Friday, August 28, 2009

အမြင်မှန်


တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်တဲ့..
အဲဒီက ဘုရင်ကြီးမှာ သိပ်ချောသိပ်လှတဲ့ မိဖုရားတစ်ပါးရှိတယ်ဗျ..
ဘုရင်ကြီးက သူ့မိဖုရားကို တအားချစ်တာဆိုပဲ...
တစ်နေ့ကျတော့ဘုရင်ကြီးကသူ့ရဲ့ဥယျာဉ်တော်ထဲမှာအပျင်းပြေလမ်းလျှောက်
ထွက်တာပေါ့ဗျာ.. အဲဒီမှာကံကဆိုးချင်တော့သူ့မိဖုရားကြီးနဲ့ပညာရှိအမတ်ကြီး ဖေါက်ပြားနေတာကိုသွားတွေ့သတဲ့..
ဘုရင်ကြီးလည်းတအားကို ရှက်သွားတာပေါ့..
ဒါကြောင့်..ဘယ်သူ့ကိုမှအသိမပေးပဲသူ့ရဲ့သူငယ်ချင်းဖြစ်တဲ့
တိုင်းတစ်ပါးကဘုရင်ကြီးဆီကို ထွက်သွားတော်မူတယ်...
သူ့ရဲ့သူငယ်ချင်းဘုရင်ကြီးဆီမှာပဲအေးအေးသက်သာနေတော်မူတာပေါ့..
ဒီလိုနဲ့တစ်နေ့မှာသူ့သူငယ်ချင်းနဲ့ဥယျာဉ်တော်ထဲကိုလမ်းလျှောက်ထွက်ပြန်ပါရော
အဲဒီမှာလည်းသူငယ်ချင်းရဲ့မိဖုရားကြီးနဲ့မူးမတ်တစ်ယောက်ဖေါက်ပြားနေတာကို
တွေ့ပြန်ပါလေရောဒီလိုနဲ့ပဲသူငယ်ချင်းနှစ်ယောက်မိန်းမတွေကိုစိတ်ကုန်တယ်ဆိုပြီး
ပင်လယ်ဘက်ကိုထွက်သွားတော့တာပေါ့.လမ်းခရီးတစ်ဝက်လောက်လည်းရောက်ရော အမောပြေနားကျမယ်ဆိုပြီး သစ်ပင်ကြီးတစ်ပင်ပေါ်မှာတက်နားကျတာပေါ့
အောက်မှာဆိုဒီရေအတက်အကျနဲ့မိကျောင်းတွေအသားစားငါးတွေရဲ့ရန်ကလည်း
ကြောက်ရတာကိုး.. သူငယ်ချင်းနှစ်ယောက်မောမောနဲ့အိပ်ပျော်သွားတာပေါ့..
နောက်ထပ်တစ်နာရီလောက်လည်းကြာရောပယ်လယ်ကမ်းခြေတစ်လျှောက်
တ၀ုန်းဝုန်းနဲ့အသံတွေကြားနေရတယ်ဒါနဲ့ဘာများဖြစ်နေလဲဆိုပြီးထကြည့်တော့
"အားပါးပါး..ဘီလူးကြီးကပယ်လယ်အလယ်ခေါင်ကနေပြီးပခုံးပေါ်မှာ
သေတ္တာကြီးတစ်လုံးထမ်းပြီးသူတို့ဘက်ကိုဦးတည်ပြီးလာနေတာကိုတွေ့ရတယ်
ဒါနဲ့သူတို့နှစ်ယောက်လည်း ကြောက်ပြီးသစ်ပင်ပေါ်မှာပဲသစ်ရွက်တွေကို အကာအကွယ်ယူပြီးပုန်းနေကြတာပေါ့....
ဘီလူးကြီးလဲသစ်ပင်အောက်ကိုရောက်လာတယ်..
ရောက်ရောက်ချင်းပဲသူ့ရဲ့သေတ္တာကိုတမ်းဖွင့်တော့တာလေ..
ဟိုအပေါ်ကနှစ်ယောက်ကလည်းလူသားတွေဆိုတော့နည်းနည်းတော့
စပ်စုချင်တာပေါ့နော်.. ဒါနဲ့သစ်ရွက်တွေကြားနေခြောင်းကြည့်တော့တာပေါ့
ဘီလူးကြီးကလည်းသေတ္တာကိုဖွင့်လိုက်ရောအထဲကလှပတဲ့
မိန်းမပျိုလေးတစ်ယောက်ထွက်လာတယ်......
ဘယ်လောက်ထိအောင်လှလဲဆိုရင်သူတို့ရဲ့မိဖုရားတွေလောက်ကတော့
ဟိုကသနားတယ်ပေါ့.. ဆံပင်ကိုကပေါင်းတင်ပြီးဖြောင့်ထားတာဆိုတော့
ဝဲနေတာပဲပေါ့.ဘယ်နေရာမှအပြစ်ပြောစရာမရှိအောင်ကိုလှတာ..
ဘုရင်ကြီးနှစ်ယောက်လည်းတွေ့တွေ့ခြင်းကို ခိုက်သွားတော့တာပေါ့ဗျာ..
အဲဒါနဲ့.. ဟီး.ဟီး နေဦးဗျ..
ဘီလူးကြီးကဘာလုပ်လဲဆိုရင်သေတ္တာထဲကမိန်းမပျိုလေးနဲ့
ဟဲ.ဟဲ ထားလိုက်ပါတော့ဗျာ.. ဘာညာဘာညာပေါ့..
သစ်ပင်ပေါ်ကနှစ်ယာက်ကလည်းခြောင်းကြတာပေါ့ဗျာ...
နည်းနည်းလည်းကြာရောဘီလူးကြီးလည်းအိပ်ပျော်သွားတာပေါ့
