Friday, August 21, 2009

အခက်အခဲ


ချစ်သူကို ရွှေနန်းထက်မှာ ထားချင်တယ်..
ဒါပေမယ့် ..လောလောဆယ် ကျွန်တော် ဖိနပ်ပျက်သွားတယ်..
ချစ်သူသွားလေရာမှာ
နေမပူ မိုးမစိုအောာင်အရိပ်ကလေးပေးဖို့
ထီးကလေးအဖြစ် အမြဲရှိနေချင်တယ်......
ဒါပေမယ့် ကျွန်တော်ချစ်တဲ့ ချစ်သူကို တစ်ခါမှ မမြင်ဘူးသေးဘူး.......
ကမ္ဘာကြီးက ရွာတစ်ရွာလို ဖြစ်နေပြီတဲ့
ဲ့ဒါပေမယ့် မိုင်ပေါင်းလေး သုံးရာလောက်ဝေးတဲ့မြို့ကို
လာဖို့ကြိုးစားနေတာ အခါသုံးရာမကတော့ဘူး
ကံကြမ္မာက နည်းနည်းလေး မျက်နှာသာပေးလို့
onlineပေါ်မှာ နေ့တိုင်းတော့ ဆုံရပါရဲ့
connection မကောင်းလို့
အသံလေးတောင် မကြားရတာတော်တော်လေးကြာခဲ့ပြီ....
မင်းကို သိပ်ချစ်ပါတယ်လို့ ပြောခဲ့တာ
ဒါပါနဲ့ဆိုအကြိမ် တစ်ထောင်ထက်မနည်းတော့ဘူး
ဒါပေမယ့် မင်းဘက်က ရောင်ရမ်းပြီးတော့တောင်
(အင်း... စဉ်းစားပေးမယ်လေ) လို့တောင်
တစ်ခါမှ မပြောခဲ့ဘူးနော်....
ဒါပေမယ့် ငါ့ဘက်က သေချာတယ်
မင်းကို အတိုင်းတာတစ်ခုထိ ချစ်တယ်........
( ဘ၀နဲ့ရင်းလို့ချစ်ပါတယ် ... အသက်မက ချစ်ပါတယ်လို့ လိမ်ပြီးတော့ မပြောချင်လို့ )

5 comments:

Yu Ya said...

ကိုကောင်လေးငယ်ရဲ့ ရိုးသားပွင့်လင်းမှု ကဗျာလေးကို ခံစားသွားပါတယ်ခင်ဗျာ။

yu ya

Khyl said...

နာကြားဘူးတာ ချစ်တူကို ဖနောင့်နဲ့တောင်ပေါက်ချင်တယ်... ဒါပေသိ.. ကိုယ့်ရဲ့ဘဝမှာ... အရပ်ပုတာ မင်းအသိပါတဲ့.... ဟိဟိ
ကယ်လေးငေါင်း မငေါင်အောင် လာလာစနေတာပါ.... ချိတ်မချိုးဘူး... ငါးတိတယ်.....

သားကြီး said...

အတိုင်းအတာတစ်ခုထိချစ်တယ်....
အဲဒီစကားမှန်တယ်
ပိုပိုသာသာပြောတာတွေမလိုအပ်ဘူး

အနော် said...

အချစ်စစ်စစ်သာဖြစ်ပါစေ ကောင်လေးငယ်ရေ
ပြန်မချစ်နိုင်တဲ့သူဟာ အသည်းမာသူသာ ဖြစ်ပါလိမ့်မယ်
ချစ်တတ်တဲ့သူအတွက် အချစ်တွေ လာပါလိမ့်မယ်
ပျော်ရွှင်ပါစေနော်
ဒါနဲ့ နော်ကြီးလို့ ခေါ်ပါနဲ့လားဟင် ဟီးဟီး
တောင်းဆိုတွားဒါဘာနော် ခွိခွိ

မချစ်ရ said...

ကောင်ကလေးစိတ်ကူးမယဉ်နဲ့နော်
အမပြောတာနားထောင်အမက ကိုယ့်မောင်လေးလိုချစ်လို့ပြောတာ