Monday, August 31, 2009

နွားနို့မသောက်ခဲ့လို့တဲ့

နံနက်စောစော အိမ်ရှေ့ဧည့်ခန်းမှာ ထုံးစံအတိုင်း ဆူညံဆူညံအသံကြားလို့ ကိုလှမောင် အိပ်ရာထလာရတယ်..အိမ်ရှေ့ခန်းရောက်တော့သားတော်မောင်ကိုသူ့အမေကမနက်ခင်းစာကိုအတင်းချော့ကျွေးနေတာတွေ့ရတယ်......သားတော်မောင်ကလည်း ဖအေတူသား သိတဲ့အတိုင်းပဲ ခေါင်းကတော့မာသလားမမေးနဲ့ မစားဘူးဆို ဘယ်လိုမှချော့ကျွေးကျွေး မစားရေးချမစား..... သူတို့လင်မယားမှာလဲ ပြေးကြည့်လို့မှ ဒီသားတစ်ယောက်ထဲရှိတာ.. သားတော်မောင်ကလည်း ကျောင်းသွားခါနီးဆို အမျိုးမျိုးကိုဆိုးတော့တာ အခုလည်း သူ့အမေက ကျောင်းသွားခါနီး အစာပြေ နွားနို့တိုက်နေတာကို အတင်းရုန်းကန်ပြီးငြင်းနေတာလေ...ဒီကလေးက နွားနို့ဆို ငယ်ငယ်လေးတည်းက မသောက်တာ.. ဒါပေမယ့်လည်း အားရှိအောင် အတင်းချော့မော့တိုက်နေရတာက နေ့စဉ်အလုပ်တစ်ခုလိုဖြစ်နေတာလေ... ကိုလှမောင်လည်း မနေသာတော့ပဲ " ဟေ့ ဒီသားအမိဘာတွေ ဖြစ်နေတာလဲဟ စောစောစီးစီး" " ဒီမှာလေရှင့်သား နွားနို့လေးတစ်ခွက်တိုက်နေတာကို အတင်းရုန်းကန်နေတာ" " သားသား လာ ဖေကြီးဆီကို ဖေကြီးပြောပြမယ်"ဆိုပြီး ကိုလှမောင်က သူ့သားကို တိုးတိုးလေးကပ်ပြောလိုက်တယ်... ပြောလည်းပြောပြီးရော ကလေးကလည်း တန်းပြီး နွားနို့ခွက်ကို တစ်ခါတည်းမော့သောက်ချလိုက်တယ်..အမယ် ဒါတောင် သူ့အမေကိုမှာလိုက်သေးတယ် " မေမေ သားကို နောက်နေ့ကျ နွားနို့တွေ အများကြီး ၀ယ်ထားနော်" တဲ့ .... သူ့အမေဆိုတာလေ ပါးစပ်လေးဟလို့ပေါ့.. သူ့ယောင်္ကျားကိုလည်းတော်တော်လေး အထင်ကြီးသွားတာပေါ့....သူ့မှာတော့ဒီကလေးကို နွားနို့လေးတစ်ခွက်သောက်ဖို့ကို ချော့လိုက်ရတာ ဖတ်ဖတ်ကိုမောလို့.. သူ့ကျတော့ တိုးတိုးလေးတစ်ခွန်းတည်းကပ်ပြောလိုက်တာ တန်းလို့ နောက်နေ့အတွက်တောင်ကြိုမှာသွားသေးတယ်.. "ဒါနဲ့ ကိုလှမောင် ရှင်သားလေးကို ကပ်ပြီးတိုးတိုးလေးပြောလိုက်ဘာလဲတော့် ကျွန်မကိုလည်းပြောစမ်းပါဦး " လို့မေးတယ်.. ကိုလှမောင်ကလည်း တဟဲဟဲနဲ့ ဘာမှဟုတ်ပါဘူးကွာလို့လဲ ပြောလိုက်ရော " အာ မရဘူး ရှင် ကျွန်မကို ပြောမှာလားပြောဘူးလား ရှင်ကျွန်မကို မပြောလို့ကတော့ ကျွန်မအကြောင်းသိတယ်နော် ဟင်းဟင်း." "မင်းကလည်းကွာ ငါကသားကို ပြောလိုက်တာက သားလို့ မင်းနွားနို့ကို နေ့တိုင်းပုံမှန်မသောက်ရင် မင်းရွှေပန်းလေးက ကြီးလာမှာ ဟုတ်ဘူး. အဲဒါကြောင့် မင်းနွားနို့ကို နေ့တိုင်းသောက်မှ ရွှေပန်းလေးက ကြီးလာမှာလို့ပြောလိုက်တာပါကွာ. "အဲဒီလိုလည်း ပြောလိုက်ရော ကိုလှမောင် မိန်းမက ကိုလှမောင်ရဲ့နောက်ကျောကို တအုန်းအုန်းနဲ့ထုတော့တာပေါ့......ကိုလှမောင်ကလည်း " ဟ မိန်းမရ ဘာလို့ ဒီလောက်ရိုက်နေရတာလဲကွ" " ဟင်း.. ရှင်မှ ငယ်ငယ်တုန်းက နွားနို့ကို နေ့တိုင်းမသောက်ခဲ့တာ" တဲ့ အရပ်ကတို့ရေ...................

