကြီးကတော့ဖြင့် ငါတို့ကို အခွင့်ရေးတွေပိုပေးထားတယ်လို့
မထင်ပါနဲ့......တကယ်တော့တန်းတူအခွင့်ရေးရကြတာပါ ဘယ်သူ့ဘယ်သူမှမပိုပါဘူး
အဲဒါကိုအသုံးချတတ်ဖို့ဘဲလိုတာပါ ငါကတော့ယောက်ကျာင်္းဘဲလုပ်ချင်ရာလုပ်လို့ရတယ်လို့လဲမတွေးပါနဲ့
သူငယ်ချင်းပြောသလိုကြိုက်တဲ့မိန်းကလေးလိုက်ပြောခွင့်ရှိတယ်ဆိုတာဟုတ်ပါတယ်
အဲလိုအခွင့်ရေးရှိတိုင်း စိတ်ကြိုက်အသုံးချမယ်ဆိုရင် ယောင်္ကျားလေးလဲသူ့အထိုက်အလျှောက်တော့
အထင်သေးခံရမှာပါ အနည်းဆုံးတော့ နှာဘူးကြီးလို့အပြောခံရမှာပေါ့ မိန်းကလေးတွေမှာဒီလိုအခွင့်ရေးမရှိတာ
လှောင်စရာမဟုတ်ပါဘူး မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့စောင့်ထိန်းရမဲ့လူ့ကျင့်ဝတ်ဝတ္တရားတွေကို
လိုက်နာစောင့်ထိန်းတာပါ ဒါကိုလဲဘယ်သူကမှအတင်းကြပ်မလုပ်ခိုင်းပါဘူး ကိုယ်ပိုင်အသိစိတ်နဲ့စောင့်ထိန်းကြတဲ့အတွက်
အဲလိုအခွင့်ရေးမရှိခြင်းကိုဘယ်မိန်းကလေးကမှဝမ်းနည်းနေမှာမဟုတ်ပါဘူး ဂုဏ်တောင်ယူနေမှာပါ
မိန်းကလေးတစ်ယောက်အလှပြင်တယ်ဆိုတာ ယောက်ကျာင်္းတွေကြည့်ဖို့လို့ သူငယ်ချင်းထင်ရင်မှားသွားမှာပါ
တကယ်တော့ငယ်ငယ်ကစလို့အသက်ဘဲကြီးသွားပလေ့စေအုံး အလှကြိုက်တာမိန်းမသဘာဝပါ
ဒါကို လိုရာဆွဲတွေးပြီးထင်တလုံးနဲ့နေရင်တော့တော်တော်သနားစရာကောင်းတဲ့ယောကျာင်္းတွေဘဲ
အခုခေတ်မှာအိမ်ထောင်ကျလို့မပြုမပြင်နဲ့ပုံပျက်ပြီးမလှတော့တဲ့ အိမ်ထောင်သည်မိန်းကလေးဆိုတာရှားပါတယ်
အားလုံးဟာခေတ်နဲ့အညီရင်ဘောင်တန်းပြီး စီးပွားရှာနေတဲ့မိန်းကလေးတွေများလာတော့
အားလုံးဟာအလှကိုယ်စီနဲ့ပါ အဲဒီတော့သူငယ်ချင်းလဲရွေးချယ်ရင် အပျိုအအိုမခွဲတတ်ဘဲ မှားနေအုံးမယ်နော် သတိထားအုံး
လူရယ်လို့ဖြစ်လာရင်လောကဓံတွေ ဇရာတွေကိုအံတုလို့မရပါဘူး
ငါကဖြင့်သိပ်နုတာဘဲလို့မထင်ပါနဲ့ မှန်ကြည့်ရင်တောင်ကျန်ခဲ့တဲ့နှစ်နဲ့
လက်ရှိရုပ်နဲ့တောင် မတူနိုင်တော့ပါဘူး အရေးကြောင်းတွေဆိုတာဖုံးမထားနိုင်ပါဘူး
အသက် 50 ကျော်ထိရှုပ်လို့ရတယ်ဆိုရင်လဲ ရကောင်းရမှာပါ ဒါပေမဲ့ မိန်းမကောင်းတော့မဖြစ်နိုင်ပါဘူး
အဲလိုရှုပ်ဖို့အတွေးအခုထဲကရှိနေရင်တော့သူငယ်ချင်းကိုရွေးချယ်မိတဲ့မိန်းကလေးအတွက်တော့စိတ်မကောင်းစရာဘဲ
မိန်းမဆိုတာသူငယ်ချင်းထင်သလိုယောကျာင်္းတွေအတွက် နောက်တန်းကနေပြီး ထားရာနေစေရာသွားတွေမဟုတ်ပါဘူး
အဆိုမိန့်တစ်ခုတောင်ရှိသေးတာပါ *
"အောင်မြင်တဲ့ယောက်ကျာင်္းတွေနောက်မှာအောင်မြင်တဲ့အိမ်ထောင်ရှင်မတွေရှိတယ်"*
ဆိုတာလေ ဘုရားတောင် အမှီရှိမှပွင့်ရတာဘဲ
*လူပျိုဘုရားမရှိငြား*ဆိုတဲ့စကားလဲ၇ှိတာဘဲ
ယောက်ကျာင်္းတွေဟာမိန်းမတွေကြောင့်သာသူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေတောက်ပြောင်လာကြတာပါ လောကဓံကိုတကယ်တမ်းခံကြစတမ်းဆိုရင်မိန်းမတွေဟာယောက်ကျာင်္းတွေထက်ပိုခံနိုင်ရည်ရှိပါတယ်
တပင်လဲမှုတပင်ထူဆိုတာယောက်ကျာင်္းတွေအတွက် အသုံးများတဲ့ဆင်ခြေတခုပါ
*မိန်းမတွေကတော့တစ်ယောက်ထဲဘ၀နဲ့ဘဲကျန်ခဲ့တဲ့သားသမီးတွေကို ပြုစုပျိုးထောင်နိုင်ပါတယ်" ဒါဟာ
ဘယ်ယောကျာင်္းသားမှမယှဉ်နိုင်တဲ့မိခင်စိတ်ပါ
လူတိုင်းမှာမွေးပေးတဲ့အမေဆိုတာ၇ှိကြမှာပါ ကိုးလလွယ် ဆယ်လဖွားဆိုတဲ့ဝေဒနာကို
မိခင်စိတ်ရှိတဲ့မိန်းမသားတွေဘဲ ကြံကြံ ခံနိုင်တာပါ ဒီနာကျင်မှုကိုဘယ်ယောကျာင်္းသားမှမခံစားနိုင်ပါဘူး
ဘုရားတောင်မှအမေ ဆိုတဲ့ မိန်းမကမွေးပေးလိုက်တာပါ *မိဘ*ဆိုတဲ့စကားလုံးလေးမှာတောင်မိခင်ဆိုတဲ့
မိန်းမတွေကို ကိုယ်စားပြုတဲ့ *မိ *ဆိုတာက ရှေ့ဆုံးကပါ ဒီတော့ဘယ်သူကသာတယ်မသာဘူးဆိုတာငြင်းခုံနေလို့လဲ
ဘယ်သူ့ဘယ်သူမှအကျိုးမရှိပါဘူး တကယ်တော့ ဒီကလဲ နစ်နာစေချင်တဲ့စိတ်နဲ့ပြောတာမဟုတ်တဲ့အတွက်
ဒီဆွေးနွေးမှုကိုဒီမှာဘဲ ရပ်ကြတာပေါ့ ဘယ်မိန်းကလေးဘယ်လိုဘယ်ယောက်ျားလေးကဘယ်လို
အကြောင်းမဲ့အထင်မသေးတတ်ပေမဲ့ အထင်လဲမကြီးပါဘူး

သူငယ်ချင်းတို့အားလုံး စိတ်ချမ်းသာကြပါစေ*
မှတ်ချက်။ ။ဒီကပြောတာကိုလက်မခံနိုင်ရင် အိမ်ကအမေကိုပြန်မေးကြည့် ပါ
ဟုတ်လားမဟုတ်ဘူးလားလို့
ကျွန်တော်လည်းယောကျာ်းပဲလေ ဟားဟ မှားတော့နေသေးတယ်

အဲ....ဒါပေမယ့်လေ...ဟို.. ကိုရီးယားကားတွေ တော်တော်များထဲကလိုတော့ မိန်းကလေးတွေကရှောင်ကြဉ်ဖို့လိုပါလိမ့်မယ်...
ကောင်းတာကိုရှာပြီး အတုယူတာကတော့ အကျိုးတွေအများကြီးရှိမှာပါ...ဒါပေမယ့် မိန်းမနောက်ပိုးကြီးတွေလိုမျိုးကို အတုယူတာကတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ နည်းနည်းမှ မအပ်ဆက်ဘူးလေ...ရေလာမြောင်းပေးဆိုတဲ့ မြန်မာစကားတစ်ခုတော့ ရှိပါတယ်..ဟုတ်ကဲ့ ရေလာအောင်မြောင်းပေးတာကတော့ ကောင်းပါတယ်..... အဲ..ဒါပေမယ့်
မလာတဲ့ရေကို အတင်း ရေမော်တာနဲ့ ဆွဲစုပ်တာကြတော့ မကောင်းဘူးဗျ..နော...
ခံရတဲ့ သူအဖို့တော့ တော်တော်ခက်ပါတယ်....ယောကျာင်္းလေးဖြစ်ပြီးတော့ ပဲများနေတယ်... ဘာသားနဲ့ထုထားတာလဲဆိုတဲ့
မေးခွန်းကတော့ နည်းနည်းများ မညှာတာဘူးများဖြစ်နေလားလို့........ယောကျာင်္းလေးမှာလည်း သူ့မှာ ကြိုက်တဲ့သူကို ရွေးပြီး
ချစ်ခွင့်ရှိသလို မကြိုက်တဲ့သူကိုလည်း မကြိုက်ဖူးလို့ပြောပိုင်ခွင့်တော့ ရှိပါတယ်...ဒါကို မိန်းကလေးက ဒီလောက်ချစ်နေတာကို
မင်းက ဘာဖြစ်နေတာလဲ..ဘာညာနဲ့ ပြောတာကြတော့ နည်းနည်းများ မလွန်ကြဘူးလားလို့ ....အားနာပြီးတော့ ချစ်လို့ မရတာ
အမှန်ပဲလေ... ဘာပဲပြောပြော..... နောက်ဆုံးကျွန်တော် ပြောချင်တာကတော့.. ယောကျာင်္းလေးဆိုတာကတော့ ကိုယ်ကပဲ
ချစ်တဲ့သူကို ချစ်ကြောင်းကြိုက်ကြောင်း လိုက်ပြောချင်ကြတာလေ...ကိုယ်ချစ်တဲ့သူက မဟုတ်ပဲ ကိုယ့်ကိုလာပြီး
ဇွတ်လိုက်ပြောနေတာကြတော့ ..အဟဲ.ဟဲ.. စိတ်ရှုပ်တတ်တာကိုး...
ဟုတ်ကဲ့ပါခင်ဗျာ...ယောကျာင်္းနဲ့မိန်းမ ဆိုတာကတော့
ဒီလိုပါပဲ...
ကိုယ့်ရဲ့ ခံစားချက်နဲ့ကိုယ် ပျော်ရွှင်နိုင်ကြပါစေလို့..............


မောင်နှမ သူငယ်ချင်းအပေါင်း ပျော်ရွှင်ပါစေခင်ဗျာ..

Sunday, October 18, 2009

သီချင်း Tag Post တဲ့

အင်း အခုတစ်လော ရေးတယ်..ဘာတွေလဲဆိုတော့ Tag Post လေ...
ဦးနှောက်တော့ စားတယ်ဗျ... ဒါပေမယ့် ပျော်စရာကောင်းပါတယ်...
သဘောလည်းကျတယ်.....ကိုယ်ကလည်း ပြန်ပြီးတော့ Tag ချင်ပါတယ်...
ဘာအကြောင်းကို ရေးခိုင်းရမှန်းမသိဖြစ်နေတာလေ.... အဲလိုကျတော့ ဒီကောင်လေး ဦးနှောက်က မထွက်ဘူးရယ်..
မမ (မချစ်ရ) ပြောသလို ပေါက်တတ်ကလောက်ဆိုရင် တော့ ဟဲဟဲ..တော်တော်လေးတော့ ထွက်ပါတယ်.....
ကဲ ...အခုလည်း မမ (မချစ်ရ) ရဲ့ Tag Post လေးကို စလိုက်တော့မယ်...
စမယ်ဆိုမှ ဘယ်က စရပါ့မလဲ...ကောင်လေးက သီချင်းဆိုရင် အစအဆုံး ရတဲ့ သီချင်းက ခပ်ရှားရှားရယ်...

ကြိုက်မိတဲ့ သီချင်းတွေကတော့ အများကြီးရယ်....
ပထမဆုံးကတော့.....လွမ်းမိုး သီချင်းတွေဆိုရင် အကုန်ကြိုက်တယ်....ဒါပေမယ့် သီချင်းနဲ့ခေါင်းစဉ်တော့တွဲမသိဘူးလေ...ဟီဟိ
ကောင်လေးက လူကသာ ဘာမှမဟုတ်တာ..သီချင်းကျတော့ ငြိမ့်ငြိမ့်လေးတွေမှ ကြိုက်တာလေ...
အမေသီချင်းတွေကို အများကြီးဆိုတဲ့ (ဆရာ) ထူးအိမ်သင် ကိုတော့ အသဲဆွဲပေါ့ဗျာ.....
ပွင့်ဆဲပန်းတိုင်းလန်းပါစေ ဆိုတဲ့ သီချင်းကိုတော့ အစဆုံးကိုရတာလေ... ဗညားဟန်ဆိုထားတဲ့ သီချင်းပေါ့... အဲ...ဒါပေမယ့် သူဆိုထားတာကို ဒီတစ်ပုဒ်ပဲ ခံစားလို့ရတာ.....
" လှမ်းဆွတ်ယူမိုးသားကောင်းကင် ရှေ့ကကောင်းကင် မြင်နေပြီ လက်တစ်ကမ်း ယုံကြည်ရာကို အတွေးတံခါး
ဖွင့်လှစ်...ဘ၀ရဲ့ဖြစ်စဉ်မှတ်စုတစ်ခုကိုရေး..လူသစ်စိတ်သစ်ဘ၀ကို လျှောက်လှမ်း....
တစ်မိုးသောက်ဒီနေ့သစ်နဲ့ အတူ ...အသစ်သစ်ဆန်းတွေ ကမ္ဘာမှာပေါ်လာစမြဲ....
ကမ္ဘာဟာလည်နေပြောင်းလည်းနှစ်သစ်..သီချင်းသစ်တစ်ပုဒ်ကို ကြိုးစားရင်းရှာဖွေ လေလှိုင်းမှတစ်ဆင့် လွှင့်နေပါမည်...." တစ်ပုဒ်
လုံးတော့ မရေးတော့ပါဘူးနော်.......ဒီသီချင်းလေးကိုတော့ အားတိုင်းရားတိုင်း ဆိုဖြစ်နေတာပေါ့ဗျာ...ဟီးဟီးး
ဒါပဲရတာလည်းပါတာပေါ့.....

