Monday, September 14, 2009

ဖြစ်နိုင်တာ

စိတ်ရောဂါစွဲကပ်နေသူတစ်ဦးထံ သူ့ရဲ့သမီးဖြစ်သူက ဆေးရုံကို လာကြည့်တယ်
တော်တော်လေးကြာတော့ သမီးလေးကပြန်သွားတော့တာပေါ့
ပြန်လည်းပြန်သွားရော ဆရာဝန်က လူနာရဲ့ အခြေအနေတိုးတက်လားလို့ အစမ်းမေးခွန်းလေးမေးကြည့်လိုက်တယ်
ဆရာဝန် .. " စောစောကလာသွားတာ ခင်ဗျားသမီးလား"
စိတ်ဝေဒနာသည် .." ခင်ဗျား ဘာကြောင့် ကျွန်တော့်သမီးလို့ပြောနိုင်တာလဲ"
ဆရာဝန် .. " ဟာ ခင်ဗျားကို ဖေဖေလို့ခေါ်သွားတယ်လေ "
အဲဒီမှာစိတ်ဝေဒနာသည် ပြောလိုက်ပုံက ..
" ဒါဆို ခင်ဗျားတူမလည်းဖြစ်နိုင်တာပဲဗျ.. ခင်ဗျားကိုလည်း ဦးလေးလို့ခေါ်သွားသေးတယ်လေ"

2 comments:

ဝက်ဝံလေး said...

အေးဟာ သူပြောတာလဲ ဟုတ်တာပဲ ဟိဟိ

Yu Ya said...

အင်း..ဟုတ်တယ်.. ဒါဆိုရင် ၀က်ဝံလေးက အဒေါ်ဖြစ်မယ်နဲ့ တူတယ်နော် ကောင်လေးငယ်ရေ..အဟီး။

yu ya