Monday, August 31, 2009

နွားနို့မသောက်ခဲ့လို့တဲ့

နံနက်စောစော အိမ်ရှေ့ဧည့်ခန်းမှာ ထုံးစံအတိုင်း ဆူညံဆူညံအသံကြားလို့ ကိုလှမောင် အိပ်ရာထလာရတယ်..အိမ်ရှေ့ခန်းရောက်တော့သားတော်မောင်ကိုသူ့အမေကမနက်ခင်းစာကိုအတင်းချော့ကျွေးနေတာတွေ့ရတယ်......သားတော်မောင်ကလည်း ဖအေတူသား သိတဲ့အတိုင်းပဲ ခေါင်းကတော့မာသလားမမေးနဲ့ မစားဘူးဆို ဘယ်လိုမှချော့ကျွေးကျွေး မစားရေးချမစား..... သူတို့လင်မယားမှာလဲ ပြေးကြည့်လို့မှ ဒီသားတစ်ယောက်ထဲရှိတာ.. သားတော်မောင်ကလည်း ကျောင်းသွားခါနီးဆို အမျိုးမျိုးကိုဆိုးတော့တာ အခုလည်း သူ့အမေက ကျောင်းသွားခါနီး အစာပြေ နွားနို့တိုက်နေတာကို အတင်းရုန်းကန်ပြီးငြင်းနေတာလေ...ဒီကလေးက နွားနို့ဆို ငယ်ငယ်လေးတည်းက မသောက်တာ.. ဒါပေမယ့်လည်း အားရှိအောင် အတင်းချော့မော့တိုက်နေရတာက နေ့စဉ်အလုပ်တစ်ခုလိုဖြစ်နေတာလေ... ကိုလှမောင်လည်း မနေသာတော့ပဲ " ဟေ့ ဒီသားအမိဘာတွေ ဖြစ်နေတာလဲဟ စောစောစီးစီး" " ဒီမှာလေရှင့်သား နွားနို့လေးတစ်ခွက်တိုက်နေတာကို အတင်းရုန်းကန်နေတာ" " သားသား လာ ဖေကြီးဆီကို ဖေကြီးပြောပြမယ်"ဆိုပြီး ကိုလှမောင်က သူ့သားကို တိုးတိုးလေးကပ်ပြောလိုက်တယ်... ပြောလည်းပြောပြီးရော ကလေးကလည်း တန်းပြီး နွားနို့ခွက်ကို တစ်ခါတည်းမော့သောက်ချလိုက်တယ်..အမယ် ဒါတောင် သူ့အမေကိုမှာလိုက်သေးတယ် " မေမေ သားကို နောက်နေ့ကျ နွားနို့တွေ အများကြီး ၀ယ်ထားနော်" တဲ့ .... သူ့အမေဆိုတာလေ ပါးစပ်လေးဟလို့ပေါ့.. သူ့ယောင်္ကျားကိုလည်းတော်တော်လေး အထင်ကြီးသွားတာပေါ့....သူ့မှာတော့ဒီကလေးကို နွားနို့လေးတစ်ခွက်သောက်ဖို့ကို ချော့လိုက်ရတာ ဖတ်ဖတ်ကိုမောလို့.. သူ့ကျတော့ တိုးတိုးလေးတစ်ခွန်းတည်းကပ်ပြောလိုက်တာ တန်းလို့ နောက်နေ့အတွက်တောင်ကြိုမှာသွားသေးတယ်.. "ဒါနဲ့ ကိုလှမောင် ရှင်သားလေးကို ကပ်ပြီးတိုးတိုးလေးပြောလိုက်ဘာလဲတော့် ကျွန်မကိုလည်းပြောစမ်းပါဦး " လို့မေးတယ်.. ကိုလှမောင်ကလည်း တဟဲဟဲနဲ့ ဘာမှဟုတ်ပါဘူးကွာလို့လဲ ပြောလိုက်ရော " အာ မရဘူး ရှင် ကျွန်မကို ပြောမှာလားပြောဘူးလား ရှင်ကျွန်မကို မပြောလို့ကတော့ ကျွန်မအကြောင်းသိတယ်နော် ဟင်းဟင်း." "မင်းကလည်းကွာ ငါကသားကို ပြောလိုက်တာက သားလို့ မင်းနွားနို့ကို နေ့တိုင်းပုံမှန်မသောက်ရင် မင်းရွှေပန်းလေးက ကြီးလာမှာ ဟုတ်ဘူး. အဲဒါကြောင့် မင်းနွားနို့ကို နေ့တိုင်းသောက်မှ ရွှေပန်းလေးက ကြီးလာမှာလို့ပြောလိုက်တာပါကွာ. "အဲဒီလိုလည်း ပြောလိုက်ရော ကိုလှမောင် မိန်းမက ကိုလှမောင်ရဲ့နောက်ကျောကို တအုန်းအုန်းနဲ့ထုတော့တာပေါ့......ကိုလှမောင်ကလည်း " ဟ မိန်းမရ ဘာလို့ ဒီလောက်ရိုက်နေရတာလဲကွ" " ဟင်း.. ရှင်မှ ငယ်ငယ်တုန်းက နွားနို့ကို နေ့တိုင်းမသောက်ခဲ့တာ" တဲ့ အရပ်ကတို့ရေ...................

Friday, August 28, 2009

အမြင်မှန်


တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်တဲ့..
အဲဒီက ဘုရင်ကြီးမှာ သိပ်ချောသိပ်လှတဲ့ မိဖုရားတစ်ပါးရှိတယ်ဗျ..
ဘုရင်ကြီးက သူ့မိဖုရားကို တအားချစ်တာဆိုပဲ...
တစ်နေ့ကျတော့ဘုရင်ကြီးကသူ့ရဲ့ဥယျာဉ်တော်ထဲမှာအပျင်းပြေလမ်းလျှောက်
ထွက်တာပေါ့ဗျာ.. အဲဒီမှာကံကဆိုးချင်တော့သူ့မိဖုရားကြီးနဲ့ပညာရှိအမတ်ကြီး ဖေါက်ပြားနေတာကိုသွားတွေ့သတဲ့..
ဘုရင်ကြီးလည်းတအားကို ရှက်သွားတာပေါ့..
ဒါကြောင့်..ဘယ်သူ့ကိုမှအသိမပေးပဲသူ့ရဲ့သူငယ်ချင်းဖြစ်တဲ့
တိုင်းတစ်ပါးကဘုရင်ကြီးဆီကို ထွက်သွားတော်မူတယ်...
သူ့ရဲ့သူငယ်ချင်းဘုရင်ကြီးဆီမှာပဲအေးအေးသက်သာနေတော်မူတာပေါ့..
ဒီလိုနဲ့တစ်နေ့မှာသူ့သူငယ်ချင်းနဲ့ဥယျာဉ်တော်ထဲကိုလမ်းလျှောက်ထွက်ပြန်ပါရော
အဲဒီမှာလည်းသူငယ်ချင်းရဲ့မိဖုရားကြီးနဲ့မူးမတ်တစ်ယောက်ဖေါက်ပြားနေတာကို
တွေ့ပြန်ပါလေရောဒီလိုနဲ့ပဲသူငယ်ချင်းနှစ်ယောက်မိန်းမတွေကိုစိတ်ကုန်တယ်ဆိုပြီး
ပင်လယ်ဘက်ကိုထွက်သွားတော့တာပေါ့.လမ်းခရီးတစ်ဝက်လောက်လည်းရောက်ရော အမောပြေနားကျမယ်ဆိုပြီး သစ်ပင်ကြီးတစ်ပင်ပေါ်မှာတက်နားကျတာပေါ့
အောက်မှာဆိုဒီရေအတက်အကျနဲ့မိကျောင်းတွေအသားစားငါးတွေရဲ့ရန်ကလည်း
ကြောက်ရတာကိုး.. သူငယ်ချင်းနှစ်ယောက်မောမောနဲ့အိပ်ပျော်သွားတာပေါ့..
နောက်ထပ်တစ်နာရီလောက်လည်းကြာရောပယ်လယ်ကမ်းခြေတစ်လျှောက်
တ၀ုန်းဝုန်းနဲ့အသံတွေကြားနေရတယ်ဒါနဲ့ဘာများဖြစ်နေလဲဆိုပြီးထကြည့်တော့
"အားပါးပါး..ဘီလူးကြီးကပယ်လယ်အလယ်ခေါင်ကနေပြီးပခုံးပေါ်မှာ
သေတ္တာကြီးတစ်လုံးထမ်းပြီးသူတို့ဘက်ကိုဦးတည်ပြီးလာနေတာကိုတွေ့ရတယ်
ဒါနဲ့သူတို့နှစ်ယောက်လည်း ကြောက်ပြီးသစ်ပင်ပေါ်မှာပဲသစ်ရွက်တွေကို အကာအကွယ်ယူပြီးပုန်းနေကြတာပေါ့....
ဘီလူးကြီးလဲသစ်ပင်အောက်ကိုရောက်လာတယ်..
ရောက်ရောက်ချင်းပဲသူ့ရဲ့သေတ္တာကိုတမ်းဖွင့်တော့တာလေ..
ဟိုအပေါ်ကနှစ်ယောက်ကလည်းလူသားတွေဆိုတော့နည်းနည်းတော့
စပ်စုချင်တာပေါ့နော်.. ဒါနဲ့သစ်ရွက်တွေကြားနေခြောင်းကြည့်တော့တာပေါ့
ဘီလူးကြီးကလည်းသေတ္တာကိုဖွင့်လိုက်ရောအထဲကလှပတဲ့
မိန်းမပျိုလေးတစ်ယောက်ထွက်လာတယ်......
ဘယ်လောက်ထိအောင်လှလဲဆိုရင်သူတို့ရဲ့မိဖုရားတွေလောက်ကတော့
ဟိုကသနားတယ်ပေါ့.. ဆံပင်ကိုကပေါင်းတင်ပြီးဖြောင့်ထားတာဆိုတော့
ဝဲနေတာပဲပေါ့.ဘယ်နေရာမှအပြစ်ပြောစရာမရှိအောင်ကိုလှတာ..
ဘုရင်ကြီးနှစ်ယောက်လည်းတွေ့တွေ့ခြင်းကို ခိုက်သွားတော့တာပေါ့ဗျာ..
အဲဒါနဲ့.. ဟီး.ဟီး နေဦးဗျ..
ဘီလူးကြီးကဘာလုပ်လဲဆိုရင်သေတ္တာထဲကမိန်းမပျိုလေးနဲ့
ဟဲ.ဟဲ ထားလိုက်ပါတော့ဗျာ.. ဘာညာဘာညာပေါ့..
သစ်ပင်ပေါ်ကနှစ်ယာက်ကလည်းခြောင်းကြတာပေါ့ဗျာ...
နည်းနည်းလည်းကြာရောဘီလူးကြီးလည်းအိပ်ပျော်သွားတာပေါ့
ဘီလူးကြီးလည်း အိပ်ပျော်သွားရောမိန်းမပျိုလေးကထလာတယ်.
ပျင်းပျင်းရှိတာပတ်ဝန်းကျင်မှာဘာတွေများရှိမလဲဆိုပြီး
ဟိုကြည့်ဒီကြည်ပေါ့ဗျာ.ဒါကတော့မိန်းမတွေရဲ့ထုံးစံအတိုင်းပဲလေ....
ကြည့်ရင်းကြည့်ရင်းနဲ့သစ်ပင်ပေါ်ကနှစ်ယောက်ကိုတွေ့သွားပါလေရော ..."
အလိုသစ်ပင်ပေါ်မှာလူသားလုလင်ပျိုနှစ်ယောက်ပါလား
မောင်ကြီးတို့နှစ်ယောက်အောက်ကိုဆင်းခဲ့ပါ" လို့လှမ်းခေါ်တယ်
ဟိုနှစ်ယောက်ကလည်းဘာလို့လဲပေါ့ ဒီတော့မိန်းမပျိုလေးကညီမတော်က မောင်ကြီးတို့နှစ်ယောက်နဲ့ပျော်ပါးချင်လို့ပါလို့လှမ်းပြောတယ်လေ
ဟိုနှစ်ယာက်ကလည်း "ဟာ အောက်ကဘီလူးကြီးကြောက်တယ်မဆင်းရဲဘူး"
လို့ပြောတယ်။မိန်းမပျိုလေးကအောက်ကိုဆင်းမလာပဲသူ့အလိုကိုမလိုက်ရင်
ဘီလူးကြီးကိုနိုးပြီးတိုင်လိုက်မှာနော်လို့ ပြန်ပြောတယ်....
ဒီတော့လည်းဘုရင်နှစ်ပါးကလည်း မနေသာတော့ဘူးလေ.
ကြောက်ကြောက်နဲ့ဆင်းရတော့တာပေါ့.. အောက်ရောက်တော့လည်း
မိန်းမပျိုလေးရဲ့အလိုကိုလိုက်ရပြန်ပါလေရော......
ဒီလိုနဲ့ ပဲ...................................................................
မိန်းမပျိုလေးကသူ့အလိုလည်းပြည့်ရောမောင်တော်တို့ ညီမတော်က
ဒီဘီလူးကြီးနဲ့နေလာတာနှစ်ပေါင်းကြာပါပြီ..
တစ်ခါတစ်လေတော့လည်း လူသားစစ်စစ်တွေနဲ့နေချင်ပါတယ်
မောင်တော်တို့ရယ် ဒါကြောင့်ပါလို့ရှင်းပြတယ်...
ညီမတော်က ဒီသစ်ပင်အောက်မှာဘီလူးကြီးနဲ့ပျော်ပါးပြီးရင်
ရောက်လာတဲ့လူသားလုလင်တွေနဲ့ အမှတ်မထင်ဆုံတွေ့ရတတ်တယ်..
အဲဒီလိုဆုံတွေ့ပြီးရင်လည်းအမှတ်တရအနေနဲ့ပျော်ပါးပြီးတဲ့လုလင်တွေရဲ့
လက်စွပ်တွေကိုလက်ဆောင်တောင်းပြီးပိုးကြိုးလေးနဲ့တွဲလို့လည်မှာဆွဲထားပါတယ်
အဲဒါအခုတစ်ရာပြည့်ဖို့ နှစ်ခုပဲလိုပါတော့တယ်မောင်တော်တို့..................
ညီမတော်ကိုလက်ဆောင်အဖြစ်လက်စွပ်လေးပေးသနားခဲ့ပါလို့တောင်းရှာတယ်...
ဘုရင်နှစ်ပါးလည်း တော်တော်အံ့သြသွားတာပေါ့ ...
ဟေအခုတစ်ရာပြည့်ဖို့ နှစ်ခုပဲလိုတော့တာ.အင်းလေဒါဆိုလည်းပေးရမှာပေါ့ဆိုပြီး
ပေးလိုက်တယ်... သူတို့အချင်းချင်းလည်းတိုင်ပင်ကြတယ်...
အင်း..ငါတို့ရဲ့မိဖုရားတွေကလူပုံအလယ်မှာနေရတာဒီလောက်တော့ရှိမှာပေါ့လေ
ဘီလူးကြီးတောင်မိန်မပျိုလေးကိုစိတ်မချလို့သေတ္တာထဲမှာထည့်ပြီး
ပယ်လယ်အောက်မှာထားတဲ့မိန်းမတောင်လုလင်ပျိုတစ်ရာနဲ့ဖေါက်ပြားသေးတာ
ငါတို့ကိုယ့်တိုင်းပြည်ကိုပြန်ကြဆို့လို့တိုင်ပင်ပြီး
တိုင်းပြည်အသီးသီးဆီကိုပြန်သွားတော်မူတယ်လေ........
ဒါပါပဲ ပုံပြင်လေးက ... ဟီး ....ဟီး ... ဘီလိုလုပ်ရပါ့ နော်...
ထည့်ထားစရာ သေတ္တာကလည်း မရှိ....
ပယ်လယ်အောက်သွားဖို့ရလဲ ရေမကူးတတ်...
ကဲ မိတ်ဆွေ..သင့်ရဲ့ချစ်သူကို ဘယ်နေရာမှာ
..........၀ှက်ထားမတုန်း..........

