Wednesday, November 16, 2011

RunBOXအရောင်ပြောင်းချင်သူများအတွက်

ဒါဘော်ဒါတို့ရဲ့ စက်ထဲမှာရှိတဲ့ Command Prompt (CMD) မှာရှိတဲ့ရိုးအီနေပြီးသား အမဲရောင် Screen Background ကြီးကို အသစ်အဆန်းလေး ဖြစ်သွားအောင် ပြောင်းကြည့်ချင်တဲ့ သူများအတွက်ပါ။ အရမ်းကိုလွယ်ပါတယ် သိပြီးသားသူများလည်း ရှိမှာပါ ခုဟာက မသိသေးတဲ့ သူများအတွက် တင်ပေးလိုက်တာ ဖြစ်ပါတယ်ခင်ဗျာ......

(၁) အရင်ဦးဆုံး ပထမ အဆင့်အနေနဲ့Start ကနေ Run ကိုသွားပြီး ပေါ်လာတယ့် Run Box ထဲမှာ CMD လို့ ရိုက်ထည့်ပေးလိုက်ပြီး Enter ခေါက်ပေးလိုက်ပါ။




(၂) ပြီးရင် ပေါ်လာတယ့် အမဲရောင် CMD Window ကြီးရဲ့ Title Bar ပေါ်မှာ Right Click နှိပ်ပြီး Properties ဆိုတာကို ရွေးပေးလိုက်ပါ။


(၃) နောက်ပြီး ပွင့်လာတယ့် CMD Properties Pop up Window မှာ Colors ဆိုတယ့် Tab လေးကို ဆက်ရွေးပေးလိုက်ပါ။

(၄) ပြီးရင်တော့ ပုံပေါ်မှာ မျဉ်းတားထားပေးတယ့် Screen Text မှာ ကိုယ်ကြိုက်တဲ့ အရောင်ကို ရွေးပါ သူကကိုယ့် CMD ထဲမှာပေါ်မယ့် စာအရောင်ဖြစ်ပါတယ်။ ပြီးရင် Screen Background မှလည်း ကိုယ့်စိတ်ကြိုက် အရောင်လေးရွေးပေး ဒါကတော့ နောက်ခံအရောင်ပေါ့ အားလုံးပြီးလို့ OK လေးကို နှိပ်လိုက်ရင် ကိုယ့် CMD Window လေးမှာ ကိုယ့်စိတ်ကြိုက် အရောင်ရပြီပေါ့။ ကျွန်တော်ပြောသားပဲ အရမ်းလွယ်ပါတယ်ဆို.....


ဒါက ကျွန်တော်ပြောင်းထားတဲ့အရောင်လေးပါ။ မိုက်တယ်မဟုတ်လား........ ကိုယ့်စက်ကလေးကို သူများတွေထက် ခေတ်မှီလှပပြီး သူများနဲ့ မတူအောင် စတိုင်ကျချင်တယ်ဆိုတယ့် သူများအတွက်တင်ပေးလိုက်တာပါ စမ်းကြည့်လိုက်ကြပါဦး။

မသိသေးသူများအတွက်ရည်၇ွယ်ပါတယ်ခင်ဗျာ....

No comments: