Friday, November 13, 2009

တွေးပြီးတော့ မကြောက်ပေါင်ဘူးဗျာ..........

မော်စကွီရှည်ကတော့ တဂ်ထားတယ်..... ကမ္ဘာကြီးက ဘာဖြစ်မယ်ဆိုလား ညာဖြစ်မယ်ဆိုလားပဲ တဲ့..... သိဘူးလေ... ဘာဖြစ်ဖြစ်...

ကောင်လေးက ဗုဒ္မဘာသာဝင်ပါ.... ဗုဒ္မဘာသာတောင်မှ မဟာယနမဟုတ်ပါဘူး ထေရ၀ါဒ ဗုဒ္မဘာသာဝင်ပါခင်ဗျာ.....
ကောင်လေးတို့ မြတ်စွာဘုရားကိုယ်တော်မြတ်က ဟောကြားထားပါတယ်.... သာသနာသက္ကရာဇ် ၅၀၀၀ တည်မယ်တဲ့....
ကောင်လေးတို့ သိသမျှလေးပေါ့..... အခုထိတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟောကြားထားတာ တွေက ဒီနေ့ဒီအချိန်ထိ
သွေဖယ်ပြီးတော့ ဖြစ်ပျက်နေတာ တစ်ခုမှ မတွေ့ဘူးသေးပါ....ခုမှ သာသနာသက္ကရာဇ်က တစ်ဝက်ကျော်ကျော်လေးပဲရှိသေးတာပါ....
မွေးဖွါးခြင်းရှိမယ်ဆိုရင်တော့လည်း သေဆုံးခြင်းကတော့ ရှိနေမှာပါ ..ဒါကလည်း ဘာမှ မထူးဆန်းတဲ့ သဘာဝတာရားပါပဲလေ....
ကောင်လေး ဒါတွေဒါတွေကိုမကြားရခင်သေးကတည်းက စက်တင်ဘာ ၈ရက်နေ့က ဘယ်လောက်ကြာကြာနေရဦးမှာလဲ ဆိုတဲ့
ပို့လေးကို ရေးထားခဲ့ပါတယ်ခင်ဗျာ..... အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ သက်တမ်းပေါ့လေ.နောက်ဘယ်နှယ် နှစ်ကြာကြာ နေထိုင်ခွင့်
ရဦးမလဲဆိုတာကိုပါ..ဟုတ်တယ်ဗျ.ဒါလေးကစဉ်းစားကြည့်တော့တော်တော်လေးတော့လန့်စရာကောင်းတယ်.. အခုဆို ပျှမ်းမျှသက်တမ်းက တစ်ဖြည်းဖြည်းနဲ့နည်းနည်း လာတယ်လေ..ဟိုအရင်တုန်းက အသက်၁၂၀ရှည်စေသော်တဲ့............
အခု ခင်ဗျားတို့ရဲ့ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့် သေဆုံးသွားတဲလူဦးရေရဲ့ သုံးပုံနှစ်ပုံက
အရွယ်ကောင်းတွေချည်းပဲ.. လူနည်းစုလောက်သာ အသက် ၇၀ နဲ့၈၀ ကြားမှာ ရှိကြတာလေ...
တော်တော်များများကတော့ ၅၀နဲ့၆၀ကြားမှာ နိဂုံးချုပ်သွားကြတာ များတယ်.... ဒါတွေကိုထားလိုက်ပါဦး
ကျွန်တော်တို့ ပျှမ်းမျှသက်တမ်းကို ၈၀နဲ့ပဲတွက်ကြည့်လိုက်လေ.. တစ်နှစ်ကို ၃၆၅ရက်ဆိုတော့ သက်တမ်းက ၈၀ ဆိုရင် ရက်ပေါင်း ၂၉၂၀၀ ရှိတယ်လေ
ဒါတောင် သက်တမ်း ၈၀ နဲ့ တွက်တာ ဘယ်သူမှ အာမခံထားတာ မဟုတ်ပါဘူး အသက်၈၀ ထိ နေရမယ်ဆိုရင်တောင် သက်တမ်းက ရက်ပေါင်း ၂သောင်းကျော်လောက်လေးပဲ ကျန်တော့တာ.. အင်း ... အခု လက်ရှိ သက်တမ်းနဲ့ပဲ တွက်ကြည့် .. သက်တမ်း ၆၀ ဆိုရင် ၂၁၉၀၀ ရက်ပေါင်း.. အခုလက်ရှိ အသက်က ၂၃နှစ်ဆို (၈၃၉၅) နှုတ်ကြည့်လိုက်ရင် ၁၃၅၀၅ ပဲကျန်တော့တာနော် ဒါပါပဲ.........ကျွန်တော့် ထက်တစ်နှစ်ကြီးတဲ့သူ …နှစ်နှစ်ကြီးတဲ့သူ

ငါးနှစ်ကြီးတဲ့သူ…ကဲ.. ၁၀နှစ်လောက်ကြီးတဲ့သူတွေအားလုံးလည်း ပြန်တွက်ကြည့်လေ..

ကမ္ဘာမပျက်လည်း လူကတော့ အချိန်တန်ရင်တော့ သေမှာပဲလေ…..

၂၀၁၂မှာ ကမ္ဘာကြီးက ကောင်လေးတို့ ဗုဒ္မဘုရားဟောကြားထားတဲ့ တရားတော်ကို သွေဖယ်ပြီးတော့ ပျက်သွားမယ်ဆိုရင် ကောင်လေး ရှေ့ဆုံးကနေ အသေခံရဲပါတယ်…

နောက်ထပ်သုံးနှစ်ကြီးတောင် အချိန်တွေကျန်သေးတာပဲကိုးး…. ယုံကြည်တယ်မှုရှိရင်တော့

တွေးမကြောက်ပါဘူးခင်ဗျာ….

မာတုဂါမတွေက မနှစ်သက်တဲ့ ယောင်္ကျား တဲ့....

၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား( အဲဒီထဲကတော့ လွတ်တယ် ဘာလို့လဲဆိုတော့ ဟီး တစ်ခါမှကို မအောင်မြင်ဘူးတာ စာမေးပွဲကလွဲလို့)
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား( ဒါကလည်း သေချာတယ် အဲလိုလိမ်းချင်တာကို မရှိလို့ )
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား ( ဘောက်ကတော့ ရှိဘူးလေ)
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား( ဟားဟ ရေကတော့ တစ်နေ့ နှစ်ခါပဲ အားတိုင်းရားတိုင်းချိုးနေတာ)
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား ( ဒီမှာ နှုတ်ခမ်းမွေးတောင် မပေါက်လို့ စိတ်ညစ်နေတာပါဆို)
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား( လေကတော့ ကြီးသလားမမေးနဲ့တော့လေ အခု ဒီမှာတောင် လျှောက်ပြောနေတာကို)
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား( အင်း မိန်းကလေးကြားထဲမှာ မျက်နှာကတော့ ဟုတ်ပါပြီ ပန်းလှတာက ဘာလဲမသိ ဟီဟိ)
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား ( အားပါးပါး ဒါမျိုးကျတော့ ကောင်လေးငယ်တို့က တော့ အိမ်က ပို့အလောက်လေ)
၉. အာပုပ်စော်နံသော ယောက်ျား ( အောင်မာ အောင်မာ လေဆာနဲ့ တိုက်တာပါနော်)
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား ( အဟင့် အခုမှ တားတားက 23 ပြည့်ပြီးတာပါဆို)
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား ( မရဲလို့ ရည်းစားကတောင် စိတ်ပျက်ပြီင်္း နောက်တစ်ယောက်ရှာ တော့မယ်ဆိုလား ဘာလားပဲ ကြားတော့ကြားနေတယ်လေ)
၁၂. မိန်းကလေးနှင့် တစါခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား ( အင်း မတွေ့ဘူုးသေးတော့လည်း ခက်သားပါ့လားဗျာ )
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား ( အော် ဘောလုံးကန်တာကို ပြောတာနဲ့ တူတယ်နော် )
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား ( နပ်သလားတော့ မသိဘူး တစ်ခါတစ်လေ တူးတောင်တူးသွားလို့ ဂျိုးဆော်တောင် နံရော )
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား ( ကြမ်းတမ်းဆို ဒီကကောင်က လေတိုက်ရင်တောင် တိုင်ဖက်နေရတာ ပါသွားမှာကြောက်လို့)
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား ( ဒါကလည်း တစ်ယောက်ပဲပြောဘူးတာလေ..အဲဒီတစ်ယောက်ကလည်း ပြန်မကြိုက်လို့)
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား ( ဟားဟ အဲဒီ လူက အသန့်ကြိုက်တယ်နဲ့တူတယ်နော်.... )