ကယ်လေးငေါင်(ကောင်လေးငယ်)

Wednesday, August 26, 2009

အစားထိုးမရတဲ့နှလုံးသားတစ်စုံ


မနေ့က ဇာတ်လမ်းလေးကိုဆက်ရရင်ပေါ့ဗျာ.. နှလုံးတစ်စုံကို အစားထိုးကုသဖို့လှူတာက ဘယ်သူမှထင်မထားတဲ့ သူဗျ...
ကောင်လေးနဲ့ ငယ်ငယ်ကတည်းက မောင်နှမတွေလို ချစ်ကြတဲ့ သူငယ်ချင်းမလေးတစ်ယောက်က လှူမလို့တဲ့....
ဟိုကောင်မလေးရဲ့ မိဘမောင်နှမသားချင်းတွေကလည်း လိုက်လိုက်ရောရောပါပဲ.. သူတို့သမီးစိတ်ချမ်းသာဖို့သာ အဓိကပါတဲ့..
ကောင်းလေးကလည်း သူတို့ သားလိုဖြစ်နေတာကိုး ..ငယ်ငယ်လေးထဲက နှစ်အိမ့်တစ်အိမ်ဆိုတော့ သူတို့လက်ပေါ်မှာပဲကြီးလာတာလေ..
အားလုံက မြန်မြန်ဆန်ဆန်ပဲ ကုသဖို့တိုက်တွန်းကြတယ်.. အဲဒီမှာ ကောင်လေးက ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်တယ်လေ..
ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့.. သူ့အတွက်နဲ့ သူငယ်ချင်းကောင်မလေး ဒုက္ခရောက်မှာကိုလည်း မလိုလားဘူး.... ပြီးတော့သူကိုယ်တိုင်ကလည်း လွန်ခဲ့အကြောင်းအရာတွေအတွက် ခံစားနေရတဲ့ ဝေဒနာကလည်း ရှိနေတယ်လေ.....
သူ့စိတ်သူ သိနေတယ် ...သူ့မှာ အကြောင်းပြချက်ရှိတယ်..ဒါပေမယ့်လို့ ဘယ်သူမှ သူ့ကိုနားမလည်နိုင်ကြဘူး..
အားလုံးက ရူးနေလား.. အဲဒီလိုမှ မကုသရင် သေသွားလိမ့်မယ် ဘာညာနဲ့ ပြောကြတယ်...ချော့တစ်ခါခြောက်တစ်လှည့်ပေါ့လေ...
အားလုံးထဲမှာက သူ့အမေနဲ့ သူ့သူငယ်ချင်းမလေးကတော့ တစ်ငိုငိုတစ်ရီရီနဲ့ပေါ့ဗျာ... နားလည်အောင်ဖေးဖေးမမ ပြောကြပါတယ်..
မရပါဘူးလေ.. ကောင်လေးက ငယ်ငယ်တည်းက ဂျစ်တစ်တစ် ခေါင်းမာမာရယ်။ ဆုံးဖြတ်ပြီးရင် မပြင်တတ်တဲ့ လူရယ်..
အဲဒီလိုနဲ့ပဲ နောက်ဆုံးတော့ ကောင်လေးရဲ့သဘောပေါ့.. ဒါကတော့ ထုံးစံအတိုင်းပဲလေ...ကောင်လေးလူမှန်းသိတတ်စအရွယ်ကတည်းက ကောင်လေးစိတ်ချမ်းသာဖို့သာ အဓိကပဲ သူ့အမေနဲ့ သူငယ်ချင်းမလေးက ဘာမဆိုဖြည့်ဆီးပေးတာက အထိုင်ကျနေတာ... ဒါပေမယ့်လို့ သူတို့တွေရဲ့စိတ်ထဲမှာ ကြေကွဲနေကြတယ်လေ...
အင်း ...သူတို့တွေကသာ စိတ်မကောင်းတွေဖြစ် ကောင်လေးကိုအရင်ကထက်ဂရုတွေစိုက်နေကြတာ...ကောင်လေးကတော့..
ဘာမှမဖြစ်သလိုပဲ ..ပေါ့ပေါ့ပါးပါးပဲ သူလုပ်ချင်တာတွေလုပ်လိုက်.. အိမ်ကိုလာတဲ့သူငယ်ချင်းတွေနဲ့ စကားတွေပြောလိုက်.ရီလိုက်မောလိုက်ပါပဲ.. ကောင်လေးပုံမှန်လုပ်နေကြအလုပ်တစ်ခုရှိတယ်.. အဲဒါ သူသိပ်ချစ်တဲ့ ကောင်မလေးကို တွေ့ချင်လို့...
ဘယ်အချိန်မှာများ လာမလဲပေါ့ မျှော်နေရတာကအလုပ်တစ်ခုလိုပါပဲ.. မနက်အိပ်ရာက ထထချင်း ဘာလုပ်သလဲဆို e-mail လေးများပို့ထားမလား ဘာတွေများမှာပြီး ဘာတွေများရေးထားမလဲဆိုတာကို ဖွင့်ကြည့်ရတာကအမော... ဘာမှမပို့ထားဘူးဆိုရင်လည်း
ဟိုအရင်တုန်းက ပြောထားတာလေးကို ဖတ်ကြည့်လိုက်.. လွမ်းလိုက်နဲ့ပေါ့... ဒီလိုနဲ့ပဲ.......
ကောင်လေးရဲ့ဘ၀က အဆုံးသတ်သွားတော့တာပေါ့ဗျာ............ အဲဒီမှာ ကောင်လေးက သူ့အမေကိုဘာမှာခဲ့သလဲဆိုရင် စာလေးတစ်စောင်ပေးခဲ့တယ်ဗျ.. သူမရှိတော့တဲ့ နောက်ပိုင်းမှာ ကောင်မလေးဆီကိုပို့ပေးပါဆိုပြီးတော့ ပေးခဲ့တာဗျ.......
ကောင်မလေးဆီကို သူ့အမေကိုယ်တိုင်ပဲ စာလေးကိုသွားပေးပါတယ်.. ကောင်မလေးကလည်း စာကိုချက်ချင်းဖေါက်ဖတ်တယ်ဗျ...
စာထဲမှာဘာတွေများပါမလဲပေါ့.......စာထဲမှာပါတာကတော့ တိုတိုလေးပါပဲ..............
" ငါမင်းကို ချစ်ခဲ့တာ ဘယ်သူတွေရဲ့တိုက်တွန်းချက်မှ မပါဘူး ငါ့ဆုံးဖြတ်ချက်နဲ့ငါချစ်ခဲ့တာ... မင်းကိုငါ ချစ်ရုံသက်သက်ပဲချစ်ခဲ့တာပါဟာ.. ချစ်တယ်လို့တောင်လွတ်လွတ်လပ်လပ်ပြောခွင့်မရှိပေမယ့်လည်း မင်းကို သိပ်ချစ်ခဲ့တဲ့ငါ့
နှလုံးသားတစ်စုံကို ဘယ်သူတွေရဲ့ နှလုံးသားနဲ့မှ အစားထိုးပြီးဆက်မချစ်ချင်လို့ ငါကိုယ်တိုင်ပဲဆုံးဖြတ်ခဲ့တယ်.. မင်းကိုငါသိပ်ချစ်တယ်.
ဒီစကားဟာ ငါ့နှလုံးသားစစ်စစ်နဲ့ပြောခဲ့တဲ့ နောက်ဆုံးစကားပါကွာ.. " ...
ကောင်လေးရဲ့ အုတ်ဂူ ဖွေးဖွေးလေးပေါ်မှာ တစ်ပါတ်ကိုတစ်ခါ ကောင်လေးရဲ့ မွေးရက်ရောက်တိုင်း ပန်းဆီးလှလှလေးတွေကို တွေ့တွေ့နေရတယ်ဗျ... အဲဒီ ပန်းဆီးလေးတွေကို ကောင်လေးရဲ့ သူငယ်ချင်းမလေးကပဲ. လာထားသါားတာလား.. ဒါမှမဟုတ်(ဟီး ၀က်ဝံလေးရဲ့ "ဒါမှမဟုတ်" တော့ဟုတ်ဘူးနော်) ကောင်လေးက သိပ်ချစ်ရတဲ့ ကောင်မလေးကပဲ လားထားသွားတာလားတော့ ကျွန်တော်လည်း မသိဘူးဗျ.. ကျွန်တော်သွားတိုင်းတော့ တွေ့တွေ့နေရတယ်...အယ်. ကျွန်တော့်ကို ဘာသွားလုပ်တာလဲ..ဟုတ်လား....
ကျွန်တော်လည်း အကြောင်းရှိလို့ပေါ့ဗျ..... ကောင်လေးက ကျွန်တော့်ရဲ့ ................................

