Friday, December 23, 2011

လောကကြီးမှာရှိ.တဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ…

  • တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်…..ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….

“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “

  • အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..
  • ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….
  • နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်…
  • အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….
  • ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…
  • ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…
  • ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးကပေးလိုက်ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….

သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“

  • ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????

  • ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
  • ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….
  • “သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင်နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်
  • ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရတော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???
  • အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ

သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

  • အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “

  • အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..

“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “

  • ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…

ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????

သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………

………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ………………………………..မလှပနိုင်တော့ဘူးနော်……….

Wednesday, December 21, 2011

ကိုယ်ရံတော် ပစ္စည်းသက်သေ….???

တစ်ခါက လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို

အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ်ပဲ မျှားချင်၏် ။

မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။ တစ်ရက်သောမနက်ခင်းမှာ အချိန် အကြာကြီး ငါးမျှားရာမှ

ပြန်လာသော ယောင်္ကျားက တရေးတမောအိပ်ရန် ဆုံးဖြတ်လိုက်သည် ။ မိန်းမ ကတော့ စာဖတ်မည်ဟု

စိတ်ကူး၍ ရေကန်ထဲတွင် လှေထုတ်လှော်သည်။

ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါစာအုပ် ထုတ် ၍ စာဖတ်နေလိုက်သည် ။

ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။

လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ……..

“မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”

မိန်းကလေးက… “စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း

ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။

“ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး”

“ဒီနေရာဟာ ကန့်သတ်နယ်မြေ”

“ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”

“မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”

“………”

“မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”

“ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့

ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ ရလိမ့်မယ်”

ဟု မိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။

” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”

အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။

”မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ အစုံအလင်ပါနေတာပဲမဟုတ်လား”

ပာုပြောလိုက်လေသည်……….(မှတ်ပလား....ငနာရဲ့ )

မေလ်းထဲမှ ဟာသလေးများ

လူမှန်နေရာမှန်

“မောင်ဘမောင်… မင်း ဘယ်လို ယောက်ျားလဲကွယ့်။

မင်းမိန်းမကတော့ ကိုယ်ဝန်ကြီးနဲ့ ထင်းခွဲနေတယ်။
မင်းကျတော့ ဒီခုံပေါ်မှာ အေးအေးဆေးဆေး မယ်ဒလင် ထိုင်တီးနေတယ်”

“မတတ်နိုင်ဘူး ဒေါ်ဒေါ်… သူမှ မယ်ဒလင် မတီးတတ်တာ။”

စိတ်၏ချမ်းသာခြင်း

ကိုဘမောင်အရက်မူးပြီး အိမ်သို့ပြန်ရောက်လာသည်။ တံခါးကိုဖွင့်သည်။
ဝင်ဝင်ချင်း အသံဆိုးကြီးဖြင့် အော်သည်။
“ ဟေ့၊ ငါပြန်လာပြီကွ၊ ငါပြောတာ ကြားလား၊ ပြန်လာပြီကွ ငါ၊ ငါ ပြောတာ
မရှင်းဘူးလားကွ ဟေ ”
မည်သူမှ မတုံ့ပြန်ချေ။ ကိုဘမောင် မီးဖိုးချောင်ထဲ ၀င်သည်။
ကြောင်အိမ်ကိုဖွင့်ပြီး အထဲမှ ပန်းကန်များကို ကြမ်းပေါ်ကို ပစ်ချသည်။
ကွဲသံရှသံများ မြည်ဟီးသွားသည်။ ကိုဘမောင် ထပ်အော်သည်။
“ ဟေ့ ငါပြန်လာပြီကွ၊ ကြားလား ”
တစ်ခန်းလုံး တိတ်ဆိတ်နေမြဲ၊ ကိုဘမောင် ဧည့်ခန်းထဲဝင်ပြီး ပန်းအိုးကို
ပစ်ခွဲသည်။ ရုပ်မြင်စက်ကို စားပွဲနှင့်အတူ ကြမ်းပြင်ပေါ်ပေါက်ချသည်။
အခန်းထဲရှိသမျှပစ္စည်းတွေကို ဗြောင်းဆန်နေအောင်လုပ်သည်။
ထို့နောက်တွင် ဖိနပ်မချွတ်ဘဲ အိပ်ရာပေါ် လှဲချလိုက်သည်။နှုတ်မှလည်း
ကျေနပ်သံဖြင့် ပြောသည်။
“ တစ်ယောက်တည်း နေရတာ တယ် ကောင်းပါလားနော်”


ဥာဏ်ကြီးရှင်ဖေဖေ

ရုံးမှာ အချိန်ပိုလုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေဖြစ်သူကို

သားငယ်က မေးသည်။
“လမင်းဟာ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေတာလဲဟင်”
“လမင်း ဟုတ်လား ၊ မသိပါဘူး သားရယ်”
“ကြယ်တွေကျတော့ သေးသေးလေးနော်…. ဘာဖြစ်လို့လဲ ဖေဖေ”
“ကြယ်တွေ ဟုတ်လား၊ အင်း မပြောတတ်ပါဘူးကွာ”
“ဖေဖေ၊ ဘာဖြစ်လို့ ..”
အမေက ၀င်ပြောသည်။
“ဟဲ့သား၊ ဖေဖေ ပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေ ထုတ်မနေစမ်းနဲ့”
“မေးစမ်းပါစေကွာ၊ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား ။”


ကျောင်းသားဘ၀ ဟာသများ

ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀က အလွန်ဆိုးခဲ့သည်။ ကျွန်တော့်သူငယ်ချင်းများလည်း

အလွန် အနောက်အပြောင်သန်ကြသည်။ ဤတွင် တွေ့ကြလေသတည်းပေါ့..။

ကျောင်းဖွင့်စတစ်ရက် အတန်းထဲသို့ မြန်မာစာသင်ရန် ဆရာမအပျိုကြီး ၀င်လာသည်။ အပျိုကြီးပီပီ

ဆံပင်လေး သပ်ကာသပ်ကာဖြင့် လှလှပပ ကြွကြွရွရွလေး သင်လေသည်။

“ကဲ.. ဒီနေ့ စသင်မယ့် သင်ခန်းစာကတော့ မြန်မာအက္ခရာတွေ အဆင့်ဆင့် ပြောင်းလဲလာပုံအကြောင်းပဲ

ဖြစ်တယ်။ အဲဒီထဲကမှ ဆလိမ်ပြောင်းလဲပုံအကြောင်းကို အရင်ဆုံး ပြောမယ်နော်။ ဆလိမ်

ဘယ်လို ပြောင်းလဲသလဲ သိလား”

“သိပါတယ်ဆရာမ”

နောက်ဆုံးတန်းမှ ကျောင်းသားတစ်ယောက်က ထဖြေသည်။

“အလဲ့.. တယ်ဟုတ်ပါ့လား။ ပြောပါဦး.. ဆလိမ် ဘယ်လို ပြောင်းလဲသလဲ”

“စိန်လှ ပါ ဆရာမ”

ရယ်သံများက တဝေါဝေါ ထွက်လာသည်။ ဆရာမခမျာ ခေတ္တမျှ ကြောင်နေသေးသည်။ ပြီးတော့မှ


"သြော်.. ဆရာမက အကောင်းပြောနေတယ် အောက်မေ့လို့။ မင်းတို့က နောက်နေကြတာပဲ။ ပျော်တတ်တာကို

မပြောလိုပေမယ့် ဒီလို နောက်တတ်တာက နောင်ဆို ပြင်ရခက်မယ်။ ဗီဇပါသွားမယ်။ ဗီဇဆိုတာသိလား"

ဆရာမက သူ့အကျင့်အတိုင်း ပြောရင်း ပြန်မေးခွန်းထုတ်လိုက်သည်။ ထိုကျောင်းသားကပင် ထ၍

"သိပါတယ်။ ဘစီပါ ဆရာမ.."

"အင်.."

