Tuesday, September 8, 2009

သူကိုယ်တိုင်သူ့အဘိုးပြန်ဖြစ်ခြင်း

မက်တွိန်းဆိုတဲ့ ကမ္ဘာကျော်စာရေးဆရာကြီး တစ်ယောက်ကပြောထားတယ်ဗျ.သူကိုယ်တိုင်သူ့အဘိုးပြန်ဖြစ်နေတာလေ.....
သူကပြောတယ် .."အရွယ်ရောက်နေတဲ့ သမီးတစ်ယောက်ရှိတဲ့ မုဆိုးမတစ်ယောက်ကို ကျွန်တော်က( အဲ ..မက်တွိန်းပြောတာနော်.. ဟီး.ကောင်လေးပြောတာ ဟုတ်ဘူး..)လက်ထပ်လိုက်တယ်ဆိုပါစို့"
" ကျွန်တော့်အဖေက ကျွန်တော့်ရဲ့ မယားပါသမီးနဲ့ကြိုက်ရော ပြီးကျ လက်ထပ်လိုက်တယ်"
အဲဒီမှာ သေချာမှတ်ထားတော့နော်. ဟဲ.ဟဲ နည်းနည်းရှုပ်တော့မှာ..
မယားပါသမီးနဲ့ယူလိုက်တော့ ကျွန်တော်အဖေက ကျွန်တော့်ရဲ့ သမက်ဖြစ်သွားတယ်...အင်း ဒီလိုပဲ ကျွန်တော့်ရဲ့ မယားပါသမီးကလည်း
ကျွန်တော့်အမေ ဖြစ်သွားပြန်ရော.. ဟုတ်တယ်နော်... အဖေ့ရဲ့ မိန်းမဆိုတော့ ကျွန်တော့်ရဲ့အမေပေါ့..
ဆက်ပြောမယ်နော် မှတ်ထားဦးလေ.. ကျွန်တော့် ဇနီးက သားတစ်ယောက်မွေးတယ်. အဲဒီက ကျွန်တော် သားက အဖေ့ရဲ့ယောက်ဖဖြစ်သွားပြီနော်..ဒီလိုပဲ ကျွန်တော်သားကလည်း ကျွန်တော့် ဦးလေးပြန်ဖြစ်သွားပြန်ရော.. ဟဲ.ဟဲ.
နည်းနည်းရှုပ်သွားလား မသိဘူး..
ရှင်းပြမယ်နော်.. ကျွန်တော့်သားက ကျွန်တော့်မိထွေးနဲ့ဆို အမေတူ ဖအေကွဲမောင်နှမ တော်နေတယ်လေ..အဲဒါကြောင့် ကျွန်တော်အဖေနဲ့ဆို ယောက်ဖသွားတော်တော့မှာပေါ့ ဟုတ်ဖူးလား.. ကျွန်တော်နဲ့ဆို ဦးလေးပြန်တော်နေတယ်..
ဟီး...ဟီးး. ပြီးသေးဘူးဗျ.. အဲဒီမှာ ကျွန်တော့်အဖေရဲ့ မိန်းမကလည်း သားတစ်ယောက်မွေးလိုက်သေးတယ်ဗျ...
မိထွေးက မွေးတာဆိုတော့ ကျွန်တော်နဲ့က ဖအေတူ အမေကွဲ ညီတော်နေပြန်ရော..
အင်း ဒီလိုပဲလေ ကျွန်တော်ရဲ့ မယားပါသမီးကမွေးတာဖြစ်နေတာကြောင့် ကျွန်တော့်ရဲ့ မြေးလည်းတော်နေပြန်တယ်လေ..
ဟီး .တကယ်တမ်းပြောရရင် ကျွန်တော့်ရဲ့ မိန်းမကလည်း ကျွန်တော့်အဘွားဖြစ်နေပြန်တယ်..ဟုတ်တယ်လေ.. အဖေ့မိန်းမရဲ့အမေဆိုတော့ ကျွန်တော်နဲ့ဆို မြေးအဘွားတော်နေတာကိုးဗျ... ဒီတော့ ကျွန်တော်ဟာ ကျွန်တော့်မိန်းမရဲ့ လင်ယောင်္ကျားလည်းဖြစ် မြေးလည်းဖြစ်နေတယ်လေ... နောက်ပြီး အဲဒီ ကျွန်တော် အဘွား ယူထားတဲ့ လင်ယောင်္ကျားက
ကျွန်တော့်ရဲ့ အဘိုးဖြစ်နေတော့တာပေါ့... ဟုတ်တယ်မို့လား..........

( ကျွန်တော်.. ကျွန်တော်နဲ့ နာမ်းစားသုံးခြင်းဟာ ဖတ်ကောင်းရုံ အဆင်ပြေဖို့သက်သက်သာ ရည်ရွယ်ပါသည်. ဟီး ကောင်လေးငယ် မဟုတ်ကြောင်းပါ )

6 comments:

ဝက်ဝံလေး said...

ခေါင်းမူးတယ် ဒါဗြဲ ဟွင်းးးးးးးးး

kyalkalay said...

ဝက်မ နင် စာမလုပ်ဘူးလား
ဝက်ဖြစ်ပြီး အချိန်မစီး ရင်မကောင်းဘူးနော်


rap သီချင်းလိုပဲ
အားလုံးကိုရှုတ်နေတာပဲ

မချစ်ရ said...

မသိဘူးပြန်ရှင်းပြပေး...နော်

အမ

သားကြီး said...

တာရာမင်းဝေရဲ့ ဝတ္ထုတစ်ပုဒ်မှာလည်း
ဖတ်ဖူးတယ် အဲဒီတုန်းက ဖတ်တာ ခေါင်းမူးလောက်အောင်အမျိုးစပ်ပြထားတယ်
အခုပြန်ဖတ်လည်းမူးတုန်းပါပဲ

စိမ်း... said...

အား မသောက်ပဲမူးတယ်ဆိုတာ ဒါမျိုးကွ...

သုခုမလေဒီ said...

အရှုပ်တော်ပုံ တော်စပ်ကြောင်းဖတ်သွားတယ်။ ဖတ်ပြီးမှကိုယ့်မျက်လုံးပိုပြူးသွားတာသိရတော့တယ်။း)