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား ( အင်း တော်တော်သိပြီး ဗဟုနဲ့ သုတ စုံတယ်နဲ့တူတယ်ညော်)
ံ၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား ( အော် သူငယ်နာမစင်လို့နဲ့တူတယ်)
၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား ( အင်း ဒါကတော့ ခပ်အေးအေးနေတတ်တဲ့ အိမ်ထောင်ဦးပေါ့လေ)
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား ( မာဇက်သွားတာနဲ့စာရင်တော့ တော်သေးတာပေါ့နော )
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား ( ဒီလိုကတော့ တော်တော်ဆိုး )
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား ( ဒါကတော့ တကယ်ကို မှားတာ ကောင်လေးတို့ဆီမှာ မရှိဘူးလေ အဲံဒါ ဟီး ရှိရင်တော့ ဘယ်နေမလဲ ရှေ့ဆုံးကပေါ့ )
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား ( အယ် .... ဒါကလည်း ပညာ ပဲ နော် )
၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား ( ခေတ်ကာလကို သုံးသပ်တတ်တယ်နဲ့ တူပါ့ )
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား ( အင်း တစ်ချို့က ကြောက်တတ်တယ်လေ..ဒါကို အပြစ်လို့တော့ ပြောမရဘူးပေါ့ နော )
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား ( ဥပမာ မြန်မာမင်းသားထဲက နေတိုး တို့လိုပေါ့ အင်း သူ့ကိုကျတော့ ကောင်မလေးတော်တော်များများက ကြိုက်ကျသားပဲ )
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား ( ဘော်ဒီကိုပြတာပေါ့လေ )
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား..(ဒါကတော့ ကြိုက်တဲ့သူလည်းရှိရင်ရှိမှာပေါ့လေ)
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို sexy လုပ်ချင်သော ယောက်ျား ( ဟားဟ ကြည့်တော့ ကောင်းသားပဲ )
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား ( အင်း ဒါကတော့ အစိုးရရုံးဝန်ထမ်းတွေရဲ့ လက္ခဏာပဲလေ)
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား ( တော်တော်လေး သဘောကောင်းတဲ့ သူနဲ့တူတယ် ပါရမီပါတယ်ပေါ့ )

Tuesday, November 10, 2009

ချစ်သူရဲ့သွေးတစ်ကွက်

GTC ကျောင်းမှာပေါ့နော် အရမ်းကိုချစ်ကြတဲ့သမီးရည်းစားနှစ်ယောက်ရှိတယ်တဲ့
သူတို့ကတစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြတာတဲ့ ဒါပေမယ့်တစ်နေ့တော့
ကောင်မလေးက ကောင်လေးဆေးသုံးစွဲတာကိုသိသွားတော့ အစပိုင်းတော့တားတာပေါ့
နောက်ဆုံးမရတော့ ဆေးကိုဖြတ်မှာလား ကောင်မလေးကိုအဆက်သွယ်ဖြတ်မလားလို့မေးတော့
ကောင်လေး ကအလွယ်ပဲ ဆေးကိုဖြတ်ပါ့မယ်လို့ပြောလိုက်တယ်
အဲဒါနဲ့နောက်လဲကျရောသူတကယ်ဆေးကိုမဖြတ်မှန်းလဲသိရောကောင်မလေး
က အရွဲ့တိုက်ပြီး အခြားကောင်လေး တစ်ယောက်နဲ့တွဲပြလိုက်တယ်( သူအရွှဲ့တိုက်တာကြတော့လည်း သူ့အတွက်ပဲနော်)
အရမ်းချစ်ကြတဲ့ချစ်သူတွေဆိုတော့ ကောင်လေးက အရမ်းကြေကွဲပြီကောင်မလေးကို
ပြန်တောင်းပန်ပြီး ဆေးကိုဖြတ်ပါ့မယ့်လို့ကတိပေးလိုက်တယ် ပြီးတော့ သူတို့တွေ့နေကြနေရာလေးမှာ
ကောင်လေးကကောင်မလေးကိုဆေးကြောင် ကြောင်ပြီးသတ်ပစ်လိုက်တယ်

ကောင်မလေးကိုယ်ကသွေးတွေက သူအင်္ကျီမှာပေကုန်တယ် ပြီးတော့မှကောင်လေးလဲ
သတိပြန်ဝင်လာတော့ သူလက်လွန်သွားမှန်းသိတော့
ကောင်မလေးအလောင်းကိုအဲဒီနေရာမှာပဲမြုပ်ခဲ့ပြီး ပြန်သွားတယ် (တစ်ယောက်ထဲ ဘာမှမပါပဲ မြေတွင်းတူး ၊ မြေသယ်လို့ရလားတော့မသိဘူး အဲလိုတော့လာမမေးနဲ့နော် ...သိဘူး... ဒါက ဇာတ်လမ်းပဲဟာကိုလေ နော...)
လူကလည်းရှင်းနေတာကိုး အိမ်ပြန်ရောက်တော့ကောင်လေးက မောမောနဲ့အိပ်ပျော်သွားတယ်

အဲဒါနဲ့အိပ်နေရင်းနဲ့အိမ်မက်မက်တယ် ကောင်မလေး က နင့်အကျီကသွေးတွေကိုပျောက်အောင်ဖျောက် မဖျောက်ရင်
နင်ဒုက္ခရောက်လိမ့်မယ်လို့ပြောတယ် (အံမယ်..သူ့ကိုသတ်သွားတာတောင်မှ ရည်းစားဒုက္ခရောက်မှာကြတော့ စိုးရိမ်နေတာလေ)
(အပြင်မှာတော့မသိဘူးလေ.. ရှိမလားဆိုတာ..... ထင်တော့မထင်ပါဘူး)
အဲဒါနဲ့ကောင်လေးလဲ အိမ်မက်ကလန့်နှိုးလာပြီး သူအကျီ ကိုကြည့်တော့ သွေးတွေပေနေတယ် အဲဒါနဲ့ ဂယောင်ချောက်ခြားနဲ့ ချက်ခြင်းသွား လျှော်တယ် ဒါပေမယ့်ဘယ်လိုလျှော်လျှော် မပျက်ဘူးဖြစ်နဲ့တယ် အဲလိုဖြစ်နေတုန်းမှာ
ကောင်မလေးရဲ့ဝိညာဉ် ကပေါ်လာပြီး သူဆီက တစ်လှမ်းခြင်း တစ်လှမ်းခြင်း

လျှောက်လာတယ် ကောင်လေးကလဲ ကြောက်အားလန့်အား နဲ့ အတင်းအကျီကိုပဲ
သွေးပျောက်အောင် လျှော်တာပေါ့ ဒါပေမယ့် မပျက်ဘူး ကောင်မလေးက
တဖြည်းဖြည်းနဲ့နီးလာတယ် အနားလဲရောက်ရော ကောင်မလေး ၀ိညာဉ်က ဟက်ဟက်ပက်ပက်
ရယ်လိုက်တယ် ကောင်လေးလဲ လန့်နေတာပေါ့ ကောင်မလေး ၀ိညာဉ် ကမေးတယ် နင်ဖျက်လို့မရဘူးမလား တဲ့
ဘယ်ဖျက်လို့ ရပါ့မလဲ တဲ့


[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]


[?][?][?][?][?][?][?][?][?][?][?][?][?]



နင်က အီလန်ဆပ်ပြာမှုန့်မှ မသုံးတာကိုတဲ့.......ဟီဟိ အမေရှိရင် အီလန်ရှိတယ်လေ.......

အဟုတ်ဇာတ်လမ်းလေးလားလို့ ဖတ်လာလိုက်တာ ဟီဟိ ဆပ်ပြာမှုန့်ကြော်ငြာနဲ့လာတိုးနေတယ်
အစုတ်ပလုတ်ကောင်လေးငယ် ပလုတ်တုတ်လို့ သာ စိတ်ကြိုက်သာ ဆူဆဲသွားကြပါ........
အားလုံးပျော်ရွှင်ကြရင် ကျေနပ်ပါတယ်.....


ဟီးဟီးးးးးးးးးးးးးး


ဖတ်ထားသမျှ တွေးထားသမျှတော့ သိသလောက်လေးတော့ရေးထားလိုက်တယ်.....

Wednesday, November 4, 2009

ဘိုးဘွားရိပ်သာတစ်ခုတွင် တွေ့ ရသော စာလေးတစ်စောင်ပါ

သား !
သား...ငယ်ငယ်တုန်းကပေါ့





အချိန်တွေအများကြီးယူပြီး အစားစားတက်အောင်ဇွန်းကိုင်တက်အောင်၊အကျီဝတ်တက်အောင်၊
ကြယ်သီးတပ်တက်အောင်၊ဖိနပ်ကြိုးချည်တက်အောင်၊ဆံပင်ဖြီးတက်အောင်၊နှာရည်တွေကျရင် သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရတာလေးက အမေ့ အတွက်မမေ့ နိုင်စရာလေးတွေပေါ့။
ခုချိန်မှာ ဒါလေးတွေက အမှတ်ရစရာလေးတွေပေါ့ကွယ်။
အဲဒါလေးတွေကို စဉ်စားမိရင် အမေ စိတ်မကောင်းဖြစ်ရတယ်။




ခဏလေး အချိန်နည်းနည်းလေးပေးပါ အမေ ထပ်စဉ်စားပါရစေအုံး။
ဆက်ပြောရမဲ့ စကားများတောင် စဉ်စားမရအောင် မေ့တက်နေပါပြီးသား!
သား...သားမှတ်မိအုံးမလား။
သားငယ်ငယ်က အခေါက် ၁၀၀ လောက် အဆိုလေ့ကျင့်ခဲ့ရတဲ့ ကလေးသီချင်းလေးတစ်ပုဒ်ကိုလေ။
အဲဒီသီချင်းလေးတပုဒ်ကို အမေ ခုထိအမှတ်ရနေတုန်းပေါ့ကွယ်။
ညတိုင်းပြောနေကြ ပုံပြင်လေးတစ်ပုဒ် ၊
တစ်နေ့ တစ်မျိုး မရိုးနိုင်အောင် မေးတက်တဲ့ သားရဲ့မေးခွန်လေးတွေနဲ့ အမေရဲ့တက်သလောက်မှတ်သလောက် ဥာဏ်နဲ့ဖြေခဲ့ရတာလေးတွေကိုလဲ အမှတ်ရနေတုန်းပေါ့။

သား.......

ခုချိန်မှာတော့ အမေ ကသားငယ်ငယ်တုန်းက ဘဝလေးလို့ဖြစ်နေပါပြီ။သား.....
အခုဆိုရင် အကျီကြယ်သီးတပ်တာ ၊ဖိနပ်ကြိုးချည်တာတောင် ခဏခဏမေ့နေပါတယ်။
အစားစားတဲ့ အခါလဲ အကျီတွေ ညစ်ပတ်ကုန်တယ်၊
ဆံပင်ဖြီးရင်တောင် လက်တွေက တုန်တုန်ရင်ရင် နဲ့ပေါ့။
သား... အမေ ကိုတော့ စိတ်ရှည်ပါကွယ်။
ခုချိန်မှာ အမေအတွက် အလိုအပ်ဆုံးကတော့ သားရဲ့ နွေးထွေးတဲ့ လက်တစုံပါပဲ။
သား နဲ့တူတူနေရှိနေမယ့် အချိန်လေးတွေ လိုချင်ပါသေးတယ်။
သား....... ခုဆိုရင် မက်တပ်တောင်ကောင်းကောင်းမရပ်နိုင်၊
လမ်းလည်းကောင်းကောင်းမလျှောက်နိုင်အောင်ပါပဲ။