ဆရာမ ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ ကျောင်းသူကျောင်းသားများ ရယ်၍ မဆုံးတော့။

ဆရာမမှာ ဒေါသထွက်ပြီး အခန်းထဲမှ ထွက်သွားတော့သည်။

ပြောလေ ဆိုးလေ


မကြာမီ ကျောင်းအုပ်ဆရာကြီးနှင့်အတူ ဆရာမ ပြန်ရောက်လာသည်။ ဆရာကြီးမှာ

အလွန် ဒေါသထွက်နေပုံရ၏ ။


“ဟေ့ကောင်တွေ.. မင်းတို့ မိုက်ရိုင်းလှချည်လား။ ဆရာမကို စော်ကားလွှတ်လိုက်တယ်ဆိုကွ”

ဆရာကြီးစကားကြောင့် ဆရာမအပျိုကြီး မျက်နှာရဲသွားသလို ကျောင်းသူများလည်း ပြုံးစေ့စေ့

ဖြစ်ကုန်ကြသည်။

“အင်.. ဆရာကြီးကလည်း..”

“အဲ.. အေး အေး၊ ဆောရီးဆရာမ။ မင်းတို့ ဒီလိုလုပ်တာ ကောင်းသလား။ ကိုယ့်ကျောင်းကို စေတနာနဲ့

လာသင်ပြပေးရတဲ့ ဆရာမကို နောက်လွှတ်တယ် ဆိုတော့ မင်းတို့က ဘာကောင်တွေလဲ။ ခွေးတွေလား။

မင်းတို့တက်နေတဲ့ ကျောင်းကြီးက ခွေးကျောင်းကြီးလားကွ ဟေ။ မင်းတို့ကို ဘယ်သူတွေက

အဲလို သင်ထားလဲ”

ဆရာကြီးမှာ ဒေါသဖြင့် ပြောနေရာ တစ်တန်းလုံး ငြိမ်သက်နေကြသည်။ ထိုစဉ် နောက်တန်းမှ

အသံတစ်သံက မကြားတကြား ထွက်လာသည်။

“အဲဒီကျောင်းက ဆရာတွေပါပဲခင်ဗျာ”

တခွိခွိ ရယ်သံများက သိသိသာသာ ဖြစ်သွားသည်။ ဆရာကြီးလည်း သူ့စကားနှင့်သူ ပိတ်မိနေ၏ ။

“တိတ်စမ်း...၊ ဘယ်ကောင်လဲကွ ပြန်ပြောတာ”

မျက်မှန်နှင့် ဖြူနွဲ့နွဲ့ကျောင်းသားတစ်ယောက် ထလာပြီး ပြောသည်။


“ကျွန်တော်လည်း မသိပါဘူး ဆရာကြီး”

“မင်းက မသိတာကို ဘာလျှာထရှည်နေတာတုန်း”

“ဆရာကြီးပဲ တိတ်စမ်း ဆို.. ခေါ်လိုက်ပြီးတော့..”

“ဟေ..”

ဆရာမကိုယ်တိုင် ရယ်နေပြီဖြစ်သည်။ ဆရာကြီးလည်း ပြုံးရမလို မဲ့ရမလို ဖြစ်နေသည်။

“ဘာတွေလဲကွ။ နောက်နေကြတာလား မင်းတို့က”

ဘယ်သူမှ ပြန်မဖြေကြ။ တစ်တန်းလုံးတော့ ပြုံးစေ့စေ့မျက်နှာပိုးများကို သတ်ထားရသည်။

“ကဲ.. အဲဒီ စိန်လှ ဆိုတဲ့ကောင်နဲ့ ဘစီ ဆိုတဲ့ကောင် ထွက်ခဲ့ကြစမ်း”

ကျောင်းသားများ ရယ်ကြပြန်သည်။ ဘာကြောင့်ရယ်ကြပါလိမ့်ဟု ဆရာကြီး ဝေခွဲရပုံမပေါ်။

ဆရာမလည်း ဘာပြောရမှန်းမသိ ဖြစ်နေသည်။

“ဘယ်မလဲ စိန်လှ။ ဟိုကောင် ဘစီ ထစမ်း”

“ဒီအတန်းထဲမှာ စိန်လှလည်း မရှိ၊ ဘစီ ဆိုတာလည်း မရှိပါဘူး ဆရာကြီး။ Roll Call စာအုပ်မှာ ကြည့်ကြည့်ပါ”

ထိုအခါ ဆရာမမှာ မနေသာတော့၊ ၀င်ရှင်းပေးရတော့သည်။


“မဟုတ်ဘူး ဆရာကြီး။ ကျွန်မက စိန်လှလို့ ပြောရင် သူတို့က ဆလိမ်လို့ ပြောတာ။ ကျွန်မက ဘစီ ဆို

သူတို့က ဗီဇ တဲ့”

ကျောင်းသားများ တ၀ါးဝါး ရယ်ကြတော့သည်။ ဆရာမမှာ ပြောချင်ဇောကြီး၍ ရှေ့နောက်

ပြောင်းပြန်ဖြစ်သွားသည်ကို မသိလိုက်။ ဆရာကြီးက ဆရာမဘက် မျက်မှောင်ကျုံ့လျက်

“နေပါဦး..၊ နင်ကစာသင်တာလား၊ သူတို့ကို ရယ်စရာပြောပြနေတာလား”

“အင်.. ဆရာကြီးကလည်း”

ရယ်သံများက ပတ်တုတ်မရတော့။ ကျောင်းသူများမှာ မျက်မှာများ နီရဲနေအောင် ရယ်ကြသည်။

ကျောင်းသားများကတော့ အူနှိပ်နေကြလေပြီ။

“တော်ကြရှန်း။ အဲဒီ နောက်တဲ့ကောင် ထစမ်း”

ဆရာကြီးမှာ ဒေါသကြောင့် စကားများပင် မပီတော့။ တံတွေးတွေ စင်ထွက်ကုန်အောင် အော်လိုက်၏ ။

နောက်မိသော ကျောင်းသားက မျက်နှာငယ်လေးနှင့် ထ၍

“ဆ..ဆ ဆရာကြီး၊ ဒေါသရှေ့ထားရင် မှားတတ်ပါတယ် တဲ့။ ပြီးတော့ ဟို.. သည်းခံခြင်းသည် အောင်မြင်ခြင်းလို့

ဘုရားကလည်း ဟော.. ဟောထားပါတယ်”

“အေး အေး.. လာခဲ့။ အဲဒီကောင် လာခဲ့။ အဲလောက်တတ်နေရင် ငါနဲ့ ဟိုဘက် ခဏလိုက်ခဲ့။ မင်း သိတာတွေ

သိပ်များနေပြီ”

ဟု ဆိုကာ ထိုကျောင်းသားကို နားရွက်ကဆွဲလျက် ကြိမ်လုံးကြီး တစ်ဖက်ဖြင့် ကျွန်တော်တို့

ကင်ပေတိုင်စခန်းဟုခေါ်သော ကျောင်းအုပ်ကြီးရုံးခန်းသို့ နာဇီစစ် စစ်ရန်အလို့ငှာ

ခေါ်ဆောင်သွားလေတော့သည်။ ခိုင်လုံသော သတင်းရင်းမြစ်များအဆိုအရ ဆရာကြီးက ထိုကျောင်းသားအား

မင်းတို့ကောင်တွေ သေချာ သတိထားနေ....အခု ပြန်တော့..နောက်ကို အဲလောက် အစမသန်နဲ့ကွ ဟူသတည်း

မှတ်ချက် ။ ။ အဲဒီ ကျောင်းသားက ဘယ်သူထင်လည်း ဟင်

Monday, December 19, 2011

မင်းတို့ဆီမှာ ရှိလို့လားးးးး

တစ်ခါတုန်းက ရွာတစ်ရွာမှာ မောင်လှနဲ့ မောင်မြ ဆိုတဲ့အရမ်းချစ်ကြတဲ့ သူငယ်ချင်း ၂ယောက် ရှိသတဲ့.......သူတို့ သူငယ်ချင်း၂ယောက် အရမ်းကို ချစ်ကြခင်ကြတာပေါ့....ရပ်ရေးရွာရေး ကုသိုလ်ရေး

မှာ သူတို့ ၂ယောက် မပါရင် မပြီးသလောက်ပါပဲ.... တစ်နေ့တော့ မောင်လှ တစ်ယောက် လယ်ထဲသွားရင်း

ပိုးထိ ပြီးဆုံးသွားရှာတယ်..... သိပ်မကြာခင်ရက်ပိုင်းမှာပဲ မောင်မြ တစ်ယောက်လည်း ငှက်ဖျားရောကြောင့်

ဆုံးပါး သွားပါလေရော....သူတို့ ၂ ယောက်သေလွန်ပြီးနောက် မိမိတို့ကုသိုလ်ကံ အလျောက် မောင်လှက

နတ်ပြည်မှာ နတ်မင်းကြီးဖြစ်သွားပြီး မောင်မြကတော့ လူ့ဘ၀က သက်ဖြတ်ခဲ့တဲ့ အကုသိုလ်ကံတချို့ကြောင့်

ငရဲပြည်ရောက်သွားတယ်...ဒါပေမယ့် မောင်မြရဲ့ လူ့ဘ၀က ပြုဖူးတဲ့ ကုသိုလ်ကံ တစ်ချို့ကြောင့် ငရဲပြည်မှာ

သာမာန်ငရဲသားမဟုတ်ပဲ ငရဲမင်းကြီးပေါ့ဗျာ.......

