Wednesday, August 19, 2009

အလုပ်မရှိအလုပ်ရှာ စဉ်းစားလိုက်ပုံက

သူများတွေကတော့ပြောကြပါတယ် မင်းကတစ်ဦးတည်းသောသားမို့ ဒီစကားကိုပြောနိုင်တာပေါ့တဲ့..... ဟုတ်မဟုတ်တော့ကျွန်တော်လည်းမသိ....တစ်ဦးတည်းသောသားဖြစ်တိုင်း မိဘမောင်နှမသားချင်းအပေါ်မှာ သံယောဇဉ်မရှိကြဘူးလို့များ ထင်နေ သလား မသိ...........လူတိုင်းလူတိုင်းမှာအတ္တကိုယ်ဆီတော့ရှိကြမှာပဲ...
သေချာတာတစ်ခုကတော့ လူဆိုတာကိုယ့်ကိုကိုယ် ချစ်ကြတာမဟုတ်လားဗျာ...ဘယ်သူဘယ်ဝါ့ကို သိပ်ချစ်ပါတယ်.. အသက်မကချစ်ပါတယ်ဆိုတဲ့ စကားကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာကြားနေရတာ များပါတယ်..ဒါပေမယ့် ရည်းစားဘဝ
တုန်းကသာ မိုးလောက်ကြီးချစ်ပါတယ်ဆိုတဲ့ စကားတွေကအိမ်ထောင် သက် ၂နှစ် လောက်အတွင်း ဘယ်တွေများရောက်ကုန်ပါလိမ့်...ပြီး မိန်းမနဲ့ အမတွေညီမတွေနဲ့ မတည့်တော့ ဘယ်သူ့ဘက်ကို ဦးစားပေးကြသလဲ....များသောအားဖြင့်ကတော့ မိန်းမဖက်ကို အလေးသာကြပါတယ်.... ဘာဖြစ်လို့ မိန်းမဘက်ကို အလေးသာကြသလဲ.. လူတိုင်းကိုတော့ မဆိုလိုပါဘူး ..... ရာခိုင်နှုန်းတော်တော် များများကိုသာ ပြောတာပါ.... ဟုတ်တယ်
ပတ်ဝန်းကျင်ကို လေ့လာကြည့် တကယ်လက်တွေ့ဗျ... အဲဒါကြောင့်ပြောတာနေမှာ အမေပြောတော့ တစ်လ၊ မိန်းမပြောတော့ တစ်ညတဲ့.... ရိုးရိုးလေးပဲ စဉ်းစားကြည့် မောင်နှမ ဆိုတာ ရှေးရှေးတုန်းက ပါရမီကြောင့်သာ တစ်ဝမ်းထဲဖွားလို့ တော်ကြရတာ... ဘယ်သူဘယ်ဝါနဲ့ မောင်နှမ တော်ပါ့မယ်လို့ ရွေးလို့ရောရလို့လား......ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ တစ်ဝမ်းထဲမှ အတူတူမွေးရင် မောင်နှမတော်ကြရမှာပဲလေဗျာ.....ကိုယ်ကလည်းမရွေးပဲနဲ့တော်လိုက်ရတာနော်....ပြီးကျ ကိုယ်ကိုတိုင်ရရော တကယ်လိုချင်တာလား...မလိုချင်ဘူးလား.....သေချာလည်းမသိလိုက်ဘူးဖို့လား...................အဲ ရွေးထားတဲ့ အိမ်ထောင်ဖက်ကျတော့ အဲဒီလိုမဟုတ်ဘူးလေ.... ကိုယ်ကိုတိုင်ရွေးလိုက်ရတာ... ကိုယ်ကိုတိုင် လိုချင်လို့ယူလိုက်တာ.......သေချာတယ်လေ... အင်း တို့ကတော့ မိဘကပေးစားလို့ ယူလိုက်ရတာလို့တော့ လာမပြောနဲ့လေ.. အနည်းဆုံးကတော့ တစ်ဖက်ကလူကို မြင်ဘူးပြီးသား.. အကြောင်းသိပြီးသားလေ.... မောင်နှမတော်လိုက်ရတာလောက် မဆိုးသေးပါဘူး..ဟိုက ဘာမှကို မသိလိုက်ရတာကို............ကဲ ကောင်လေးငယ် မင်းက ဒီအကြောင်းတွေကို ဘာလို့ပြောနေတာလဲ.... ဘာရည်ရွယ်ချက်နဲ့လဲ လာမေးကြည့် ရှင်းရှင်းလေးပဲ ဟီး...ဟီးအလုပ်မရှိအလုပ်ရှာပြီး စဉ်းစားကြည့်တာ....အဲဒါလေးတွေကို အချိန်ကုန်ခံပြီး ဖတ်ပေးတဲ့ အစ်ကိုတို့ အစ်မတို့ကို ကျေးဇူးးပဲနော်..... နောက်လည်း လာဖတ်နော် ............တာ့တာ......

1 comment:

မချစ်ရ said...

မင်းကတော့လေ....
အားနေသလားကိုယ့်ဟာကိုယ်စက်ပြင်နေပါ့လား
ဘာမှန်းလဲမသိ....