အခုတစ်လောမှ ရောဂါ အသစ်တစ်ခုရနေတာ...." မ " နဲ့ ပက်သက်တဲ့ သီချင်းတွေဆိုရင် အကုန်ကို ကြိုက်ပစ်တာ..
လိုက်တော့ဆိုတတ်တယ်.. အလွတ်ကတော့ တစ်ပုဒ်မှကို မရတာလေ...ဘယ်ရပါ့မလဲ..သီချင်းဖွင့်ထားရင်
အိပ်ရာပေါ်မှာ မျက်လုံးလေးမှိတ်ပြီး ခံစား နေတာလေ...ပြီးကျ အိပ်ပျော်သွားရော.....

သီချင်းတော်တော်များများကိုတော့ နားထောင်ဖြစ်ပါတယ်...ရသ တစ်မျိုးဆီတော့ ခံစားရတာပေါ့...စိုင်းစိုင်းရဲ့ သီချင်းတွေဆိုရင်
စာသားလေးတွေတော်တော်လေး ကြိုက်ပါတယ်.. အသံနေအသံထားလေးတွေလည်းကြိုက်တယ်..ဒါပေမယ့် သူ့သီချင်းနားထောင်ရင်
မကြိုက်တာက မော်ဒယ်ကောင်မလေးတွေ တော်တော်လေးသုံးထားတာတွေ့နေရတယ်..သူတို့သရုပ်ဆောင်ထားတာကို မကြည့်ပဲ
နားထောင်ရုံသက်သက်ကတော့ ကြိုက်တယ်...အဲဒါကြောင့် သူ့အခွေဝယ်ပြီးရင် ချက်ခြင်းကို MP3 ပြောင်းလိုက်တာ....VCDကိုတော့
ဘယ်လိုမှ ကြိုက်လို့မရတာ.....
နားထောင်လို့ကောင်းပြီးတော့ နားမလည်တဲ့ သီချင်းတစ်ပုဒ်ရှိသေးတယ်ဗျ...ဟို မှိုလိုပေါက် ဆိုတဲ့ သီချင်းလေ (ရှင်းရှင်း)ဆိုထားတာ..
"ဒစ်စကိုမြူးဒစ် အော်ကာဒွန့်...အော်ကာဒွန့်ဒွန့်တစ်နေကုန်ဒွန့်....
အော်မစ်မစ်ကစ်လစ်ဦးနော်...လေကုန်မမောတမ်းအော်ကာဒွန့်.."
ဆိုတဲ့ သီချင်းလေ... ဟီဟိ ကျွန်တော်နဲ့ ခင်တဲ့သူငယ်ချင်းတော်တော်များများကို မေးကြည့်ဖူးပါတယ်... ဘယ်သူမှ သိဘူးတဲ့....အော်...မြန်မာသီချင်းကို မြန်မာလို နားမလည်ကတော့ ခံရခက်သဗျ...
ကျေနပ်တော့နော် မမ(မချစ်ရ)...ကြိုက်တာတွေကိုပြောနေရင်းနဲ့ မကြိုက်တဲ့ ဟာတွေပါကုန်တော့မယ်.... ဝေဖန်တာတော့ မဟုတ်ဘူးဗျ..စိတ်ထဲရှိတာ ရေးလိုက်တာပါ... အဲဒါကြောင့်ပြောတာ..ကောင်လေးက ပေါက်တတ်ကလောက်ပါလို့......

Wednesday, October 14, 2009

ကွန်ပျူတာနဲ့ မျက်မမြင် ငါးယောက်



တစ်ခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့ …
သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာ တစ်ခုခုကို နေ့စဉ် ပြောဆိုဆွေးနွေးငြင်းခုန်ကြပါသတဲ့ …
တစ်နေ့တော့ ..သူတို့ဟာ …အင်တာနက် ဆိုတဲ့ အကြောင်းအရာကစပြီး ဆွေးနွေးလာလိုက်ကြတာ
နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့မေးခွန်း ကို ရောက်သွားကြပါသတဲ့ …
လေသန်သန်နဲ့ ..အင်တာနက် အကြောင်းကိုသာ ရွှီးနေကြတာ …
ကွန်ပျူတာ ဆိုတာ ဖြူသလား မဲသလား ..မသိကြဘူး ကွဲ့ ..
အဲလေ ..ဘယ်သိမှာလဲ သူတို့က မျက်မမြင်တွေကိုး ..
တစ်နေ့တော့ ..သူတို့ ၅ ဦး ဆုံပြီး ..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့ အတွက် ..ကိုကြီးကျော် ရဲ့
ရုံးခန်းကို ရောက်လာကြပါသတဲ့ …ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း ပြောပြတော့
ကိုကြီးကျော်လဲ အတော် သဘောတွေ ကျသွားပါသတဲ့ …
" အမယ် တယ်ဟုတ်ပါလား ..ကို့ ညီတို့ ကိုတော့ လေးစာသွား ပဟ …အစ်ကို ကူညီမယ် "
ဆိုပြီး ..သူ့ရဲ့ ဧည့်ခန်းထဲကို ထိုင်ခိုင်း ပါသတဲ့ …
ပြီးတော့ ..သူ့ရုံးခန်းမှာလဲ ဧည့်သည်တွေ မရှိတော့ အိုကေဘဲပေါ့
သူဖတ်ဖူးတဲ့ ဟိုပုံပြင်ထဲက မျက်မမြင်တွေ ဆင်ကြီးကို စမ်းသလိုမျိုး
စမ်းပြီး ကွန်ပျူတာကို ဘယ်လို ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့
ဒီလိုနဲ့ဘဲ ပထမ ဦးဆုံးတစ်ယောက်ကို ..အခန်းထဲကို ၀င်ခိုင်းပြီး စမ်းစေပါသတဲ့
ခဏနေတော့ ..သူ ပြန်ထွက်လာပြီး ကိုကြီးကျော်ကို ပြောသတဲ့ ..
" ကိုကြီးရာ ..တကယ်တော့ ကွန်ပျူတာဆိုတာ …အပျိုမလေး ရဲ့ ဗိုက်သား
လိုပါဘဲလား ဗျာ ..မျက်နှာပြင်ကလေးက ချောမွေ့ နေတာကိုး " တဲ့
ကိုကြီးကျော် သဘောကျ သွားသပေါ့ …
ဥပမာ ကလေးက ကောင်းတော့ သဘောတွေ ကျသပေါ့
" အင်း …ဒီကောင် မော်နီတာ မျက်နှာပြင်ကို စမ်းမိ သွားပြီဘဲ "

နောက်တစ်ယောက် ၀င်သွားပါသတဲ့ …
သူလဲ ..ပြန်ထွက်လာပြီး …
" အော် ကွန်ပျူတာ ဆိုတာ ..အပျိုမ ကလေးရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ " တဲ့
" အမ် …မင်းက ဘယ်လို စမ်းတာလဲ " ဆိုတော့
" ကျနော် ထိုင်ပြီး စမ်းတာပါ" …တဲ့ "
" အော်…ဒီကောင် …ကွန်ပျူတာ တင်ထားတဲ့ ..စားပွဲခြေထောက်ကို စမ်းမိတာပါလား
….ဟားဟား …"

နောက်ထပ် တစ်ယောက် ၀င်ပါသတဲ့ကွယ် ..
သူလဲ ပြန်ထွက်လာတော့ ပြုံးစေ့စေ့နဲ့ ..
" ကွန်ပျူတာဆိုတာ ..အပျို မ ကလေးရဲ့ …အသားလိုပါဘဲ ..နှိပ်လိုက်ရင်
ခွက်ဝင်သွားတယ်နော် …" တဲ့
" အော် ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး "
ကိုကြီးကျော် လန့်တောင်နေပါတယ်တဲ့ ..
ဒီကောင်တွေရဲ့ ဥပမာက အပျို မ ထဲကကို မထွက် လို့ လေ

နောက်တစ်ယောက်လဲ ထွက်လာပြီး ..
" အပျိုမကလေးရဲ့ ကျောပြင် ကလေးလိုပါဘဲ ညီညာပြန့်ပြူး လို့ "
" အော် ဒီကောင်က မားသားဘုတ် ကို စမ်းမိတာကိုး "

နောက်ဆုံးတစ်ယောက် အထဲကို ၀င်သွားတော့ ကိုကြီးကျော် …စိတ်ဝင်တစား စောင့်နေမိတယ် …
သူတို့ ဥပမာပေးတွေက ကောင်းလွန်းနေတာကိုး ကွယ်

နောက်ဆုံးဝင်သွားတဲ့ တစ်ယောက်ကတော့ ..အတင်း ၀ုန်းဒိုင်း ကျဲပြီး
ပြေးထွက်ရင်း ပြောသတဲ့
" ဟာ ….ကွန်ပျူတာ ဆိုတာ ပါးကို ရိုက်တတ် သဟ " လို့ ဆိုပြီး ရဲတွတ်နေတဲ့
ပါးကို လက်နဲ့ ပွတ်ရင်း ပြောသတဲ့ ..
ကိုကြီးကျော် ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲ အခန်းထဲက
…မိန်းကလေးတစ်ဦးထွက်လာပြီး
" ဒီမယ် ကိုကြီးကျော် ..ရှင့် ကုမ္ပဏီမှာ အတွင်းရေးမှူးလုပ်လာတာ ကြာပြီ
..ဒီနေ့ ဘာအချိုး ချိုးတာလဲ ပါးကျိုးသွားချင်လို့လား ..တော်ပြီ ရှင့်
အလုပ်က ထွက်တယ် …" ဆိုပြီး ထွက်သွားပါသတဲ့ ..သည်တော့မှ ကိုကြီးကျော်လဲ..

" ဟိုက် …ငါ့ ..အတွင်းရေးမှူးမ ကို အခန်းထဲက ထွက်ခိုင်းဖို့
မေ့သွားပါလား …တောက် ..ဟိုကောင်တွေ ဥပမာတွေက ကောင်းလှပါတယ် အောက်မေ့နေတာ
…" တဲ့လေ

Tuesday, October 13, 2009

မိန်းမယူမည်ဆိုလျှင်

မိန်းမယူလျှင် မည်သို့ သော မိန်းမမျိုးကို ယူသင့်သနည်းဟု ယူသင့်တဲ့မိန်းမတော့ ဘယ်လို ဆိုတာမသိဘူး။
ယခု ဖော်ပြမယ့် မိန်းမတော့ ၃ မျိုး ၃ စားရှိတယ်။
ထို ၃ မျိုးကို အသေအချာ လေးလေးနက်နက် စဉ်းစားပြီးမှ ယူပါလေ
ထို စဉ်းစား သင့်သော မိန်းမများမှာ
၁) ဆရာဝန်မ
၂) ကျောင်းဆရာမ
၃) စာရင်းကိုင်
တို့ဖြစ်ပေသည်။

အကြောင်းမှာ
အမှတ်စဉ် ၁
ဆရာဝန်မကို ယူလျှင် သင်သည် အပြုစုခံရန် စိတ်မကူးချေနှင့်။
ဝါ့ဒ်ဂျူတီ။ အွန်ကောလ် ၊ နိုက်တ်ဂျူတီ စသည်တို့ဖြင့် တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် အလုပ်တာဝန်များ များပေလျက် သင်ကပင် သူ့ မျက်နှာရိပ်
မျက်နှာကဲ ကြည့်နေရချေမည်။
သူမ၏ အပြုစုကို ခံချင်လွန်းလှ၍ မူလကျီ သွန်ကျီ လုပ်ကာ ခေါင်းကိုက်သည်ဟုလည်း မူယာမာယာများ၍ မဖြစ်ပေ။ ခေါင်းကိုက်နေတယ်ကွာ ဇက် ကြောလေး ဆွဲပေးစမ်းပါဟု သင်ဆိုလျှင် သူမက ခေါင်းကိုက်နေလား..ရော့ ဒီမှာ ပါရာစီတမောလ် သောက် ဟုဆိုကာ ဆေးကဒ်ကိုသာ ပေးချေ လိမ့် မည်။
သင်တကယ် နေကောင်း၊ မကောင်းကိုလည်း သူမ သိချေမည်။ သင်မာယာများ၍ မရကုန်။ဒီနေ့ လူနာတွေ ပုံနေတာပဲကွာ။ မောလိုက်တာ လွန်ပါ ရော ဟု အစချီကာ အိမ်ပြန်ရောက်လာသော သူမအား သင်ကပင် ဆီးကြို ဇက်ကြောဆွဲ ပြုစုရချေမည်။

အမှတ်စဉ် ၂ ဖြစ်သော
ကျောင်းဆရာမကို ယူလျှင် ကျောင်းဆရာမတို့မည်သည် အကင်းပါး၏။ အင်မတန် ဆရာလုပ်တတ်၏။ သူမအား သင် ဆရာလုပ် ရန် စိတ်မကူးချေနှင့်။ သူမက သင့်ထက် ပိုသိနေပေမည်။
အရေးကြီးဆုံးမှာကား သင်သည် သူမအား လိမ်ညာ၍ မရခြင်းပင်။
သင်သည် အပေါင်းအသင်းများနှင့် ကာတီဗွီ၊ ကာရာအိုကေများသွားကာ ညဉ့်နက်အိမ်ပြန်ရောက်လျှင် တံခါးဝမှ ဆီးကြိုသော သူမ၏ မျက်ဝန်းများကို သင် ရင်ဆိုင်ရသော အခါ ကျောချမ်းအံ့။ သင် မည်သို့ပင် လိမ်ညာစေကာမူ သင့်အား ကျောင်းသားတစ်ယောက်ကို စာစစ်သလို မျက်လုံးမျိုးနှင့် ကြည့်နေသော သူမ၏ မျက်ဝန်းများကို ဆုံရသော အခါတွင် သင်သည် သူမကို မည်သို့မှ လိမ်လည်၍ မရနိုင်တော့ချေ။

အမှတ်စဉ်၃ ဖြစ်သော
စာရင်းကိုင်အမျိုးသမီးကို ယူလျှင် စာရင်းကိုင်တို့မည်သည် အင်မတန် စာရင်းဇယားတိကျ၏။ ငွေ တစ်ပြားကိုပင် အကွာမခံ တတ်။
ထိုသို့ဆိုလျှင် သင့်လခ အကုန် သူမထံအပ်ပြီးသော် သူမထံမှ သင် ပြန်လည်ရရှိရန် လမ်းမမြင်။
သင်၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် ဘီယာဆိုင်၊ ကေတီဗွီတို့သွားလိုလျှင် သင် အခက်ကြုံရပေတော့မည်။
ထိုအခါတွင် စာရင်းကိုင်အမျိုးသမီးကို ယူထားမိသော ယောက်ျားများသည် ပေါ့ကက်မန်းနီး ခေါ် အိမ်သူဇနီးမသိအောင် ငွေပိုလေးများ ထားရချေ တော့မည်။

ထိုဝဋ်ဒုက္ခများ ကင်းဝေးစေရန် အလို့ငှာ ဆရာဝန်မ၊ ကျောင်းဆရာမ၊ စာရင်းကိုင် ထို ၃မျိုးအား အလေးအနက် စဉ်းစားပြီးမှ ယူပါလေ

ဟုတ်ကဲ့ ဒါလေးက မေးလ်ထဲမှ ကိုချစ်စရာ ပို့ပေးထားတာပါ....တော်တော်လေးသဘောကျလို့ မျှဝေပေးလိုက်ပါတယ်..
သူငယ်ချင်းအပေါင်းရောင်းရင်းများလည်း အရွေးတော့မမှားစေနဲ့ပေါ့လေ... ဟီးဟိ
လာလည်ကျတဲ့ သူတွေထဲမှာ ဆရာဝန်မ ၊ ကျောင်းဆရာမ ၊ စာရင်းကိုင်။ လုပ်တဲ့ အမများပါရင်တော့ ဟီးဟီး ကောင်လေးကို ကောင်းကောင်းသာ ဆဲသွားကြပါ....နာတို့ကို ဂေါ်မစွံအောင်လုပ်နေတဲ့ ကောင်စုတ်လေးလို့....(ဟုတ်တာတွေပြောနေတယ်လို့..ဟဲဟဲ).