ဒီလိုနဲ့ တစ်နေ့ကျတော့ နတ်သားကြီး မောင်လှက သူ့ငယ်ချင်း ငရဲမင်း မောင်မြကို ငရဲပြည်အခြေအနေ

ကို သတင်းလှမ်းမေးတယ်.....

လှ။ ။သူငယ်ချင်းမောင်မြရေ...မင်းတို့ငရဲပြည်မှာ နေလို့ထိုင်လို့ အဆင်ပြေရဲ့လားကွ.....

မြ။ ။အေးသူငယ်ချင်းရေ...အရင်ကတော့ ပူလိုက်အိုက်လိုက်တာမှ ပြောမနေနဲ့ကွာ......

လှ။ ။ခုတော့ရော သူငယ်ချင်းးး

မြ။ ။ခုတော့သူငယ်ချင်းရေ..နေရထိုင်ရတာ ဇိမ်ရှိသွားပြီကွ.......

လှ။ ။ဘာဖြစ်လို့တုန်း...မိန်းမရနေလို့လား....

မြ။ ။အာ..ကြံကြံဖန်ဖန်..မဟုတ်ရပါဘူးကွာ...ဟိုတစ်လောက လူ့ပြည်က အင်ဂျင်နီယာ တစ်ယောက်

ငရဲပြည်ကို မှားအပို့ခံလိုက်ရတယ်လေ....အဲဒါသူကို ရောက်တုန်းရောက်ခိုက် ငရဲမှာ အဲကွန်းတို့

ရေခဲသေတ္တာတို့ တစ်ခြားလျှပ်စစ်ပစ္စည်တွေ ဆင်ခိုင်းလိုက်တာ နေလို့ထိုင်လို့ အတော်အဆင်ပြေ

သွားတယ်ကွ....ဟဲဟဲ

လှ။ ။ဟိုက်ရှ်....ဒါဆိုရင် အဲဒီသူငယ်ကို နတ်ပြည်လွှတ်စမ်းကွာ....ဒီမှာလည်း လိုအပ်တာလေးတွေ လုပ်ခိုင်း

ချင်လို့ပါ......

မြ။ ။ဟားးဟားးးး သူငယ်ချင်းရေ...ဒီလိုလုပ်လို့ ဘယ်ရမလဲကွ..မင်းအကြောင်း မသိရင်ခတ်မယ်....မင်းက

အဲဒီကောင် ရောက်လာရင် ငါ့ကို ဘယ်တော့မှပြန်ပေးမှာမဟုတ်ဘူး..ငါသိနေတယ်..ဟဲဟဲ

လှ။ ။စိတ်ချပါ သူငယ်ချင်းရာ...ဒီမှာ လုပ်စရာတွေပြီးတာနဲ့ မင်းဆီပြန်လွှတ်ပေးပါ့မယ်....

မြ။ ။မရဘူး ကိုယ့်လူရေ...လုံးဝ မပေးနိုင်ဘူးးးးးးး

လှ။ ။ သြော်..မင်းက ဒီလိုကို.....ဒါဆိုလည်းရတယ်.... မင်းကို အပြစ်မရှိသူကို ငရဲမှာ ထားမှုနဲ့ တိုင်ချက်

ဖွင့်ရမယ်.........

မြ။ ။ဟားးးးးးးးးးးးးးးးမောင်လှရယ်...မင်းလည်း အတော်ရယ်စရာပြောသကိုးကွ.....နေပါဦး..မင်းကိုမေး

ရဦးမယ်......`မင်းတို့နတ်ပြည်မှာ ဘယ်တုန်းက ရှေ့နေ ရှိဖူးလို့လဲ´......

ဒီမှာတင်မောင်လှ တစ်ယောက်လည်း မောင်လှကို စကားတုန့်ပြန်မပြောနိုင်တော့ပဲအရှုံးပေး

လိုက်လေတော့သတည်းးးးးးးးးးးး

Tuesday, December 6, 2011

ဟင့်အင်း ခရမ်းချဉ်သီးဘဲ

တစ်ခါကအမျိုးသမီးတစ်ယောက်ဟာတည်းခိုခန်းတစ်ခုမှာအခန်းငှားတယ်တဲ့။ဒါနဲ့တည်းခိုခန်းမန်နေဂျာ

'အစ်မအခန်းလွတ်ကမရှိတော့ဘူး။4ယောက်ခန်းတော့ရှိတယ် ဒါမဲ့အဲဒီမှာ ယောင်္ကျားလေ3းယောက်ရှိတယ်။

အစ်မတည်းချင်ရင်တော့အဲ့ဒီတစ်ခန်းဘဲရတော့မယ်'ပြောတော့ အမျိုးသမီးကလည်း "ရပါတယ်အဲဒီအခန်းကိုဘဲ

ကျွန်မကိုပေးပါ"ဆိုပြီးအဲဒီအခန်းထဲကိုဝင်သွားရော။အဲဒီမှာအရင်ရောက်နေတဲ့ယောက်ကျာင်္းလေ3းယောက်က"အစ်မ

ကိုမေးခွန်းတစ်ခုမေးမယ် ဖြေနိုင်ရင်အစ်မဖါသာအေးအေးဆေးဆေးအိပ်ပါ။မဖြေနိုင်ရင်တော့ ကျွန်တော်တို့နဲ့အိပ်ရမယ်

ဘယ်လိုလဲ"ဆိုတော့ အမျိုးသမီးကကောင်းပြီမေးပါဆိုပြီးသဘာတူလိုက်တယ်။ ဒါနဲကောင်လေးတစ်ယောက်ကစမေးတယ်

"အပင်ပုပု အသီးကနီနီစားရင်ချိုတယ် အဲဒါဘာသီးလဲ"တဲ့။အဖြေမှန်က စတော်ဘယ်ရီပါ။ဒါကိုအမျိုးသမီးကသိပေမယ့်

ခ၇မ်းချဉ်သီးလို့ဖြေလိုက်တယ်။ဒါနဲ့ပထမကောင်လေးနဲ့အိပ်လိုက်ရော။နောက် ဒုတိယကောင်လေးကလည်းဒီမေးခွန်းဘဲထပ်မေး

တယ်။အမျိုးသမီးကလည်း ခရမ်းချဉ်သီးလို့ဘဲဖြေတယ်။တတိယကောင်လေးအလှည့်လည်းဒီလိုဘဲ။ဒါနဲ့မနက်ကိုးနာရီလောက်ရောက်

တော့တည်းခိုခန်းမန်နေဂျာက ကိုးနာရီတောင်ထိုးနေပြီ ဟိုအခန်းထဲက4ယောက်လည်းခုထိထွက်မလာသေးပါလား။ဘာများဖြစ်နေလဲ

ဆိုပြီးသွားကြည့်လိုက်တော့ ကောင်လေးသုံးယောက်ကကုတင်အောက်ကနေဒူးထောက်ပြီး "အစ်မရယ်ကျေးဇူးပြုပြီး

စတော်ဘယ်ရီလို့ဖြေပါဗျာ" ဆိုတော့ အမျိုးသမီးက" ဟင့်အင်းခရမ်းချဉ်သီးဘဲ" တဲ့။

Wednesday, November 16, 2011

RunBOXအရောင်ပြောင်းချင်သူများအတွက်

ဒါဘော်ဒါတို့ရဲ့ စက်ထဲမှာရှိတဲ့ Command Prompt (CMD) မှာရှိတဲ့ရိုးအီနေပြီးသား အမဲရောင် Screen Background ကြီးကို အသစ်အဆန်းလေး ဖြစ်သွားအောင် ပြောင်းကြည့်ချင်တဲ့ သူများအတွက်ပါ။ အရမ်းကိုလွယ်ပါတယ် သိပြီးသားသူများလည်း ရှိမှာပါ ခုဟာက မသိသေးတဲ့ သူများအတွက် တင်ပေးလိုက်တာ ဖြစ်ပါတယ်ခင်ဗျာ......