9 comments:

ဆောင်းနှင်းဝေ said...

ဟဟ.....ကောင်းလေးငယ်တို့လုပ်လိုက်မှဖြင့်
ညီရောနွားနို့နေတိုင်းသောက်ရဲ့လား?:P
တော်ကြာ.....ဟီ.....နောက်မှတိုးတိုးလေးပြောတော့မယ်နော်...
အဆင်ပြေပျော်ရွှင်ပါစေ......ညီရေ....

မချစ်ရ said...

ကောင်ကလေးနော်သေတော့မယ်
ပုံပြင်လေးတွေရေးပါဆိုနေ
မဟုတ်ကဟုတ်ကဆိုသိပ်တတ်တယ်
သေမယ်နော်....ဟွန်းးးးးးးးးးး

သားကြီး said...

အောင်မယ်လေးလေး ကိုမောင်လှရေ
အဖြစ်ဆိုးလိုက်တာဗျာ
ဟီးးး
နောက်ဆုံးအပိုဒ်လည်းရောက်ရော
ရယ်လိုက်ရတာ
တော်တော် တော်တဲ့ကလေး ငယ်ငယ်လေးနဲ့
အသိရှိတယ် :)

ဝက်ဝံလေး said...

ကောင်ယေးရော ဟဟ နွားနို့နေ့တိုင်း သောက်ရဲ့လား ဟိဟိ

ကောင်လေးငယ် said...

ဟီးဟီး ကောင်လေးငယ်ကတော့ နွားနို့ဆို ကြိုက်မှကြိုက်.....

Angel Shaper said...

သားကြီး နေရာတကာ ရှေ့ ရောက်နေတယ်။
လှမောင်ပါဟဲ့။ ဟွန်းးးးး သူလုပ်မှပဲ လှမောင်မလဲ မောင်လှ ဖြစ်လို့ လှလှပပပေါ့။
ကောင်လေးငယ်...ရေးတတ်လိုက်တာ ကောင်စုတ်ကလေးရဲ့။
မင်းကော နွားနို့ မှန်မှန်သောက်လားဟဲ့။ ဟဟဟားးးးးးး

စည်သူ said...

အောင်မလေးအောင်မယ်လေး..

ကိုပြောမလို့ဟာ.. အပေါ်ကမမတွေ ပြောလိုက်တာနဲ့
ပြောစရာ စကားကိုမရှိတော့ဘူး.. အတော်ကိုဆိုး..းP

ညီရေ.... အကိုလည်းနွားနို့သောက်လိုက်တာလေ..
ညီပြောသလိုမဖြစ်ပဲ.. ဝမ်းတွေသွားလို့.. ခွင့်တောင်
ယူလိုက်ရတယ်...ဟီးဟီး..း)

ပျော်ရွင်ပါစေညီရေ...........

Khyl said...

ကြည့်သောက်... ကြည့်သောက်...
အဲလေ...
ဆက်သောက်....ဆက်သောက်...(ကရင်ဂို... အသံဖြင့် ဟဲသွားသည်.....)

ကောင်လေးငယ် said...

အာာ ကိုစည်သူကလည်း နွားနို့ဆိုတာ ဆားများများလေးခတ်သောက်ဗျ.. ဟီး.ဟီး ဘွတ်ဘွတ် ပမ်းတော့ဘူးပေါ့....