Tuesday, August 18, 2009

ခံစားမိသောနောင်တ

ရင်ဘက်ထဲကို မဖိတ်ခေါ်ပဲရောက်လာတယ် ပြီးကျ ဘ၀တစ်ခုလုံးကို ယူဆောင်သွားတယ်... ဒါပေမယ့် ကျေနပ်နေမိတယ်...
တကယ်ဆို ဖြစ်သင့်တာက ၀င်ခွင့်ပြုပါလို့ တစ်ချက်ကလေးတောင် မတောင်းဆိုပဲ ၀င်လာတဲ့သူကို လက်ခံလိုက်ကတည်းက
ကျွန်တော့်ဘ၀မှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရပြီ.. ဒါတွေကို ဘ၀လို့တောင်ထင်မိတယ်လေ...သူငယ်ချင်းတစ်ယောက်ကပြောတယ်.
"မင်း ၀ဋ်လည်တာတဲ့ .. ကိုယ်တိုင်ခံစားရမှ သိပြီလားတဲ"့ ဟုတ်မှာပဲလေ ကျောင်းတက်တုန်းက သူငယ်ချင်းတွေ ရည်းစားထားတယ်.
သူတို့ သဲသဲလှုပ်နေတာမြင်ရရင် ကျွန်တော်က ပြောင်တယ်၊ ပြောတယ်၊ မခံချင်အောင်စတယ်.. စကားကြီးစကားကျယ်တွေ တောင်ပြော လိုက်သေး....... ကျွန်တော့်ကို သူငယ်ချင်းတွေက မိတ်ဆက်ပေးတဲ့ကောင်မလေးတွေ တော်တော်များပါတယ်... အဲဒီထဲမှာလည်း တော်တော်များများက လှကြပါတယ် သဘောလည်းကောင်းကြတယ် ဒါပေမယ့် သူတို့ကို ကျွန်တော်က သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားလို့ရတယ်.. သူငယ်ချင်းအချင်းဆိုတော့ ရှိကြတာပေါ့ဗျာ မြှောက်ပေးတာတို့ လှော်ပေးတာတို့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ကတော့ ဒီတိုင်းပဲ ဘာမှမ မခံစားရတာကို ..သူငယ်ချင်းကောင်မလေးတွေကတောင် ပြောကြတယ် မင်းကတစ်ကောင်ကြွက် ပီပီ သူများ အပေါ် သံယောဇဉ်မထားတတ်ဘူး မချစ်တတ်ဘူးတဲ့..ကျွန်တော်က ငယ်ငယ်လေးထဲက ကျွန်တော့်ကို တစ်ကောင်ကြွက်လို့ခေါ်ရင် စိတ်ဆိုးတတ်တာကို သူငယ်ချင်းအရင်းကြီးတွေဆိုတော့ သူတို့က သိနေတယ်လေ... ဒါပေမယ့် ကျွန်တော့်ကို ကံတရားက မျက်နှာသာမပေးဘူးဗျ....ကျွန်တော်အခု တကယ်လည်းချစ်တတ်ရော ကျွန်တော်ချစ်တဲ့သူက ကျွတ်တော့်ကို ပြန်မချစ်သေးဘူး... ကျွန်တော်ခံစားနေရတာတွေ သူသိမှာလည်းမဟုတ်ပါဘူးလေ.. သူကျွန်တော့်အပေါ်မှာ အလေးလဲမစိုက်လောက်ပါဘူး.. ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ချစ်နေမှာပါ... အဲဒီလိုချစ်နေလို့လဲ စိတ်မောရတယ်..တစ်ခ်ါတစ်လေ ဘာလုပ်လို့ဘာကိုင်ရမှန်းကို မသိအောင် ဖြစ်ဖြစ်သွားပါတယ်.... ကျွန်တော့်မှာ မကောင်းတဲ့ အကျင့်တစ်ခုရှိတယ်...အဲဒါက ကျွန်တော်စိတ်ပျင်းပြီဆို တစ်ယောက်ထဲ ဆိုင်ကယ်လျှောက်ဆီးတယ်... ညနက်လေ စီးလို့ကောင်းလေပဲလေ... ကိုယ့်ရဲ့ ဖိစီးနေတဲ့စိတ်ကို ကျွန်တော့်ရဲ့ ဆိုင်ကယ်လေးအပေါ် ပုံချလိုက်တယ်.... လမ်းကျယ်ကျယ်မှာ ဆိုင်ကယ်ရဲ့လီဗာကို ဆွဲနိုင်သလောက်ဆွဲ မြန်ချင်သလောက်မြန် .....အိုး သိပ်အရသာရှိတာ...... အဲဒီလို အစီးကောင်းလို့ ဆိုင်ကယ်မှောက်ပါလေရော....ဟူး စိတ်ရဲ့ခံစားမှုကို ဦးစားပေးလိုက်တာ လောလောဆယ် ဆိုင်ကလေးကတော့ ဒုက္ခိတဖြစ်သွားတယ်........ဒီကောင်လေးကျန်းမာဖို့ အတွက် ကျွန်တော် တော်တော်လေးကြိုးစားရဦးမယ်... ဟဲ ကျွန်တော် စိတ်ပျင်းလို့ ဆိုင်ကယ်လျှောက်စီးတယ် ပြီးကျမှောက်တယ် ဆိုတာကို ဘယ်သူ့မှ မပြောပြရသေးဘူး... တော်ကြာကောင်မလေးက ပြန်မချစ်လို့ လျှောက်သွားတာ နည်းတောင်နည်းသေးလို့ ပြောကြမှာလေ... ဒါ့ကြောင့် ဘယ်သူမှမသိအောင် ဘလော့လေးမှာ လူစုံတုန်းပြောပြတာ..ဟီးဟီး... ကျွန်တော် သူငယ်ချင်းတွေအပေါ်မှာ မှိုချိုးပျှစ်ချိုးပြောခဲ့တာတွေကို နောင်တရမိပါတယ်ခင်ဗျာ တကယ်ပါ.. ပြောရင်မယုံဘူး.. တကယ်ခံစားရမှသိတယ်ဆိုတာ အဟုတ်ဗျ........
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဆက်ပြီးချစ်ဦးမှာပဲ.... ဟဲဟဲ ဒါပေမယ့် အခုတော့ လမ်းလျှောက်နေရတယ်.....