(၁) အရင်ဦးဆုံး ပထမ အဆင့်အနေနဲ့Start ကနေ Run ကိုသွားပြီး ပေါ်လာတယ့် Run Box ထဲမှာ CMD လို့ ရိုက်ထည့်ပေးလိုက်ပြီး Enter ခေါက်ပေးလိုက်ပါ။




(၂) ပြီးရင် ပေါ်လာတယ့် အမဲရောင် CMD Window ကြီးရဲ့ Title Bar ပေါ်မှာ Right Click နှိပ်ပြီး Properties ဆိုတာကို ရွေးပေးလိုက်ပါ။


(၃) နောက်ပြီး ပွင့်လာတယ့် CMD Properties Pop up Window မှာ Colors ဆိုတယ့် Tab လေးကို ဆက်ရွေးပေးလိုက်ပါ။

(၄) ပြီးရင်တော့ ပုံပေါ်မှာ မျဉ်းတားထားပေးတယ့် Screen Text မှာ ကိုယ်ကြိုက်တဲ့ အရောင်ကို ရွေးပါ သူကကိုယ့် CMD ထဲမှာပေါ်မယ့် စာအရောင်ဖြစ်ပါတယ်။ ပြီးရင် Screen Background မှလည်း ကိုယ့်စိတ်ကြိုက် အရောင်လေးရွေးပေး ဒါကတော့ နောက်ခံအရောင်ပေါ့ အားလုံးပြီးလို့ OK လေးကို နှိပ်လိုက်ရင် ကိုယ့် CMD Window လေးမှာ ကိုယ့်စိတ်ကြိုက် အရောင်ရပြီပေါ့။ ကျွန်တော်ပြောသားပဲ အရမ်းလွယ်ပါတယ်ဆို.....


ဒါက ကျွန်တော်ပြောင်းထားတဲ့အရောင်လေးပါ။ မိုက်တယ်မဟုတ်လား........ ကိုယ့်စက်ကလေးကို သူများတွေထက် ခေတ်မှီလှပပြီး သူများနဲ့ မတူအောင် စတိုင်ကျချင်တယ်ဆိုတယ့် သူများအတွက်တင်ပေးလိုက်တာပါ စမ်းကြည့်လိုက်ကြပါဦး။

မသိသေးသူများအတွက်ရည်၇ွယ်ပါတယ်ခင်ဗျာ....

Tuesday, November 15, 2011

အချစ်စစ်ဆိုသည်မှာ

ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့
သမီးလေးတစ်ယောက်ရှိသတဲ့...

သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ.....

ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....

ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့.
....

ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....

အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ.....

အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့......

ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ....

ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့.....
ပျင်းတာကိုး နော်...

ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း .....

သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော...

မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့....

ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ.....

မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့.....

တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ပိုလာကြပါရောတဲ့.......

သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားပါလေရော....

သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ
ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို ပို့လိုက်ပါရောတဲ့

အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ
မတွေ့ကြရတော့ဘူးတဲ့....

မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့....

ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို
ရောက်ဖို့အကြံထုတ်ရတော့တာပေါ့

ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ....

သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့...

ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင်.....

ဒီသစ်ပင်လေးဟာ နေချင်းညချင်း ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့.....

သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့အချိန်မှာပဲ ဘုံ
ငါဆင့်ကို ရောက်သတဲ့...

ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း....

ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့...

မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့......

ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ.......


.......


...............


...........................


စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး လာခုတ်သွားပါလေရောတဲ့ကွယ်......ဟီးဟီး

Monday, November 14, 2011

မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရခြင်းအတွက်ဂုဏ်ယူလိုက်စမ်းပါ..ရွှေမြန်မာ

၁) စွန့်ဦးတီထွင်သူ အက်ဒီဆင်ကို အမှတ်ရသည့်အနေဖြင့် တစ်နေ့လျှင်(၄)နာရီကြာမျှ လျှပ်စစ်မီးငြိမ်းပြီးယနေ့ထက်တိုင် ဂုဏ်ပြုရခြင်း

၂) ကမ္ဘာပေါ်တွင် အနုပညာ အဆန်ဆုံးသော (ဖယောင်းတိုင်ထွန်းညစာစားပွဲ) CandleLight Dinner ကိုမြန်မာနိုင်ငံသားများ ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်ခြင်း

၃) Tape ကပ်ပြီးအသုံးပြုသောပိုက်ဆံများ ကိုနူးညံ့ရိုသေစွာကိုင်တွယ်ခြင်းကို
ကြည့်ခြင်းအားဖြင့် မြန်မာလူမျိုးတို့၏ အကြင်နာတရားကြီးပုံကိုသိနိုင်ခြင်း

၎) ပညာရေးကိုအားပေးသောမိဘများ ၊ မေးခွန်းအား...ပေးသောဆရာများအားချစ်ခင်ရခြင်း

၅) မိမိပိုင်ဆိုင်ရယူထားသောဘွဲ့နှင့်ကိုက်ညီသော အလုပ်အကိုင်
များမှာ ပြည်ပနိုင်ငံများတွင်သာရှိနေတတ်ခြင်း

၆) ပြည်တွင်းအလုပ်အကိုင်များအတွက် ဘွဲ့လက်မှတ်များတစ်ပိသာခန့်အပြင်
အလှတရားအနည်းငယ်ပေါင်းစပ်ထား ရန်လိုအပ်ခြင်း

၇) ပလာဇာများတွင်ဈေးဝယ်ထွက်ခြင်းဖြင့် သင်အိမ်တွင်မေ့ကျန်ခဲ့နိုင်သော ပစ္စည်းများကို အ၀င်ဝတွင်စစ်ဆေးနိုင်ခြင်း

၈) ခြောက်လုံးပြူးကိုင်အကြမ်းဖက်သမားများကို လိုင်းကားပေါ်တွင်သာ တွေ့မြင်နိုင်ခြင်း

၉) ဆက်သွယ်မှုဧရိယာပြင်ပ၊ဖုန်းပိတ်ထား၊မအားသေးပါရှင်..ဆိုသော Operator ၏ချစ်စဖွယ်စကားသံလေးကို နံပါတ်တစ်ခုထဲမှ (၃)မျိုး(၃)ခါ ကြားနိုင်ခြင်း

၁၀) အခက်အခဲရှိသော မည်သည့်အမျိုးသမီးကိုမဆို အကူညီပေးတတ်သော အမျိုးကောင်းသားများမွေးဖွားရာဒေသဖြစ်ခြင်း

၁၁) ကမ္ဘာ့ရုပ်အဆိုးဆုံး အဆိုတော်များ၊အကောင်းဆုံးဒါရိုက်တာများ မွေးဖွားရာဒေသ လည်း ဖြစ်ခြင်း

၁၂) အဆင့်မြင်ကင်မရာများတပ်ဆင်ထားသည့် ဟိုတယ်များတွင် တည်းခိုနိုင်ခြင်း

၁၃) အမျိုးသားထုတစ်ရပ်လုံးအတွက် အားထားစရာ ၊ အားကိုးစရာ ဘိုးတော်များ ၊ဗေဒင်ဟောခန်းများနှင့် နတ်ကနားများရှိနေခြင်း

၁၄) မြန်မာပြည်ဖွား ကိုရွှေစပယ်ယာများမှာမာရာဒိုနာကဲ့သို့ ရွှေလက်ပိုင်ရှင်များ ဖြစ်နေခြင်း

