Sunday, August 9, 2009

ရှုပ်တယ်အလကား

မိန်းမတွေအလုပ်ရှုပ်ပုံများကတော့ ကြုံမကြုံဘူးပေါင်..
ခင်ဗျားတို့လည်း ဘွဲ့ယူဘူးကြမှာပါ...သတိထားကြည့်
ဘွဲ့ယူတဲ့အခါမှာဗျာ မိန်းမ အယောက်၁၀၀ ရှိရင်
၁၀၀လုံးကလက်ကိုင်အိတ်ကိုင်ကြတယ်ဗျ..
ဘာလုပ်ဖို့မှန်းတော့မသိဘူး ကိုင်တော့ကိုင်ကြတာပဲ...
အိတ်ထဲကိုသွားကြည့်ဘာမှလဲပါတာမဟုတ်ပါဘူး
နောက်ဆုံး မှန်လေး ဘီးလေးတောင်ပါတာမဟုတ်ဘူး အခွံသက်သက်ကြီး သူတို့ကိုင်တဲ့လက်ကိုင်အိတ်ဖွဲ့စည်းပုံကိုကဘာမှထည့်လို့မရတာ
ဖောင်းတော့ဖောင်းနေတာပဲဒါပေမယ့် အဟဲ..ဟဲ.
ဖောင်းနေတာပဲ (လက်ကိုင်အိတ်ပြောပါတယ်)
စင်ပေါ်တက်တဲ့အခါမှာတော့လက်ကလေးနဲ့
ချိတ်ကြွကြွရွရွလေးတက်သွားပြီးတော
့ဘွဲ့လက်မှတ်လို့ပြောတဲ့စာရွက်ကလေးကိုယူ
ပြန်ဆင်းလာဒါပဲဘာမှမကြာလိုက်ဘူးလက်မှတ်ကယူပြီးသွားပြီ...
ဘာမှသာမကြာလိုက်တာအဲဒီဘွဲ့ယူဖို့ကိုပြင်ရဆင်ရတာက
တော်တော်ကြာတယ်ဆိုပဲအကျီင်္အရောင်ရွေး၊ထမိန်အရောင်ရွေး၊
ဖိနပ်ကအစပန်းအထိအကုန်ကိုအလုပ်ရှုပ်တော့တာ
ကျွန်တော်တော့သူတို့ကိုကြည့်ပြီးတော်တော်အူယားတာဗျ
(လက်ကိုင်အိတ်ကဘာမှထည့်မရသလိုဘွဲ့လက်မှတ်ကလည်း
ဘယ်နေရာမှာသုံးနေလဲမသိပါဘူးဗျာ)

PS..ကဲ..မမတို့ရေ ကျွန်တော့်ကို ဆဲသာဆဲ အဟဲ
ကျွန်တော်ကလည်း မဆိုင်တာဝင်ရှုပ်တာကိုး။
အစ်ကိုတို့ကတော့ သဘောကျရင်ပြော... ကျွန်တော်ကမြှောက်ပေးရင်
အင်း ဟိုလေ.. ဟို..အဲ အမောဆို့အောင် ကတာလို့

ကောင်လေးငယ်

1 comment:

မော်စကွီတို said...

ဟဲ့... အဲတာလေးကိုပဲ နင်တို့ကောင်လေးတွေ မျက်စိ အစာကျွေးနေကြတာ မှတ်လား...ဟွန်း....