Tuesday, August 25, 2009

အစားထိုးမရတဲ့နှလုံးသား

ကျွန်တော်ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြမယ်...
နားထောင်မှာလား... ဇာတ်လမ်းလေးရဲ့အစက ဒီလိုဗျ......
ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်နေတယ်.. ဒါလေးက ရိုးရိုးလေးပဲဟာကို..
ဒါပေမယ့်ကောင်လေးက ကောင်မလေးကို ချစ်နေတာပဲ သိတဲ့ကောင်.. သူဘယ်လောက်ထိချစ်တယ် သူမနဲ့ပက်သက်လို့
ဘယ်လောက်ခံစားရတယ်ဆိုတာကို ပြောမပြတတ်ဘူး..တွေ့တိုင်းချစ်တယ်ချစ်တယ်ပဲ ပြောတတ်တာ..
ကောင်မလေးကလည်း ဘာအခက်အခဲတွေရှိနေတယ် မပြောတတ်ပါဘူး.. မဖြစ်နိုင်ပါဘူး..နေပါဦးဆိုတာပဲ ပြောတတ်တာ..
ကဲ......ဒီနှစ်ယောက်ကိုဘယ့်နှယ့်လုပ်ကြပါ့ .ဒီလိုနဲ့ကြာလာတော့ ကောင်မလေးက နားငြီးလာတာလား အမြင်ပဲကပ်လာတာလား
တော့မသိဘူး ..နောက်နေ့ ကောင်လေးက ချစ်တယ်လို့လဲပြောရော နောက်ဘယ်တော့မှမပြောနဲ့တော့တဲ့ ....
ကောင်လေးလည်း အဲဒီလို ကောင်မလေးကပြောလိုက်ရော ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားတာပေါ့....
အလိုလိုကမှ ဘာမှမပြောတတ်လို့ ချစ်တယ်ဆိုတဲ့ စကားပဲ ထပ်တလဲလဲ ပြောနေရတဲ့ကောင်.. ဟိုက ဘာမှမပြာနဲ့ဆိုတော့လည်း ဘာမှကိုပြန်မပြောတော့တာ.... သူ့ရင်ထဲမှာခံစားနေရတာတွေကို သူ့ဘာသာသူပဲ သိမ်းထားလိုက်တော့တယ်..
ဒီလိုနဲ့ နေ့ရက်တွေတစ်ဖြည်းဖြည်းကြာခဲ့တာပေါ့....
လောကကြီးရဲ့ဇာတ်ဆရာ ကံကြမ္မာဆိုတာက ငြိမ်ငြိမ်နေတယ်မရှိဘူးဗျ.. နည်းနည်းလောက်တော့ လှုပ်ရှားလိုက်သေးတယ်..
ဘယ်လိုလှုပ်ရှားလိုက်တယ်တော့မသိဘူး... ကောင်လေးမှာ ကောင်လေးတောင်မသိလိုက်တဲ့ မွေးရာပါ နှလုံးရောဂါက ရှိနေတယ်လေ..
အင်း.. သိလိုက်တဲ့အချိန်ကျတော့ သွားပြီး လမ်းကဆုံးနေပြီ.. အစားထိုးကုသမှ ရမယ်တဲ့.... ဘယ်လိုလုပ်ရပါ့မလဲပေါ့......
အဲဒီမှာ ဘယ်လိုမှ မထင်မှတ်ထားတဲ့သူက နှလုံးလှူပါရစေတဲ့... ဟား တော်တော်များများက ၀မ်းသာကုန်တာပေါ့..
နှလုံးအလျှူရှင်တော့ တွေ့ပြီပေါ့လေ.. နှလုံးအလှူရှင်က ဘယ်သူလည်း ဆိုတော့.......
(ဟီး..ဟီး နောက်နေ့မှ ဆက်တာ ကောင်းပါတယ်လေ)

မကောင်းပုံများတော့

တစ်ခါတစ်လေတော့လည်း
စိတ်ပျက်မိပါရဲ့...
လူထဲကလူတွေ.. လူဖြစ်နေတော့လည်း
ခက်တော့ခက်သားပါလား...
ငါဆက်ဆံခဲ့ဘူးတဲ့လူတွေကပဲ မကောင်းတာလား
ငါကိုယ်တိုင်ကပဲ မကောင်းတာလား...
ဒါမှမဟုတ်....
လောကကြီးကိုက မကောင်းတာလား......အာ.... ရှုပ်ပါတယ်.. ဘာဆိုဘာမှ မကောင်းပါဘူး
အင်း အခု ရေးထားတဲ့ စာကလည်းမကောင်း
နောက်ရေးမယ့် စာတွေကလည်း ကောင်းမှာမဟုတ်ဘူး.
အရင်တုန်းက ရေးထားတဲ့ စာတွေကလည်း တစ်ခုမှ မကောင်းဘူး..
ငါ့မှာ ကောင်းတာဘာကျန်သေးလဲ..
တစ်ခါမှ မချစ်ခဲ့ဘူးသေးတဲ့ နှလုံးသားလေး
တစ်စုံတော့ကျန်သေးပါရဲ့....
ဟင့်...... ဒါတောင်မှ နဲ့တဲ့တဲ့ပဲကျန်တော့တာ...

"ကျွန်"

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တစ်ရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်
( mail ထဲမှ ရသော အကြောင်းအရာလေးကို ပြန်ပြီး လိုတိုးပိုလျော့ လုပ်လိုက်ပါတယ်)

Monday, August 24, 2009

gmailမှာကိုယ်မကြိုက်တဲ့သူတွေဆီကmail ကိုမလိုချင်ရင်


ကျွန်တော် ဒီပို့စ်လေးကို ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ပါဘူး....လူတိုင်းအတွက် အဆင်မပြေဘူးထင်လို့ပါ....
အဲ .ဒါပေမယ့်လို့ အခုတော့ မဖြစ်တော့ဘူးဗျ..တကယ်အသုံးလိုလာတဲ့ သူတွေကရှိနေမှကိုး........
ဒါကြောင့်လဲ ကျွန်တော်ကိုယ်တိုင် သုံးရက်လောက်အပင်ပန်းခံပြီး ရှာလိုက်ဖွေလိုက်ရတာ မျက်လုံးတောင် ချောက်ထဲရောက်နေပြီ...
ဟီး..ဟီး. မလိုတာတွေပြောနေတာ တော်တော်တောင်များသွားပြီ... ဘယ်ကစ မလဲဆိုတော့ အစကနေ စမယ်လေ...
အစဆိုတာ ထိပ်ဆုံးကလေ ဟဲ..
၁။ ကိုယ့်ရဲ့ gmail account ကိုဖွင့်ပြီးတော့ settings ထဲကိုသွားပါ.. အဲဒီ settings ထဲကမှ fliters ဆိုတာကို click ပေးလိုက်လေ...
၂။ filters ထဲမှာ Create a new filter ဆိုတာ ရှိတယ်ဗျ.. အဲဒါလေးကို နှိပ်လိုက်ပါဦး...
၃။ အင်း....ဟုတ်ပါပြီ.. from , to ,Subject ဆိုတာလေးပေါ်လာလိမ့်မယ်နော်..... From ထဲမှာ ကိုယ်မကြိုက်တဲ့(သို့မဟုတ်) ကိုယ့်ဆီကို
မလာစေချင်တဲ့ gmail account ကို ရိုက်ထည့်လိုက်လေ........ပြီးကျ ဘာမှရေးစရာမလိုတော့ဘူး..အောက်နားလေးက Next Step
ဆိုတာလေးကိုနှိပ်လိုက်ပါဦး.....
၎။ အဲဒီမှာ ထပ်ပေါ်လာဦးမယ်.... ပေါ်လာတဲ့ထဲကမှ ငါးခုမြောက်က Forword it to ဆိုတဲ့ စာနောက်မှာ ကိုယ်မကြိုက်တဲ့ ( သို့မဟုတ်) ကိုယ့်ဆီကို မလာစေချင်တဲ့ gmail account ကို နောက်တစ်ခါ ရိုက်ထည့်လိုက်ပါဦး.....
၅။ အားလုံးပြီးသွားရင် Forword it to ဆိုတာလေးရယ် Delete it ဆိုတာလေးရယ်ကို အမှန်ခြစ်လေးပေးလိုက်....
ပြီးသွားပြီ..... အားလုံးပဲလေ... ကိုယ်မကြိုက်တဲ့သူဆီကမေး ရောင်လို့တောင် ကိုယ့်ဆီကို မလာတော့ဘူး...ဟိုကဘယ်လိုပဲ ပို့ပို့ မရောက်ရေးချမရောက်... သူ့ဆီကတော့ မေးကထွက်သွားပါတယ်.. ပြီးကျသူ့ဆီပဲ ပြန်ရောက်သွားရော.. ဟီး..ဟီး. မကောင်ဘူးလား

Sunday, August 23, 2009

မင်းတော့သေပြီသာမှတ်


ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လိုအခြေအနေရှိလဲ..အေးဆေးပဲလား"
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေး ထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."
"ကျွေးပါတယ်ဆရာရယ်..."
"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့
ဒါနဲ့ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"
"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"
"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"
"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..
ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."
"အေးပါ...မြန်မြန်ပြောစမ်းပါ..."
"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."
"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."
"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."
"ဟေ!!!!...."
"သူကတော့ပင်ပန်းပြီးသေတာဆရာ"
"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."
"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."
"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"
"ဟို..ဟိုလေ....မီးလောင်လို့..."
"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."
"ဆရာ့.အိမ်ပေါ့ဆရာရယ်"
"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"
"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"
"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"
"ဆရာ့အမေ...."
"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"
"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...ဖျတ်ခနဲမြင်တာနဲ့......
ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ့တဲ့ဂေါက်ရိုက်တံနဲ့ နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တစ်ခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."
"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်းတော့သေပြီသာမှတ်."
(သူငယ်ချင်းတစ်ယောက်ပို့ပေးထားတဲ့ မေးထဲက အကြောင်းအရာလေးတစ်ခုပါ.. )

Saturday, August 22, 2009

ဘယ်သူပိုင်ဆိုင်သင့်လဲ

ဒီနေ့ညနေက ကျွန်တော်ကန်ဘေးကိုရောက်ဖြစ်တယ်... ကန်ဘေးမှာဆိုတော့လည်း သိတဲ့အတိုင်း အတွဲလေးတွေကိုယ်ဆီနဲ့ကိုး...... အင်း....ကျွန်တော်ကတော့ သိတဲ့အတိုင်း သိပ်စွံတဲ့သူဆိုတော့ တစ်ယောက်ထဲပေါ့ဗျ.... ဘာလုပ်တာလဲ ဟုတ်လား .... အင်း....ဘာမှ မလုပ်ဘူး.... အပျင်းပြေ ဆိုင်ကယ်လျှောက်စီးတာ..... ပြီးကျ အကြော်စားတယ်......... မိတ္ထီလာကန်ဘေးမှာ ဆိုင်ကယ်လျှောက်စီး ပြီးရင် အကြော်ဝင်စား ဘယ်လောက်ကောင်းလိုက်တဲ့ အကြံလဲ... အကြော်ဆိုင်ကို တစ်ယောက်ထဲ အူကြောင်ကြောင်နဲ့ ၀င်သွားလိုက် တယ်ဆိုရင်ပဲ လှမ်းခေါ်လိုက်သံ ကြားလိုက်ရတယ် ကျွန်တော်ကိုယ့်ကို ခေါ်တယ်လို့ မထင်ဘူးလေ.....မထင်လို့ လှည့်ကိုမကြည့်တာ... ရေနွေးဆင်တော့မှပဲ သိတော့တယ်... အားလားလား ဘယ်သူများ မှတ်နေလဲ ကိုယ့်သူငယ်ချင်းတို့ အတွဲဖြစ်နေတယ်... အဲဒီအတွဲကလည်းဗျာ ပေါက်ပေါက်ရှာရှာ ကျွန်တော့်လာခေါ်နေတယ်... သူတို့ကိုသူတို့ လွတ်လွတ်လပ်လပ် နေတာမဟုတ်ဘူး ....
ဘာလဲ ....ဘာလုပ်မလို့လဲ... နှစ်ယောက်လုံးကပြောတယ် ငါတို့ကို ကြားထဲကနေ တစ်ခုခု ပြောပေးတဲံ့... ဟာ မင်းတို့ကလည်း အရင်းမရှိ အဖျားမရှိ ငါက ဘာပြောပေးရမှာလဲလို့ မေးတော့ သကောင့်သားနှစ်ကောင်က သူတို့နှစ်ယောက်ငြင်းနေတာတဲံ့.... အဲဒါ ဘယ်သူနိုင်သလဲ ပြောပေးတဲ့.... ဟာ..အဲဒါမှ ဂွပဲဗျို့.. ကိုယ်ကလည်း ကြားဆိုဘယ်ကြားမှ မ၀င်ချင်ဘူးလေ... ဒါပေမယ့် မရဘူးဗျ.. ဒီနှစ်ယောက်က ဇွတ် တကယ့်မှဇွတ်ပဲ.......အေး ပြောကွာ ငါကဘာတွေ လုပ်ပေးရမှာလဲဆိုတော့..သူတို့နှစ်ယောက်ငြင်းနေတာက ဘာလည်းဆိုတော့ဗျာ တကယ့်ပြသနာကိုမှ ငြင်းနေကြတာ... လူတွေကသာ ဘာမှမဟုတ်တယ်.. သူတို့နှစ်ယောက်ငြင်းနေတာက ဘာမှတ်လဲ မွေးလာတဲ့ ကလေးကိုဘယ်သူက ပိုပြီးပိုင်ဆိုင်သင့်လဲ တဲ့ အဲဒါမှ ဒုက္ခပဲ ကျွန်တော်က ဘာပြောလို့ ရမှာတုန်း သူတို့လိုတောင်အတွဲ မရှိတဲ့ဟာကို....... ဖတ်ထားပြီးသားစာအုပ်ထဲကတစ်ခုကိုသွားသတိရလိုက်တယ် ကျွန်တော်လည်း သူငယ်ချင်းကို ပြန်ပြောပြလိုက်တယ်... မင်းတို့ နိုင်ငံခြားကားတွေကြည့်ဘူးတယ် မို့လား လို့ အဲဒီထဲမှာ ပါတယ် ဂျပန်ကားတွေဆို ပိုပြီးတော့တောင်ပါ သေးတယ်လေ... အချိုရည်ဝယ်ရင်လေ စက်ထဲကိုပိုက်ဆံ ထည့်လိုက်ယုံပဲ ပြီးကျ ကိုယ်ထည့်လိုက်တဲ့ တူညီမှု အတိုင်း အချိုရည်ဗူးပြန်ထွက်လာ တယ် လေ.. အေးအဲဒီလိုပဲ ... ကဲ ဒါဆိုရင် အဲဒီကထွက်လာတဲ့ အချိုရည်ဗူးက ပိုက်ဆံ ထည့်လိုက်တဲ့ သူပိုင်လား.. ပိုက်ဆံအထည့်ခံလိုက်ရတဲ့ စက်ကြီးကပိုင်လားလို့... ဟီးဟီး .....