၁၅) အရာရာကို အရှူံးပေးတတ် ပြီး သည်းခံတတ်သော ဗီဇကို ဘိုးဘွားများထံမှ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ရခြင်း

၁၆) လိုင်စင်မဲ့ကား ၊လိုင်စင်မဲ့ဆိုင်ကယ် ၊လိုင်စင်မဲ့လောင်းကစား ၊လိုင်စင်မဲ့ အချစ်များအတွက် လိုင်စင်မဲ့ပြုလုပ်နိုင်ခြင်း

၁၇) မြန်မာအမျိုးသားဘောလုံးသင်း၏ ဂုဏ်သတင်းမွှေးပျမှုကြောင့် ၊ နိုင်ငံခြားသားများပင် လာရောက်ကစားလိုကြခြင်း

Monday, September 26, 2011

ရွှေမိရေ.. ငါရည်စားစာကို ဖတ်ပေးပါဟာ

ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန်တဲ့ ၊ခက်ပါ့ဟာ ၊
ကျုပ်သိသလောက်တော့ ဒေါ့ဆိုတာ ဒီအိုဂျီ (dog) ခွေး တဲ့၊ပါဠိလိုတော့ "သုနက္ခ" ပေါ့ဟာ ၊
ဒါပေမယ့် နင်ပေးတဲ့ လိပ်စာက ဒေါ့ကျတော့ အင်္ဂလိပ်လို ဖူးစတော့လို့ခေါ်တဲ့ဟာကြီး ၊ ခက်ပါဘိ ရွှေမိရယ်…
ဘကြီးဘုန်းကြီးရှေ့မှာသာ ဒီလိုဖတ်လို့ကတော့ဟာ ကျောင်းတိုင်ကိုဖက်ပြီး ကြိမ်နဲ့အနှက် ခံရမှာ သေချာတယ်
နောက်ပြီး ကွန် ဆိုတာကပါသေးတယ် ၊ ကျုပ်သိသထားသလောက်ကတော့ ကွန်ဆိုတာ ငါးပစ်ပြီးဖမ်းတဲ့ဟာကြီး ၊
အကုသိုလ် သိပ်များတာပေါ့ဟာ ။ နင်ပြောလို့သာ အဲဒီကွန်ကြီးကို သုံးပြီး ခေတ်မှီအောင် အင်တာနတ် ကနေ အီးမေးဆိုတာကြီးနဲ့ ရည်းစားစကား ပြောရတယ် လို့ဟာ ၊ကြား မကြားဖူးပါဘူးဟာ ၊
နင့်အမေကြီး ဆုတောင်းနေတဲ့ ဟို ဘာလဲ အတွင်း ၃၇မင်း ၊ အပြင် ၃၇မင်း ၊ အရံ ၃၇မင်း ၊၁၁၁ ပါးသောနတ်မင်းတွေထဲမှာတော့ အဲဒီ အင်တာနတ်မင်းကြီးကို မကြားဖူးပါဘူးဟာ ၊ ကျုပ်အထင်တော့ သူက၃၈ မင်းမြောက်ထင်ပါတယ် ။

ဘာပဲဖြစ်ဖြစ် ရွှေမိ ရယ် …နင့်ကိုသာကျုပ်ချစ်ရမယ် ဆိုလို့ကတော့ဟာ အင်တာနတ်မကလို့ ဘယ်နတ်မင်းကြီးပဲ ပင့်ရပင့်ရ ကျုပ် ပင့်ပါ့မယ် ရွှေမိရယ် ….အဟုတ်ပြောတာ ။ ။ > > >
ကျုပ်အချစ်ဆုံး အကြိုက်ဆုံး ကွယ်လွန်သူ တေးရေးတေးဆို ဓာတ်ရှင်မင်းသားကြီး တွံတေး သိန်းတန် ရဲ့သီချင်းထဲမှာတော့ " ကျေးမစေ ၊ စာလွှာတွေမပို့ပဲ လမင်းကတစ်ဆင့် ချစ်တဲ့အကြောင်းတွေ ပြောပါမယ် " လို့ပဲကြားဖူးပါတယ် ရွှေမိရယ် ၊

အဲ…အဲ နင်အသစ်ပြောင်းထားတဲ့ "အင်ဂျလီနာ ညိုမီ" ရယ်….ကျုပ်ကတော့ နင့်ကိုရွှေမိလို့ပဲခေါ်နေကြမို့ နှုတ်ကျိုးနေပြီဟာ ။ ဒါနဲ့နေပါဦး ရွှေမိရယ် နင်ပြောတဲ့အဲဒီ အင်တာနတ်မင်းကြီးက အောင်သွယ်တော်လုပ်ပေးတဲ့ အချစ်နတ်မင်းကြီးလားဟ ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်သာကျုပ်ကို ပြန်ချစ်မယ်ဆိုလို့ကတော့ရိုးရာ ကိုင် ချင်ကိုင်ပါစေဟာ အဲဒီ နင်ပြောတဲ့ အင်တာနတ်မင်းကြီးကိုပဲ "မ" ခိုင်းမယ်ဟာ ၊ တကယ်……တကယ် ။ > > >

ရွှေမိရယ် နင်ကမြို့မှာကျောင်းသွားတတ်တာ အရမ်းပြောင်းလဲလာတယ်နော် ၊ နင်ဝတ်နေကျ လုံချည်နဲ့ နင်ဖြီးနေကျ ဆံပင်က"တို"သွားပြီး နင်စီးနေတဲ့ ဖိနပ်ဒေါက်နဲ့ နင့်လက်သည်းတွေ "ရှည်"လာတာရော ၊နောက်ပြီးအရင်ကဆို ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ဖတ်တိုင်း စူဠသုဘဒ္ဒါက ဘယ်လိုလုပ်ပြီး ဆင်စွယ်ကို ပန်နိုင်မှာလဲလို့ ကျုပ်စဉ်းစားမိတယ် သိလား ၊ အခုတော့ နင့်နားမှာ အမျိုးမျိုးပြောင်းနေတဲ့ နားဆွဲတွေကိုမြင်ပြီး ကျုပ်ယုံသွားပါပြီ ရွှေမိရယ် ။
ပြီးတော့ နင်ကမျက်နှာဖြူစကားတွေလည်း တော်တော်ပြောတတ်လာတယ်နော် ၊ နင်ပြောပြောနေတဲ့ ဘာလဲဟို….၀က်ဆိုဒ် ဆိုလား ၀က်ဆိုင်ဆိုလား ဟာ အေး အဲဒီဟာကြီးက နင်တော်တော်ကြိုက်တယ် ထင်တယ် ၊ ကျုပ်သိတာကတော့ ရွာဈေးက ကိုကံကောင်း ၀က်ဆိုင်ပဲ သိတယ် ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်ကြိုက်ရင် ဘယ်လောက်ပဲ ဈေးကြီးကြီး ကျုပ်ဝယ်ကျွေးပါ့မယ်ဟာ ။ > > >
်ပြီးတာ့ ကျန်ပါသေးတယ် ကိုလူပျိုကြီး ကိုရန်မျိုနိုင်ရောင်းတဲ့ ဘာတဲ့ အော် ဒေါင်းလုပ်ဆိုလား ဒေါင်းရုပ်ဆိုလားဟာ ၊ နင်ကြိုက်တယ်ဆိုရင် ဈေးကြီးစမ်းပါစေဟာ ကျုပ်ဝယ်ပြီးလက်ဆောင်ပေးပါ့မယ်ဟာ ။ ဒါနဲ့နေစမ်းပါဦး အဲဒီအရုပ်က တို့ ဖိုးဝရုပ်ထက်လှလားဟ ၊ အေးပါ လှလှ မလှလှ နင်ကြိုက်ရင် ကျုပ်လည်းကြိုက်တယ် ၊ နင်ပြောရင်ကျုပ်နားထောင်မယ် ၊ နင်ယုံတဲ့အဲဒီ အင်တာနတ်မင်းကြီးကို ကျူပ်လည်းယုံပါတယ်ဟာ ။ နောက်ပြီး နင်ပြောပြောနေတဲ့ ဟိုကမ္ဘာကြီးက ပူနွေးလာပြီဆိုလားပဲ ၊ ဟုတ်တယ် ကျုပ်ထင်ပါတယ် ၊ ဘာလိုလဲဆိုတော့ နင်ဝတ်တဲ့ အင်္ကျီတွေ စကဒ်တွေကို ကြည့်ပြီးကျုပ်တို့ရွာလေးတောင် တော်တော်ပူနေမှန်းသိလိုက်ရတယ် ။ ဒါ့ကြောင့် ကျုပ်လည်းဒီနေ့ကစပြီး နင်ဝတ်သလိုမျိုးစွပ်ကျယ်အင်္ကျီနဲ့ ပုဆိုးခါးတောင်းကြိုက်ပြီးတော့ပဲ နေတော့မယ်ဟာ ။ ကျုပ်ကစကဒ်မှဝတ်လို့ မရတာ ၊ ဒီတော့လဲအဆင်ပြေသလို လုပ်ရတာပေါ့ဟာ ။ ဘာပဲဖြစ်ဖြစ် ကျုပ်ကိုနင် ပြန်ချစ်ရင်ပြီးတာပါပဲ ရွှေမိရာ….။ > > > ဘကြီးဘုန်းကြီး ကတော့ပြောပါတယ် ရွှေမိရယ် ၊ က္ကတ္တိဝင်္က နဒီဝင်္က တဲ့ မိန်းမနဲ့ မြစ်တို့သည် ကောက်ကွေ့သောသဘောရှိသည် "တဲ့ ၊ နင့်ဆံပင်လိုပေါ့ရွှေမိရယ်။ ဒါပေမယ့်ရွှေမိရယ် ဘကြီးဘုန်းကြီးက ဘကြီးဘုန်းကြီးပါဟာ ၊ ကျုပ်ကပုထုဇဉ်လေ ဘကြီးဘုန်းကြီးမှ မဟုတ်တာ နော့် ။

