Wednesday, August 12, 2009


ဘာတွေလိုမလဲ ဆိုတော့ Network card တပ်ဆင်ထားတဲ့ ကွန်ပျူတာ ၂-လုံး၊ ယင်း ကွန်ပျူတာ၂-လုံးတည်းကိုပဲ အပြန်အလှန် ချိတ်ဆက်ချင်တယ် ဆိုရင်တော့ ကွန်ပျူတာဆိုင်ကနေ crossovernetwork cable တစ်ချောင်း ဝယ်ပါ... ၂-လုံးထက် ပိုမယ် ဆိုရင်တော့ switch/hub ပါ ဝယ်စရာ လိုအပ်ပါတယ်...ကွန်ပျူတာမှာ Network card သို့မဟုတ် Network cable ကြိုးထိုးမယ့် အပေါက်မပါသေးဘူး ဆိုရင် Network Card (NIC - Network Interface Card) ဝယ်ပြီး ကွန်ပျူတာမှာတပ်ဆင်ပါ... ယင်း NIC နဲ့ပါလာတဲ့ Driver Disk ကို အသုံးပြုပြီး Windows မှ NIC card ကိုသိရှိစေရန် Install လုပ်ပေးပါ...Network card ကို သင့် windows က သိပြီလား... သိပြီ ဆိုရင်တော့...၁. Start » Control Panel ထဲဝင်ပါ...၂. Network Connections ဆိုတာ တွေ့အောင်ရှာ ပြီး double-click ခေါက်ပြီး ဖွင့်ပါ...၃. Local Area Connection ဆိုတာ တွေ့ရင် ထပ်ပြီး double-click ခေါက်ပြီး ဖွင့်ပေးပါဦး...၄. Properties button ကို ကလစ်နှိပ်ပေးပါ...၅. Internet Protocol (TCP/IP) ဆိုတာကို click ခေါက်ပြီး select လုပ်ပါ... ပြီးရင် Properties button ကို click ခေါက်ပါ...၆. Internet Protocol (TCP/IP) Properties ဆိုပြီး နောက်ထပ် dialog boxထပ်ပေါ်လာ ပါ လိမ့်မယ်... အဲဒီထဲက Use the following IP address ကို click ခေါက်ရွေးပြီး...၇. IP Address မှာ 192.168.0.1 ရိုက်ထည့်ပြီး Tab ခလုတ်နှိပ်လိုက်ပါ... အောက်မှာ ရှိတဲ့ subnet mask ထဲမှာ သူ့ဘာသာသူ 255.255.255.0 ဆိုပြီး ပေါ်လာ ပါလိမ့်မယ်... မပြင်ဘဲ ဒီအတိုင်း ထားလိုက်ပါ...၈. ပြီးရင် OK button တွေကို click နှိပ်ပြီး ထွက်ပါ...နောက်ထပ် ကွန်ပျူတာ ၁-လုံးအတွက်ကတော့ အပေါ်က အဆင့်တွေ အတိုင်း အဆင့်-၁ ကနေ အဆင့်-၆ အတိုင်း ပြန်သွားပါ... အဆင့်-၇ ရောက်ပြီဆိုရင်တော့ IP address မှာ 192.168.0.2 လို့ ရိုက်ထည့်ပေးပါ... 192.168.0.1 လို့တော့ ထပ်မထည့်ပါနဲ့... အဲဒါဆို ဒီ ကွန်ပျူတာ ၂-လုံး အပြန်အလှန် ဆက်သွယ်လို့ရမှာ မဟုတ်ပါဘူး...ဒီလိုဗျ... networkခုတည်းမှာကွန်ပျူတာတွေအတူတူ အပြန်အလှန် ဆက်သွယ် လို့ရစေချင်တယ်ဆိုရင် IP address မှာ “.” လေးတွေနဲ့ ခြားထားတဲ့ ဂဏန်း ထည့်လို့ရတဲ့ နေရာ၎-ခု ရှိတယ် မဟုတ်လား... အဲဒီလိုပဲ Subnet mask မှာလည်း ၄-ခု ရှိတယ်...IP Address : 192 . 168 . 0 . 1Subnet Mask : 255 . 255 . 255 . 