Monday, October 12, 2009

ချစ်တတ်လာခဲ့တယ်


ကျွန်တော့်ရဲ့ နှလုံးသားတောင်ကုန်းတစ်ဝိုက်ကို
သူမ....ဗုံးကြဲတိုက်ခိုက်တဲ့ နေ့မှာပဲ....
စကားလုံးတွေက တအုံးအုံးပေါက်ကွဲ
မိုက်မဲစွာ ချစ်တတ်လာခဲ့တယ်
( ကျွန်တော်တွေးကြည့်တယ်...)
နောင်...အနှစ်တစ်ထောင်လောက်ကြာတဲ့ အခါ
အဲဒီနေ့ကို.. Valentine's Day... လို့
သတ်မှတ်ကြမယ်ထင်တယ်....
သူငယ်ချင်းတွေကလည်း သဘောတူတယ်
" ဖြစ်နိုင်ပါတယ် ... ငပေါရယ်..တဲ့.."

Sunday, October 11, 2009

လုပ်ရက်ပါ့ ..မော်စကွီရှည်ရယ်

မော်စကွီရှည်ကတော့ လုပ်ရက်ပါပေ့ဗျာ....ကောင်ကလေးက ၆ မှန်း ၉ မှန်းတောင် ကွဲတာ ဟုတ်ဘူးရယ်..
နေမကောင်းပါဘူး ဇွတ်နော်.... သွား.. လူဆိုးမကြီး.. (ဟီဟိ )..
ကောင်လေးက စဉ်းစားတယ် ဘယ်လိုလုပ်ရပါ့မလဲပေါ့လေ.. ဘယ်ရမလဲ.. ဟားဟ
မမ (မချစ်ရ) ရဲ့ မောင်လေးပဲ... (ကြုံတုန်းလေး ဖားလိုက်ရတာ)... ရှာတယ်..ဖတ်တယ်.. မေးတယ် ..
မရရင် ဘာလုပ်မလဲ .. ငယ်ကျွန်တော်ကြီး Google ရှိတယ်လေ..သူ့ရှာခိုင်းတော့တာပေါ့.. ဟဲ.ဟဲ.
သူ့ကို ခိုင်းစားလာတာ အတော်တောင် ကြာနေပေါ့ဟာ...



1. What is your name: Swe Thu
2. A four Letter Word: Sure
3. A boy's Name: SiThu ( ဟီဟိ ကိုစည်သူတော့ ငှားသုံးလိုက်ပြီနော်)
4. A girl's Name: SoeSoeMar
5. An occupation: Stewardess
6. A color: Sliver
7.Something you wear: Slippers
8. A food: Strawberry (အင်း စာလုံးပေါင်းတော့မှန်လားမသိဘူး)
9. Something found in the bathroom: Soap
10. A place: San Francisco
11. The title of a song : Summer wine
12. Something you shout: Shoot!!
13. A movie title: Sahara
14. Something you drink: Soda ( နောက်မှ လူမသိအောင် Rum ရောထားတာလေ)
15. A musical group: Steepwater Band
16. An animal: Spiders
17. A street name: Sunrise
18. A type of car: Saturn Vue
19. Flower : Sunflower
20.A reason for being late: Sleep ( အိပ်ပုတ်နေပါသည် ဟိ)

Thursday, October 8, 2009

လက်ဆောင်တွေပေးနေတယ်နော်.....

မောင်နှမ သူငယ်ချင်းများ ဖြေကြတဲ့အဖြေမှန်ပါတယ်ခင်ဗျာ....ဘောင်းဘီဝတ်တာပါ..ဟုတ်ပါတယ်.
အဲဒါကြောင့် ကောင်ကလေးက လက်ဆောင်ပြန်ပေးမယ်လေ...ယူကြနော်..ဒါပေမယ့်.လုတော့မလုကြနဲ့နော်...
Memory Stick လေးတွေပါ....အသုံးဝင်ပါတယ် ..ဟဲ.ဟဲ..

ဒါလေးက ၀က်ကလေးတို့ မမတို့လို အစားမက်တဲ့သူတွေအတွက်နော်..ဟီဟိ( ဟ ၀က်ကလေးရ လုမစားနဲ့လေ ဟယ်)






ဒါလေးက တီတီလေးအတွက် ဖိနပ်ကလေးနော်....... ကြိုက်လားမသိဘူး...


ဒါလေးက မော်စကွီရှည်လေ ..System ပုံးထဲ ခေါင်းစိုက်ပြီးဘာတွေ ရှာနေလဲမသိဘူးဗျ...



ကိုကြီးကိုစည်သူ့ အတွက် ဖိနပ်လက်ဆောင်ပေးတယ်ဗျာ....



ဒါက နွေဆူးလင်္ကာဆိုတဲ့ အစ်ကိုလား အမလားတော့ မသိဘူး သူ့အတွက် သီချင်းနားထောင်ဖို့လေ...


နော်ကြီးအတွက်ကတော့ ကြော်ပဲ စားစား ကင်ပဲ စားစား ကြိုက်သလိုသာစားတော့နော်...ဟီးဟီး

ကျန်တဲ့ မောင်နှမ သူငယ်ချင်းအားလုံးလည်း အောက်မှာ ရှိသေးတယ်..ယူကြနော်...... အား..........မနာပါနဲ့ ဟဲဟဲ






တွေးပေးကြပါဦး

ဟိုလေ မေးကြည့်မယ်နော်... ပေါက်တတ်ကရတော့မတွေးကျနဲ့နော် ..ကြိုပြောထားတာ....
ခြေထောက်နှစ်ချောင်းထဲကနေ လျှိုပြီးသွင်းလိုက်တာ ချက်နားထိရောက်သွားတယ်
အဲဒါ ဘာလုပ်တာလဲဟင်.......
ဟီဟိ ဖြေကြည့်နော်...မဟုတ်တရုတ်တော့ မတွေးကြေး

Tuesday, October 6, 2009

သတိတရ နေ့လေး

ရတနာပုံတက္ကသိုလ်မှာ ကျောင်းတက်တုန်းက အမှတ်ရစရာလေးတစ်ခုပါ....
ကျွန်တော်တို့သူငယ်ချင်းတွေ မနက်ကတည်းက စုရုံးစုရုံးနဲ့ အလုပ်တွေရှုပ်နေကြတာ..ဘာတွေလုပ်နေကြမှန်းတော့မသိဘူး...ဟိုအဆောင်ရှေ့သွားပြီးဟိုလူ့ကိုတိုးတိုးပြောလိုက် ဒီအဆောင်ရှေ့သွားပြီးဒီလူ့ကို တိုးတိုးပြောလိုက်နဲ့လုပ်နေကြတာ...ဒီလိုနဲ့ညနေစောင်းရောဗျ......
ညနေကျတော့အားလုံးရဲ့စုရပ်နေရာမှာ သွားစုကြရော..ကြည့်လိုက်တော့နည်းတဲ့ လူအုပ်မဟုတ်ဘူးဗျ.....
အားလုံးပေါင်း ၁၈ယောက်တောင်.....အင်းလေ..သူများတွေအမြင်ကပ်ချင်စရာတော့ခပ်ကောင်းကောင်းရယ်...
အဲဒီမှာ ပြသနာကစတော့တာပဲ....ထွက်တော့မယ်ဆိုမှ သွားဖို့လာဖို့စစ်ကြည့်လိုက်တော့ ဆိုင်ကယ်က ၁၆ စီးဖြစ်နေတာ....ပိုတောင်နေတာလေ..ပိုနေလို့ပြသနာဖြစ်တော့ပေါ့ ....ဟုတ်တယ်..ကိုယ့်ကောင်တွေကလည်းအပိုင်တွက်ထားတာကိုး..ကိုယ်နဲ့ဆိုင်ရာဆိုင်ရာလေးတွေကို တင်ချင်နေကြပေါ့...သူတို့မှာအခက်တွေ့နေတော့ဟိုပြောဒီပြောနဲ့ရောင်ရောင်တောင်တောင်နဲ့
မထွက်ကြသေးဘူး.. .ကျွန်တော်လည်းမနေနိုင်လို့ကြားဝင်လိုက်ရလေ...."ကဲ..ဟိုကောင်မလေးတွေ
နင်တို့ကလည်း ရှည်ပြီးဆိုင်ကယ်တွေယူလာကြတယ်..ဒီနေ့ည လူကတော်တော်ရှုပ်မှာဟ..အန္တရာယ်လည်းများပါတယ်ဟာ..ထားခဲ့လိုက်..ပြီးတော့ ဘီးနည်းတော့ဆီဖိုးလည်းသက်သာတာပေါ့ " ဘာညာနဲ့ နည်းနည်းလောက်ဖောလိုက်တော့ ကိစ္စကပြီးသွားတယ်..
ဒါနဲ့ကျွန်တော်တို့တစ်ဖွဲ့လုံး 78 Centre ရောက်သွားတယ်ဗျ...ဟိုကျတော့ သူရဲရထားစီးကြမယ်တဲ့..
ဟီး..ဟီး. ဒါမျိုးဆိုကျွန်တော်က လက်ရှောင်တယ် မစီးရေးချမစီးဘူးဗျ....ဆွဲခေါ်တယ် ငြင်းတယ်ဘယ်ရမလဲ...ကောင်လေးပဲ ဟိုးဘက်က တိုင်လေးနားသွားပြီးစောင့်မယ်ပေါ့လေ...
သူတို့ တစ်တွဲပြီးတစ်တွဲဝင်သွားကြတာ...ဘယ်နှစ်ယောက်စီးပြီးသွားကြမှန်းတောင်မသိတော့ဘူး..
နောက်ဆုံးကြမှ ဇာတ်လမ်းကစတာ...ဟိုတစ်ယောက်မိုးကုတ်သူက မစီးရသေးဘူးတဲ့..သူလည်းစီးချင်တယ်တဲ့
စောစောတုန်းက သူကရေခဲမုန့်သွားရယ်နေတာတဲ့လေ လုပ်ပေါက်က တုတ်ကောက်နဲ့သာစော်ဖို့ကောင်းတယ်...
အားလုံးကလှော်ကြတယ်..ဟိုကောင် ဖိုးသားလည်းမစီးရသေးဘူး..နင့်စောင့်နေတာ ဘာညာနဲ့ဝိုင်းပြီး
တွန်းကြတာ..ကျွန်တော်လည်းမနေသာလို့ ထိုင်ရာကထလိုက်ရတယ်..သူကတောင်မကြောက်မလန့်ခေါ်သေးတာ ငါကဘာကိုရွံ့နေရမလဲပေါ့လေ..
သိတဲ့အတိုင်း ရထားခုံလေးက ကျဉ်းကျဉ်းလေးရယ်ဗျ...ပြောရမယ်ဆို ကိုယ့်ပေါင်ကလှန်ထောင်းသလို
ဖြစ်တော့မယ်ဗျ.ကျွန်တော်ကသရဲကို မကြောက်တတ်ပေမယ့် အမှတ်မထင်လုပ်လိုက်ရင်လန့်တတ်တယ်ဗျ..
ဒီအတိုင်းနေရင်အကောင်းသားရယ်....အဲဒီမှာဗျာ..သူကအော်လိုက် ကျွန်တော်က အော်လိုက်နဲ့
ထွက်ပေါက်ကိုရောက်မှန်းမသိဘူးဗျ...ဟီဟိ ထွက်လာတော့နှစ်ယောက်သား ခေါင်းတွေငုံ့အော်ချင်တိုင်းအော်ပြီးထွက်လာတာကိုး....ကိုယ့်ကောင်တွေကလည်းဗျာ သူတို့က အပြင်ဖက်ကနေ ပြထားတဲ့တီဗွီမှာကြည့်ပြီး တ၀ါးဝါးနဲ့ပေါ့...အဲ ခက်တာက ကျွန်တော်တောင်သတိမထားမိဘူး..ဟို မိုးကုတ်သူက အလည်ခေါင်လောက်ကတည်းက ဖက်ထားတာကိုပဲ ဒီကကောင်က ကိုယ့်ဇောနဲ့ကိုသတိမထားလိုက်တာ အမှား..အဲဒီကတည်းက ပြောလိုက်ဆိုလိုက်ရန်ဖြစ်လိုက်နဲ့ သူငယ်ချင်းမလေးနဲ့ တစ်စီးထဲဖြစ်သွားရော...အားလုံးပြီးတော့
ထုံးစံအတိုင်းဆိုင်သွားထိုင်ဖြစ်ကြတာပေါ့လေ...အဲဒီကိုရောက်တော့ ၉နာရီတောင်ထိုးနေပါပြီရော...
မှာကြ စားကြ သောက်ကြနဲ့ ...နည်းနည်းလည်းအရည်လေးတွေဝင်သွားကြရော..ဆရာမကြီးတွေကအဖွဲ့က ရစ်ကြပါလေရော....
ဒီနေ့ညတော့ အဆောင်မပြန်ကြတော့ဘူးတဲ့...ဟာ..အဲဒါမှဂွကျတာ.
ဘယ်သွားပြီးဘာလုပ်ကြမှာလဲ...တစ်ညလုံး.....ဖြစ်ချင်တော့ ကျွန်တော်တို့ယောကျာင်္းလေးတွေက
နည်းနည်းပဲ သူတို့က တော်တော်လေးကွဲနေပြီ..မိုးကုတ်သူလှပျိုဖြူက ရူးပေါက်ချင်လို့ပါတဲ့..ခဏလောက်တော့ လိုက်ပို့ဦးတဲ့ဗျာ...ယိုင်တိုင်ယိုင်တိုင်နဲ့သွားတယ် သန့်စင်ခန်းကို...တော်တော်နဲ့ထွက်မလာလို့ အခန်းရှေ့မှာ ငုတ်တုတ်လေးထိုင်စောင့်ရပါလေရောလားဗျာ..
မိနစ်၂၀လောက်ကြာသွားတယ် အရိပ်တောင်ထွက်မလာဘူး...အဲဒီမှာ ဆိုင်ကသီချင်းဆိုတဲ့ကောင်မလေးကရောက်လာလို့တော်သေးတာပေါ့..အမ အမ အဲဒီထဲမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဝင်သွားတာကြာပြီ တစ်ချက်လောက်တော့ ကြည့်ပေးပါဦးဆိုပြီး အကူအညီတောင်းရတော့တာပေါ့..သူလည်းဝင်သွားပြီး ခဏလောက်ကြာတော့ ထွက်လာတယ်..
အဲ..မောင်လေး မင်းသူငယ်ချင်းက ဘေစင်နားမှာ ငုတ်တုတ်လေးအိပ်ပျော်နေတယ်.အမလည်းခေါ်တာမရဘူး..အဲဒါမင်းသွားပြီး တွဲကြည့်လိုက်ပါ့လား ငါကလည်းတစ်ယောက်တည်းမနိုင်ဘူးတဲ့လေ...၀င်သွားလို့ဖြစ်ပါ့မလားဆိုတော့ ရတယ် သွားသာခေါ်ပါတဲ့ သူလည်းအပေါက်နားကစောင့်နေမယ်တဲ့...သွားတယ် ခေါ်တယ် လုပ်ကြည့်တယ် ဟီဟိ ရဘူး ဆရာမက ငုတ်တုပ်ကငုတ်တုပ်ပဲ... အဲဒါနဲ့ တွဲခေါ်လာလိုက်တော့တယ်........
အမှတ်ရစရာတော့ကောင်းပါတယ် တစ်ညလုံးတိုင်ပတ်နေတာ..တော်ပါပြီ..အခုက ကျောင်းတက်နေရတဲ့ အချိန်ဆိုတော့ သူငယ်ချင်းတွေကို အမှတ်ရမိလို့ပါ...မဟုတ်တရုတ် အရှုပ်ထုပ်တွေကို ဖတ်ပေးသွားကြတဲ့ မောင်နှမသူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ...