"ပုထုဇန္နော ဥမ္မာတကော" တဲ့ ရွှေမိရဲ့ ပုထုဇဉ်ဆိုတာ အရူးလို့ တို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်လေ ။ ကျုပ်လည်း နင့်ကိုချစ်မိတော့ ရူးနေပြီပေါ့ ရွှေမိရယ် ။ ဘကြီးဘုန်းကြီး ကတော့ဘယ်သိပါ့မလဲ သူက လောကုတ္တရာသမားကိုး ၊ ကျုပ်တို့ကလောကီသား ၊အဲဒီတော့လည်း နင့်ကိုကျုပ်က ချစ်ရတာပေါ့ ရွှေမိရယ် ၊ ဘကြီးဘုန်းကြီးကတော့ ပြောပါတယ် "ဒကာလေးကအပူ ရှာနေတာကိုး "တဲ့ ၊ ကျုပ်ကလည်း"တပည့်တော် စွပ်ကျယ်ဝတ်ထားပါတယ်ဘုရား"လို့ မပြောတော့ပါဘူး ရွှေမိရယ် သူကတရားသဘောနဲ့ပဲမြင်တာကိုး ၊ ကျုပ်ကတော့ "ပိယေဟိ ၀ိပ္ပယောဂေါဒုက္ခော"ဆိုတဲ့ ချစ်သူနဲ့ကွေကွင်းရခြင်း ဒုက္ခ ကိုမခံစားနိုင်ဘူုးဗျ
အဲဒါကြောင့် နင့်ကို ချစ်ရတာပါ ရွှေမိရယ်….။ > > >

ကျုပ်က နင့်ရဲ့အဇ္ဇတ္တကိုလည်းချစ်တယ် ၊ ဗဟိဒ္ဒ ကိုလည်းချစ်တယ် ၊ မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် စိတ် ဆိုတဲ့ အာရုံခြောက်ပါးလုံးနဲ့ ချစ်တယ်ဟာ ။ ရှင်းရှင်းပြောရရင် နင်နဲ့ကျုပ်နဲ့ က ဓမ္မာ ၊သောက ၊အင်းဝ၊ရာဇာ ပဲဖြစ်နေပါစေ ကျုပ်ကချစ်တယ်ဟာ ၊ ကိန္နရီ ကိန္နရာ မောင်နှံဟာ တစ်ညတာဝေးတာကို နှစ်ပေါင်းခုနှစ်ရာ ၇၀၀ ဆွေး လို့မပြေဘူးတဲ့ ၊ ကျုပ်ကလည်းနင့်ကို သူတို့ထက်မလျော့အောင်ချစ်ပြမှာပါဟာ ။ တကယ်ပါ ရွှေမိရယ် "လူတွေဟာ ချစ်သူရဲ့ အသံကိုကြားရတဲ့နေရာမှာ တင်းတိမ်မှု့မရှိနိုင်ဘူး "တဲ့ ၊ ကျုပ်လဲနင့်အသံလေးကိုပဲ အမြဲကြားချင်နေတာပါ ။ နင်ကကျုပ်အတွက်တော့ ဓာတုကလျာ ၊ ရှင်နှောင်း ၊ ရခိုင်မင်းသမီး ၊ ဒိုင်းခင်ခင် ၊ ၀ဏ္ဏပဘာ ပါပဲဟာ ၊ ကျုပ်ကနင့်အတွက်ဆို " ကောင်းကင်တမွတ် ကြယ်ကိုဆွတ် " မယ့်သူပါဟာ ။ တကယ်ပါ ရွှေမိ ကျုပ်ကနင့်ရဲ့ ပထ၀ီတစ်လုံး အာကာတစ်လုံး ဖြစ်နေတဲ့ မျက်လုံးလေးကစပြီး ကြေးညိုရောင် ခြေဖျားလေးအထိ ချစ်ပါတယ် ရွှေမိရယ် ။ ဒါပေမယ့် ရွှေမိရယ် ကျုပ်ကနင့်ကိုချစ်တဲ့ အထဲမှာလေ ဘာလောဘမှ မပါပါဘူးဟာ ။ > > > ဆယ်တန်းတင်မကပထမနှစ်မှာပါ စာကျေအောင်ဆိုပြီး ၃နှစ်ဆီနေခဲ့တဲ့ နင့်ရဲ့ပညာရေးဂုဏ်ကို လည်း ကျုပ်မမက်ပါဘူး ရွှေမိ ။ ပြီးတော့ ဟိုးအရင်ဘ၀က ဘုန်းကြီးကျောင်းသူများရဲ့ ခေါင်းလောင်းအလှူပွဲမှာ ထမင်းစားကောင်း အောင် သာဓု ၀င်ခေါ်ခဲ့တဲ့ဆုလို့ ထင်ရလောက်အောင် အသံကောင်းတဲ့နင့်အမေ ၊ စကားတစ်ခွန်းကို အရပ်ဆယ် မျက်နှာက ခုနှစ်အိမ်စေ့ ကြားနိုင်အောင် ပြောနိုင်တဲ့သူ ၊ အရင်ဘ၀က ရေဒီယိုလှူခဲ့ဖူးသလား မှတ်ရအောင် သတင်း၊အတင်း စုံတဲ့မှတ်ဥာဏ်နဲ့ နင့်အမေ ၊ လဆန်းနဲ့ လလယ် ရောက်တိုင်း ကန်တော့ပွဲထဲ ဘောက်ချာထိုးပြီး အတွင်း ၃၇မင်း ၊အပြင် ၃၇မင်း ၊အရံ ၃၇မင်း ၁၁၁ပါးသောနတ်မင်းတွေနဲ့ ဘိုးတော်အပေါင်းကို ရန်မဖြစ်ဖြစ် အောင် ထမင်းတစ်ဝိုင်းတည်းပြင်ပြီး ဖိတ်ကျွေးတတ်တဲ့ နင့်အမေ ၊ ဈေးထိပ်နားကညောင်ပင်အောက်မှာ သူ့ဘာသာသူ တစ်ယောက်တည်း နေတတ်တဲ့ အရူးမကြီးကို ဒီနေ့ဘာကောင်းလဲလို့ တစ်နေ့နှစ်ခါမေးပြီး ဂရုစိုက်တတ်တဲ့