ဘီလူးကြီးလည်း အိပ်ပျော်သွားရောမိန်းမပျိုလေးကထလာတယ်.
ပျင်းပျင်းရှိတာပတ်ဝန်းကျင်မှာဘာတွေများရှိမလဲဆိုပြီး
ဟိုကြည့်ဒီကြည်ပေါ့ဗျာ.ဒါကတော့မိန်းမတွေရဲ့ထုံးစံအတိုင်းပဲလေ....
ကြည့်ရင်းကြည့်ရင်းနဲ့သစ်ပင်ပေါ်ကနှစ်ယောက်ကိုတွေ့သွားပါလေရော ..."
အလိုသစ်ပင်ပေါ်မှာလူသားလုလင်ပျိုနှစ်ယောက်ပါလား
မောင်ကြီးတို့နှစ်ယောက်အောက်ကိုဆင်းခဲ့ပါ" လို့လှမ်းခေါ်တယ်
ဟိုနှစ်ယောက်ကလည်းဘာလို့လဲပေါ့ ဒီတော့မိန်းမပျိုလေးကညီမတော်က မောင်ကြီးတို့နှစ်ယောက်နဲ့ပျော်ပါးချင်လို့ပါလို့လှမ်းပြောတယ်လေ
ဟိုနှစ်ယာက်ကလည်း "ဟာ အောက်ကဘီလူးကြီးကြောက်တယ်မဆင်းရဲဘူး"
လို့ပြောတယ်။မိန်းမပျိုလေးကအောက်ကိုဆင်းမလာပဲသူ့အလိုကိုမလိုက်ရင်
ဘီလူးကြီးကိုနိုးပြီးတိုင်လိုက်မှာနော်လို့ ပြန်ပြောတယ်....
ဒီတော့လည်းဘုရင်နှစ်ပါးကလည်း မနေသာတော့ဘူးလေ.
ကြောက်ကြောက်နဲ့ဆင်းရတော့တာပေါ့.. အောက်ရောက်တော့လည်း
မိန်းမပျိုလေးရဲ့အလိုကိုလိုက်ရပြန်ပါလေရော......
ဒီလိုနဲ့ ပဲ...................................................................
မိန်းမပျိုလေးကသူ့အလိုလည်းပြည့်ရောမောင်တော်တို့ ညီမတော်က
ဒီဘီလူးကြီးနဲ့နေလာတာနှစ်ပေါင်းကြာပါပြီ..
တစ်ခါတစ်လေတော့လည်း လူသားစစ်စစ်တွေနဲ့နေချင်ပါတယ်
မောင်တော်တို့ရယ် ဒါကြောင့်ပါလို့ရှင်းပြတယ်...
ညီမတော်က ဒီသစ်ပင်အောက်မှာဘီလူးကြီးနဲ့ပျော်ပါးပြီးရင်
ရောက်လာတဲ့လူသားလုလင်တွေနဲ့ အမှတ်မထင်ဆုံတွေ့ရတတ်တယ်..
အဲဒီလိုဆုံတွေ့ပြီးရင်လည်းအမှတ်တရအနေနဲ့ပျော်ပါးပြီးတဲ့လုလင်တွေရဲ့
လက်စွပ်တွေကိုလက်ဆောင်တောင်းပြီးပိုးကြိုးလေးနဲ့တွဲလို့လည်မှာဆွဲထားပါတယ်
အဲဒါအခုတစ်ရာပြည့်ဖို့ နှစ်ခုပဲလိုပါတော့တယ်မောင်တော်တို့..................
ညီမတော်ကိုလက်ဆောင်အဖြစ်လက်စွပ်လေးပေးသနားခဲ့ပါလို့တောင်းရှာတယ်...
ဘုရင်နှစ်ပါးလည်း တော်တော်အံ့သြသွားတာပေါ့ ...
ဟေအခုတစ်ရာပြည့်ဖို့ နှစ်ခုပဲလိုတော့တာ.အင်းလေဒါဆိုလည်းပေးရမှာပေါ့ဆိုပြီး
ပေးလိုက်တယ်... သူတို့အချင်းချင်းလည်းတိုင်ပင်ကြတယ်...
အင်း..ငါတို့ရဲ့မိဖုရားတွေကလူပုံအလယ်မှာနေရတာဒီလောက်တော့ရှိမှာပေါ့လေ
ဘီလူးကြီးတောင်မိန်မပျိုလေးကိုစိတ်မချလို့သေတ္တာထဲမှာထည့်ပြီး
ပယ်လယ်အောက်မှာထားတဲ့မိန်းမတောင်လုလင်ပျိုတစ်ရာနဲ့ဖေါက်ပြားသေးတာ
ငါတို့ကိုယ့်တိုင်းပြည်ကိုပြန်ကြဆို့လို့တိုင်ပင်ပြီး
တိုင်းပြည်အသီးသီးဆီကိုပြန်သွားတော်မူတယ်လေ........
ဒါပါပဲ ပုံပြင်လေးက ... ဟီး ....ဟီး ... ဘီလိုလုပ်ရပါ့ နော်...
ထည့်ထားစရာ သေတ္တာကလည်း မရှိ....
ပယ်လယ်အောက်သွားဖို့ရလဲ ရေမကူးတတ်...
ကဲ မိတ်ဆွေ..သင့်ရဲ့ချစ်သူကို ဘယ်နေရာမှာ
..........၀ှက်ထားမတုန်း..........