ကျွန်တော်သူငယ်ချင်း အဲဒီတော့မှအားတက်သရော ဟ ပိုက်ဆံထည့်တဲ့ လူကပိုင်တာပေါ့ကွတဲ့ ...သူငယ်ချင်မလေးကတော့ ဘာမှတော့မပြောဘူး အဲ တစ်ခွန်းတော့ပြန်ပြောတယ် ပိုက်ဆံထည့်လိုက်တဲ့သူက ရတာတူညီမှုအတိုင်းရတာတဲ့ ပိုက်ဆံအထည့်ခံလိုက်ရတဲ့ စက်ကြီးက အထဲမှာ အချိုရည် ဗူးတွေအများကြီး ကျန်သေးတယ်ဆိုပဲ

Friday, August 21, 2009

အခက်အခဲ


ချစ်သူကို ရွှေနန်းထက်မှာ ထားချင်တယ်..
ဒါပေမယ့် ..လောလောဆယ် ကျွန်တော် ဖိနပ်ပျက်သွားတယ်..
ချစ်သူသွားလေရာမှာ
နေမပူ မိုးမစိုအောာင်အရိပ်ကလေးပေးဖို့
ထီးကလေးအဖြစ် အမြဲရှိနေချင်တယ်......
ဒါပေမယ့် ကျွန်တော်ချစ်တဲ့ ချစ်သူကို တစ်ခါမှ မမြင်ဘူးသေးဘူး.......
ကမ္ဘာကြီးက ရွာတစ်ရွာလို ဖြစ်နေပြီတဲ့
ဲ့ဒါပေမယ့် မိုင်ပေါင်းလေး သုံးရာလောက်ဝေးတဲ့မြို့ကို
လာဖို့ကြိုးစားနေတာ အခါသုံးရာမကတော့ဘူး
ကံကြမ္မာက နည်းနည်းလေး မျက်နှာသာပေးလို့
onlineပေါ်မှာ နေ့တိုင်းတော့ ဆုံရပါရဲ့
connection မကောင်းလို့
အသံလေးတောင် မကြားရတာတော်တော်လေးကြာခဲ့ပြီ....
မင်းကို သိပ်ချစ်ပါတယ်လို့ ပြောခဲ့တာ
ဒါပါနဲ့ဆိုအကြိမ် တစ်ထောင်ထက်မနည်းတော့ဘူး
ဒါပေမယ့် မင်းဘက်က ရောင်ရမ်းပြီးတော့တောင်
(အင်း... စဉ်းစားပေးမယ်လေ) လို့တောင်
တစ်ခါမှ မပြောခဲ့ဘူးနော်....
ဒါပေမယ့် ငါ့ဘက်က သေချာတယ်
မင်းကို အတိုင်းတာတစ်ခုထိ ချစ်တယ်........
( ဘ၀နဲ့ရင်းလို့ချစ်ပါတယ် ... အသက်မက ချစ်ပါတယ်လို့ လိမ်ပြီးတော့ မပြောချင်လို့ )

Thursday, August 20, 2009

ဖတ်မိသမျှ ဖောက်သည်ချတာ နော်..........






ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက စာကိုရတော့ ၀မ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ် တာပေါ့ ။ စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံအမှားတွေ ၊ စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်းပြန်ထည့်ပေးလိုက်တော့တယ် ။

ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က
ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို
ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ
ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ
(ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။
မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ
မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့
နိုင်ငံခြားတောင်သွားမလားလို့) ။ မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင်
(အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။
ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ
(ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ
မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး )
။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။ မီးက
ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ
ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့..
(မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား
လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက
ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။ တို့ရွာက
သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့
အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ
(အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။
နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)
အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့
(ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)
ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)
ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..
နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ
(ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။
စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို
အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါလို့ပေးမတဲ့ ။
(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ.
ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို
အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။ မီးတို့လည်း အဲလို
ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။
ကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ
လွမ်းချင်သေးတယ်) ။ မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့)
..ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)
အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။ မျိုသူတွေနဲ့ တွေ့ပီး
တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်က
ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။ ကိုယ်လုံး ပျံလာပါနော်
(တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။
မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ
(အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..
ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်) :'

Wednesday, August 19, 2009

အပိုမရှိတော့လို့

ချစ်သူ ငါ့ဘ၀မှာ
တန်ဖိုးကြီးတာဆိုလို့ဘာမှမရှိဘူးနော်.......
တန်ဖိုးဖြတ်မရတဲ့ပစ္စည်းတစ်ခုတော့ရှိတယ်......
အဲဒါက..မင်းကို ရိုးရိုးသားသားနဲ့ ချစ်တယ်......
ဒီပစ္စည်းက မင်းကို ငါ ရောင်းတာမဟုတ်ဘူးနော်
အလကားသက်သက် အပိုင်ပေးတာ..
အလကား ရတဲ့ ပစ္စည်းဆိုပြီး
မင်း တန်ဖိုးထားချင်မှ ထားပါ...
ဒါပေမယ့် လွင့်မပစ်လိုက်ပါနဲ့
ငါ့မှာ အပိုမရှိတော့လို့ပါကွာ.......

အလုပ်မရှိအလုပ်ရှာ စဉ်းစားလိုက်ပုံက

သူများတွေကတော့ပြောကြပါတယ် မင်းကတစ်ဦးတည်းသောသားမို့ ဒီစကားကိုပြောနိုင်တာပေါ့တဲ့..... ဟုတ်မဟုတ်တော့ကျွန်တော်လည်းမသိ....တစ်ဦးတည်းသောသားဖြစ်တိုင်း မိဘမောင်နှမသားချင်းအပေါ်မှာ သံယောဇဉ်မရှိကြဘူးလို့များ ထင်နေ သလား မသိ...........လူတိုင်းလူတိုင်းမှာအတ္တကိုယ်ဆီတော့ရှိကြမှာပဲ...
သေချာတာတစ်ခုကတော့ လူဆိုတာကိုယ့်ကိုကိုယ် ချစ်ကြတာမဟုတ်လားဗျာ...ဘယ်သူဘယ်ဝါ့ကို သိပ်ချစ်ပါတယ်.. အသက်မကချစ်ပါတယ်ဆိုတဲ့ စကားကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာကြားနေရတာ များပါတယ်..ဒါပေမယ့် ရည်းစားဘဝ
တုန်းကသာ မိုးလောက်ကြီးချစ်ပါတယ်ဆိုတဲ့ စကားတွေကအိမ်ထောင် သက် ၂နှစ် လောက်အတွင်း ဘယ်တွေများရောက်ကုန်ပါလိမ့်...ပြီး မိန်းမနဲ့ အမတွေညီမတွေနဲ့ မတည့်တော့ ဘယ်သူ့ဘက်ကို ဦးစားပေးကြသလဲ....များသောအားဖြင့်ကတော့ မိန်းမဖက်ကို အလေးသာကြပါတယ်.... ဘာဖြစ်လို့ မိန်းမဘက်ကို အလေးသာကြသလဲ.. လူတိုင်းကိုတော့ မဆိုလိုပါဘူး ..... ရာခိုင်နှုန်းတော်တော် များများကိုသာ ပြောတာပါ.... ဟုတ်တယ်
ပတ်ဝန်းကျင်ကို လေ့လာကြည့် တကယ်လက်တွေ့ဗျ... အဲဒါကြောင့်ပြောတာနေမှာ အမေပြောတော့ တစ်လ၊ မိန်းမပြောတော့ တစ်ညတဲ့.... ရိုးရိုးလေးပဲ စဉ်းစားကြည့် မောင်နှမ ဆိုတာ ရှေးရှေးတုန်းက ပါရမီကြောင့်သာ တစ်ဝမ်းထဲဖွားလို့ တော်ကြရတာ... ဘယ်သူဘယ်ဝါနဲ့ မောင်နှမ တော်ပါ့မယ်လို့ ရွေးလို့ရောရလို့လား......ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ တစ်ဝမ်းထဲမှ အတူတူမွေးရင် မောင်နှမတော်ကြရမှာပဲလေဗျာ.....ကိုယ်ကလည်းမရွေးပဲနဲ့တော်လိုက်ရတာနော်....ပြီးကျ ကိုယ်ကိုတိုင်ရရော တကယ်လိုချင်တာလား...မလိုချင်ဘူးလား.....သေချာလည်းမသိလိုက်ဘူးဖို့လား...................အဲ ရွေးထားတဲ့ အိမ်ထောင်ဖက်ကျတော့ အဲဒီလိုမဟုတ်ဘူးလေ.... ကိုယ်ကိုတိုင်ရွေးလိုက်ရတာ... ကိုယ်ကိုတိုင် လိုချင်လို့ယူလိုက်တာ.......သေချာတယ်လေ... အင်း တို့ကတော့ မိဘကပေးစားလို့ ယူလိုက်ရတာလို့တော့ လာမပြောနဲ့လေ.. အနည်းဆုံးကတော့ တစ်ဖက်ကလူကို မြင်ဘူးပြီးသား.. အကြောင်းသိပြီးသားလေ.... မောင်နှမတော်လိုက်ရတာလောက် မဆိုးသေးပါဘူး..ဟိုက ဘာမှကို မသိလိုက်ရတာကို............ကဲ ကောင်လေးငယ် မင်းက ဒီအကြောင်းတွေကို ဘာလို့ပြောနေတာလဲ.... ဘာရည်ရွယ်ချက်နဲ့လဲ လာမေးကြည့် ရှင်းရှင်းလေးပဲ ဟီး...ဟီးအလုပ်မရှိအလုပ်ရှာပြီး စဉ်းစားကြည့်တာ....အဲဒါလေးတွေကို အချိန်ကုန်ခံပြီး ဖတ်ပေးတဲ့ အစ်ကိုတို့ အစ်မတို့ကို ကျေးဇူးးပဲနော်..... နောက်လည်း လာဖတ်နော် ............တာ့တာ......