သေသွားတာ ၂နှစ်လောက်ကြာပြီဖြစ်တဲ့ သင်တုန်းဓားလောက်ပဲ ကိုင်ဖူးတဲ့ ရွာထိပ်က ကိုရင်ကြီး လူထွက် ဦးပြောင်ကြီးဆီမှာ အရက်တစ်လုံးကို တစ်ယောက်တစ်ဝက်သောက် ၊ ကိုယ့်ဘာသာကို ဆရာတင် ၊ ကိုယ့်ဘာသာကို တပည့်လုပ်ပြီး တစ်ညနေတိတိ ပညာဆည်းပူးလာတဲ့ ဆံပင်ညှပ်သမား ညည်းအဖေ ၊ တစ်ရွာ လုံးကယောကျာင်္းတွေ သူ့လက်အောက်ကထွက်တာပါလို့ မကြာမကြာ မူးတိုင်းပြော ၊ ဆံပင်သာကုန်စေ ရမယ် ပညာမကုန်စေရဘူးဆိုတဲ့ ရှေ့တစ်လက်မနောက်ပြောင်ပုံစံကို မူပိုင်ခွင့်ယူထားတဲ့ ညည်းအဖေ ဦးကတုံး ၊ အဲအဲ ညည်းအခေါ်ကတော့ ရန်ကုန်မှာ တိုနီထွန်းထွန်း ၊ တို့ရွာမှာတော့ တိုနီကတုံး ၊ ကိုရီးယားကတောင် လာငှားရဆိုတဲ့ ဟဲယားဒီဇိုင်းနာဆိုတာကြီးပေါ့ ၊ အေး နင့်ကိုကျုပ် ချစ်တာ က လည်း နင့်အဖေကြီးရဲ့ အဲဒီ လ္ဘက်ရည်ဖိုး သာသာ ၀င်ငွေကိုမက်မောလို့ မဟုတ်ပါဘူး ရွှေမိရယ် ။ > > >

နောက်ပြီး နင့်အစ်ကို လပြည့် ၊ တစ်ရပ်ကွက်လုံးက သတ်မှတ်ထားကြတဲ့ သင်္ဘောသား ၊ သင်္ဘောနဲ့ ပတ်သတ် လို့ကတော့ နိုင်ငံခြားသင်္ဘော ၊ ပြည်တွင်းသင်္ဘော ကိုထားဦး လှေရဲ့လှော်တက်မပြောနဲ့ ရေတောင် ကိုယ့်ကိုယ်ကို မသေအောင်တောင် မကူးတတ်တဲ့ နင့်အစ်ကို ၊ သဘောင်္ပင်ရဲ့အသားလို အစိုလည်းသုံးမရ ၊ အခြောက်လည်း အသုံးမ၀င်လို့ ခေါ်ရတဲ့သင်္ဘောသား ၊ ချဉ်ဖတ်ရောင်းတဲ့ဆိုင်မှာတောင် ၀ယ်လို့မရတဲ့ ရှားရှား ပါးပါး ရပ်ကွက် ချဉ်ဖတ်ကြီး ၊ ရှစ်တန်းမှာ နှစ်ခါကျပြီး ကျောင်းခေါ်ကြိမ်စာအုပ်က သူ့နာမည်ကို ယမကာ ဆိုင် အကြွေးစာရင်းမှာပြောင်းရေး ၊ သူ့လက်ကအနုပညာသည်လက်ဆိုပြီး ဘာအလုပ်မှ လက်ကြောတင်း အောင် မလုပ်ပဲ သင်္ဘောသားဖြစ်နေတဲ့ နင့်အစ်ကိုရဲ့ ဂုဏ်အရှိန်အ၀ါတွေကို မက်မောပြီး ကျုပ်ကနင့်ကိုချစ်ခဲ့တာ မဟုတ်ရပါဘူး ရွှေမိရယ် ။ > > >

ဟောဒီရင်ဘတ်ကြီးထဲကဘုံးဘုံး( ရင်ဘတ်ပုတ်သံ ) မိ…မိ….မိ…မိ…မိ…မိ… လို့အော်နေတဲ့ ငါ့နှလုံးသား ကြောင့်ပါဟာ ၊ လုံးကြီးတင်ကို ၀တ်ဆံခတ် ၀စ္စနှစ်လုံးပေါက်ထည့်ပြီးတော့ တော့မဖတ်လိုက်ပါနဲ့ ရွှေမီး ရယ် ဟယ်ဟုတ်ပါဘူး ရွှေမိ ရယ်……… ။ > > >

ကျုပ်ကနင်ပြောပြောနေတဲ့ ဆော့ဖ်ဝဲဆိုလားဘာဝဲဆိုလားအဲဒီဝဲဆေးဖော်ရောင်းပြီး အရမ်းချမ်းသာ နေတဲ့ အမေရိကန်ဆိုတဲ့ တိုင်းပြည်က ဇောတိကကြီး ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို ချမ်းသာမှ ပြန်ချစ်မှာလား ရွှေမိ ရယ် ၊ " တူနှစ်ကိုယ် တဲအိုပျက်မှာနေရ "ဆိုတဲ့သီချင်းကို နင်က မြို့ပေါ်က ရက် သီချင်းတွေလောက်မကြိုက်ပေမယ့် ကျုပ်ကတော့ လက်ခံတယ် ရွှေမိ လက်ခံတယ် ၊ နင်က ဒေးဗစ်ဘက်ခမ်းဆိုတဲ့ ဗြိတိသျှဘောလုံးသမားပုံပါတဲ့ အင်္ကျီလက်ပြတ်ကိုဝတ် ရွာရိုးကိုးပေါက် လျှောက်ပြီး စိတ်ကူးပဲယဉ်နေတော့မှာလား ရွှေမိရယ် ။

နင့်ကိုကျုပ်ပြောဖူးပါတယ် "အပုပ်ကောင်ရုပ်ဆောင်နေကြတာပါ"လို့ ၊ လောကဓံရှစ်ပါးကို နင်ပြောတဲ့ ၀ဲဆေးဆရာ ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ရော၊ ဟိုဘောသမားရော ဒေးဗစ်ဆိုတဲ့ပုဂ္ဂိုလ်ရော ကြုံရမှာပဲရွှေမိ ၊ အေးအဲဒီလိုပဲ နင်လည်း လောကဓံရှစ်ပါးကိုကြုံရတဲ့အခါ နင့်ဘေးမှာကျုပ်ရှိနေချင်တယ်ဟာ ။ > > >

ကိုင်း အဲဒီတော့ ဆိုင်ရာပိုင်ရာများနဲ့ အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း ၊ အရံ ၃၇ မင်း ၁၁၁ပါးသော မင်း တွေရဲ့ နောက် ကမ္ဘာ့ရွာကြီးကို အပိုင်စားရတော်မူသော ၁၁၂ မင်းမြောက် အင်တာနတ် မင်းကြီးခင်ဗျား တပည့်တော်ရဲ့ နှလုံးသား ၀က်ဆိုင်က
( Website ) ဒီရည်းစားစာ ကို ရွှေမိ ဒေါင်းရုပ် ( download ) လုပ်ပါစေလို့ ဆုတောင်းရင်း ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန် ဆိုတဲ့ လိပ်စာကို ခေတ်မှီအောင် အမြန်ချော နဲ့ ကမ္ဘာ့ရွာတောင်ပိုင်းနေ ဘုန်းကြီးကျောင်းသား ကိုရင်ညိန်းမှ ကမ္ဘာ့ရွာတောင်ပိုင်းမှာပဲ နေတဲ့ ဘုန်းကြီးကျောင်းရဲ့ နှစ်အိမ်ကျော်က အင်ဂျလီနာညိုမီ့ ထံ ပေးပို့လိုက်ရပါတယ် ။ > >

Friday, January 14, 2011

Gtalk ကစာလုံးတွေကို Bold & Italic လုပ်ကြမယ်

ကဲ ..သူငယ်ချင်း အကိုအမ တို့ရေ
အခု Gtalk အတွက် တစ်ခု တင်ပေးဦးမယ်နော်..
စိတ် ၀င်စားစရာတော့ကောင်းပါတယ်.... လွယ်လွယ် လေးနဲ့ မသိ တဲ့သူ များတာ လေး ပါ.
ဒါပေမဲ့ သိတဲ့သူ လည်းရှိ ကြမှာပါ ...
(မသိသူများအတွက် သာ.... နော်)

သူကဘယ်လိုလဲဆိုတော့ ...
GTALKမှာ တစ်ယောက်နဲ့ တစ်ယောက် ချက်ရင် အရေးကြီးတဲ့ စာလေး တွေ
ဒါမှမဟုတ် တစ်ခုခု ပေါ့ နော်.... ဒီစာလုံး တစ်လုံးကို ထင်ရှားစေချင်တယ် ဆို၇င်
အဲ့ဒီ စာလုံးကို အမဲလေးနဲ့ရေးလို့ရပါတယ်...
ဥမပါ....အော် ဟုတ်ပါဘူး...မှားလို့
ဥပမာ..
အဲ့ လို စာလုံး မဲမဲ လေးနဲ့ ရေးချင်ရင်တော့ .....

