Thursday, September 17, 2009

"ချမ်းသာလာပုံက"

သူငယ်ချင်းနှစ်ယောက်ရှိတယ်....တစ်ယောက်ကတော့ စီးပွားရေးသမားဗျ...ငယ်ငယ်ကတည်းက စီးပွားရေးလုပ်လာတာ..
သူ့အတွက်အကျိုးရှိပြီး အမြတ်ထွက်မဲ့အလုပ်ဆိုရင်အကုန်လုပ်တယ်....စီးပွားရေးကို စိတ်ဝင်တစ်စားလုပ်နေတော့သူ့မှာ
ကိုယ်ပိုင်ကားနဲ့ တိုက်တွေခြံတွေနဲ့ပေါ့လေ..အဆင်ပြေတယ်ဆိုကြပါစို့...အဲ..နောက်တစ်ယောက်ကတော့.. ခပ်ပျော်ပျော်
ခပ်ပေါ့ပေါ့သမားလေ..သောက်မယ်စားမယ်..ပျော်မယ်ပါးမယ်ပေါ့...သူက အရွယ်ရောက်ကတည်းက အရက်ကိုစွဲစွဲမြဲမြဲသောက်လာ
တာလေ..အဲဒီတော့ အခု အသက်အရွယ်ကြီးလာတော့ သူ့မှာဘာမှကိုမရှိရှာဘူးပေါ့လေ...
တစ်နေ့ကျ သူငယ်ချင်းနှစ်ယောက် လမ်းမှာဆုံကြပါလေရော.. စီးပွားရေးသမားသူငယ်ချင်းကတော့ ကားအကောင်းစားကြီးနဲ့
ကားပေါ်မှာပေါ့လေ...ဟိုအရက်သမားကတော့ လမ်းလျှောက်လျှက် လမ်းပေါ်မှာပေါ့..အရက်သမားကမေးတယ်..
"ဟာ သူငယ်ချင်း မင်းကောင်းစားနေတာပေါ့လေ..ကားတွေဘာတွေနဲ့ နေပါဦး မင်းဒီလိုချမ်းသာလာတာ ဘယ်လိုစီးပွားရေးတွေများလုပ်နေလဲ"
ဟိုတစ်ယောက်ကပြန်ဖြေတယ် " သူငယ်ချင်းရာ ငါက မင်းလို အသောက်အစားမှ မရှိတာကွ ရတာလေးတွေစုပြီး ဒီလိုပဲစီးပွားရေးလုပ်ပြီး
အဆင်ပြေနေတာလေ"..." မင်းလည်းအသက်အရွယ်ရလာပြီ မင်းမှာရှိတဲ့ ဟာလေးတွေထုခွဲပြီး လိမ္မာတော့ သူငယ်ချင်းရာလို့"
ပြောသွားတယ်..
အဲဒီလိုနဲ့ နောက်တစ်လလောက်လည်းကြာရော သူငယ်ချင်းနှစ်ယောက်ဆုံကြပြန်တယ်..ဒီတစ်ခါတော့ စီးပွားရေးလုပ်နေတဲ့သူငယ်ချင်းရဲ့
ကားပေါ်မှာ ဂျက်လေယာဉ်တစ်စီးက၀ဲနေတယ်ဗျ...အဲဒီ ဂျက်လေယာဉ်ပေါ်ကလူကတော့ ဟိုအရက်သမားလေ...
စီးပွားရေးလုပ်ငန်းရှင်လည်း အံ့သြသွားတာပေါ့...ဟာ သူငယ်ချင်းမင်းနေ့ချင်းညချင်းကို ကြီးပွားသွားပါ့လာကွ..ဂျက်လေယာဉ်တောင်
ကိုယ်ပိုင်ဝယ်စီးနိုင်လို့ပါ့လား...ဘယ်လိုများ ချမ်းသာသွားတာလည်း ပြောစမ်းပါဦး..
အဲဒီတော့မှ ဟိုအရက်သမားကလည်း..ငါဒီလို ကြီးပွားသွားတာ မင်းကျေးဇူးမကင်းပါဘူးကွာ..မင်းပဲ ဟိုတစ်ခါတုန်းကပြောခဲ့တယ်လေ..
မင်းလည်းအသက်အရွယ်ကြီးလာပြီ မင်းမှာရှိတဲ့ဟာလေးတွေ ထုခွဲဆိုလို့..ငါ့မှာရှိတဲ့ အရက်ပုလင်းခွံတွေကို ထုတ်ရောင်းလိုက်တာ
အခုမင်းမြင်တဲ့အတိုင်းပဲလေ..ပိုက်ဆံတွေပိုနေလို့ ဂျက်လေယာဉ်တောင်ဝယ်စီးနေတာ.......

ကဲ..သူငယ်ချင်းတို့ရေ စဉ်းစားသာကြည့်တော့ ဟိုလူကြီး ဘယ်လောက်အရက်သောက်လည်းဆိုတာကို...ဒါပေမယ့် အဲဒီထဲက သင်ခန်းစာ
တစ်ခုတော့ရလိုက်တယ်....ဘယ်လောက်ပဲ ဆိုးဆိုးလေ...သူကအရက်ကိုကြိုက်တယ်..အရက်ပုလင်းခွံတောင် လွင့်မပစ်ပဲ သူသောက်သမျှကို သိမ်းထားတာ...သူကြိုက်တဲ့အရာအပေါ်မှာ သူတန်ဖိုးထားလို့ သူအကျိုးခံစားရတယ်လေ......

2 comments:

မချစ်ရ said...

လာပြီပေါက်တတ်ကလောက်ကတော့
မင်းနော်....ပေါက်တတ်ကလောက်
လုပ်ဖို့မစဉ်းစားနဲ့သေမယ်နော်

Khyl said...

ဟုတ်ပါ့ ဂယ်ပဲ.. ပေါက်တောက်ကလောက်တွေ.....
ဂနေ့ကစပြီး ဗုံးလိုက်ဝယ်သောက်မယ်ကွ... ဂေ့..