Tuesday, August 18, 2009

ခံစားမိသောနောင်တ

ရင်ဘက်ထဲကို မဖိတ်ခေါ်ပဲရောက်လာတယ် ပြီးကျ ဘ၀တစ်ခုလုံးကို ယူဆောင်သွားတယ်... ဒါပေမယ့် ကျေနပ်နေမိတယ်...
တကယ်ဆို ဖြစ်သင့်တာက ၀င်ခွင့်ပြုပါလို့ တစ်ချက်ကလေးတောင် မတောင်းဆိုပဲ ၀င်လာတဲ့သူကို လက်ခံလိုက်ကတည်းက
ကျွန်တော့်ဘ၀မှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရပြီ.. ဒါတွေကို ဘ၀လို့တောင်ထင်မိတယ်လေ...သူငယ်ချင်းတစ်ယောက်ကပြောတယ်.
"မင်း ၀ဋ်လည်တာတဲ့ .. ကိုယ်တိုင်ခံစားရမှ သိပြီလားတဲ"့ ဟုတ်မှာပဲလေ ကျောင်းတက်တုန်းက သူငယ်ချင်းတွေ ရည်းစားထားတယ်.
သူတို့ သဲသဲလှုပ်နေတာမြင်ရရင် ကျွန်တော်က ပြောင်တယ်၊ ပြောတယ်၊ မခံချင်အောင်စတယ်.. စကားကြီးစကားကျယ်တွေ တောင်ပြော လိုက်သေး....... ကျွန်တော့်ကို သူငယ်ချင်းတွေက မိတ်ဆက်ပေးတဲ့ကောင်မလေးတွေ တော်တော်များပါတယ်... အဲဒီထဲမှာလည်း တော်တော်များများက လှကြပါတယ် သဘောလည်းကောင်းကြတယ် ဒါပေမယ့် သူတို့ကို ကျွန်တော်က သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားလို့ရတယ်.. သူငယ်ချင်းအချင်းဆိုတော့ ရှိကြတာပေါ့ဗျာ မြှောက်ပေးတာတို့ လှော်ပေးတာတို့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ကတော့ ဒီတိုင်းပဲ ဘာမှမ မခံစားရတာကို ..သူငယ်ချင်းကောင်မလေးတွေကတောင် ပြောကြတယ် မင်းကတစ်ကောင်ကြွက် ပီပီ သူများ အပေါ် သံယောဇဉ်မထားတတ်ဘူး မချစ်တတ်ဘူးတဲ့..ကျွန်တော်က ငယ်ငယ်လေးထဲက ကျွန်တော့်ကို တစ်ကောင်ကြွက်လို့ခေါ်ရင် စိတ်ဆိုးတတ်တာကို သူငယ်ချင်းအရင်းကြီးတွေဆိုတော့ သူတို့က သိနေတယ်လေ... ဒါပေမယ့် ကျွန်တော့်ကို ကံတရားက မျက်နှာသာမပေးဘူးဗျ....ကျွန်တော်အခု တကယ်လည်းချစ်တတ်ရော ကျွန်တော်ချစ်တဲ့သူက ကျွတ်တော့်ကို ပြန်မချစ်သေးဘူး... ကျွန်တော်ခံစားနေရတာတွေ သူသိမှာလည်းမဟုတ်ပါဘူးလေ.. သူကျွန်တော့်အပေါ်မှာ အလေးလဲမစိုက်လောက်ပါဘူး.. ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ချစ်နေမှာပါ... အဲဒီလိုချစ်နေလို့လဲ စိတ်မောရတယ်..တစ်ခ်ါတစ်လေ ဘာလုပ်လို့ဘာကိုင်ရမှန်းကို မသိအောင် ဖြစ်ဖြစ်သွားပါတယ်.... ကျွန်တော့်မှာ မကောင်းတဲ့ အကျင့်တစ်ခုရှိတယ်...အဲဒါက ကျွန်တော်စိတ်ပျင်းပြီဆို တစ်ယောက်ထဲ ဆိုင်ကယ်လျှောက်ဆီးတယ်... ညနက်လေ စီးလို့ကောင်းလေပဲလေ... ကိုယ့်ရဲ့ ဖိစီးနေတဲ့စိတ်ကို ကျွန်တော့်ရဲ့ ဆိုင်ကယ်လေးအပေါ် ပုံချလိုက်တယ်.... လမ်းကျယ်ကျယ်မှာ ဆိုင်ကယ်ရဲ့လီဗာကို ဆွဲနိုင်သလောက်ဆွဲ မြန်ချင်သလောက်မြန် .....အိုး သိပ်အရသာရှိတာ...... အဲဒီလို အစီးကောင်းလို့ ဆိုင်ကယ်မှောက်ပါလေရော....ဟူး စိတ်ရဲ့ခံစားမှုကို ဦးစားပေးလိုက်တာ လောလောဆယ် ဆိုင်ကလေးကတော့ ဒုက္ခိတဖြစ်သွားတယ်........ဒီကောင်လေးကျန်းမာဖို့ အတွက် ကျွန်တော် တော်တော်လေးကြိုးစားရဦးမယ်... ဟဲ ကျွန်တော် စိတ်ပျင်းလို့ ဆိုင်ကယ်လျှောက်စီးတယ် ပြီးကျမှောက်တယ် ဆိုတာကို ဘယ်သူ့မှ မပြောပြရသေးဘူး... တော်ကြာကောင်မလေးက ပြန်မချစ်လို့ လျှောက်သွားတာ နည်းတောင်နည်းသေးလို့ ပြောကြမှာလေ... ဒါ့ကြောင့် ဘယ်သူမှမသိအောင် ဘလော့လေးမှာ လူစုံတုန်းပြောပြတာ..ဟီးဟီး... ကျွန်တော် သူငယ်ချင်းတွေအပေါ်မှာ မှိုချိုးပျှစ်ချိုးပြောခဲ့တာတွေကို နောင်တရမိပါတယ်ခင်ဗျာ တကယ်ပါ.. ပြောရင်မယုံဘူး.. တကယ်ခံစားရမှသိတယ်ဆိုတာ အဟုတ်ဗျ........
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဆက်ပြီးချစ်ဦးမှာပဲ.... ဟဲဟဲ ဒါပေမယ့် အခုတော့ လမ်းလျှောက်နေရတယ်.....

Saturday, August 15, 2009

တောင်းပန်ချက်


ကျွန်တော် ကောင်လေးငယ်သည် စိတ်၏မချမ်းသာခြင်း ကိုယ်၏မကျန်းမာခြင်းတွေနဲ့
ပြည့်စုံနေပါသဖြင့် ဘလော့လေးကို ခေတ္တခဏ ရပ်ဆိုင်းခွင့်ပြုပါရန် အစ်ကိုအစ်မ တို့ကို
တောင်းပန်အပ်ပါတယ်ခင်ဗျာ...........

Friday, August 14, 2009

ကွန်ပျူတာဆိုတာ


“ကွန်ပျူတာ”ဆိုတာ ဘာလဲတဲ့ !!
ပြောရမယ်ဆိုရင် ... သေချာတာတော့ .. “ကွန်ပျူတာ”ဟာ electronic device (ပစ္စည်း) တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ စတင်ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို လေ့လာမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)ကျော်လောက် တုန်းက ရှေးခေတ်လူသားတွေ သုံးခဲ့တဲ့ … “ပေသီး” (သို့) ဂဏန်းပေါင်းစက် (Abacus) ခေတ်ကို ပြန်ရောက် သွားပါလိမ့်မယ်။အဲဒီ (Abacus) “ပေသီး”ကနေ အခြေခံပြီး .. လူတွေဟာ ဂဏန်းပေါင်းစက် တီထွင်လာနိုင် သည်အထိ .. ဉာဏ်ရည်တွေ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ် .. ။ အဲဒီ ဂဏန်းပေါင်းစက် မှတစ်ဆင့် .. မှတ်ဉာဏ် (Memory) ပိုမိုကောင်းမွန် .. တွက်ချက် (processing)နိုင်သော ကွန်ပျူတာတွေအထိတီထွင်တိုးတက်လာ ခဲ့ပါတယ် … ကွန်ပျူတာရယ်လို့ ဖြစ်ပေါ်လာပေမယ့်လည်း .. ကွန်ပျူတာဆိုတဲ့ ရှေးသမိုင်းကြောင်းတွေ ထပ်ရှိ ပါသေးတယ် … ။ အသေးစိပ်ကို လေ့လာရင်တော့ … ရှေ့မရောက်ပဲ ဖြစ်ကုန်တော့မယ် အဓိက ဆိုလိုရင်း အဓိပ္ပါယ် (Main Concept) တွေကို သိရှိနားလည်မယ်ဆိုရင် ကွန်ပျူတာကို လေ့လာတဲ့အခါမှာ ပိုမိုလွယ်ကူစေ မှာ ဖြစ်ပါတယ် .. ။သမိုင်းကြောင်း တစ်ခုလုံးကို လေ့လာနေဖို့လည်း မလိုအပ်ပါဘူး .. ။ ဥပမာ ကိုယ်စားနေတဲ့ သစ်သီးတစ်လုံးနဲ့ ယှဉ်ပြီးစဉ်းစားကြည့်မယ်ဗျာ … ။ အဲဒီ“သစ်သီး” ဘယ်ကလာသလဲ .. ဘယ်အပင်ကလည်း .. ဒီလောက်သိထားရင် တော်ပီ။ ဒီအပင်ကို ဘယ်လိုစိုက်ခဲ့လဲ .. မြေသြဇာဘယ်လိုသုံးရလဲ .. မြေသြဇာအတွက် နွားချေးဘယ်နှစ်ပိဿာ ထည့်ရတယ်… အဲဒီအပင်က စိုထိုင်းတဲ့နေရာမှာ ပေါက်တာလား ..ပြီးတော့ခြောက် သွေ့တဲ့ နေရာမှ ပေါက်တာလား စသည်ဖြင့် .. ပုံစံတွေနဲ့ လေ့လာမယ်ဆိုရင် .. ဒါက စိုက်ပျိုးရေးသမား အလုပ် ဖြစ်သွားပါပြီ..။အဲဒီလိုပဲ ကိုယ်က ကွန်ပျူတာကိုလေ့လာမှာ ..အဆင့်မြင့်နည်းပညာဆီကိုလေ့လာမှာဆိုတော့ .. သမိုင်းကြောင်းလည်း အဲလောက်ကြီး နက်နက်နဲနဲ လေ့လာနေဖို့မလိုပါဘူး .. နောက်ပြန်ဆုတ်ရင်းနဲ့ ရှေ့မ ရောက်ပဲ ဖြစ်တတ်လို့ပါ … ။ ပိုဆိုးတာက .. နည်းပညာ (Technology) ဆိုတာကလည်း .. အချိန်နဲ့အမျှ ပြောင်းလဲတိုးတက် (update) အမြဲဖြစ်နေတဲ့အချိန် .. ။ အဲဒီအချိန်မှာ ကိုယ်က သမိုင်းကြောင်းပဲ အသေးစိတ် ပြန်သွားပြီး လေ့လာမယ်ဆိုရင် .. အကျိုးထူးလာနိုင်ဖို့ နည်းလမ်းနည်းပါတယ် ..မြောင်းကြီးကြီးခုန်ဖို့ နောက်ကို ခြေ(၂)လှမ်း၊ (၃)လှမ်းလောက် လှမ်းလိုက်ပါ။ ပြီးတော့မှ .. အရှိန်နဲ့ပြေးခုန်လိုက် .. ကိုယ်လိုချင်တဲ့ ဟိုဖက် အခြမ်း က .. Update Technology ကို မရောက်စရာ အကြောင်းမရှိပါဘူး .. ။ နောက်မဆုတ်ပဲနဲ့လည်း တန်းမခုန်လိုက်နဲ့ .. ချောက်ထဲကြသွားမယ်နောက်လည်းအရမ်းမဆုတ်လိုက်နဲ့ … နောက်ဆုတ်လွန်းရင်လည်း … ချောက်ရှိတယ် ကျသွားမယ်… … မိတ်ဆွေတို့ .. ။အကုန်လုံးသိပြီးသားတွေပါ .. ။ မေ့နေမှာစိုးလို့ သတိပေးယုံလေးပါ .. ။မိတ်ဆွေ၊ သူငယ်ချင်း၊ တိုင်းရင်းသားများ အားလုံး .. နည်းပညာ လေ့လာရေး လမ်းကြောင်းမှာ … အောင်မြင်ကြပါစေ .. ။ "ဟေ့ကောင်လေးငယ် ဒါတွေကို ဘာလို့ရေးနေတာလဲလို့ "မေးရင် ဟုတ်ကဲ့ ကျွန်တော်လည်း ဘာရေးရမလဲ မှန်းမသိလို့ စိတ်ထဲရှိတာရေးလိုက်တာပါလို့ ၀န်ခံပါရစေ... အစ်ကိုတို့အစ်မတို့ စိတ်ရှည်လက်ရှည်နဲ့ ဖတ်ပေးတဲ့ အတွက်ကျေးဇူးပါနော်

Thursday, August 13, 2009

အပြစ်လား လိုအပ်ချက်လား


ကျွန်တော် အွန်လိုင်းပေါ်မှာ မမတစ်ယောက်နဲ့စပြီး ခင်ခဲ့တယ်.... အဲဒီခင်မင်မှုကနေ ကျွန်တော့်ဘက်က စပြီးအရောင်ဆိုးသလိုဖြစ်သွားတယ် ပြီးတော့ခင်မင်မှုကို အခွင့်ကောင်းယူတယ်များ မမထင်နေလား မသိ ပါဘူး... ချစ်မိတာအပြစ်တော့ မဟုတ်လောက်ပါဘူးလေဗျာနော်...တကယ်လို့ချစ်မိတာအပြစ်ဖြစ်မယ်ဆို
ရင်လဲ အဲဒီကပေးတဲ့ အပြစ်ကို ကျွန်တော် ခံယူမှာပါ...ချစ်တယ်ဆိုတဲ့ စကားကိုလူတိုင်း ပြောမိကြမှာပါ...
ပြောရတာ လဲလွယ်တယ်လေ ဒါပေမယ့် တကယ်ကျတော့ခက်တယ်ဗျ.....တစ်ယောက်နဲ့တစ်ယောက်
လည်း မတူနိုင်ကြ ပါဘူး.. ကျွန်တော်က မမကိုချစ်တာကတစ်မျိုးဗျ... မမကို ကျွန်တော်ကပဲချစ်နေချင်တာပါ...သူ့ကိုချစ်တာသက်သက်ပါပဲ... အရင်းတုန်းကအကြောင်းတွေ အခုအကြောင်းတွေကို ဘာဆိုဘာမှ မသိချင်ဘူး.. စိတ်လည်းမ၀င်စားပါဘူး...ကျွန်တော်လေ တစ်ခါတစ်ခါစဉ်းစားမိပါတယ် အချစ်ဆိုတာ ပျော်ရွှင်မှုကိုပေး တာလား၊ ကြေကွဲမှုတွေကို ပေးတာလားဆိုတာကို မသိဘူး..သေချာတာတစ်ခုကတော့ မမနဲ့တွေ့ပြီးတဲ့ အချိန်နောက်ပိုင်းမှာ ကျွန်တော် သိသိသာသာ အများကြီြးေ့ပာင်းလဲလာခဲ့တာတော့ သေချာတယ်အရင်တုန်း ကတော့ ပုံမှန်ပဲလေ ကွန်ပျူတာရှေ့ထိုင်ရတာက ဘာမှ မသိသာဘူး ကျွန်တော် စမ်းစရာရှိတာကိုစမ်းတယ် ပြီးကျသုံးကြည့်တယ် software အသစ်လေးတွေရှာတယ် ဇာတ်လမ်းကြည့်တယ် ဒီလောက်ပါပဲ အခုကျတော့ ဒီလိုမဟုတ်တော့ဘူးဗျ... စိတ်ကိုက တက်ကြွနေတာ....မျှော်လင့်ချက်နဲ့ ရင်ခုန် ရတာက ဘယ်လိုခံစားမှုမှန်းကို မသိဘူး သူနဲ့ကျွန်တော်နဲ့ ချစ်သူတွေဖြစ်ဖို့ဘာတွေလိုအပ်နေသလဲ..လိုအပ်ချက်ကိုသိရရင်သိပ်ကောင်းမှာပဲဗျာ