Monday, October 5, 2009

ဒီအရွယ်မှာ


အရှုံးဘက်သွားတဲ့
သုံးဆယ့်ငါးဒီအရွယ်
ငါ့နောက်ကို နင်မလိုက်နဲ့
ပါးရိုက်ပစ်မယ်
စိတ်နာပုံ သူခြယ်
သိက္ခာဆယ် အတည်ဟောက်
လိပ်ပြာမလုံ သူ့ရင်ထဲ
လွဲသွားမှာကြောက်....

Thursday, October 1, 2009

"၀ဋ်"

ကောင်လေးက အမြဲတမ်းနောက်ကျနေကျပါ..ဟုတ်တယ်..ဘယ်နေရာမဆိုပေါ့လေ..
ကျောင်းသွားရင်လည်းနောက်ကျတာပဲ..အိပ်ရာထရင်လည်းနောက်ကျတာပဲ...
အဲဒါတွေ ဘယ်လိုပဲနောက်ကျနောက်ကျ ကောင်လေးဘာမှတော့မဖြစ်ဖူး....အခုနောက်ကျတာကတော့ ကောင်လေး
ဘ၀မှာတော်တော်လေး တုန်လှုပ်သွားခဲ့တယ်လေ....သူနဲ့ပက်သက်လာရင် ကောင်လေးကအမြဲတမ်းနောက်ကပဲလေ..
သူများတွေအများကြီးနဲ့ ယှဉ်ရင်ကောင်လေးက ဘာမှမဟုတ်တဲ့သူတစ်ယောက်ဖြစ်ဖြစ်သွားတယ်...
ဒါကိုလည်း ကောင်လေးကျေနပ်နေပါတယ်လေ....ဘာလို့လည်းဆိုတော့ ကောင်လေးသူ့ကို သိပ်ချစ်နေလို့ပါ..
ချစ်တာချစ်နေရတာပါ...မ၀ံ့မရဲနဲ့ပါလေ...ကောင်လေးအခုတော့ သိသွားပါပြီ..လူကြီးသူမတွေခဏခဏပြောကြတဲ့စကားလေးကို
လက်တွေ့ယုံသွားပါပြီ..ဘာလည်းဆိုတော့ ၀ဋ်ဆိုတာနောင်ဘ၀မကူးဘူး ချက်ခြင်းလည်တယ်ဆိုတာကိုပေါ့......
ဟုတ်တယ်..ကောင်လေးကတစ်ယောက်သောသူအပေါ်မှာ မညှာတာခဲ့ဘူး ဂရုမစိုက်ခဲ့ဘူး...သူဘာလုပ်လုပ်အကောင်းကိုမမြင်ခဲ့တာပါ.
သူက ကောင်လေးအပေါ်မှာ တစ်ခါတစ်လေတော်တော်လေးကို မယုံကြည်နိုင်လောက်အောင်ကိုကောင်းတာပါ..အဲဒါကိုပဲ ကောင်လေးက
အပြစ်တွေမြင်ခဲ့တာ...အခုတော့ ကောင်လေးဝဋ်လည်နေပြီလေ..ခံပေဦးတော့.......
ကောင်မလေးကို အခုတော့ စာနာတတ်သွားပါတယ်..တတ်နိုင်သလောက်တော့ ဖြည့်ဆည်းပေးရတော့မယ်လေ....
ကောင်လေးတောင် အခုဆို တော်တော်ခံစားနေရတာ..... (ဘာမှ မကြာလိုက်တဲ့ အချိန်တိုလေးအတွင်းမှာ)
ကောင်မလေးဆိုတာက လူမှန်းသိတတ်စ အရွယ်ကတည်းက အနွံတာခံလာခဲ့ရတာ...သူ့ကို ကောင်လေး စာနာတတ်သွားပါပြီ...
ဒါပေမယ့်တော့ ချစ်လို့မရသေးဘူး.......စာနာတာနဲ့ ချစ်တာက မတူလောက်ပါဘူးလေဗျာ..ဟုတ်တယ်မို့လား...

Wednesday, September 30, 2009

ပြန်ဖြေဦး

ကိုသာလှတစ်ယောက် အလှူအိမ်ကကျွေးတဲ့ ကုလားပဲနှပ်နဲ့ ၀က်သားဆီပြန်ဟင်းကို အ၀တီးပြီးတော့
ပုဆိုးလေးမတမတနဲ့ အိမ်ကိုပြန်လာတယ်....အိမ်ရောက်တော့ စားထားတဲ့ ကုလားပဲဟင်းက အစွမ်းပြပါလေရော.....
အိမ်သာဆီကိုတန်းပြေးတော့တာ...အဲ..ဒါနဲ့ကြည့်လိုက်တော့ အိမ်သာတံခါးကြီးက ပိတ်ထားတယ်ဗျ....ကိုသာလှလည်း
တံခါးလေးကိုခေါက်ြပီး ခေါ်ကြည့်တယ်..."ဟေ့ အထဲမှာ လူရှိလား..... ဟေ့ အထဲမှာ လူရှိလား" နဲ့ သုံးလေးခါလောက်ခေါ်ကြည့်လည်း
အထဲကဘာသံမှကြားရဘူး..တံခါးလေးကတော့ ပိတ်ရက်ပဲ...ကိုသာလှလည်းနောက်ဆုံး ခေါ်မရတော့ စိတ်တိုတိုနဲ့ ပြောလိုက်ပုံက
" ဟေ့ အထဲက လူမရှိလည်း မရှိဘူးပြောကွာ"..တဲ့......
ခက်ဘူးလားဗျာ..လူမရှိဘာဘူးဆို လူမရှိဘူးပြန်ပြောတဲ့...လုပ်လိုက်ပုံက အဲဒီလိုရယ်....

Tuesday, September 29, 2009

တော်ဝန်ပန်း


မိတ္ထီလာသူ လှပျိုဖြူ
မြင်သူလူတိုင်းငေး
ယဉ်တစ်ကိုယ်မယ် ခန္မာရယ်
နတ်မယ်အရှုံးပေး
မိတ္ထီလာကန် လေညင်းခံ
ဖိတ်မန် သူခေါ်သေး
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်
ယင်ကောင်မသန်းသေး..
ရယ်သံနှောနှော သူ့အပြော
သောသောညံနေသေး
အဘယ့်ကြောင့်ဟူ ပြောရမူ
ကိုယ့်လူမရယ်ကြေး
သွားလေးကခေါ တင်ကလျော
စွေသော မျက်ခွံမှေး
တင်းတိပ်ဝက်ခြံ ၀န်းပတ်ရံ
နီလျှံနှုတ်ခမ်းထွေး(ကွမ်းစားထားခြင်းကြောင့်)
ထို့ကြောင့်သာပ လင်မရ
သူမလှပဂေး........

Sunday, September 27, 2009

ထားချင်ဦးဟဲ့ ရည်းစား

ကျုပ်တစ်ယောက်တည်း
မနေရဲလို့
အတွဲ တွဲရန်ရှာမိတယ်
တွေ့ပြန်တော့လည်း
ကျုပ်အတွဲက
ကွမ်း ၊ ဖဲ ၊ အရက် ဖြတ်ခိုင်းတယ်....
ကွမ်း ၊ ဖဲ ၊ အရက်
အကုန်ပျက်မှတော့
အတွဲမရှာ
ဘုန်းကြီးကျောင်းမှာ
ခေါင်းတုံးနဲ့သာ
နေတော့မှာ.........

Saturday, September 26, 2009

သူ့အလုပ်က

ဆေးခန်းတစ်ခုကို ခပ်ကြောင်ကြောင်လူတစ်ယောက်ရောက်လာတယ်..
ဆရာဝန်က ကဲ..ပြောစမ်းပါဦးခင်ဗျားဘာဖြစ်သလဲ..
" အခုတလော ကျွန်တော် စိတ်တွေ ကယောက်ချောက်ချား ဖြစ်ဖြစ်နေတယ်ဆရာ"
ဆရာဝန်က လူနာကို စမ်းသပ်ကြည့်ပြီး
" ခင်ဗျားဘာကိုမှ ထွေထွေထူးထူး စဉ်းစားမနေနဲ့ ခင်ဗျားရဲ့ကိုယ်ကို ခင်ဗျားရဲ့အလုပ်ထဲမှာနစ်မြုပ်ထားလိုက်ရင် ခင်ဗျားစိတ်ပြန်ပြီး
တည်ငြိမ်လာမှာပါ ဘာမှစိတ်မပူပါနဲ့ "
အဲဒီအခါမှာ လူနာက ပြန်ပြောလိုက်တာကတော့
" ခင်ဗျာ.....ကျွန်တော်ကအလုပ်ထဲမှာ ကိုယ့်ကို ကို နစ်မြုပ်ထားရမယ်ဟုတ်လား ကျွန်တော်က သင်းချိုင်းမှာ တွင်းတူသမားပါဆရာရဲ့"

Tuesday, September 22, 2009

မစစ်ရဘဲပေါ်


လူငယ် - ဦးသမီးနဲ့ ကျွန်တော် ချစ်သူတွေဖြစ်နေကြပါပြီ၊ ကျွန်တော် သူ့ကို လက်ထပ်ချင်ပါတယ်။
ဖခင် - မင်းအရက်သောက်တတ်လား
လူငယ် - ဟာ....... ဦး၊ အရေးကြီးတဲ့ကိစ္စ အရင်ပြောပါဦး၊ ပြီးမှ သောက်ကြတာပေါ့

Monday, September 21, 2009

ခဏလေးပဲစောင့်

သန်းခေါင်မတိုင်ခင် ကင်းလှည့်နေသော ရဲတစ်ယောက် က လမ်းသွယ် ထဲမှာ ရပ်ထားသော ကားတစ်စီးကို တွေ့လိုက်၏။ သံသယ ၀င်မိသဖြင့် သူ့ကားနားကပ်သွား ပြီး ကားတွင်းသို့ ဓါတ်မီး ဖြင့် ထိုးကြည့်လိုက်ရာ ကားနောက်ခန်းထဲမှာ ထိုင်လျက် ဇာထိုးနေသည့် မိန်းမပျိုလေး တစ်ယောက်ကို တွေ့လိုက်သည်။ဒရိုင်ဘာ နေရာမှာတော့ ယောကျာင်္းလေး တစ်ယောက် က စာအုပ်တစ်အုပ် ကို ဖတ်နေ၏ ။

ရဲက သူ့အား မင်းအသက်ဘယ်လောက်ရှိပြီလဲ၊ မင်းဘာလုပ်နေတာလဲ.....ကျွန်တော့် အသက် ၁၈ နှစ်၊ ကျွန်တော် စာဖတ်နေတာပါ....ရဲက မိန်းမပျိုလေးဘက် လက်ညှိုးထိုး ပြီး.....
သူကရော ဘာလုပ်နေတာလဲ..ဇာထိုးနေတယ်လေ.....
သူ့ အသက်ကရော ဘယ်လောက်ရှိပြီလဲ ကွ...........သည်တော့
ယောကျာင်္းလေးက လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ပြီး.....အင်း.....
နောက် ၁၂ မိနစ်ဆိုရင် ၁၈ နှစ် ပြည့်သွားပြီ ပေါ့ဗျာ ဟု ပြုံးစိစိ ဖြေလိုက်၏...

