Wednesday, September 30, 2009

ပြန်ဖြေဦး

ကိုသာလှတစ်ယောက် အလှူအိမ်ကကျွေးတဲ့ ကုလားပဲနှပ်နဲ့ ၀က်သားဆီပြန်ဟင်းကို အ၀တီးပြီးတော့
ပုဆိုးလေးမတမတနဲ့ အိမ်ကိုပြန်လာတယ်....အိမ်ရောက်တော့ စားထားတဲ့ ကုလားပဲဟင်းက အစွမ်းပြပါလေရော.....
အိမ်သာဆီကိုတန်းပြေးတော့တာ...အဲ..ဒါနဲ့ကြည့်လိုက်တော့ အိမ်သာတံခါးကြီးက ပိတ်ထားတယ်ဗျ....ကိုသာလှလည်း
တံခါးလေးကိုခေါက်ြပီး ခေါ်ကြည့်တယ်..."ဟေ့ အထဲမှာ လူရှိလား..... ဟေ့ အထဲမှာ လူရှိလား" နဲ့ သုံးလေးခါလောက်ခေါ်ကြည့်လည်း
အထဲကဘာသံမှကြားရဘူး..တံခါးလေးကတော့ ပိတ်ရက်ပဲ...ကိုသာလှလည်းနောက်ဆုံး ခေါ်မရတော့ စိတ်တိုတိုနဲ့ ပြောလိုက်ပုံက
" ဟေ့ အထဲက လူမရှိလည်း မရှိဘူးပြောကွာ"..တဲ့......
ခက်ဘူးလားဗျာ..လူမရှိဘာဘူးဆို လူမရှိဘူးပြန်ပြောတဲ့...လုပ်လိုက်ပုံက အဲဒီလိုရယ်....

Tuesday, September 29, 2009

တော်ဝန်ပန်း


မိတ္ထီလာသူ လှပျိုဖြူ
မြင်သူလူတိုင်းငေး
ယဉ်တစ်ကိုယ်မယ် ခန္မာရယ်
နတ်မယ်အရှုံးပေး
မိတ္ထီလာကန် လေညင်းခံ
ဖိတ်မန် သူခေါ်သေး
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်
ယင်ကောင်မသန်းသေး..
ရယ်သံနှောနှော သူ့အပြော
သောသောညံနေသေး
အဘယ့်ကြောင့်ဟူ ပြောရမူ
ကိုယ့်လူမရယ်ကြေး
သွားလေးကခေါ တင်ကလျော
စွေသော မျက်ခွံမှေး
တင်းတိပ်ဝက်ခြံ ၀န်းပတ်ရံ
နီလျှံနှုတ်ခမ်းထွေး(ကွမ်းစားထားခြင်းကြောင့်)
ထို့ကြောင့်သာပ လင်မရ
သူမလှပဂေး........

Sunday, September 27, 2009

ထားချင်ဦးဟဲ့ ရည်းစား

ကျုပ်တစ်ယောက်တည်း
မနေရဲလို့
အတွဲ တွဲရန်ရှာမိတယ်
တွေ့ပြန်တော့လည်း
ကျုပ်အတွဲက
ကွမ်း ၊ ဖဲ ၊ အရက် ဖြတ်ခိုင်းတယ်....
ကွမ်း ၊ ဖဲ ၊ အရက်
အကုန်ပျက်မှတော့
အတွဲမရှာ
ဘုန်းကြီးကျောင်းမှာ
ခေါင်းတုံးနဲ့သာ
နေတော့မှာ.........

