Sunday, August 19, 2012

ဟာသလေးများ


အကင်းပါးတယ်နော်
ကွန်ပြူတာကျောင်းသို့ သက်ဆိုင်ရာမှလူကြီးလာစစ်ရာ ကျောင်းသားများထဲမှ တစ်ယောက်ကို စာလှမ်း မေးလိုက်ရာ… “Looping ထဲမှာ Do နဲ့ စတဲ့ Looping ကိုပြောစမ်းကွာ?” ကျောင်းသားမှာ အိုးတိုးအမ်းတမ်းဖြစ်နေရာ တာဝန်ကျဆရာက အရိပ်ပြတဲ့ အနေနှင့်သူ၏ ဒူးကို ဖနောင့်လေး ထောက်ပြီး လူကြီးမသိအောင် ၀ိုင်းပြလိုက်သည်။ ကျောင်းသားက အကင်းပါးစွာ ပြောလိုက်တာကတော့…. “ဒူးလည် Looping ပါခင်ဗျာ….”
ရှင်းတယ်နော်
Programmer တစ်ယောက်ကို အင်တာဗျူးရာ… “ခင်ဗျားတို့ Programmer တွေ Program ရေးတဲ့အခါ variable name တွေမှာ ဘာကြောင့် i ကိုအသုံးများ ကြတာလဲ ခင်ဗျ…” Programmer ကပြန်ဖြေရာ… “ဟုတ်ကဲ့ ဒါကတော့ သုံးချင်လို့ပါ…
စိတ်ရှည်တယ်နော်
အသက်၆၀ ကျော် အဖိုးကြီးများကိုသင်သော ကွန်ပြူတာခန်းတစ်ခုတွင် Microsoft Word ကို စသင်ရာ… “စာပိုဒ် တစ်ပိုဒ်ပြီးရင် နောက်တပိုဒ်အတွက် Enter Key ကိုနှိပ်ပါ။ E.N.T.E.R ဆိုတဲ့ Key ပါ…Keyboard မှာအကြီးဆုံး Key ပါ…တွေ့ပြီလားခင်ဗျာ…မတွေ့သေးရင်…Right Shift Key ရဲ့ အပေါ်မှာပါ…Back Space ရဲ့ အောက်မှာပါ…Keyboard ရဲ့ ညာဘက်အစွန်ဆုံး ထောင့်မှာလည်းရှိပါတယ် ခင်ဗျာ…တွေ့ပြီလား ခင်ဗျာ…” ဒါကို အဖိုးကြီးတစ်ယောက်က Enter Key ကို လက်ညှိုး ထိုးပြပြီး… “ဖိုးသား ဒါကိုနှိပ်ရမှာ လားဟင်…” စာသင်တဲ့သူက… “ဟုတ်တယ် အဲ့ဒါကို နှိပ်ရမှာ…ကဲ!!!ဖြောင်းဖြောင်းဖြောင်း!!!”

ကုန်မှာစိုးတယ် 

Microsoft Word ထဲတွင် စာလုံးများကို အရောင်ထည့်တာကို စသင်သောနေ့တွင်၊ ရိုက်ထားသောစာပိုဒ်မှ တစ်ပုဒ်စီကို အရောင်တစ်ရောင်စီထည့်ရန် ဆရာကပြောပြီးလုပ်ခိုင်းရာ….ကျောင်းသူတစ်ယောက်မှာ စာပိုဒ်မှ စာအနည်းငယ်ကိုသာ အရောင်ကို အနည်းငယ်စီထည့်နေတာကို ဆရာကမြင်သွားရာ “ဟေ့ဘာလို့ အရောင်ကို စာပိုဒ်အားလုံးအတွက် မထည့်တာလဲ?” ထိုစဉ် ကျောင်းသူကပြန်ပြောလိုက်တာက “ဆရာရယ် အရောင်တွေကုန်သွားရင် ဆရာတို့ပြန်ပဲပြန်ထည့် နေရမှာပေါ့”