မိမိရဲ့ စာရေးတဲ့အခါမှာ...
Star(Shift+8) Shift နဲ့နံပါတ် 8 ကိုတွဲ နှပ်လိုက်ရင် * အဲ့လို Star လေး ကို
သူငယ်ချင်းရေး မဲ့ စာရဲ့ ရှေ့ဆုံးနဲ့နောက်ဆုံးမှာ ထည့်လိုက်ပါ...
ပြီးရင် Enter ခေါက် .. ဒါဆိုရပြီပေါ့ ဒီလိုလေးဗျာ..*Hello* ပြီးကျတော့ Enter ခေါက်လိုက်ပေါ့
ကဲဒါဆို မဲမဲ လေး (Bold) ဖြစ်အောင်တော့ လုပ်တတ်သွားမယ်လို့ ထင်ပါတယ်....

နောက်ထပ် တစ်ခုရှိသေးတယ် ဗျ...
နောက်တစ်ခုကလဲအဲ့လိုပဲ
သူကျတော့ စောင်းစောင်း လေး...ထွက်လာတယ်..
ဘယ်လိုလဲဆိုတော့
စောစော က လိုပဲ သူငယ်ချင်းရေးမဲ့ စာလုံးရဲ့ ရှေ့ဆုံးနဲ့နောက်ဆုံးမှာ
Shift နဲ့အနုတ် ကိုတွဲ နှိပ်လိုက်ရင် ထွက်လာနဲ့ _ အဲ့လို ပုံစံ လေး
ကို ထည့်လိုက်ပါ. ဒီလိုလေးနော်…_ hi_ ပြီးကျတော့ Enter ပေါ့နော်…
ဒါဆိုရင် ရပါတယ် ခင်ဗျာ ..

Wednesday, January 12, 2011

နာရီ မသိ ၊ အချိန် မရှိ တဲ့..ကိုကို မမ များအတွက်.Online Clock

အင်တာနက် သုံးဖို့ ကွန်ပျူတာရှေ့ ထိုင်လိုက်ပြီ ဟေ့ဆိုလိုက်တာနဲ့ ...နာရီ မသိ ၊ အချိန် မရှိတော့ ။ ဘယ်အချိန်တွေ ဖြစ်လို့ ဖြစ်မှန်းလဲမသိ ။ ဘာလုပ်လို့ လုပ်ရမှန်းလဲ မသိ ။ ချိန်းထားတာတွေ အကုန်လွဲ ... ။ ဟိုလွဲ ဒီလွဲ ဖြစ်နေသူများအတွက် ..... ။

အင်တာနက် များသုံးမိပြီဆိုလျှင် ဆေးသမားများ ထက် ဆိုးသည် ဆိုသည်ကို ယခု လက်ရှိ အင်တာနက် အသုံးပြုသူတိုင်း သဘောပေါက်ကြပါလိမ့်မယ် ။ ခဏလေးလို့ ထင်လိုက်ပေမဲ့ .. တစ်နာရီ ၊ နှစ်နာရီလောက်ကြာချင်လည်း ကြာနေတတ်တယ် ။ ပြီးတော့မှ ..... ဟာ ..သွားပြီ .. ။ လုပ်စရာရှိတာတွေ မလုပ်ရဘူးးးး ဟု ... လွဲသွားသူတွေ တစ်ပုံကြီးးးးး ။

အဲ့ဒါကြောင့် အဲ့လို မဖြစ်ရအောင် ... အင်တာနက် သုံးနေတာလေးလည်း မပျက်အောင်.....ဒီလိုလေးပဲ လုပ်ထားပေးလိုက်ပါ ... ။

http://kukuklok.com/
click တစ်ချက် နှိပ်ပြီး အဲ့ဆိုဒ်လေးကို ဖွင့်ထားပေးလိုက်ပါ ။ ဖွင့်လိုက်တာနဲ့ .ရိုးရှင်းလှတဲ့ ဆိုဒ်ရဲ့ အပြင်အဆင် ဟာ ..စိတ်ကို ဖမ်းစားသွားပါလိမ့်မယ် .... ။

Digital နာရီလေး တစ်လုံးးးးး ( အပေါ်မှာ လက်ရှိ ရောက်နေတဲ့ current time ကို ပြနေလိမ့်မယ် ) နဲ့ ... ဘေးနားမှာ ကြက်ဖ ပုံလေးနဲ့ ..... ( ရွာက ကြက်တွန်သံလေး အလွမ်းပြေပေါ့....)

အဲ့ဒါဆို အရင်ဆုံး ကိုယ် လုပ်စရာ ရှိတဲ့ အချိန် ကို နာရီလေးမှာ ချိန်ပြီး set alarm ပေးလိုက်ပေါ့.... ။

ပြီးရင် ကြက်ဖ ပုံလေးမှာ preview sound ကို နှိပ်ကြည့်လိုက်ပါ ... ။ အဲ့ဒါဆို မိမိ alarm ပေးထားတဲ့ အချိန်မှာ ကြက်တွန်သံနဲ့ ... alarm လေး ပေးနေပါလိမ့်မယ် ။ ( ကြက်ဖ ပုံလေး ဘေးနားက arrow လေးတွေကို နှိပ်ပြီး ရိုးရိုးနှိုးစက် နာရီသံ ၊ electronic တတီ...တီ..မြည်သံ ၊ slayer guitar မြည်သံ အကျယ်ကြီးနဲ့ ...၊ တပ်မတော်သားများအကြိုက် .. စစ်ချီတေးသံ ... အစရှိတဲ့.. မိမိ ကြိုက်နှစ်သက်ရာ alarm အသံများကိုလည်း ရွေးချယ်ပေးလို့ ရပါသေးတယ် ။ )

အဲ့ဒါဆို ရင်... အဲ့ဆိုဒ်လေး ကိုဖွင့် alarm လေးကို set လုပ်ပေးပြီးး မိမိ သုံးချင်တဲ့ .. အင်တာနက်ကို ကြိုက်သလို ထိုင်သုံးနေပါ... ။ alarm လေး မြည်လာတဲ့ အချိန်မှာတော့ .. မိမိ တစ်ခုခု လုပ်စရာ ရှိလာပြီ ဆိုတာကို .. အလိုလို alarm မြည်သံ ကြားတာနဲ့ သတိရလာပါလိမ့်မယ် ..... ။

(Online Alarm Clock လေး ဖြစ်တာကြောင့် နက် မရှိတဲ့ အိမ် က စက်တွေကတော့ အဆင်ပြေမှာ မဟုတ်ပါဘူး ။ အင်တာနက် အသုံးပြုနေရတဲ့ ရုံးဝန်ထမ်းတွေ အတွက်ကတော့ ဒီ Online Alarm Clock လေးက ပြောမပြတတ်လောက်အောင် အဆင်ပြေစေပါလိမ့်မယ်..... ။ )

အားလုံးပဲ .. အင်တာနက်သုံးပြီးး လုပ်စရာ ရှိတဲ့ အချိန်မှာ လုပ်စရာ ရှိတဲ့ အလုပ်ကို ..ပြီးပျက် အောင်မြင်စွာ လုပ်ဆောင် နိုင်ကြပါစေဗျာ .... ။