Saturday, August 22, 2009

ဘယ်သူပိုင်ဆိုင်သင့်လဲ

ဒီနေ့ညနေက ကျွန်တော်ကန်ဘေးကိုရောက်ဖြစ်တယ်... ကန်ဘေးမှာဆိုတော့လည်း သိတဲ့အတိုင်း အတွဲလေးတွေကိုယ်ဆီနဲ့ကိုး...... အင်း....ကျွန်တော်ကတော့ သိတဲ့အတိုင်း သိပ်စွံတဲ့သူဆိုတော့ တစ်ယောက်ထဲပေါ့ဗျ.... ဘာလုပ်တာလဲ ဟုတ်လား .... အင်း....ဘာမှ မလုပ်ဘူး.... အပျင်းပြေ ဆိုင်ကယ်လျှောက်စီးတာ..... ပြီးကျ အကြော်စားတယ်......... မိတ္ထီလာကန်ဘေးမှာ ဆိုင်ကယ်လျှောက်စီး ပြီးရင် အကြော်ဝင်စား ဘယ်လောက်ကောင်းလိုက်တဲ့ အကြံလဲ... အကြော်ဆိုင်ကို တစ်ယောက်ထဲ အူကြောင်ကြောင်နဲ့ ၀င်သွားလိုက် တယ်ဆိုရင်ပဲ လှမ်းခေါ်လိုက်သံ ကြားလိုက်ရတယ် ကျွန်တော်ကိုယ့်ကို ခေါ်တယ်လို့ မထင်ဘူးလေ.....မထင်လို့ လှည့်ကိုမကြည့်တာ... ရေနွေးဆင်တော့မှပဲ သိတော့တယ်... အားလားလား ဘယ်သူများ မှတ်နေလဲ ကိုယ့်သူငယ်ချင်းတို့ အတွဲဖြစ်နေတယ်... အဲဒီအတွဲကလည်းဗျာ ပေါက်ပေါက်ရှာရှာ ကျွန်တော့်လာခေါ်နေတယ်... သူတို့ကိုသူတို့ လွတ်လွတ်လပ်လပ် နေတာမဟုတ်ဘူး ....
ဘာလဲ ....ဘာလုပ်မလို့လဲ... နှစ်ယောက်လုံးကပြောတယ် ငါတို့ကို ကြားထဲကနေ တစ်ခုခု ပြောပေးတဲံ့... ဟာ မင်းတို့ကလည်း အရင်းမရှိ အဖျားမရှိ ငါက ဘာပြောပေးရမှာလဲလို့ မေးတော့ သကောင့်သားနှစ်ကောင်က သူတို့နှစ်ယောက်ငြင်းနေတာတဲံ့.... အဲဒါ ဘယ်သူနိုင်သလဲ ပြောပေးတဲ့.... ဟာ..အဲဒါမှ ဂွပဲဗျို့.. ကိုယ်ကလည်း ကြားဆိုဘယ်ကြားမှ မ၀င်ချင်ဘူးလေ... ဒါပေမယ့် မရဘူးဗျ.. ဒီနှစ်ယောက်က ဇွတ် တကယ့်မှဇွတ်ပဲ.......အေး ပြောကွာ ငါကဘာတွေ လုပ်ပေးရမှာလဲဆိုတော့..သူတို့နှစ်ယောက်ငြင်းနေတာက ဘာလည်းဆိုတော့ဗျာ တကယ့်ပြသနာကိုမှ ငြင်းနေကြတာ... လူတွေကသာ ဘာမှမဟုတ်တယ်.. သူတို့နှစ်ယောက်ငြင်းနေတာက ဘာမှတ်လဲ မွေးလာတဲ့ ကလေးကိုဘယ်သူက ပိုပြီးပိုင်ဆိုင်သင့်လဲ တဲ့ အဲဒါမှ ဒုက္ခပဲ ကျွန်တော်က ဘာပြောလို့ ရမှာတုန်း သူတို့လိုတောင်အတွဲ မရှိတဲ့ဟာကို....... ဖတ်ထားပြီးသားစာအုပ်ထဲကတစ်ခုကိုသွားသတိရလိုက်တယ် ကျွန်တော်လည်း သူငယ်ချင်းကို ပြန်ပြောပြလိုက်တယ်... မင်းတို့ နိုင်ငံခြားကားတွေကြည့်ဘူးတယ် မို့လား လို့ အဲဒီထဲမှာ ပါတယ် ဂျပန်ကားတွေဆို ပိုပြီးတော့တောင်ပါ သေးတယ်လေ... အချိုရည်ဝယ်ရင်လေ စက်ထဲကိုပိုက်ဆံ ထည့်လိုက်ယုံပဲ ပြီးကျ ကိုယ်ထည့်လိုက်တဲ့ တူညီမှု အတိုင်း အချိုရည်ဗူးပြန်ထွက်လာ တယ် လေ.. အေးအဲဒီလိုပဲ ... ကဲ ဒါဆိုရင် အဲဒီကထွက်လာတဲ့ အချိုရည်ဗူးက ပိုက်ဆံ ထည့်လိုက်တဲ့ သူပိုင်လား.. ပိုက်ဆံအထည့်ခံလိုက်ရတဲ့ စက်ကြီးကပိုင်လားလို့... ဟီးဟီး .....


ကျွန်တော်သူငယ်ချင်း အဲဒီတော့မှအားတက်သရော ဟ ပိုက်ဆံထည့်တဲ့ လူကပိုင်တာပေါ့ကွတဲ့ ...သူငယ်ချင်မလေးကတော့ ဘာမှတော့မပြောဘူး အဲ တစ်ခွန်းတော့ပြန်ပြောတယ် ပိုက်ဆံထည့်လိုက်တဲ့သူက ရတာတူညီမှုအတိုင်းရတာတဲ့ ပိုက်ဆံအထည့်ခံလိုက်ရတဲ့ စက်ကြီးက အထဲမှာ အချိုရည် ဗူးတွေအများကြီး ကျန်သေးတယ်ဆိုပဲ

2 comments:

မချစ်ရ said...

ကောင်ကလေးရေအမှန်တကယ်ကတော့
မွေးထုတ်ပေးတဲ့လူပိုင်ဆိုင်သင့်တယ်လို့ထင်တာပဲ
အမကမကျေနပ်လို့ရှိရင်တော့ ယောင်္ကျားတွေလိုက်မွေးပေါ့ ဟီးးးးးးးးး

ဝက်ဝံလေး said...

ကောင်လေးရေ ရောက်ရောက်စ် ဘယ်သူမှမပိုင်ဘူး ငါပဲ ပိုင်တယ်ကွ ဘူးထွားးးးးးးးးထွားးးးးးးး မကျေနပ်ရင် လဲသေလိုက် အဲ ဒါ နာကြောတာ ဟုတ်ဘူးနော် ဖေသားကြီး ပြောတာ အဟီးးးး တော်နေ ငါ့ လာရန်တွေ့မှာ စိုးလို့ဟေ့ အဟက် တာ့တာ ဘိုင် ဆီးယူ သေးယူ အီးလဲ ယူ ဟိဟိ