0အပေါ်က စာကြောင်း ၂-ကြောင်းမှာ subnet mask ရဲ့ ပထမ ရှေ့ ၃-နေရာမှာ 255.255.255 ရှိပြီး နောက်ဆုံးနေရာမှာ 0 ဆိုပြီး ရှိနေတယ်နော်... IP address ရဲ့ ပထမ ရှေ့ ၃-နေရာမှာ 192.168.0 ဆိုပြီး ရှိနေတယ် မဟုတ်လား... ကွန်ပျူတာတွေကို network တစ်ခုတည်းမှာပဲ ရှိနေချင် တယ် ဆိုရင်(တစ်နည်းအားဖြင့် အပြန်အလှန် ဆက်သွယ်လို့ ရချင်တယ်ဆိုရင်) ကွန်ပျူတာတိုင်းရဲ့ IP address ပထမရှေ့ ၃-နေရာဟာ 192.168.0 ဖြစ်စရာလိုအပ်ပါတယ်... နောက်ဆုံး ၄-နေရာကတော့ မတူညီတဲ့ ဂဏန်းတန်းဖိုး တစ်ခုစီ ထားပေးရပါမယ်... ဒီမှာ အကွက် တစ်ခုချင်းစီ ထဲမှာ 1 ကနေ 254 အထိ ထည့်လို့ ရတယ်ဆိုတော့ ကျတော့်တို့ ကွန်ပျူတာ ၂၅၄-လုံးအထိ ပါဝင်တဲ့ network တစ်ခုတည်ဆောက်နိုင်ပါ တယ် ...IP Address : 192 . 168 . 222 . 1Subnet Mask : 255 . 255 . 255 . 0 ဒီမှာ ကျတော် IP address ရဲ့ တတိယ နေရာကို 222 ပြောင်းလိုက်တယ်ဆို ကျတော်တို့ ကွန်ပျူတာတိုင်းရဲ့ IP address တတိယ နေရာတိုင်းကို 222 လိုက်ပြောင်းစရာ လိုပါတယ်... ပထမ ကွန်ပျူတာရဲ့ IP address က 192.168.222.1 ဆိုရင် ဒုတိယတစ်လုံးက 192.168.222.2 ၊ တတိယ တစ်လုံးက 192.168.222.3 ..... နောက်ဆုံး ၂၅၄-လုံး မြောက်အလုံးက 192.168.222.254 ဆိုပြီး ပေးရပါမယ်...တစ်ခု မှတ်ထားဖို့က 192.168.222.1 ကို ကွန်ပျူတာ ၁-လုံးမှာ အသုံးပြုပြီးသားဆိုရင် နောက် ကွန်ပျူတာတွေမှာ ထပ်ပေးလို့ မရပါဘူး... ထပ်ပေးမိတယ်ဆိုရင် IP conflict ဖြစ်ပြီး သက်ဆိုင်ရာ ကွန်ပျူတာတွေ network အသုံးပြုလို့ မရတော့ပါဘူး...ပြီးကျဘာလိုသေးသလဲဆိုရင် workgroup ကတူနေရပါမယ်…Computer name က လည်း တစ်ခုနဲ့တစ်ခု မတူညီ ရပါဘူး ဥပမာ မောင်လှကနေ မောင်လှကိုခေါ်နေလို့ မရပါ ကိုယ့်ဘာသာကိုပြန်ခေါ် နေသလို ဖြစ်မှာပေါ့… ဟုတ်ဘူးလား…ဒါဆိုရင် မောင်မြကိုပြောင်းခေါ်ရမှာပေါ့ (မောင်မြမခေါ်ချင်လည်း မတင်လှ ခေါ်လေ) ဟဲဟဲ သားအေးမှခေါ်ချင်သပ ဆိုလည်း ရပါ့..အဓိကကတော့ တစ်ဖက်မှာရှိတဲ့ ကွန်ပျူတာ နဲ့ နာမည်မတူဖို့ အရေးကြီးတာ computer nameကို ဘယ်လိုပြောင်းရမလဲ ..လွယ်ပါတယ်ခင်ဗျ..
my computer ကို right click ပြီး properties ပေးလိုက်ပါ computer name ဆိုတဲ့ဆီကိုလည်းသွားလိုက်ပါဦး သွားပြီးရင် change ဆိုတဲ့ဟာကလေးကို click ပေးလိုက် ဦးနော် ဟော တွေ့ပါပြီဗျာ computer name အဲဒီမှာ စိတ်ကြိုက်နာမည်ကို ထည့်လိုက်ပေါ့ ပြီးကျ restart ဆင်းပေးလိုက်လေ ဟောပြီးပေါ့…..နောက်တစ်နေ့မှပဲ sharing အကြောင်းကို ဆက်ရေးတော့မယ်ဗျာ.. အား လက်ညောင်းလှပြီ

1 comment:

မချစ်ရ said...

သိတော့ဘူးဒီမှာလည်းခေါင်းနောက်နေပြီပါးစပ်နဲ့ပဲပြောပြတော့ :P