ကယ်လေးငေါင်(ကောင်လေးငယ်)

5 comments:

မချစ်ရ said...

ဘာတွေအမြင်မှန်ရနေပြီလည်း
ကောင်ကလေး....
မင်းရောဘယ်လိုလဲ....
ဘယ်ထဲသွားဖွက်ထားလည်းပြောစမ်း
အမကို............ :P

မချစ်ရ said...

ဟဲ့ဟဲ့..ဒါနဲ့ရေအောက်မှာဖွက်ထားတဲ့မိန်းမက
ရေအောက်ကဘယ်ဗျူတီပါလာမှာဆံပင်ပေါင်းတင်
ထားတာတုန်းအမကိုလည်းပြောဦးလေ
အမလည်းအဲဆိုင်သွားရကောင်းမလားလို့
:P

မေဇင် said...

ဟဟဟ ကောင်လေးငယ် ရေ.... လူပျိုကြီးသာ လုပ်လိုက်တော့ကွယ်... ဖွက်လို့ မရလောက်ဘူး...း))) အချစ်ကို တော့ ရှာမနေနဲ့တော့...။

Khyl said...

ဟိုက်... ဒါကြောင့် ဟိုတလောက မာမီစိန်က... အိုပါးဆီ(oversea) သွားမယ်ဆိုပြီး ပန်းကန်အဲဝေးမှာ လိမ်ပျံ လက်မှတ်ဝယ်နေတာကိုး....

မဟာဆန် said...

အကောင်းမှတ်လို့ ဆက်ဖတ်နေတာ...နောက်ဆုံးတော့ နာတို့ အမျိုးသမီးထုကြီးကို တဖက်လှည့်နဲ့ နှိပ်ကွပ်ထားတာကိုး..ဒီပုံပြင်ရေးရဲပုံထောက်ရင် ကောင်မလေး မရှိသေးလို့ပဲ ဖြစ်ရမယ်..ဟိ..ကောင်မလေး ရလာရင်ရော ဘယ်မှာ သွားဖွက်ထားမလဲ