Wednesday, August 12, 2009


ဘာတွေလိုမလဲ ဆိုတော့ Network card တပ်ဆင်ထားတဲ့ ကွန်ပျူတာ ၂-လုံး၊ ယင်း ကွန်ပျူတာ၂-လုံးတည်းကိုပဲ အပြန်အလှန် ချိတ်ဆက်ချင်တယ် ဆိုရင်တော့ ကွန်ပျူတာဆိုင်ကနေ crossovernetwork cable တစ်ချောင်း ဝယ်ပါ... ၂-လုံးထက် ပိုမယ် ဆိုရင်တော့ switch/hub ပါ ဝယ်စရာ လိုအပ်ပါတယ်...ကွန်ပျူတာမှာ Network card သို့မဟုတ် Network cable ကြိုးထိုးမယ့် အပေါက်မပါသေးဘူး ဆိုရင် Network Card (NIC - Network Interface Card) ဝယ်ပြီး ကွန်ပျူတာမှာတပ်ဆင်ပါ... ယင်း NIC နဲ့ပါလာတဲ့ Driver Disk ကို အသုံးပြုပြီး Windows မှ NIC card ကိုသိရှိစေရန် Install လုပ်ပေးပါ...Network card ကို သင့် windows က သိပြီလား... သိပြီ ဆိုရင်တော့...၁. Start » Control Panel ထဲဝင်ပါ...၂. Network Connections ဆိုတာ တွေ့အောင်ရှာ ပြီး double-click ခေါက်ပြီး ဖွင့်ပါ...၃. Local Area Connection ဆိုတာ တွေ့ရင် ထပ်ပြီး double-click ခေါက်ပြီး ဖွင့်ပေးပါဦး...၄. Properties button ကို ကလစ်နှိပ်ပေးပါ...၅. Internet Protocol (TCP/IP) ဆိုတာကို click ခေါက်ပြီး select လုပ်ပါ... ပြီးရင် Properties button ကို click ခေါက်ပါ...၆. Internet Protocol (TCP/IP) Properties ဆိုပြီး နောက်ထပ် dialog boxထပ်ပေါ်လာ ပါ လိမ့်မယ်... အဲဒီထဲက Use the following IP address ကို click ခေါက်ရွေးပြီး...၇. IP Address မှာ 192.168.0.1 ရိုက်ထည့်ပြီး Tab ခလုတ်နှိပ်လိုက်ပါ... အောက်မှာ ရှိတဲ့ subnet mask ထဲမှာ သူ့ဘာသာသူ 255.255.255.0 ဆိုပြီး ပေါ်လာ ပါလိမ့်မယ်... မပြင်ဘဲ ဒီအတိုင်း ထားလိုက်ပါ...၈. ပြီးရင် OK button တွေကို click နှိပ်ပြီး ထွက်ပါ...နောက်ထပ် ကွန်ပျူတာ ၁-လုံးအတွက်ကတော့ အပေါ်က အဆင့်တွေ အတိုင်း အဆင့်-၁ ကနေ အဆင့်-၆ အတိုင်း ပြန်သွားပါ... အဆင့်-၇ ရောက်ပြီဆိုရင်တော့ IP address မှာ 192.168.0.2 လို့ ရိုက်ထည့်ပေးပါ... 192.168.0.1 လို့တော့ ထပ်မထည့်ပါနဲ့... အဲဒါဆို ဒီ ကွန်ပျူတာ ၂-လုံး အပြန်အလှန် ဆက်သွယ်လို့ရမှာ မဟုတ်ပါဘူး...ဒီလိုဗျ... networkခုတည်းမှာကွန်ပျူတာတွေအတူတူ အပြန်အလှန် ဆက်သွယ် လို့ရစေချင်တယ်ဆိုရင် IP address မှာ “.” လေးတွေနဲ့ ခြားထားတဲ့ ဂဏန်း ထည့်လို့ရတဲ့ နေရာ၎-ခု ရှိတယ် မဟုတ်လား... အဲဒီလိုပဲ Subnet mask မှာလည်း ၄-ခု ရှိတယ်...IP Address : 192 . 168 . 0 . 1Subnet Mask : 255 . 255 . 255 . 0အပေါ်က စာကြောင်း ၂-ကြောင်းမှာ subnet mask ရဲ့ ပထမ ရှေ့ ၃-နေရာမှာ 255.255.255 ရှိပြီး နောက်ဆုံးနေရာမှာ 0 ဆိုပြီး ရှိနေတယ်နော်... IP address ရဲ့ ပထမ ရှေ့ ၃-နေရာမှာ 192.168.0 ဆိုပြီး ရှိနေတယ် မဟုတ်လား... ကွန်ပျူတာတွေကို network တစ်ခုတည်းမှာပဲ ရှိနေချင် တယ် ဆိုရင်(တစ်နည်းအားဖြင့် အပြန်အလှန် ဆက်သွယ်လို့ ရချင်တယ်ဆိုရင်) ကွန်ပျူတာတိုင်းရဲ့ IP address ပထမရှေ့ ၃-နေရာဟာ 192.168.0 ဖြစ်စရာလိုအပ်ပါတယ်... နောက်ဆုံး ၄-နေရာကတော့ မတူညီတဲ့ ဂဏန်းတန်းဖိုး တစ်ခုစီ ထားပေးရပါမယ်... ဒီမှာ အကွက် တစ်ခုချင်းစီ ထဲမှာ 1 ကနေ 254 အထိ ထည့်လို့ ရတယ်ဆိုတော့ ကျတော့်တို့ ကွန်ပျူတာ ၂၅၄-လုံးအထိ ပါဝင်တဲ့ network တစ်ခုတည်ဆောက်နိုင်ပါ တယ် ...IP Address : 192 . 168 . 222 . 1Subnet Mask : 255 . 255 . 255 . 0 ဒီမှာ ကျတော် IP address ရဲ့ တတိယ နေရာကို 222 ပြောင်းလိုက်တယ်ဆို ကျတော်တို့ ကွန်ပျူတာတိုင်းရဲ့ IP address တတိယ နေရာတိုင်းကို 222 လိုက်ပြောင်းစရာ လိုပါတယ်... ပထမ ကွန်ပျူတာရဲ့ IP address က 192.168.222.1 ဆိုရင် ဒုတိယတစ်လုံးက 192.168.222.2 ၊ တတိယ တစ်လုံးက 192.168.222.3 ..... နောက်ဆုံး ၂၅၄-လုံး မြောက်အလုံးက 192.168.222.254 ဆိုပြီး ပေးရပါမယ်...တစ်ခု မှတ်ထားဖို့က 192.168.222.1 ကို ကွန်ပျူတာ ၁-လုံးမှာ အသုံးပြုပြီးသားဆိုရင် နောက် ကွန်ပျူတာတွေမှာ ထပ်ပေးလို့ မရပါဘူး... ထပ်ပေးမိတယ်ဆိုရင် IP conflict ဖြစ်ပြီး သက်ဆိုင်ရာ ကွန်ပျူတာတွေ network အသုံးပြုလို့ မရတော့ပါဘူး...ပြီးကျဘာလိုသေးသလဲဆိုရင် workgroup ကတူနေရပါမယ်…Computer name က လည်း တစ်ခုနဲ့တစ်ခု မတူညီ ရပါဘူး ဥပမာ မောင်လှကနေ မောင်လှကိုခေါ်နေလို့ မရပါ ကိုယ့်ဘာသာကိုပြန်ခေါ် နေသလို ဖြစ်မှာပေါ့… ဟုတ်ဘူးလား…ဒါဆိုရင် မောင်မြကိုပြောင်းခေါ်ရမှာပေါ့ (မောင်မြမခေါ်ချင်လည်း မတင်လှ ခေါ်လေ) ဟဲဟဲ သားအေးမှခေါ်ချင်သပ ဆိုလည်း ရပါ့..အဓိကကတော့ တစ်ဖက်မှာရှိတဲ့ ကွန်ပျူတာ နဲ့ နာမည်မတူဖို့ အရေးကြီးတာ computer nameကို ဘယ်လိုပြောင်းရမလဲ ..လွယ်ပါတယ်ခင်ဗျ..
my computer ကို right click ပြီး properties ပေးလိုက်ပါ computer name ဆိုတဲ့ဆီကိုလည်းသွားလိုက်ပါဦး သွားပြီးရင် change ဆိုတဲ့ဟာကလေးကို click ပေးလိုက် ဦးနော် ဟော တွေ့ပါပြီဗျာ computer name အဲဒီမှာ စိတ်ကြိုက်နာမည်ကို ထည့်လိုက်ပေါ့ ပြီးကျ restart ဆင်းပေးလိုက်လေ ဟောပြီးပေါ့…..နောက်တစ်နေ့မှပဲ sharing အကြောင်းကို ဆက်ရေးတော့မယ်ဗျာ.. အား လက်ညောင်းလှပြီ

ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံရရှိလာသော အတွေးအကြုံလေးကို ပြောပြချင်ပါတယ်။
လူတိုင်း မိမိသုံးနေသော ကွန်ပျူတာ နှေးကွေးလေးလံနေပါက အသုံးပြုချင်မှာ မဟုတ်သလို စိတ်အနှောင့် အယှက်လဲ ဖြစ်ကြမှာပါ။ ကျွန်တော် အခု ဖော်ပြမယ့် နည်းလမ်းများက မေးမြန်းလေ့လာထားတဲ့ နည်းလမ်း
များ ဖြစ်ပါတယ်။ လိုအပ်ချက်တော့ ရှိမှာပါ။ ယခုလဲ ကျွန်တော်ကိုယ်တိုင် လက်တွေ့အသုံးပြုပြီး ကောင်းမွန်တဲ့ အတွက် စာဖတ်သူများကို ပြန်လည် Share လုပ်ခြင်း ဖြစ်ပါသည်။ သိတဲ့ လူတွေရှိသလို မသိတဲ့ လူတွေလဲ ရှိ မှာပါ။ မသိတဲ့ လူများအတွက် ရည်ရွယ်ပြီး ပြောပြတာပါ။ အောက်ပါအတိုင်း ပြုလုပ်သွားပါ။ အရင်ဦးဆုံး မိမိရဲ့ စက်ကို အမြင် ပြောင်းလဲရပါမယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။ ၁) Desktop ပေါ်က My Computeကို Right Click လုပ်ပါ။ Properties ကို ရွေးပါ။ ၂) System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။ ၃) Performance အောက်က Settings ကို ရွေးပါ။ ၄) Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။ ၅) Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင်Okပေါ့။ ကွန်ပျူတာစဖွင့်ရာမှ မြန်ဖို့အတွက် မလိုအပ်တဲ့ ဆော့ဝဲတွေကို လျော့ချ ရပါ လိမ့်မယ်။ ဖျက်ပစ်တာ မဟုတ် ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံကို စစ်နေရတဲ့ အတွက် ကြာလှပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ဆော့ဝဲလ်တွေ ပိတ်သင့်တာကို ပိတ်ရပါလိမ့်မယ်။ ကွန်ပျူတာမှာ အသုံးနည်းတဲ့ လုပ်ငန်းစဉ်ဖိုင်တွေကို ပိတ်ရပါ လိမ့်မယ်။ ဘာတွေလဲဆိုတော့ ၁) gttask ၂) Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ၃) Adobe Reader, Adobe Gamma စတာတွေ ဖြစ်ပါတယ်။ တခြား မိမိ အင်စတော သာလုပ်ထား တယ်။ အသုံးနည်းတယ်ဆိုရင် ပိတ်ထားနိုင်ပါတယ်။ အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက် ၁) Start မှ Run ကို ရွေးပါ။ ၂) Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။ ၃) System Configuration Utility Box ပေါ်လာပါက Startup ကိုရွေးပါ။ Startup တွင် အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများ ဖြုတ်၍ ပိတ်နိုင်ပါ တယ်။လုပ်ငန်းစဉ်များ ပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင် စက်ပြန်တက်လာသည့် အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်းလဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့ မေးခွန်း message ပါ။ Don’t Show စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အချိန်မှာ မစစ်အောင်ပဲ ပိတ်ထားတာပါ။ မိမိလိုအပ်တဲ့အချိန် Start မှနေ၍ ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ ပြန်လည်အသုံးပြု၍ ရပါတယ်။ အကယ်၍ မိမိသည် အဆိုပါ ဖိုင်တို့ကို ပိတ်ထားရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက်တစ်ရွက်တွင် ရေးမှတ်ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ မိမိပိတ်မည့် ဖိုင်တို့၏ အရေးကြီးပုံ၊ အရေးမကြီးပုံ၊ အသုံးဝင်ပုံတို့ကို ဖတ်ချင်လျှင် အင်တာနက်မှ http://www.process-library.com/ ၏ Search Box တွင် သွားရောက် ကြည့်ရှုနိုင်ပါတယ်။ နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထား ရမှာ ဖြစ်ပါတယ်။၁) Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။ ၂) Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။ ၃) Services box ကို ရောက်ရင် အောက်ပါလုပ် ငန်း များကို ပိတ်ထားနိုင်ပါတယ်။ ၁) Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ startup type အကွက်တွင် Disable ကို ရွေးပါ။ ပြီးလျှင် Apply , Ok ။၂) အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider , IMAPI CD-Burning တို့ကို ပိတ်ပါ။ နောက်တစ်ခုက လူတိုင်း မထင်မှတ်ထားတဲ့ အရာလေးပါ။ Fonts များကို လျော့ချရမှာ ဖြစ် ပါတယ်။ ဟုတ်ပါတယ်။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်သုံးနေရတာက ၁၀ ခုတောင် မကျော်ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲ ထားပြီး မလိုဘူးထင်တာတွေ ဖျက်ပစ်ပါ။ တစ်ခုလောက်တော့ သတိပေးချင်ပါတယ်။ ဖောင့်တွေဖျက်တဲ့နေရာမှာ Character Map မှာ ကိုယ်သုံးနေတဲ့ font တွေကိုတော့ မဖျက်ပစ်မိဖို့ ဖြစ်ပါတယ်။ ဥပမာ- Webdings နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။၁) My Computer ကို ဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။ ၂) Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။ ၃) Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။ နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ Disk Defragmenter လုပ်တာပါ။ ဒီနည်းလမ်းကို နေ့စဉ် စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။ ၁) Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။ ၂) Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။ Local Disk (D:) ကိုလဲ ထိုနည်းအတိုင်း ပြုလုပ်ပါ။ ကဲ ဒီလောက်ဆိုရင် စက်လဲ သွက်လောက်ရောပေါ့။ နောက်ကြုံမှပဲ ဒီထက်ကောင်းတဲ့ နည်းလမ်းများကို ရှာဖွေ ဖော်ပြပေးပါမယ်။ အားလုံး အသုံးဝင်၍ ပျော်ရွှင်ကြပါစေ

Monday, August 10, 2009

မျှဝေမှု လေးပါ


ဒီနေ့မနက်က ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဖုန်းဆက်တယ်....မြန်မြန်လေးလာခဲ့ပါတဲ့..သူ့ရဲ့ကွန်ပျူတာမှာ သောင်းကျန်းနေတဲ့ဗိုင်းရပ်စ်ကိုပြချင်လို့ဆိုပြီး လှမ်းခေါ်တယ်..ကောင်လေးငယ်တို့က အဲဒါမျိုးဆို နှစ်ခါမပြောရဘူး ဆိုင်ကယ်သော့လေးကောက်ဆွဲပြီး ပြေးတော့တာပေါ့အင်း ပြောရရင်တော့လမ်းမှာ နည်းနည်းကြန့်ကြာသွားတယ်ဗျ... သူငယ်ချင်းဗိုင်းရပ်စ်က ဒုက္ခပေးမပေးတော့ မသေချာသေးဘူး သေချာတာကတော့ ကျွန်တော့်ကို ရဲနဲ့မော်တော်ပီကယ်နဲ့က စပြီးတော့ ဒုက္ခပေးတော့တာ.... ဦးထုပ်မဆောင်းလို့ ဒဏ်ငွေ ၁၂၀၀၀ တဲ့ ဟောပါသွားပြီ..ဟုတ်ပါတယ်လေ ကိုယ်ကမှ စည်းကမ်းနဲ့ မညီတာဒဏ်ငွေဆောင်ရတာကိုတော့ အပြစ်မပြောတော့ပါဘူး အဲပြောချင်တာက သူ့တို့ရဲ့ပါးစပ်က အရက်နံ့တွေလှိုင်ထွက်နေတာကိုပါ တစ်ယောက်ကိုအနည်းဆုံး ၁၂၀၀၀ ဆိုတော့ သူတို့တွေ အဲဒီနေ့က ခွေးဘုရားပွဲတွေ့နေတဲံ့ အတိုင်းပဲဗျ....သူငယ်ချင်းဆီရောက်တော့ ကွန်ပျူတာကိုကြည့်လိုက်တယ် ဟုတ်တယ်ဗျ သူ့ရဲ့ destopမှာ လွိုင်ကော်ကို လာခဲ့ပါတွေပြောနေတယ် ပြီးကျတော့ သူကဘာလုပ်တယ်မှတ်သလဲ..Fonder Options တွေပျောက်သွားတယ်၊ Task Manager တွေပျောက်၊Run Box တွေခေါ်မရနဲ့ တော်တော်သောင်းကျန်းနေတာ.....သူ့ပုံစံကိုကြည့်လိုက်တော့ autourun file နဲ့ဗျ... အဲဒီမှာ ကံကကောင်းချင်တော့ System restore ခေါ်ကြည့်လိုက်တော့ ရပါတယ် ဒါနဲ့ ကျွန်တော်လည်း စိတ်ချရမယ့် date နဲ့ကိုက်ပြီး system check point လုပ်လိုက်တယ်...ပြီးရင် restart ဆင်းပေးလိုက်တယ် အင်း ရတော့ရသွားပြီဗျ Fonder Optionsပြန်ပေါ်လာတယ်... Task Manager တို့ Run Box တို့လည်းပြန်ရတယ်ဗျ.... ဒါဆိုရင်တော့ အခြေအနေက တော်တော်ကောင်းသွားပြီကိုး ကျွန်တော်လည်းစိတ်မချသေးတာနဲ့ Ativira Antivir Virus လေးကို Update လုပ်ပြီး Scan စစ်လိုက်တော့ အားလုံး ရှင်းသွားတယ် Ativira Antivir Virus ကို အစ်ကိုတို့ အမ တို့သိတယ်မို့လား ထီးပုံစံ အနီလေးနဲ့လေ...ကိုကိုတို့ မမ တို့ရဲ့စက်ထဲမှာ အဲဒီက လွိုင်ကော်က ဗိုင်းရပ်စ်မွှေနေရင် အထက်ပါအတိုင်းလေးသာ လုပ်လိုက် ok မှ ok ပဲ..... ဒါလေးက လက်တွေ့နော်..... အခက်အခဲရှိရင် ကျွန်တော့်ရဲ့ gmail မှာလှမ်းပြီး ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ...............

အပျိုကြီးဒုက္ခ

၁၆၊၁၉ ပျော်မဆုံး

လာသမျှကို ဟောက်လွှတ်တုန်း

၂၀၊၃၀ မပြောချင်တယ်

ပိုးသမျှကို ကောချင်တုန်း

၄၀ အထက်ပိုင်း ဟိုင်းပါမှ

နီးရာလူဆွယ် အမိတွယ်သည်

သြော်......... အပျိုကြီး

ဒုက္ခပါတကား.........

ကောင်လေးငယ်

Sunday, August 9, 2009

ရှုပ်တယ်အလကား

မိန်းမတွေအလုပ်ရှုပ်ပုံများကတော့ ကြုံမကြုံဘူးပေါင်..
ခင်ဗျားတို့လည်း ဘွဲ့ယူဘူးကြမှာပါ...သတိထားကြည့်
ဘွဲ့ယူတဲ့အခါမှာဗျာ မိန်းမ အယောက်၁၀၀ ရှိရင်
၁၀၀လုံးကလက်ကိုင်အိတ်ကိုင်ကြတယ်ဗျ..
ဘာလုပ်ဖို့မှန်းတော့မသိဘူး ကိုင်တော့ကိုင်ကြတာပဲ...
အိတ်ထဲကိုသွားကြည့်ဘာမှလဲပါတာမဟုတ်ပါဘူး
နောက်ဆုံး မှန်လေး ဘီးလေးတောင်ပါတာမဟုတ်ဘူး အခွံသက်သက်ကြီး သူတို့ကိုင်တဲ့လက်ကိုင်အိတ်ဖွဲ့စည်းပုံကိုကဘာမှထည့်လို့မရတာ
ဖောင်းတော့ဖောင်းနေတာပဲဒါပေမယ့် အဟဲ..ဟဲ.
ဖောင်းနေတာပဲ (လက်ကိုင်အိတ်ပြောပါတယ်)
စင်ပေါ်တက်တဲ့အခါမှာတော့လက်ကလေးနဲ့
ချိတ်ကြွကြွရွရွလေးတက်သွားပြီးတော
့ဘွဲ့လက်မှတ်လို့ပြောတဲ့စာရွက်ကလေးကိုယူ
ပြန်ဆင်းလာဒါပဲဘာမှမကြာလိုက်ဘူးလက်မှတ်ကယူပြီးသွားပြီ...
ဘာမှသာမကြာလိုက်တာအဲဒီဘွဲ့ယူဖို့ကိုပြင်ရဆင်ရတာက
တော်တော်ကြာတယ်ဆိုပဲအကျီင်္အရောင်ရွေး၊ထမိန်အရောင်ရွေး၊
ဖိနပ်ကအစပန်းအထိအကုန်ကိုအလုပ်ရှုပ်တော့တာ
ကျွန်တော်တော့သူတို့ကိုကြည့်ပြီးတော်တော်အူယားတာဗျ
(လက်ကိုင်အိတ်ကဘာမှထည့်မရသလိုဘွဲ့လက်မှတ်ကလည်း
ဘယ်နေရာမှာသုံးနေလဲမသိပါဘူးဗျာ)

PS..ကဲ..မမတို့ရေ ကျွန်တော့်ကို ဆဲသာဆဲ အဟဲ
ကျွန်တော်ကလည်း မဆိုင်တာဝင်ရှုပ်တာကိုး။
အစ်ကိုတို့ကတော့ သဘောကျရင်ပြော... ကျွန်တော်ကမြှောက်ပေးရင်
အင်း ဟိုလေ.. ဟို..အဲ အမောဆို့အောင် ကတာလို့

ကောင်လေးငယ်

Saturday, August 8, 2009

ငှားနိုင်တဲ့ဘဝ

သူငယ်ချင်း
ငါ့မှာရှိတဲ့ ငါ့ဥစ္စာမှာ
စာအုပ်ဆိုတာ
ငါအမြတ်နိုးဆုံး သူငယ်ချင်း
ခွင့်တောင်းလာငှား
တစ်ချို့များက
ရိုက်စားလုပ်တယ် သူငယ်ချင်း
မငှားပြန်လျှင် တစ်မျိုးထင်မို့
ပြန်ပေးမယ်ဆိုလာငှား
ငါ့ ရည်းစားတောင်
ငါငှားနိုင်တယ် သူငယ်ချင်း


ကောင်လေးငယ်

Friday, August 7, 2009

"သြော်..ငါ့ဘ၀နှယ်"

ငါ့ကိုယ်ငါ

အမွှေးတိုင်လုပ်မိလို့

ပြာတွေကလည်း

တဖုတ်ဖုတ်.....

ရိုးတံလေးက ငုတ်တုတ်....

အဲဒါလေး ကျန်ခဲ့တာကိုပဲ

( ချစ်သူက...)

သွားကြားထိုးတံ...