သားရဲ့နွေးထွေးတဲ့ လက်ကို ဆုပ်ကိုင်ပြီး ကျန်ရှိနေသေးတဲ့ အချိန်ကလေးတွေ ကိုကျော်ဖြတ်ရင်း မကြာမီ ရောက်ရှိလာတော့မဲ့ သေမင်းရဲ့တံခါးဝဆီအထိသို့  တဖြည်း...တဖြည်း...။




သူငယ်ချင်းတို့နားလည်မယ်လို့ မျှော်လင့်ပါတယ်။
မိဘဆိုတာ ဘာနဲ့မှ မလဲနိုင်တဲ့ အရာတခုပါ။
မိဘထက် အရေးကြီးတာ မရှိပါဘူး။
ချစ်သူရည်စား မိန်မ ယောင်္ကျား ဆိုတာ အစားထိုးလို့ရတဲ့ အရာတွေပါ။
မိဘဆိုတာကတော့ အစားထိုးလို့မရနိုင်သလို ဘယ်တော့မှလဲ ပြန်မရနိုင်မဲ့ အရာပါ။
မိဘတွေ မရှိတော့မှ ဝမ်းနည်းပူဆွေးတမ်းတနေမယ့် အတူတူ မိဘ တွေရှိနေစဉ် စောင့်ရှောက်ဖို့ မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့ မမေ့လျှော့ပါနဲ့လို့ သတိပေးချင်ပါတယ်။

ဒါတွေဒါတွေအားလုံးဟာ ကောင်းလေးတတ်လွန်းလို့ရေးထားခြင်းမဟုတ်ပါ...... ဘိုးဘွားရိပ်သာမှာ တွေ့ခဲ့ရတဲ့ နံရံကပ်စာစောင်ထဲမှ
သဘောကျနှစ်သက်လွန်းလို့ ပြန်ပြီးဝေမျှခြင်းသာ ဖြစ်ပါကြောင်း.....................ထပ်ဆင့်ထပ်ဆင့် လက်ကမ်းနိုင်ကြပါစေ....

Tuesday, November 3, 2009

လူပိုကြီး....ပါ

မင်းအတွက်...ငါဟာ သူများတွေနဲ့ နှိုင်းယှဉ်ရင်
ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး..
ပျော်ရွှင်မှုတွေမပေးနိုင်ခဲ့သလို
ရင်ခုန်စရာအကြောင်းလေးတွေကိုလည်း
မဖန်တီးတတ်ခဲ့ဘူးလေ..
မင်းအတွက်တော့ ငါက လူပို တစ်ယောက်ပေါ့..
ပျင်းရိငြီးငွေ့စရာကောင်းလှတဲ့ လူပိုကြီး သက်သက်ပါ..
အချိန်တန်ရင် ဘာပြောတတ်လဲ..ချစ်တယ်ဆိုတဲ့ စကားကိုပဲ
အက်ကြောင်းထပ်အောင် ပြောတတ်ခဲ့ ငါ့အတွက်တော့
မင်း ငြီးငွေ့မယ်ဆိုလည်း ငြီးငွေ့လောက်ပါတယ်.
ဘယ်သူမှ မလိုအပ်တော့တဲ့
လူပိုကြီးတစ်ယောက်အတွက်
ဆန်ကုန်ပြီး မြေလေးနေပြီလားတော့ မသိတော့ဘူးလေ....

Sunday, November 1, 2009

မျက်စိလျှင်ဖို့ ......

ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့်ကို
ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို
ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲ...လုံ့လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့ ရဲ့
အားနည်းချက်လို့  ဆိုရမလားပဲ…။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့
ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက
ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ
လေးလေးပင်ပင်နဲ့ …

“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ...
ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ
သူ့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး…
သူ့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ
ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ
မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင်
စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ
မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က...
လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို
ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို...
ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”

“တိန်…” “တိန်…” “တိန်…”