Sunday, September 20, 2009

မင်းကံကောင်းတယ်မှတ်

တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ်အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက် လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။ အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့ `အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´ လို့မေးလိုက်တယ်။
ယေရှုက `အေး သားတော်ကံကောင်းပါတယ်။
မင်းက အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီး ပြန်ဖြေလိုက်တယ်။
ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကောအသက်ရှင်စဉ်ကဘယ်လိုကံကောင်းခဲ့ပါသလဲ´
လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ ကံကောင်းခဲ့တာပဲ ။
ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီးဖြေလိုက်ပါတယ်။
နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး
`ကျွန်တော်ရော ဘယ်လို ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။
အဲဒီလို မေးလိုက်တဲ့ခဏမှာ ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။
ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့ ယေရှုက လှုပ်လို့မရဖြစ်နေတယ်။
ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။
`အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။

Saturday, September 19, 2009

သူ့အမေပဲရင်ကျိုးပါစေတော့

မိဘ နှစ်ပါးက သမီးအား မြို့ကြီး သို့ သွားပြီး အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။ သမီးငယ် ထွက်မသွားခင် မှာ မိခင်ကြီးက သမီး အခန်းထဲကို သမီး ချစ်သူ ခေါ်မလာပါ ဘူး ....ဆိုတဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ်
သမီး ရယ် ဟု ပြော ပြီး .... အေး.......သမီး အခန်းထဲ သမီးချစ်သူလာတယ် ဆိုတဲ့ သတင်းသာ
မေမေ ကြားရရင် မေမေ ရင်ကျိုးမှာ အမှန်ပဲကွဲ့ ဟုလည်း စိုးရိမ် ပူပင်စိတ်ကို လှစ်ပြလိုက်ပါသေးသည်။
သမီး ထွက်သွားပြီး တပတ်လောက် အကြာမှာ သားအမိ ဖုန်းပြောဖြစ်သည်။သမီး ချစ်သူကို သမီး အခန်းထဲ ခေါ်မလာပါဘူးနော်၊ ဟုတ်တယ်မလား သမီးလေး.....အို.............ခေါ်မလာပါဘူး မေမေရဲ့၊ မေမေ အတန်တန် မှာထားတဲ့ကိစ္စ ပဲ၊ သမီး သူ့ အခန်းကို ပဲ သွားပါတယ်၊ သူ့ အမေပဲရင်ကျိုး ပါစေနော် အမေရယ်...

မဖတ်ရ

ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့
ခင်ဗျားအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ တကယ် အကျိုးမရှိလို့
မဖတ်ရဆိုပြီး ခေါင်းစဉ် တပ်ထားတာပေါ့။
ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့ရွေးချယ်ပိုင်ခွင့်ပါ။ တားမြစ်လို့ မရပါဘူး။
ဒါပေမယ့် လုံးဝ မဖတ်ဖို့ ကျနော် ပြောချင်ပါတယ်။
ပြောနေရင်းနဲ့တောင် ခင်ဗျား ဆက်ဖက်နေသေးတယ်နော်။
ကျနော်က ခင်ဗျား အတွက် ပြောနေတာပါ။
ခင်ဗျားဒါကိုနားမထောင်ဘဲဆက်ဖတ်နေတာခင်ဗျားအတွက်အကျိုးလုံးဝမရှိလို့ပါ။
အခုတောင် ခင်ဗျား ဖတ်လာတာ စာကြောင်းရေ တော်တော်များလာပြီ။
ကျနော်က ခင်ဗျား အကျိုးကို ရှေးရှုပြီး မဖတ်စေချင်တာပါ။
ဆက်မဖတ်နဲ့တော့နော်။ လုံးဝကို အကျိုး မရှိဘူး။ အကျိုး လုံးဝလုံးဝ မရှိပါ။
အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော် ပြောမပြတတ်တော့ဘူး။
အလားတူဘဲ .. မဖတ်ပါနဲ့ကိုလည်းဒီထက်ရှင်းအောင်မြန်မာလိုရှင်းမပြတတ်ဘူး။
ဒီတော့ ရှင်းရှင်းပြောမယ်။ဆက်မဖတ်နဲ့။
ပြောနေရင်းနဲ့တောင်ခင်ဗျားဖတ်လာတာများသထက်များလာပြီ။
ကျနော် ဘယ်လိုပြောရမလဲဗျာ၊ မဖတ်ပါနဲ့။ ဟုတ်ပြီလား
မဖတ်နဲ့တော့။ ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့ မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။
လူ့စိတ်ကလည်း အခက်သား၊ မဖတ်ပါနဲ့ဆို တိုးလို့ဖတ်ချင်တယ်။
ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်က မဖတ်ဖို့ တားမြစ်ရလေဘဲဗျာ။
မဖတ်ပါနဲ့။ဘာကြောင့်လဲဆိုတော့ မဖတ်စေချင်လို့ပါ။
အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။ ဒါဘဲ။
ကျနော်ပြောသားပဲဟာကို မဖတ်ပါနဲ့လို့....ဟီး..ဟီး.. ကရော် ကရော်
ကဲ..ခုတော့.. ဘယ်လိုလုပ်ကြမတုန်း.........

Friday, September 18, 2009

ဝက်ဝံလေးအတွက်မွေးနေ့ဆုတောင်း

.......၀က်ဝံလေးအတွက်မွေးနေ့ကိတ်နဲ့လက်ဆောင်လာပါပြီ.....


Birthday Pictures, Images and Photos



ဝက်ကလေးရေ ဒီနေ့က ၀က်ဝံကလေး မွေးနေ့ဆိုလို့သာ ရေးလိုက်ရတယ်..ဘယ်နှယ်နှစ်မြောက်လည်းတော့သိဘူးလေ..
ဝက်ကလေးမွေးနေ့မှတိုင် နောင်လာမယ့်နှစ်တွေမှာလည်း အဆင်ပြေပျော်ရွှင်ပါစေလို့..ကျန်းမာရေးအထူးကောင်းမွန်ပြီး
အသားအရေ စိုပြည်လှပပါစေ... မိဘကိုလုပ်ကျွေးပြုစုနိုင်တဲ့
သမီးကောင်းရတနာတစ်ယောက်ဖြစ်ပြီး နောင်တွင်လည်း
သားသမီးရတနာလေးတွေကို မွေးထုတ်ပေးနိုင်တဲ့
မိခင်ကောင်းတစ်ယောက်ဖြစ်ပါစေ..
ပညာရေးတွင်လည်း ရည်းမှန်းထားသလောက်အောင်မြင်ပါစေဗျာ....
ဒီလောက်ပဲဆုတောင်းပေးတတ်တော့တယ်..
ကျန်တာကတော့ ကျွန်တော့် မမ " မချစ်ရ" ပဲ ဆက်ပြီး
မွေးနေ့ပွဲလေးလုပ်ပေးလိမ့်မယ်လေနော်.....




ဘောလုံးကြိုက်တဲ့ဝက်ဝံလေးအတွက်နော်

Birthday Pictures, Images and Photos


Birthday Card လှလှလေးရောကြိုက်ရဲ့လား




Birthday Pictures, Images and Photos




မွေးနေ့ကိတ်ဆန်းဆန်းလေး..နော်


happy birthday Pictures, Images and Photos




မွေးနေ့လက်ဆောင်လေးတွေနဲ့ပျော်ရွှင်နိုင်ပါစေ...


Happy Birthday Pictures, Images and Photos



ကောင်လေးငယ်
happy birthday Pictures, Images and Photos

Thursday, September 17, 2009

"ချမ်းသာလာပုံက"

သူငယ်ချင်းနှစ်ယောက်ရှိတယ်....တစ်ယောက်ကတော့ စီးပွားရေးသမားဗျ...ငယ်ငယ်ကတည်းက စီးပွားရေးလုပ်လာတာ..
သူ့အတွက်အကျိုးရှိပြီး အမြတ်ထွက်မဲ့အလုပ်ဆိုရင်အကုန်လုပ်တယ်....စီးပွားရေးကို စိတ်ဝင်တစ်စားလုပ်နေတော့သူ့မှာ
ကိုယ်ပိုင်ကားနဲ့ တိုက်တွေခြံတွေနဲ့ပေါ့လေ..အဆင်ပြေတယ်ဆိုကြပါစို့...အဲ..နောက်တစ်ယောက်ကတော့.. ခပ်ပျော်ပျော်
ခပ်ပေါ့ပေါ့သမားလေ..သောက်မယ်စားမယ်..ပျော်မယ်ပါးမယ်ပေါ့...သူက အရွယ်ရောက်ကတည်းက အရက်ကိုစွဲစွဲမြဲမြဲသောက်လာ
တာလေ..အဲဒီတော့ အခု အသက်အရွယ်ကြီးလာတော့ သူ့မှာဘာမှကိုမရှိရှာဘူးပေါ့လေ...
တစ်နေ့ကျ သူငယ်ချင်းနှစ်ယောက် လမ်းမှာဆုံကြပါလေရော.. စီးပွားရေးသမားသူငယ်ချင်းကတော့ ကားအကောင်းစားကြီးနဲ့
ကားပေါ်မှာပေါ့လေ...ဟိုအရက်သမားကတော့ လမ်းလျှောက်လျှက် လမ်းပေါ်မှာပေါ့..အရက်သမားကမေးတယ်..
"ဟာ သူငယ်ချင်း မင်းကောင်းစားနေတာပေါ့လေ..ကားတွေဘာတွေနဲ့ နေပါဦး မင်းဒီလိုချမ်းသာလာတာ ဘယ်လိုစီးပွားရေးတွေများလုပ်နေလဲ"
ဟိုတစ်ယောက်ကပြန်ဖြေတယ် " သူငယ်ချင်းရာ ငါက မင်းလို အသောက်အစားမှ မရှိတာကွ ရတာလေးတွေစုပြီး ဒီလိုပဲစီးပွားရေးလုပ်ပြီး
အဆင်ပြေနေတာလေ"..." မင်းလည်းအသက်အရွယ်ရလာပြီ မင်းမှာရှိတဲ့ ဟာလေးတွေထုခွဲပြီး လိမ္မာတော့ သူငယ်ချင်းရာလို့"
ပြောသွားတယ်..
အဲဒီလိုနဲ့ နောက်တစ်လလောက်လည်းကြာရော သူငယ်ချင်းနှစ်ယောက်ဆုံကြပြန်တယ်..ဒီတစ်ခါတော့ စီးပွားရေးလုပ်နေတဲ့သူငယ်ချင်းရဲ့
ကားပေါ်မှာ ဂျက်လေယာဉ်တစ်စီးက၀ဲနေတယ်ဗျ...အဲဒီ ဂျက်လေယာဉ်ပေါ်ကလူကတော့ ဟိုအရက်သမားလေ...
စီးပွားရေးလုပ်ငန်းရှင်လည်း အံ့သြသွားတာပေါ့...ဟာ သူငယ်ချင်းမင်းနေ့ချင်းညချင်းကို ကြီးပွားသွားပါ့လာကွ..ဂျက်လေယာဉ်တောင်
ကိုယ်ပိုင်ဝယ်စီးနိုင်လို့ပါ့လား...ဘယ်လိုများ ချမ်းသာသွားတာလည်း ပြောစမ်းပါဦး..
အဲဒီတော့မှ ဟိုအရက်သမားကလည်း..ငါဒီလို ကြီးပွားသွားတာ မင်းကျေးဇူးမကင်းပါဘူးကွာ..မင်းပဲ ဟိုတစ်ခါတုန်းကပြောခဲ့တယ်လေ..
မင်းလည်းအသက်အရွယ်ကြီးလာပြီ မင်းမှာရှိတဲ့ဟာလေးတွေ ထုခွဲဆိုလို့..ငါ့မှာရှိတဲ့ အရက်ပုလင်းခွံတွေကို ထုတ်ရောင်းလိုက်တာ
အခုမင်းမြင်တဲ့အတိုင်းပဲလေ..ပိုက်ဆံတွေပိုနေလို့ ဂျက်လေယာဉ်တောင်ဝယ်စီးနေတာ.......

ကဲ..သူငယ်ချင်းတို့ရေ စဉ်းစားသာကြည့်တော့ ဟိုလူကြီး ဘယ်လောက်အရက်သောက်လည်းဆိုတာကို...ဒါပေမယ့် အဲဒီထဲက သင်ခန်းစာ
တစ်ခုတော့ရလိုက်တယ်....ဘယ်လောက်ပဲ ဆိုးဆိုးလေ...သူကအရက်ကိုကြိုက်တယ်..အရက်ပုလင်းခွံတောင် လွင့်မပစ်ပဲ သူသောက်သမျှကို သိမ်းထားတာ...သူကြိုက်တဲ့အရာအပေါ်မှာ သူတန်ဖိုးထားလို့ သူအကျိုးခံစားရတယ်လေ......