လုပ်သွားသေးတယ်။


ကောင်လေးငယ်

Thursday, August 6, 2009

အရပ်ကူပါ လူဝိုင်းပါ

anime Pictures, Images and Photos

ကျွန်တော်လူမှန်းသိတတ်စအရွယ်ကတည်းကမေမေ့ကိုအမြဲပူဆာတယ်
ကျွန်တော့်အမေကလည်း (စိတ်ညစ်ညစ်နဲ့) ရယ်ပြီးချော့တယ်ဗျ
ကျွန်တော်ကသူများကလေးတွေလိုအရုပ်တို့၊မုန့်တို့လိုမပူဆာပါဘူး
တစ်ခုပဲအမြဲတောင်းတာ(ဖေကြီးနဲ့မေမေတို့ ဆုံကြတိုင်း)
ကျွန်တော်တောင်းတာညီလေးတို့ညီမလေးတို့မွေးခိုင်းတာဗျ
အဲဒါကိုပဲမပေးနိုင်ကြဘူးဗျကျွန်တော်လည်းကြာတော့စိတ်ဆိုးလာတာပေါ့
မေမေ့ကိုပြောလိုက်တယ် "မေမေတို့ကသားကိုတကယ်မချစ်ပါဘူးလို့"
အဲလိုပြောလိုက်တော့မေမေ့မျက်နှာတစ်မျိုးပြောင်းသွားတယ်
ပြီးတော့ကျွန်တော့်ကိုပြန်ပြောတာကတစ်ခွန်းတည်းဗျ......
"သားရယ်မေမေသားကိုသိပ်ချစ်တာပေါ့ကွယ်၊သားဘာယူမလဲကြိုက်တာတောင်းမေမေဖြည့်ဆီးပေးမယ် ဒါပေမယ့်သားလိုချင်တဲ့ညီလေးတို့ညီမလေးတို့ကိုမေမေကမွေးလို့မရတော့ဘူး"
ဆိုပြီးဗိုက်ကိုလှန်ပြတယ်။မေမေ့ဗိုက်မှာလေချုပ်ထားတဲ့အရာကြီးကတစ်ထွာကျော်ကျော်လောက် ရှိတယ်မေမေကပြောပြတယ် "သားကိုမွေးတုန်းကဗိုက်ခွဲပြီးမွေးရတာလေ
အဲဒီမှာသားအိမ်ကစောက်ထိုးကြီးဖြစ်နေတယ်ဘယ်လိုမှမွေးမရလို့
သားအိမ်ကိုထုတ်လိုက်ရတယ်။မေမေ့ဘ၀မှာသားသမီးဆိုလို့သားတစ်ယောက်တည်းပဲရှိတာ ထပ်မွေးလို့လည်းမရတော့ပါဘူး" ဆိုပြီးမျက်ရည်ကျတယ်။နောက်ပိုင်းကျ ကျွန်တော်လည်းမပူဆာတော့ပါဘူးလေ။ကျောင်းမှာရှိတဲ့သူငယ်ချင်းတွေကိုပဲ
ညီကိုမောင်နှမလိုပေါင်းတယ်ပြီးတော့အိမ်ကိုအလည်ခေါ်တယ်။
ကျောင်းပိတ်ရက်ကျမေမေကမုန့်တွေတစ်ခုပြီးတစ်ခုလုပ်ကျွေးတယ်လေ.....
ဒီလိုနဲ့ကျွန်တော်လည်းအရွယ်ရောက်လာတာပေါ့အခုဆိုရင်ဒီနှစ်စာမေးပွဲဖြေပြီးရင်
ဘွဲ့တစ်ခုကရပြီဘွဲ့တစ်ခုရတာကပြသနာမရှိဘူးဗျ။ပြသနာကမေမေကအခု
ကျွန်တော့်ကိုပြန်ပြီးပူဆာနေတာကဒုက္ခဗျို့ "ငါ့သားမင်းဘွဲ့လည်းရတော့မယ်
အေး..အရွယ်ရောက်တော့မယ်။ဒီတစ်ခါတော့မေမေကသားကိုတစ်ခုတောင်းချင်တယ်။
ငါ့သားမင်းပေးနိုင်ပါ့မလားတဲ့ "ကျွန်တော်ကလည်းမေမေဘာလိုချင်လို့လဲ ပေးမှာပေါ့လို့ပြောလိုက်တယ်လေ.......မေမေကဘာတောင်းတယ်မှတ်လဲ
ငါ့သားမေမေသမီးလိုချင်တယ်မင်းရှာပေးတဲ့ဟောဗျာငယ်ငယ်တုန်းကအမှုကခုကျမှ တိုင်ကိုပတ်ကရောဗျို့ကျွန်တော်ကလည်းဒီဘက်ဆိုအစွမ်းအစကသိပ်ရှိတာ...
ရည်းစားဆိုတာကြီးကိုတစ်ခါမှထားဘူးတာမဟုတ်ဘုမသိဘမသိနဲ့မေ့မေ့ကိုနေပါဦးဗျာဆိုပြီး သွားဖြီးလေးနဲ့ပြန်ချော့ထားရတယ်......အရပ်ကတို့ရေကယ်ကြပါဦးအခုတော့ကိုယ်ကလည်း
တွေ့လည်းတွေ့တကယ်ကလည်းချစ်၊အချစ်ဆိုတာကြီးကိုအတုံးလိုက်အတစ်လိုက်လည်း
ခံစားရရောသူကတစ်ခွန်းတည်းပြန်ပြောလိုက်တယ်
အချစ်ဆိုတာကြာလာတော့လည်းဘာမှမဟုတ်ပါဘူးတဲ့ဗျာ
သူကသာဘာမှမဟုတ်ဘူးပြောနေတာဒီကကောင်ဖြင့်ရူးတော့မယ်ဗျ.....

ကောင်လေးငယ်

Tuesday, August 4, 2009

ပြောမယုံကြုံဘူးမှသိ

photo Pictures, Images and Photos

ကျွန်တော့မှာသူငယ်ချင်းတစ်ယောက်ရှိတယ်သူကတော့
ဓါတ်ပုံဒီဇိုင်နာတစ်ယောက်ပေါ့တစ်နေ့မှာ
ဦးလေးတစ်ယောက်ကဓါတ်ပုံပြင်ဖို့အတွက်ပုံလာအပ်တယ်။
သူရိုက်ထားတဲ့ပုံလေးတွေကိုနောက်ခံပြောင်းတာတို့၊
ပုံပြုပြင်တာတို့လာလုပ်ခိုင်းတယ်။သူလုပ်ခိုင်းတာကပြဿနာမဟုတ်ပါ
ပြဿနာကတော့အခုချက်ချင်းလိုချင်တာတဲ့ရွာအပြန်ကားမှီဖို့အတွက်
နာရီဝက်လောက်ပဲအချိန်ရသတဲ့ဗျာ။ပြင်ရမယ့်ပုံတွေကလည်းနည်းနည်း
ဆိုမပြောပါဘူးပုံ(၂၀၀)ကျော်တောင်ရိုက်ထားတဲ့ပုံတွေကလည်း
ဝဏခွါနီးတောင်အရှုံးပေးလောက်တယ်..မျက်စိမှိတ်နေတာနဲ့၊
ခေါင်းစောင်းလည်လိမ်နေတာနဲ့ပြောရရင်တော့
ပြောမဆုံးပေါင်တောသုံးထောင်ပါပဲ။
အဲဒီမှာကိုယ့်လူကလည်းအလုပ်ကလည်းရှုပ်
စိတ်ကလည်းညစ်ညစ်နဲ့ဦးလေးကိုရှင်းပြရှာပါတယ်။
ဦးလေး(၃)ရက်လောက်တော့ကြာမယ်။
ဦးလေးပုံတွေကများလည်းများတယ်ဆိုးလည်းဆိုးတယ်
တော်တော်လုပ်ယူရမှာတစ်ပုံချင်းဆီကိုသေသေချာချာလုပ်ရမယ်ဆိုပြီး
photoshopထဲမှာအစမ်းသဘောနဲ့ဖြတ်ပြတာပေါ့
ဦးလေးကြီးကသဘောပေါက်သွားပုံနဲ့
"ဟ ..မင်းဟာတစ်ပုံခြင်းဆီသေချာဖြတ်ရတာကြာသားပဲ၊အေးအေး
နောက်တစ်ခေါက်လာရင်ငါဖြတ်ပြီးမှယူလာခဲ့မယ်"လို့ပြောတော့
ကိုယ့်လူကလည်းဟန်ကျပြီဆိုပြီးအဲဒါဆိုရင်တော့မြန်တာပေါ့ဦးလေးရယ်
နောက်တစ်ခါဆိုအိမ်ကဖြတ်ခဲ့ရင်အမြန်ဆုံးလုပ်ပေးမယ်လို့ပြောလိုက်တယ်။
နောက်တစ်ပါတ်လောက်ကြာတော့ဦးလေးကြီးပြန်ရောက်လာတယ်။
ငါပုံတွေကိုအိမ်ကဖြတ်လာတယ်ဒီတစ်ခါတော့မြန်ပါပြီကွနော်ဆိုပြီး
ပုံတွေကိုထုတ်ပြလိုက်တယ်။အဲ..အဲ ..ဘာလုပ်လာသလဲသိချင်ကြလား?

(အဲ.......ဦးလေးကြီးကကျကျနနဓါတ်ပုံတွေကို
သေသေချာချာလေးကပ်ကြေးနဲ့ဖြတ်လာပါတော့တယ်)



ကောင်လေးငယ်

Monday, August 3, 2009

စဉ်းစားကြပါဦးဗျာ

Anime Pictures, Images and Photos

ကျွန်တော်အသက်က၂၀ပြည့်ပြီးပါပြီ
ဒီအရွယ်ကစိတ်ကစားတတ်တဲ့အရွယ်တော့မဟုတ်လောက်တော့ပါဘူးဗျာနော်.....
ပြီးတော့ကျွန်တော်ကကိုယ်ဝါသနာပါတဲ့အလုပ်ကိုစပြီးလုပ်နေပြီလေဗျာ လုပ်ငန်းထဲကိုရောက်နေပြီဆိုပါတော့အဲဒါတွေကအဓိကမဟုတ်ပါဘူး
ဟဲဟဲ...စကားပုလ္လင်ခံနေတာဗျကျွန်တော်ပြောချင်တာကတော့လူတစ်ယောက်ကို ချစ်မိနေပြီဆိုတာကိုဗျဘယ်လိုချစ်သလဲလို့တော့
မေးမနေတော့ဗျို့ (မမေးလဲ ပြောမှာပဲ..ဟဲဟဲ)
သူနဲ့အချိန်တိုင်းတွေ့နေချင်တယ်စကားတွေအများကြီးပြောချင်နေတယ်
ပြီးတော့သူ့ကိုကျွန်တော်ပဲချစ်နေချင်တာသူ့ဆီကဘာမှပြန်မလိုချင်ဘူး
သူစိတ်ရှုပ်သွားမှာကြောက်တယ်ပြီးတော့ကျွန်တော့်ကိုပြန်ချစ်ပါလို့လဲ
မပြောရဲဘူးဗျ... ဘာလို့လဲဆိုတော့အလှမ်းကဝေးလွန်းတယ်
ကျွန်တော်တို့ကသာမန်လူတန်းစားလေဒါပေမယ့်တစ်ဦးတည်းသောသားပါ။
အဲဒါကြောင့်သူ့ကိုကျွန်တော်ချစ်တဲ့အချစ်ကပိုပြီးလေးနက်တယ်..ထင်ပါ့....
ဘာလို့လဲဆိုတော့သူ့ကိုအစ်မတစ်ယောက်လိုလဲချစ်တယ်
ချစ်သူတစ်ယောက်လိုလဲသိပ်ချစ်တာဗျ....
အမှန်တိုင်းဝန်ခံရရင်လူဆိုတာကိုယ့်ကိုကိုယ်ပိုချစ်ကျတာမဟုတ်လားဗျာ
ဒါပေမယ့်ချစ်တာချင်းကမတူဘူးဗျသူ့ကိုကျွန်တော်ကချစ်တာသက်သက်ပဲ
ဘာမှမပါဘူးအဲဒါကျွန်တော်ဘယ်လိုလုပ်ရမလဲ?
ကြုံတွေ့ခဲ့ဖူးရင်ကိုယ်ချင်းစာပြီးအကြံဥာဏ်လေးများလည်းပေးကြပါဦးနော်...

ကောင်လေးငယ်

Sunday, August 2, 2009

"ခက်ပါတယ်"

ရွာက ပျိုကညာ

ကျောင်းရောက်လာမှ

ထမိန်အကွဲ ၊စကပ်ပြဲနှင့်

လမ်းလျှောက်ပုံများ

မိတော့မိသား

အမာရွက် ဖွဲဖွဲ

အသားမည်းနှင့်

မဆီမလျှော်

ဝတ်ပုံများတော့

ပြောရမှာက

ခက်တော့ခက်သား



ကောင်လေးငယ်

Saturday, August 1, 2009

"သားအလိမ္မာ"

သူငယ်ချင်းအပေါင်း

ရောင်းရင်းများကို

စုကာစည်းရုံး

တရုန်းရုန်းနှင့်

ရတနာပုံကျောင်း

နေ့စဉ်ရောက်သော်

ထန်းပင်ခြေရင်း

ဝိုင်းဖွဲ့ကာဟစ်မူးလိုက်ပုံများ

အိမ်ကအမေ..

မြင်ရပါသော်

နှလုံးလေဟပ် ရပ်လတ္တံ့။


ကောင်လေးငယ်