3 comments:

မချစ်ရ said...

ပြောလို့မရဘူးညညလျှောက်မစီးပါနဲ့ဆိုတာကို
ခုဖြစ်ပြီမဟုတ်လားခုမှနောင်တရမနေနဲ့တော့
ပြောစကားမှနားမထောင်တာကို
စိတ်တိုတယ်

Anonymous said...

ဝေးးးးးးးးးးးးးးးးး
အဆင်ပြေပါစေကွယ်
မြူးလေးမှာလဲ အဲ့လိုအသိကောင်လေးတယောက်
ရှိတယ်သိလား သူကလဲကောင်မလေးကိုအရမ်းချစ်တာ
ကောင်မလေးကလဲသူ့ ကိုချစ်ရှာပါတယ်
ကံကောင်းပါစေနော် ဆုတောင်းပေးနေမယ်သိလား
နောက်ဆို အဲ့လိုဆိုင်ကယ်မမောင်းနဲ့ပေါ့ဟာ


ခင်တဲ့
မြူးလေး

Khyl said...

ဟေး.... ဘာဖစ်ဖစ် ဘော်ဒါလေး နှစ်ယောက်တပိုင်းရှိတာ ပြန်လာတာ ဝမ်းသာအဲလဲ ကြိုဆိုပါတယ် ကယ်လေးငေါင်ရေ.... ခုတော့ တကယ်ငေါင်နေတာပေါ့နော်...