ပေါ့မနေကြနဲ့

ရွာတစ်ရွာမှာပေါ့ဗျာ လူပျိုကြီးတစ်ယောက်ရှိတယ် ...တစ်နေ့မှာတော့ လူပျိုကြီး အသည်းအသန်ဖျားပါလေရော
အဲဒီတော့ ရွာထဲမှာရှိတဲ့ ရပ်ဆွေရပ်မျိုးတွေက ၀ိုင်းပြီးပြုစုရတော့တာပေါ့...နေမကောင်းသူဆိုတော့ ဆန်ပြုတ်သာသောက်ခိုင်းရတာပေါ့လေ...ထိုနေ့မှစပြီး လူပျိုကြီးစကားမပြောတော့ဘူး..နောက်သုံးရက်လောက်ကြာတော့
ရပ်ဝေးမှာနေတဲ့ သူ့ညီမရောက်လာတာပေါ့လေ..အဲဒီမှာ လူပျိုကြီးက ၀မ်းနည်းသံလေးနဲ့ ပြောလိုက်ပုံက
" ငါ့ကိုသိပ်ပေါ့မနေကြနဲ့နော် ငါအစားအသောက်တွေပျက်နေတာ ခံတွင်းလည်းပျက်နေတာကြာပြီ.ဒီကြားထဲ
ဆန်ပြုတ်လေးပဲသောက်နေရတာ တစ်ခါတစ်ခါသောက်မှ ဆန် ၄ဗူးချက်ပဲ ကုန်တော့တယ်" တဲ့

Tuesday, September 15, 2009

ဝက်ဝံလေးရဲ့ခေါင်းစားပုံကတော့

ကိုယ့်ပေါင်ကိုလှန်ထောင်းရရင်တော့ တော်တော်များပါတယ်.. ကျွန်တော့်ကို သူများတွေ အမြင်ကပ်ရတဲ့ အကြောင်းရင်းကတော့
တော်တော်များမှာပါ..ပထမဆုံးကတော့ ကျွန်တော်က စကားပြောရင် ဖြစ်နေတဲ့အကြောင်းကိုမူတည်ပြီးတော့ စိတ်ထဲရှိတာပြောချလိုက်တာ.. အားနာတတ်ဘူးဗျ.. ပြီးတော့ပိုဆိုးတဲ့ အချက်က ငယ်ငယ်ကတည်းက တစ်ယောက်ထဲလည်း
နေတတ်တော့ ပတ်ဝန်းကျင်ဆိုတာကြီးကို သိပ်ပြီးဂရုမစိုက်တတ်ဘူး... သူငယ်ချင်းတွေအပေါ်မှာတော့ တစ်မျိုးပေါ့လေ..
ဒါပေမယ့် ချစ်တော့ချစ်တယ် အလိုမလိုက်ဘူးဗျ.. သူတို့လုပ်ချင်တာထက် ကျွန်တော်လုပ်ချင်တာ လုပ်တာများတယ်..
နောက်ပြီး ကျွန်တော်ကသူငယ်ချင်းတွေနဲ့ ဆက်ဆံရင် ယောင်္ကျား၊ မိန်းမ ခွဲပြီးမဆက်ဆံတတ်ဘူး.. သူက မိန်းကလေးမို့ပဲ
ရှိပါစေတော့တွေ ဘာတွေ လာမလုပ်နဲ့ ပြောစရာရှိတာ ပြောချလိုက်တာ.. ရှေ့မျက်နှာနောက်ထားပြီး လည်းမနေတတ်ဘူးလေ..
ရမှမရတာ ..ရှေ့မျက်နှာကိုရှေ့မှာပဲထားပြီး တည့်တည့်ပြောလိုက်တာ....
ပြီးကျပိုဆိုးတဲ့ အချက်က သွားစရာတစ်နေရာရာရှိလို့ သွားရရင် လမ်းမှာ သတိမထားမိဘူး..တွေးချင်တာတွေးပြီးသွားတတ်တာ.
လှမ်းပြီးနှုတ်ဆက်ရင်လည်း မသိတာကများတယ်.. ဟီး .ဒါကိုပဲ တစ်ချို့ သူငယ်ချင်းမလေးတွေက မာနကြီးတစ်ခွဲသားနဲ့တဲ့..
သူ့လုပ်စာထိုင်စားနေတာကြနေတာပဲ..ဘာပဲနဲ့ပြောကြတာ.. အဲဒါကို ဒီက ကောင်လေးကလည်း ဘယ်နေလိမ့်မလဲ.. အေး.
နင်တို့ ငါ့လုပ်စာကိုရော တကယ်ထိုင်စားချင်တာလား.. အဲဒါဆိုရင်တော့ဟာ....ဘယ်သူကဘာဖြစ်သွားပြီး ဘယ်သူက အိမ်ထောင်ဦးစီး
ဖြစ်သွားလဲလို့...ငါတော့နှမြောတတ်ဘူး နင်တို့မှ တကယ်ထိုင်စားချင်ရင်တော့ တုံကင်နံပါတ်ပြားကြိုယူထားလို့ နင်တို့ရှေ့မှာ အယောက်
ငါးဆယ်လောက်တော့ရှိတယ်လို့ ပြန်ပြောလိုက်တာလေ....ဟီး.ဟီး ဒါကြောင့်ပြောတာပေါ့.ကောင်လေးက စကားပြောလိုက်ရင်.
တည့်တည့်ကြီးနဲ့ကိုး..အခုလည်းကြည့်ပါ့လား ခင်ဗျားတို့လည်း ဖတ်ရင်းဖတ်ရင်းနဲ့ကို အမြင်ကပ်လာပြီမို့လား..
ဒါကြောင့်ပြောတာပေါ့ ကောင်လေးငယ်က အမြင်ကပ်စရာကောင်းပါတယ်လို့ အကြောင်းအရင်းတွေကလည်း လက်ညှိုးထိုးကိုမလွှဲဘူး

Monday, September 14, 2009

ထီလာသူလေးသို့

အားနာပါတယ် လာလည်ကျတဲ့ သူငယ်ချင်းတွေရော မောင်နှမအားလုံးကိုပါ..........အခုကျွန်တော်ရေးမယ့်အကြောင်းက
အတင်းပြောတာလည်းမဟုတ်ပါ.. နှမချင်းမစာနာလို့လည်းမဟုတ်ပါ....သိစေချင်ရုံသက်သက်ပါခင်ဗျာ.....
မိန်းကလေးတန်မဲ့နဲ့ လိုက်ပြီးနှောင့်ယှက်တာကျ တော်တော်ဂွကျတယ်ဗျ... အဲဒါကိုကျတော့ ပတ်ဝန်းကျင်က ဘာမှမပြောကျဘူး
ကျွန်တော့်ကိုကျတော့ ကြီးကြီးကျယ်ကျယ်တဲ့... ကိုယ့်ထမင်းကိုစားပြီး အလိုလိုနေရင်းထိုင်ရင်း မျက်စောင်းထိုးခံနေရတာ.....
ကျွန်တော်လည်းကိုယ့်ဘာသာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်..ဘာမှမက်စရာမရှိပါဘူး..တစ်ခါတစ်ခါများ ကိုယ့်ကို ကိုတောင်ပြန်ပြီး
အမြင်ကပ်မိတယ် တကယ်..ကောင်လေးကဆိုးပါတယ်..ဆိုးတာမှတော်တော်လေးကိုဆိုးပါတယ်.....လုပ်ချင်ရင်တော့ရှေ့နောက်တွေ
ဘေးတွေကိုလှည့်ကိုမကြည့်တတ်ပါ...အဲ..ဒါပေမယ့် ကောင်လေးဆိုးတာတော့ဟုတ်ပါတယ်..မမိုက်ရိုင်းတတ်ပါဘူး...အားနာတတ်ပါတယ်.. အားနာတတ်တာမှတော်တော်လေးကိုအားနားတတ်တာပါ....သူနဲ့ကျမှပဲ..ဘယ်လိုအားနာရမှန်းကိုမသိတာ...
ဒါကိုပဲ လာသေးတယ် ..ပွင့်လင်းလို့တဲ့.....ခက်ဘူးလားဗျာ....အမြင်ကပ်လို့ ဒဲ့ပြောပါတယ်ဆို့ ပွင့်လင်းတယ်လုပ်နေသေးတယ်....
သူ့ကိုကောင်လေးဘယ်လိုမှ ချစ်လို့မရပါဘူး.....အဲဒါ အရင်ကလည်းသေချာတယ်..အခုလည်းသေချာတယ်...နောက်လည်းသေချာနေဦးမှာပဲ..ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ပါဘူး...ကျွန်တော်အခု ဒီအကြောင်းတွေကိုရေးနေရတဲ့ ရည်ရွယ်ချက်က သူသိရှင်ကြားပြောတာပါ.....စိတ်ရှည်လက်ရှည်နဲ့ ဖတ်ပေးသွားတဲ့ မောင်နှမအားလုံးကို ဂါဝရပြုပါတယ်..တကယ်ပါ..
စိတ်ထဲကပါလို့ပါ.....ကောင်လေးစိတ်ထဲကမပါရင် ဘာမှကိုမပြောတတ်ပါဘူး..နောက်ဆုံး မိတ်ဆွေသူငယ်ချင်းတွေနဲ့ လမ်းမှာတွေ့လို့
နှုတ်ဆက်ရင်တောင် စိတ်ထဲကမပါပဲပြုံးမတတ်ပါဘူး.. လူမှုရေးအရတော့ လက်ပြနှုတ်ဆက်လိုက်တာပါပဲ....

ဘာမှမရည်ရွယ်ပါ ဟာသ သက်သက်သာဖြစ်ပါကြောင်း

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။

သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitude ရှိရင်... သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။

ဖြစ်နိုင်တာ

စိတ်ရောဂါစွဲကပ်နေသူတစ်ဦးထံ သူ့ရဲ့သမီးဖြစ်သူက ဆေးရုံကို လာကြည့်တယ်
တော်တော်လေးကြာတော့ သမီးလေးကပြန်သွားတော့တာပေါ့
ပြန်လည်းပြန်သွားရော ဆရာဝန်က လူနာရဲ့ အခြေအနေတိုးတက်လားလို့ အစမ်းမေးခွန်းလေးမေးကြည့်လိုက်တယ်
ဆရာဝန် .. " စောစောကလာသွားတာ ခင်ဗျားသမီးလား"
စိတ်ဝေဒနာသည် .." ခင်ဗျား ဘာကြောင့် ကျွန်တော့်သမီးလို့ပြောနိုင်တာလဲ"
ဆရာဝန် .. " ဟာ ခင်ဗျားကို ဖေဖေလို့ခေါ်သွားတယ်လေ "
အဲဒီမှာစိတ်ဝေဒနာသည် ပြောလိုက်ပုံက ..
" ဒါဆို ခင်ဗျားတူမလည်းဖြစ်နိုင်တာပဲဗျ.. ခင်ဗျားကိုလည်း ဦးလေးလို့ခေါ်သွားသေးတယ်လေ"

မများပါဘူး

အလွန်ကြွားဝါတတ်တဲ့ ကိုစံပေါဆိုတဲ့လူတစ်ယောက်ရှိတယ်ဗျ.. တစ်နေ့မှာ ကျွဲ ၊ နွား စားရင်းကောက်တဲ့
လူကြီးတွေ ရွာကိုရောက်လာခဲ့တယ်..ကိုစံပေါလည်းသူ့မှာ ရှိတဲ့ ကျွဲလေးတစ်ကောင်အတွက်စာရင်းသွားပေးတယ်
လူကြီးတွေကလည်း တစ်ယောက်ပြီးတစ်ယောက်မေးလိုက် စာရင်းကောက်လိုက်နဲ့ပေါ့..ဒီလိုနဲ့ ကိုစံပေါအလှည့်ရောက်လာပါလေရော
"ကဲ ခင်ဗျားမှာ ကျွဲဘယ်နှစ်ကောင်ရှိသလဲ"
ကိုစံပေါက
" ကျွန်တော့်မှာ ကျွဲကတော့ တစ်ကောင်ပဲရှိပါတယ်"
"' နွားကရော ဘယ်နှစ်ကောင် ရှိလဲ ပြောပါဦး"
ဒီတစ်ခါတော့ ကိုစံပေါပြောလိုက်သည်ကား
" အဲ... နွားကတော့ ကျွဲလောက်တော့ မများပါဘူး" တဲ့


ဟင်း ခက်ဘူးလားနော် ..ကြွားပုံများပြောပါတယ်... မရှိမရှိဘူးမပြောဘူး..

Sunday, September 13, 2009

အော် ဖြစ်ပုံများပြောပါတယ်

ကွန်ပျူတာထဲကို ဗိုင်းရပ်စ်ဝင်လာသလိုမျိုးပဲ..မင်းကငါ့နှလုံးသားထဲကို မသိလိုက်မသိဘာသာဝင်လာခဲ့တယ်...
ဗိုင်းရပ်စ်ဆိုတဲ့ဟာမျိုးတွေက ပထမဆုံး AutoRun file ထဲမှာ Hidden နဲ့ဝင်လာတယ် ပြီးကျမှ regedit ထဲမှာသွားပြီးတော့
ဒုက္ခပေးတာ.. အဲဒီမှာ ကွန်ပျူတာက သူခိုင်းတာကိုလုပ်ရတာလေ...
ငါ့ရဲ့နှလုံးသား HardDisk ထဲမှာ မင်းပေးထားတဲ့ Data တွေကပြည့်နေပြီ.. အဲဒါကြောင့် External HardDisk တစ်လုံးတောင်
အပိုဆောင်ထားရတော့မယ်လေ... အဲဒါဆိုရင်တော့ သူနဲ့လိုက်ဖက်ညီတဲ့ စိုးမိုးခြင်း Memory ကိုတော့လိုက်ပြီးမြင့်ရဦးမှာပဲလေ..
မင်းကိုငါ ဘာလို့ဒီလောက်ချစ်သွားမိမှန်းမသိတော့ပါဘူး..အချစ်ဆိုတာဟာ processer တစ်လုံးဖြစ်ခဲ့ရင်တော့ ငါ့ရဲ့အချစ်ဟာ
Core2 Doual 2.0 လောက်တော့ရှိမှာသေချာပါတယ်ကွာ.. အချစ်က Core2 Doual 2.0 ဆိုရင်တော့. သူ့ကို Supporting လုပ်နိုင်တဲ့
ငါ့ရဲ့မင်းအပေါ်မှာနားလည်မှု MotherBoard ကတော့ P5Q3Dulex လောက်တော့ရှိမှာအမှန်ပါပဲလေ...မင်း ငါ့အပေါ်မှာ
အမြင်လေးနည်းနည်းတော့ပြောင်းစေချင်ပါတယ်.. မင်းရဲ့အမြင် AGP က 1GB လောက်ရှိရင်ကိုပဲ ငါသေပျော်ပါပြီ....
အခုလည်းမင်းနဲ့မတွေ့ရတဲ့ သုံးလေးရက်အတွင်းမှာ မျှော်လင့်ချက်တွေကုန်ဆုံးသွားသလိုပါပဲလေ...
မျှော်လင့်ချက်ဆိုတဲ့ Casing ကြီးက သူ့ဘာသာသူဘာမှလုပ်လို့မှမရတာ...Casing ဆိုတာက အခွံသက်သက်ပဲလေ..သူ့ထဲကိုကောင်းတာထည့်ရင် System Units ကြီးက ကောင်းသွားမယ် သူ့ထဲကိုမကောင်းတာထည့်ရင် System Units ကဘယ်မှာ
ကောင်းတော့မှာလဲ...

ဒီလောက်ကြာရသလား

တစ်ခါတုန်းကပေါ့ဗျာ ..မောင်လှဆိုတဲ့ လူငယ်တစ်ယောက်ရှိပါသတဲ့..တစ်နေ့ကျတော့သူအလုပ်ကိုသွားဖို့ အိမ်ပေါ်ကအဆင်းမှာ
လှေကားကနေ ခြေချော်ကျလို့ လက်ကျိုးသွားပါရော..ဆေးခန်းသွားပြလိုက်တာနဲ့ နှစ်နာရီလောက်နောက်ကျပြီး အလုပ်တိုက်ကိုရောက်
သွားတယ်...ရောက်ရောက်ချင်းပဲ သူ့အလုပ်က မန်နေဂျာကတန်းပြီးမေးတယ်လေ..မင်းဘာလို့ အလုပ်နောက်ကျတာလဲပေါ့..
သူ့ကလည်း အဖြစ်မှန်ကိုရှင်းပြရှာပါတယ်... လှေကားပေါ်ကချော်ကျလို့ လက်တောင်ကျိုးသွားတယ်ပေါ့..
မန်နေဂျာကြီးပြန်မေးတယ်..ဟေ့ကောင် မင်းလှေကားက ဘယ်လောက်မြင့်လဲပေါ့.. မောင်လှကလည်း ဟုတ်ကဲ့ ကျွန်တော်တို့အိမ်က
နှစ်ထပ်အိမ်ဆိုတော့ဆရာရယ် ဆယ်ပေကျော်ကျော်လောက်တော့မြင့်တာပေါ့..
"ဟေဆယ်ပေကျော်ကျော်လောက်လေးမြင့်တဲ့လှေကားကကျတာ နှစ်နာရီလောက်ကြာသလားကွ"..

Thursday, September 10, 2009

မကျွမ်းကျင်လို့ပါ

ကောင်မလေး
ဖြစ်နိုင်မယ်ဆိုရင် မင်းရဲ့
ကြင်နာမှုတွေ ယုယနွေးထွေးမှုတွေကို
တစ်ဝက်လောက်လျှော့ချပေးပါလား
မင်းဖက်က အနစ်နာခံနိုင်လေ သည်းခံနိုင်လေ
အလိုလိုနေရင်း ငါကလူဆိုးဖြစ်ဖြစ်သွားတယ်
ငါ..မင်းကို ဘာမှတော့ အနိုင်မယူခဲ့ပါဘူး
ဟိုအရင်တုန်းကလည်း
အနိုင်မယူခဲ့သလို အခုလည်း ငါဘာဆိုဘာမှ မလုပ်ခဲ့သေးဘူးလေ
မင်းလိုချင်တာကို ငါ့ဘက်က မပေးနိုင်တာ
ငါ့အမှားတော့ မဟုတ်လောက်ပါဘူးကွာ...
အချစ်ဆိုတာကြီးကို လုပ်ယူလို့ရလား
တကယ်လို့များ လုပ်ယူလို့ရရင်
ငါလုပ်ပေးလိုက်မယ်..
စစ်မစစ် မှန် မမှန်တော့ မင်းကိုယ်တိုင် စမ်းသုံးကြည့်ပေါ့
ငါ့ဘက်က အာမခံပြီးတော့ ပေးတာမဟုတ်ဘူးနော်
ငါတို့ဆိုင်က ကွန်ပျူတာပစ္စည်းတွေကို
ငါ အာမခံပြီးရောင်းရဲတယ်..
သူများ တစ်နှစ်ဆို ငါ သုံးနှစ်ထိ အာမခံပေးနိုင်တယ်
ဘာလို့လဲဆိုတော့ ဒါက ငါရဲ့ကျွမ်းကျင်တဲ့ အလုပ်လေ
အချစ်ဆိုတာက ငါကျွမ်းကျင်တဲ့ အလုပ်မှ မဟုတ်တာ..
အဲဒီတော့ မင်းအချစ်စစ် အချစ်မှန်ကို သေချာလိုချင်တယ်ဆိုရင်တော့
အာမခံကောင်းကောင်းပေးနိုင်တဲ့ သူကိုရှာပေါ့
အလုပ်ပေါ်မှာ သေချာပိုင်နိုင်ကျွမ်းကျင်သူကတော့ မင်းကိုပေးနိုင်မှာပါကွာ...
ငါတောင်းပန်ပါတယ်.. ငါမကျွမ်းကျင်တဲ့ အလုပ်ကိုတော့
ထပ်ခါထပ်ခါမခိုင်းပါနဲ့ ....
မလုပ်တတ်ပါဘူးလို့ ၀န်ခံထားတဲ့သူကို
အတင်းခိုင်းလိုက်လို့ လွှဲသွားရင်တော့
အဲဒါ လုပ်တဲ့သူရဲ့ အပြစ်မဟုတ်တော့ဘူးနော်
ခိုင်းတဲ့သူရဲ့အပြစ်..

Tuesday, September 8, 2009

ဘယ်လောက်ကြာကြာနေရဦးမှာလဲ


ကျွန်တော် ဒီနေ့ပျင်းပျင်းရှိတာနဲ့ တွေးမိတွေးရာ ဟိုစပ်ဒီစပ်လျှောက်တွေးမိတာ တစ်ခုရှိတယ်ဗျ..
အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ သက်တမ်းပေါ့လေ.နောက်ဘယ်နှယ် နှစ်ကြာကြာ နေထိုင်ခွင့်
ရဦးမလဲဆိုတာကိုပါ..ဟုတ်တယ်ဗျ.ဒါလေးကစဉ်းစားကြည့်တော့တော်တော်လေးတော့လန့်စရာကောင်းတယ်.. အခုဆို ပျှမ်းမျှသက်တမ်းက တစ်ဖြည်းဖြည်းနဲ့နည်းနည်း လာတယ်လေ..ဟိုအရင်တုန်းက အသက်၁၂၀ရှည်စေသော်တဲ့............
အခု ခင်ဗျားတို့ရဲ့ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့် သေဆုံးသွားတဲလူဦးရေရဲ့ သုံးပုံနှစ်ပုံက
အရွယ်ကောင်းတွေချည်းပဲ.. လူနည်းစုလောက်သာ အသက် ၇၀ နဲ့၈၀ ကြားမှာ ရှိကြတာလေ...
တော်တော်များများကတော့ ၅၀နဲ့၆၀ကြားမှာ နိဂုံးချုပ်သွားကြတာ များတယ်.... ဒါတွေကိုထားလိုက်ပါဦး
ကျွန်တော်တို့ ပျှမ်းမျှသက်တမ်းကို ၈၀နဲ့ပဲတွက်ကြည့်လိုက်လေ.. တစ်နှစ်ကို ၃၆၅ရက်ဆိုတော့ သက်တမ်းက ၈၀ ဆိုရင် ရက်ပေါင်း ၂၉၂၀၀ ရှိတယ်လေ... အခု ကျွန်တော့်အသက် က ၂၂နှစ် ဆိုတော့ ၈၀၃၀ရက်တောင် လောကကြီးမှာ အချိန်ဖြုန်းပြီးပြီ.. ရက်ပေါင်း ၂၉၂၀၀ ထဲက ၈၀၃၀ ကိုနှုတ်ကြည့်လိုက်ရင် ၂၁၁၇၀ ပဲကျန်တော့တာနော်...ဒါတောင် သက်တမ်း ၈၀ နဲ့ တွက်တာ ဘယ်သူမှ အာမခံထားတာ မဟုတ်ပါဘူး အသက်၈၀ ထိ နေရမယ်ဆိုရင်တောင် သက်တမ်းက ရက်ပေါင်း ၂သောင်းကျော်လောက်လေးပဲ ကျန်တော့တာ.. အင်း ... အခု လက်ရှိ သက်တမ်းနဲ့ပဲ တွက်ကြည့် .. သက်တမ်း ၆၀ ဆိုရင် ၂၁၉၀၀ ရက်ပေါင်း.. အခုလက်ရှိ အသက်က ၂၂နှစ်ဆို (၈၀၃၀) နှုတ်ကြည့်လိုက်ရင် ၁၃၈၇၀ ပဲကျန်တော့တာနော် ဒါပါပဲ.........

မိတ်ဆွေတို့ လည်း တွက်ကြည့်ကြဦးနော်... နောက်ထပ်ဘယ်လောက်များကျန်သေးလဲလို့....."တစ်နေကွယ်ရင်သေနယ်သို့တစ်ရက်ကူး" တဲ့..
လက်ကျန်အချိန်လေးအတွင်းမှာ ပျော်ရွှင်ကြပါစေလို့....

သူကိုယ်တိုင်သူ့အဘိုးပြန်ဖြစ်ခြင်း

မက်တွိန်းဆိုတဲ့ ကမ္ဘာကျော်စာရေးဆရာကြီး တစ်ယောက်ကပြောထားတယ်ဗျ.သူကိုယ်တိုင်သူ့အဘိုးပြန်ဖြစ်နေတာလေ.....
သူကပြောတယ် .."အရွယ်ရောက်နေတဲ့ သမီးတစ်ယောက်ရှိတဲ့ မုဆိုးမတစ်ယောက်ကို ကျွန်တော်က( အဲ ..မက်တွိန်းပြောတာနော်.. ဟီး.ကောင်လေးပြောတာ ဟုတ်ဘူး..)လက်ထပ်လိုက်တယ်ဆိုပါစို့"
" ကျွန်တော့်အဖေက ကျွန်တော့်ရဲ့ မယားပါသမီးနဲ့ကြိုက်ရော ပြီးကျ လက်ထပ်လိုက်တယ်"
အဲဒီမှာ သေချာမှတ်ထားတော့နော်. ဟဲ.ဟဲ နည်းနည်းရှုပ်တော့မှာ..
မယားပါသမီးနဲ့ယူလိုက်တော့ ကျွန်တော်အဖေက ကျွန်တော့်ရဲ့ သမက်ဖြစ်သွားတယ်...အင်း ဒီလိုပဲ ကျွန်တော့်ရဲ့ မယားပါသမီးကလည်း
ကျွန်တော့်အမေ ဖြစ်သွားပြန်ရော.. ဟုတ်တယ်နော်... အဖေ့ရဲ့ မိန်းမဆိုတော့ ကျွန်တော့်ရဲ့အမေပေါ့..
ဆက်ပြောမယ်နော် မှတ်ထားဦးလေ.. ကျွန်တော့် ဇနီးက သားတစ်ယောက်မွေးတယ်. အဲဒီက ကျွန်တော် သားက အဖေ့ရဲ့ယောက်ဖဖြစ်သွားပြီနော်..ဒီလိုပဲ ကျွန်တော်သားကလည်း ကျွန်တော့် ဦးလေးပြန်ဖြစ်သွားပြန်ရော.. ဟဲ.ဟဲ.
နည်းနည်းရှုပ်သွားလား မသိဘူး..
ရှင်းပြမယ်နော်.. ကျွန်တော့်သားက ကျွန်တော့်မိထွေးနဲ့ဆို အမေတူ ဖအေကွဲမောင်နှမ တော်နေတယ်လေ..အဲဒါကြောင့် ကျွန်တော်အဖေနဲ့ဆို ယောက်ဖသွားတော်တော့မှာပေါ့ ဟုတ်ဖူးလား.. ကျွန်တော်နဲ့ဆို ဦးလေးပြန်တော်နေတယ်..
ဟီး...ဟီးး. ပြီးသေးဘူးဗျ.. အဲဒီမှာ ကျွန်တော့်အဖေရဲ့ မိန်းမကလည်း သားတစ်ယောက်မွေးလိုက်သေးတယ်ဗျ...
မိထွေးက မွေးတာဆိုတော့ ကျွန်တော်နဲ့က ဖအေတူ အမေကွဲ ညီတော်နေပြန်ရော..
အင်း ဒီလိုပဲလေ ကျွန်တော်ရဲ့ မယားပါသမီးကမွေးတာဖြစ်နေတာကြောင့် ကျွန်တော့်ရဲ့ မြေးလည်းတော်နေပြန်တယ်လေ..
ဟီး .တကယ်တမ်းပြောရရင် ကျွန်တော့်ရဲ့ မိန်းမကလည်း ကျွန်တော့်အဘွားဖြစ်နေပြန်တယ်..ဟုတ်တယ်လေ.. အဖေ့မိန်းမရဲ့အမေဆိုတော့ ကျွန်တော်နဲ့ဆို မြေးအဘွားတော်နေတာကိုးဗျ... ဒီတော့ ကျွန်တော်ဟာ ကျွန်တော့်မိန်းမရဲ့ လင်ယောင်္ကျားလည်းဖြစ် မြေးလည်းဖြစ်နေတယ်လေ... နောက်ပြီး အဲဒီ ကျွန်တော် အဘွား ယူထားတဲ့ လင်ယောင်္ကျားက
ကျွန်တော့်ရဲ့ အဘိုးဖြစ်နေတော့တာပေါ့... ဟုတ်တယ်မို့လား..........

( ကျွန်တော်.. ကျွန်တော်နဲ့ နာမ်းစားသုံးခြင်းဟာ ဖတ်ကောင်းရုံ အဆင်ပြေဖို့သက်သက်သာ ရည်ရွယ်ပါသည်. ဟီး ကောင်လေးငယ် မဟုတ်ကြောင်းပါ )

Sunday, September 6, 2009

ခွက်ပဲ့လေးတစ်လုံး

ဒီပုံပြင်ကို အင်္ဂလိပ်လို ဖတ်ဖူးသူလည်း ရှိကြပါလိမ့်မယ်။ မြန်မာလိုဘာသာပြန်ဖူးသူလည်း ရှိကောင်းရှိမယ်။ ခပ်ဆင်ဆင် ဇာတ်လမ်းမျိုးလည်းရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ဖတ်ဖူးတာလေးကို ရင်ဘတ်နဲ့ထပ်တူ ပြန်ခံစား လိုက်ပါတယ်။ အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့ ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။ ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။
ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ အဘွားအိုရဲ့နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျောမပေးခဲ့ဘူး။
"မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကို ဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?"
အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။ "ကလေးက ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကို အိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါက ဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ
ဘာအသစ်လဲနေစရာ လိုလို့လဲ။ အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံက အလကား ရတာမဟုတ်ဘူး" အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအို အလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအို ပွတ်သုတ်လိုက်တယ်။
အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့်ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။ အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်အကဲနဲ့ ရှင်သန်နေရသူဖြစ်တယ်။ ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး ကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး "ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်" လို့မေးလိုက်တယ်။
"မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ်စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေ တတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ" မြေးကို ပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ်။ "ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း" ချွေးမရဲ့ အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ် အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ်လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။
အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီက မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာ ယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ်။ မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။
မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအို ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့ မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့ ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူ အဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာ ရှင်သန်ခဲ့ရတယ်။
အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင်နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း
၇ဝဝကျော် ရှိနေခဲ့ပါပြီ။
နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။ ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင် အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့ ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ အရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်" လို့ မှာတယ်။ မယားစကား နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ် ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။ အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲ သားဝင်လာခဲ့တယ်။
ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့ အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက်အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။
"ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး" သားပန်းကန်ထဲ ဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ "မေမေ .. ဘွားဘွားကိုလည်း
သားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ" လို့ တောင်းဆိုလိုက်တယ်။
"သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေ သား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ"
အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။
သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။
"သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား" လို့ မြေးအကြီးက တောင်းဆိုတယ်။
"ဆရာမက ပြောတယ် "လူကြီးမိဘတွေကို ရိုသေလေးစားရမယ်" တဲ့။ မေမေ လုပ်ပုံက မဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလို လုပ်ပါနော် ဘွားဘွား" မြေးမလေးက ဝင်ထောက်ပြန်တယ်။
"ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့် ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။ သားတို့ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအို ခေါင်းညိတ်မိလိုက်တယ်။
ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးက တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာ ပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့... ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို အော်ဟစ်လိုက်တယ်။
"ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း"
ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို လွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံကပိုကျယ်လောင် နေပါတယ်။
"ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီည ထမင်းစားရဖို့ မစဉ်းစားနဲ့တော့"
အဲဒီအချိန်မှာ မြေးကြီးက "အဘွားကလဲကွာ.. ပန်းကန်ကို ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့" ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို အသံမြင့် လှည့်ပြောလိုက်တယ်။
"မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်က အရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားခွဲလိုက်ရင် နောင်နောက်မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ?"
သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ ငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ်။အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို မကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း ပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့ နွေးထွေးလာခဲ့ပါတယ်။

ကဲ ဘော်ဘော်တို့ရေ အဲဒီလိုမျိုး ချွေးမလေးများ မရချင်ကြဘူးလား... အဲဒါတွေက နောက်များကျမှပါ.. အခုလောလောဆယ် အဲဒီလိုမျိုး ချွေးမ ဖြစ်နေပြီလား ...

အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ.. အစ်ကိုတို့ရေ ကိုယ့်ရည်းစားကိုလည်း ဒီစာလေး ပေးဖတ်လိုက်နော်.... ယောက်ခမဆိုတာ တစ်ချိန်က ချွေးမဖြစ်ခဲ့ဖူးကြတာပဲလေ....

Saturday, September 5, 2009

ဘီယာတစ်ခွက်နဲ့မျက်ရည်တစ်စက်ရဲ့ အရသာ

ကျွန်တော်ဒီနေ့ အထိမ်းအမှတ်ပွဲလေးတစ်ခု ကျင်းပခဲ့တယ်.. ဘာပွဲလဲ ဘယ်လိုအထိမ်းအမှတ်ပွဲလဲဆိုတော့
ကျွန်တော်ကိုယ်တိုင်အမှန်တကယ်ကို မချစ်ခဲ့တဲ့ သူငယ်ချင်းကောင်မလေးကို ရည်းစားတွေအဖြစ် သူငယ်ချင်း
အပေါင်းရောင်းရင်းများကြားမှာ တရားဝင် ကြေငြာတဲ့ပွဲလေ...ဘယ်မှာလုပ်သလဲဆိုတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲလေ
ပျော်ပွဲအဖြစ်(သူများတွေအတွက်) စားကြမှာဆိုတော့ အစားကောင်းကောင်းရတဲ့ စားသောက်ဆိုင်မှာ နောက်ပြီးသောက်ကြဦးမှာဆိုတော့
ဘီယာရတဲ့ စားသောက်ဆိုင်မှာပေါ့ဗျာ.. အင်း ကောင်လေးငယ်ဆိုတဲ့ကောင်ကလည်း ဘီယာဆိုင်မှာ လိုက်ပြီးတော့များ ဧည့်ခံလိုက်တာ
လို့တော့ အပြစ်တင်မစောနဲ့ဦး... အားလုံးရဲ့ဆန္ဒအရ သွားတာ.. ဟီး..ဟီးး နည်းနည်းတော့ ကိုယ့်ဖက်မဲများအောင်ဆွယ်ရတာပေါ့..
အမှန်တိုင်းပြောရရင်တော့ဗျာ ကျွန်တော်က ဘီယာာကိုကြိုက်လွန်းလို့တော့ဟုတ်ဘူးဗျ.. သူငယ်ချင်းတွေရဲ့ ပွဲပဲဖြစ်ဖြစ် အလုပ်ကိစ္စအရ
မလွဲသာမရှောင်သာတဲ့ပွဲမှာဖြစ်ဖြစ် အားနာလို့သောက်ရင် နှစ်ခွက်ဆိုတာအလွန်ဆုံးပဲ.. ဒါတောင် ဒီကကောင်မှာ တိုင်ပတ်နေပြီ. မျက်နှာကိုနီရဲပြီးတော့ မဟန်နိုင်ဖြစ်နေတဲ့ကောင်.. အင်း ဒီနေ့တော့.. တော်တော်တော့ ထူးဆန်းသားဗျ. ရောက်တာနဲ့ သောက်လိုက်တာ သူငယ်ချင်းတွေတောင် အံ့သြယူရတယ်.. သုံးခွက်ဆက်တိုက် သောက်ပစ်လိုက်တာ.. သူငယ်ချင်းအထီးတွေရော
သူငယ်ချင်းအမတွေရော ပြောလိုက်တဲ့စကား ရီလိုက်တဲ့အသံတွေက နားထဲမှာ ညံနေတာပဲ. ဘာတွေပြောနေလဲတော့သိဘူး..
အနားက ပူပူနွေးနွေးရည်းစားကတော့ မျက်လုံးလေးကလယ်ကလယ်နဲ့ ကြည့်နေတာတော့သိလိုက်တယ်.. ဒါပေမယ့်လဲ သူ့ကို
တစ်ချက်ရီပြလိုက်ပြီး ၀ိတ်တာကိုနောက်ထပ် မှာလိုက်တယ်.. အင်း ကျွန်တော်မှာလိုက်တော့လဲ အားလုံးကတော့ တားပါဘူး များများမှာတော့ များများသောက်ရတာကိုး.. ပြုံးကြည့်တယ်. သူများတွေပျော်နေတဲ့အချိန်မှာ ပျော်ွှောင်နေကြည့်တယ်.. ရပါဘူးဗျာ..
ဒီကောင်က အရင်ကတည်းကအကျင့်ပါနေတာ. မကြေနပ်ရင်ဟန်ဆောင်လို့ကိုမရတာ.. ဟန်ဆောင်ပြီးတော့လည်းပြုံးတတ်ဘူးဗျ..
တစ်ဖြည်းဖြည်းနဲ့အရှိုန်ရလာကြပြီလေ.. အရှိုန်မရလည်းဘယ်ခံနိုင်ပါ့မလဲ.. စားပွဲပေါ်မှာလည်းပြည့်နေပြီ.. စားပွဲအောက်မှာလည်း ခွက်အလွတ်တွေက တန်းစီနေပြီလေ.. ဒီလောက်ထိန်းထားတဲ့ကြားထဲက ဘယ်လိုကဘယ်လို ကျလာမှန်းမသိတဲ့ မျက်ရည်တစ်စက်က
ပါးစပ်ထဲဝင်သွားတယ်လေ.. ဘီယာက ခါးခါး မျက်ရည်းငံကျိကျိနဲ့ဆိုတော့ တော်တော်လေးတော့ အရသာရှိသား.....
ကျွန်တော် မျက်ရည်ကျလိုက်တာ ဘယ်သူမှသိလိုက်ဘူးထင်တာ.. ဟိုဂျလည်မလေးကသိလိုက်တယ်ဗျ.. ဘယ်လိုများစောင့်ကြည့်နေတယ်သိဘူး.. ကျွန်တော့်လက်မောင်းကို လာကိုင်ပြီး နင်ငါ့ကို တကယ်ချစ်တာရောဟုတ်လားတဲ့....
" အင်း ငါ နင့်ကို နင်နေအောင်ချစ်တာပါ အဲ ဒါပေမယ့် နစ်နေအောင်တော့ ချစ်ဘူးလို့" ငါနင့်ကို ချစ်တယ်ဆိုရင် ပျော်မယ့်သူတွေအများကြီးပဲလေ... အားလုံးအတွက် ငါ နင့်ကို ချစ်ပါတယ်လို့" ပြောလိုက်ရော "ဘာအားလုံးအတွက် နင်ကငါ့ကိုချစ်တာ ဟုတ်လား အားလုံးအတွက်ဆိုတော့ အားလုံးထဲမှာရော ငါကထိပ်ဆုံးကပါလားတဲ့" သိဘူးလေ ကျွန်တော်လည်းဘာမှကို မသိတော့ဘူး
အဲ ဒါပေမယ့်သိလိုက်တာတစ်ခုတော့ရှိတယ်ဗျ.. ဘီယာကခါးခါး မျက်ရည်က ငံငံ .... တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမခံစားဘူးသေးတဲ့
အရသာကို တော်တော်ကြိုက်သွားပြီ......

Thursday, September 3, 2009

သူ့ဖက်ကလည်းခံစားပေးပါ

တစ်ခါတုန်းကပေါ့ဗျာ ရွာတစ်ရွာမှာ နီမောင်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်ဗျ.. အဲဒီကောင်လေးက ရွာတစ်ရွာလုံးရဲ့ စံပြပေါ့ဗျာ..
မြို့မှာကျောင်းသွားတက်တာဆိုတော့ တစ်ရွာလုံးမှာက သူတစ်ယောက်ပဲ ၇ှိတာကိုးဗျ....ရွာမှာဆို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့လေ..
နီမောင်ကလည်း ရှင်းတယ်..ယောကျာင်္းတို့ရဲ့ သိက္ခာ သေကာမှ လျော့ရမယ်ဆိုတဲ့အထဲကပဲလေ....
တစ်နေ့ နီမောင် ကျောင်းပိတ်တုန်း အိမ်ကိုခဏပြန်လာတာပေါ့ဗျာ.. အဲလို ခဏပြန်လာတာကိုပဲ သူ့ခမျာအားရှာဘူးလေ... ဟိုအိမ်က လာပါဦး ဒီအိမ်က ထမင်းလာစားပါဦ့းပေါ့.. ဒါကတော့ ရွာဓလေ့ပေါ့လေ ..ပျူပျူငှာငှာပဲပေါ့...
နီမောင်ကလည်း အိမ်ပေါက်စေ့ကို လိုက်လည်တာ.. သူကလည်း မိတ်ဆွေကခပ်များများကိုး.....အဲ ဇာတ်လမ်းက ခုမှ စတာဗျ...
ဘယ်ကစလဲဆိုတော့ နီမောင်တို့အိမ်နားက အပျိုကြီးအိမ်ကစတာ... အပျိုကြီးက နီမောင့်ကို တိုင်ပင်တယ်.. တိုင်ပင်မှာပေါ့လေ..
နီမောင်ကလည်းတစ်ရွာလုံးမှာက မြို့သွားကျောင်းတက်တာက သူတစ်ယောက်ရှိတာကိုး...." ဟဲ့. ဟဲ့ နီမောင်ရေ ငါ မင်းကို တစ်ခုတိုင်ပင်မလို့ ဟဲ့ ငါ ၀င်ငွေလေးတစ်ခုရအောင် တစ်နိုင်တစ်ပိုင် မွေးမြူရေးလေးလုပ်မလားလို့လေ အဲဒါဘာလုပ်ရရင်ကောင်းမလဲ အကြံဥာဏ်လေးပေးပါဦးဟဲ့" အင်း ဒါဆိုလည်း ဗျာ ထွေထွေထူးထူးလုပ်မနေနဲ့ ခင်ဗျားအိမ်မှာ ခြံလေးတစ်ခြံလုပ်ပြီး ကြက်မွေးမြူရေးလုပ်ပေါ့ဗျ.. လွယ်ပါတယ်လေ.. ကြက်မ အကောင်၂၀လောက်နဲ့ ကြက်ဖ ၂ကောင်လောက်သာ ၀ယ်ထည့်ထားလိုက်...အချိန်တန်ရင် ဥစားတော့ရတာပေါ့ဗျာ လို့ ပြောသွားသတဲ့... အင်း... ဒီလိုနဲ့ နီမောင်လည်း ကျောင်းတွေပြန်ဖွင့်တော့ နီမောင်လည်း ကျောင်းပြန်တက်ရတာပေါ့လေ...... နောက်နှစ်ကျောင်းပြန်ပိတ်တော့မှပဲ ရွာကို နောက်တစ်ခေါက်ပြန်ရတော့တာပေါ့.. ရွာပြန်ရောက်ရောက်ချင်း နီမောင်သိချင်တာတစ်ခုပဲရှိတယ်.. ဘာလဲဆိုတော့ သူ အကြံဥာဏ်ပေးလိုက်တဲ့ အပျိုကြီးရဲ့ တစ်နိုင်တစ်ပိုင်မွေးမြူရေးကိစ္စကိုပေါ့... ဒါနဲ့ နီမောင်လည်း ရွာရောက်ရောက်ခြင်း အပျိုကြီးအိမ်ကိုသွားတော့တာပေါ့လေ..
ဟိုရောက်တော့ အပျိုကြီးကြက်ခြံထဲ မှာ နီမောင်ပြောလိုက်တဲ့ ဟာကို လွဲမှားစွာအသုံးပြုထားတာတွေ့ရတော့ တော်တော်အံ့သြသွားတာပေါ့... အဲဒါကြောင့်အပျိုကြီးကို လိုက်ရှာပြီးပြောတယ်... " ဟာ အပျိုကြီးရ မနှစ်က ကျွန်တော်ပြောလိုက်တာက ကြက်ခြံထဲကို ကြက်မက အကောင်၂၀ ၊ ကြက်ဖက ၂ကောင်ထဲရယ်.. ၀ယ်မွေးလို့ပြောတာ.. အခု ခင်ဗျားက ကြက်ဖကို အကောင်၂၀၊ ကြက်မကျတော့ ၁ကောင်ထဲ ၀ယ်မွေးထားတယ်.. ဘယ်လိုလို့ ခင်ဗျားစီးပွားဖြစ်တော့မှာလဲလို့ ရှင်းပြတယ်... ဟီးး..ဟီး အပျိုကြီးက ဘာပြန်ပြောလည်းဆိုတော့.. " အမလေးနီမောင်ရယ် နင်က ယောင်္ကျားလေးအမြင်ကိုးဟဲ့.. ကြက်မအကောင်၂၀နဲ့ ကြက်ဖ၂ကောင်နဲ့က လိုက်ဖက်ညီတယ်ပေါ့.. စီးပွားတက်မယ်ပေါ့လေ.. ဟင်း..ဟင်း.. ငါ့တို့အမြင်ကတော့ကွယ်.. အခု မွေးထားတဲ့ ကြက်ဖကတောင်နည်းနေသေးလားလို့ လကုန်မှပဲ နောက်ထပ် ငါးကောင်လောက်ဝယ်မွေးဦးမလားလို့တောင် စဉ်းစားနေသေးတာ".........

"ကဲ အဲဒါကြောင့်မပြောဘူးလား သူ့ဖက်ကလည်းခံစားပေးပါလို့"