Monday, August 24, 2009

gmailမှာကိုယ်မကြိုက်တဲ့သူတွေဆီကmail ကိုမလိုချင်ရင်


ကျွန်တော် ဒီပို့စ်လေးကို ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ပါဘူး....လူတိုင်းအတွက် အဆင်မပြေဘူးထင်လို့ပါ....
အဲ .ဒါပေမယ့်လို့ အခုတော့ မဖြစ်တော့ဘူးဗျ..တကယ်အသုံးလိုလာတဲ့ သူတွေကရှိနေမှကိုး........
ဒါကြောင့်လဲ ကျွန်တော်ကိုယ်တိုင် သုံးရက်လောက်အပင်ပန်းခံပြီး ရှာလိုက်ဖွေလိုက်ရတာ မျက်လုံးတောင် ချောက်ထဲရောက်နေပြီ...
ဟီး..ဟီး. မလိုတာတွေပြောနေတာ တော်တော်တောင်များသွားပြီ... ဘယ်ကစ မလဲဆိုတော့ အစကနေ စမယ်လေ...
အစဆိုတာ ထိပ်ဆုံးကလေ ဟဲ..
၁။ ကိုယ့်ရဲ့ gmail account ကိုဖွင့်ပြီးတော့ settings ထဲကိုသွားပါ.. အဲဒီ settings ထဲကမှ fliters ဆိုတာကို click ပေးလိုက်လေ...
၂။ filters ထဲမှာ Create a new filter ဆိုတာ ရှိတယ်ဗျ.. အဲဒါလေးကို နှိပ်လိုက်ပါဦး...
၃။ အင်း....ဟုတ်ပါပြီ.. from , to ,Subject ဆိုတာလေးပေါ်လာလိမ့်မယ်နော်..... From ထဲမှာ ကိုယ်မကြိုက်တဲ့(သို့မဟုတ်) ကိုယ့်ဆီကို
မလာစေချင်တဲ့ gmail account ကို ရိုက်ထည့်လိုက်လေ........ပြီးကျ ဘာမှရေးစရာမလိုတော့ဘူး..အောက်နားလေးက Next Step
ဆိုတာလေးကိုနှိပ်လိုက်ပါဦး.....
၎။ အဲဒီမှာ ထပ်ပေါ်လာဦးမယ်.... ပေါ်လာတဲ့ထဲကမှ ငါးခုမြောက်က Forword it to ဆိုတဲ့ စာနောက်မှာ ကိုယ်မကြိုက်တဲ့ ( သို့မဟုတ်) ကိုယ့်ဆီကို မလာစေချင်တဲ့ gmail account ကို နောက်တစ်ခါ ရိုက်ထည့်လိုက်ပါဦး.....
၅။ အားလုံးပြီးသွားရင် Forword it to ဆိုတာလေးရယ် Delete it ဆိုတာလေးရယ်ကို အမှန်ခြစ်လေးပေးလိုက်....
ပြီးသွားပြီ..... အားလုံးပဲလေ... ကိုယ်မကြိုက်တဲ့သူဆီကမေး ရောင်လို့တောင် ကိုယ့်ဆီကို မလာတော့ဘူး...ဟိုကဘယ်လိုပဲ ပို့ပို့ မရောက်ရေးချမရောက်... သူ့ဆီကတော့ မေးကထွက်သွားပါတယ်.. ပြီးကျသူ့ဆီပဲ ပြန်ရောက်သွားရော.. ဟီး..ဟီး. မကောင်ဘူးလား

5 comments:

မချစ်ရ said...

ကောင်းတယ်....
လုပ်မယ်လုပ်မယ်မောင်လေးအပင်ပန်းခံပြီး
ရှာပေးတာမို့လို့လုပ်ကိုကြည့်ဦးမယ် နော်

သားကြီး said...

အပင်ပန်းခံရှာဖွေပြီးဒီပိုစ်လေးတင်တဲ့အတွက်
စေတနာကိုလေးစားပါတယ်
တကယ်အကျိုးရှိတဲ့မျှဝေမှုပါပဲ
မေးလ်ကနေ တော်တော်စိတ်နောက်စရာ
ကောင်းတဲ့လူတွေရှိတယ်မဟုတ်လား
အရင်ကတည်းကကျနော်စဉ်းစားဖူးတယ်
အဲလိုမလိုတဲ့လူတွေကို ပိတ်လို့ရရင်ကောင်းမယ်လို့ ဒါပေမယ့် ဘယ်လိုပိတ်ရမယ်မှန်းမသိခဲ့ဘူးဗျ
ခုတော့သိသွားပြီ အပင်ပန်းခံရှာဖွေပေးတဲ့
ညီလေးကို ကျေးဇူး :)

Anonymous said...
This comment has been removed by the author.
ကောင်လေးငယ် said...

အင်း လုပ်လို့တော့ရပါတယ်ခင်ဗျာ... နောက်တစ်ကြိမ်လောက်စမ်းကြည့်စေချင်ပါတယ်..
ကျွန်တော်သိသလောက်ကတော့ လုံးဝကို မရောက်တာခင်ဗျ.....

Anonymous said...

၁) email ရဲ့ setting menu ထဲက ၀င်ပါ
၂) setting ->Forwarding and POP/IMPA ထဲကိုဝင်ပါ
၃) Forward a copy of incoming mail toထဲက ရှေ.က ဘား ထဲမှာ ကိုယ်တားချင်တဲ့ လူရဲ့ မေးလ်လိပ်စာကိုထည့်၊ ပြီးရင် နောက်က
ဘား ထဲမှာ delete Gmail's copy ကို ကလစ်ထောက်ပြီး ပြောင်းပါ
၎)When messages are accessed with POP ဘား ထဲမှာ delete Gmail's copy ကို ကလစ်ထောက်ပြီး ပြောင်းပါ
၅)အားလုံးလုပ် ပြီးရင်အောက်ဆုံးက Save changes ကို ကလစ်ထောက် ပါ အဲဒါဆို ကိုယ့်ဆီကို မေးမ၀င်တော့ဘူး..။
(ဒါပေမယ့် Trash ထဲမှာတော့ ကျန်သေးတယ် ကိုယ်က သံယောဇဉ်မပြတ်လို့ ပြန်ကြည့်ချင်သေးရင်တော့ Trash ထဲဝင်ရှာပေါ့ - ဥပမာ ချစ်ချစ်က စိမ်းကားသွားလို့ စိတ်နာပြီး သူ့စာတွေမဖတ်ချင်လို့ ဘန်းထားပြီးခါမှာ ဘာတွေများ လာချွဲဦးလေမလဲ ဆိုပြီး မသိမသာ ပြန်ဖတ်ချင်သေးရင်ပေါ့ .. ဟိဟိ)
ပထမတစ်ခုက အကိုပြန်ဖျက်လိုက်တယ်..ညီ သေချာမေးလ်နှစ်ခုကိုလုပ်ကြည့်ပါလား အကို က ဘာဘဲလုပ်လုပ် တကယ်ဟုတ်မဟုတ်စမ်းသပ်ပြီးမှလုပ်တာမို့အခုချိန်ထိ ညီပြောသလို အကိုလုပ်ကြည့်တာတော့ မေးလ်က ကိုယ့်ထဲလဲဝင်တယ် ကိုယ့်ကို ဘန်းထားတဲ့လူဆီလဲရောက်တယ်..
အဆင်ပြေပါစေညီရေ..