Saturday, September 26, 2009

သူ့အလုပ်က

ဆေးခန်းတစ်ခုကို ခပ်ကြောင်ကြောင်လူတစ်ယောက်ရောက်လာတယ်..
ဆရာဝန်က ကဲ..ပြောစမ်းပါဦးခင်ဗျားဘာဖြစ်သလဲ..
" အခုတလော ကျွန်တော် စိတ်တွေ ကယောက်ချောက်ချား ဖြစ်ဖြစ်နေတယ်ဆရာ"
ဆရာဝန်က လူနာကို စမ်းသပ်ကြည့်ပြီး
" ခင်ဗျားဘာကိုမှ ထွေထွေထူးထူး စဉ်းစားမနေနဲ့ ခင်ဗျားရဲ့ကိုယ်ကို ခင်ဗျားရဲ့အလုပ်ထဲမှာနစ်မြုပ်ထားလိုက်ရင် ခင်ဗျားစိတ်ပြန်ပြီး
တည်ငြိမ်လာမှာပါ ဘာမှစိတ်မပူပါနဲ့ "
အဲဒီအခါမှာ လူနာက ပြန်ပြောလိုက်တာကတော့
" ခင်ဗျာ.....ကျွန်တော်ကအလုပ်ထဲမှာ ကိုယ့်ကို ကို နစ်မြုပ်ထားရမယ်ဟုတ်လား ကျွန်တော်က သင်းချိုင်းမှာ တွင်းတူသမားပါဆရာရဲ့"

Tuesday, September 22, 2009

မစစ်ရဘဲပေါ်


လူငယ် - ဦးသမီးနဲ့ ကျွန်တော် ချစ်သူတွေဖြစ်နေကြပါပြီ၊ ကျွန်တော် သူ့ကို လက်ထပ်ချင်ပါတယ်။
ဖခင် - မင်းအရက်သောက်တတ်လား
လူငယ် - ဟာ....... ဦး၊ အရေးကြီးတဲ့ကိစ္စ အရင်ပြောပါဦး၊ ပြီးမှ သောက်ကြတာပေါ့

Monday, September 21, 2009

ခဏလေးပဲစောင့်

သန်းခေါင်မတိုင်ခင် ကင်းလှည့်နေသော ရဲတစ်ယောက် က လမ်းသွယ် ထဲမှာ ရပ်ထားသော ကားတစ်စီးကို တွေ့လိုက်၏။ သံသယ ၀င်မိသဖြင့် သူ့ကားနားကပ်သွား ပြီး ကားတွင်းသို့ ဓါတ်မီး ဖြင့် ထိုးကြည့်လိုက်ရာ ကားနောက်ခန်းထဲမှာ ထိုင်လျက် ဇာထိုးနေသည့် မိန်းမပျိုလေး တစ်ယောက်ကို တွေ့လိုက်သည်။ဒရိုင်ဘာ နေရာမှာတော့ ယောကျာင်္းလေး တစ်ယောက် က စာအုပ်တစ်အုပ် ကို ဖတ်နေ၏ ။

ရဲက သူ့အား မင်းအသက်ဘယ်လောက်ရှိပြီလဲ၊ မင်းဘာလုပ်နေတာလဲ.....ကျွန်တော့် အသက် ၁၈ နှစ်၊ ကျွန်တော် စာဖတ်နေတာပါ....ရဲက မိန်းမပျိုလေးဘက် လက်ညှိုးထိုး ပြီး.....
သူကရော ဘာလုပ်နေတာလဲ..ဇာထိုးနေတယ်လေ.....
သူ့ အသက်ကရော ဘယ်လောက်ရှိပြီလဲ ကွ...........သည်တော့
ယောကျာင်္းလေးက လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ပြီး.....အင်း.....
နောက် ၁၂ မိနစ်ဆိုရင် ၁၈ နှစ် ပြည့်သွားပြီ ပေါ့ဗျာ ဟု ပြုံးစိစိ ဖြေလိုက်၏...

Sunday, September 20, 2009

မင်းကံကောင်းတယ်မှတ်

တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ်အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက် လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။ အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့ `အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´ လို့မေးလိုက်တယ်။
ယေရှုက `အေး သားတော်ကံကောင်းပါတယ်။
မင်းက အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီး ပြန်ဖြေလိုက်တယ်။
ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကောအသက်ရှင်စဉ်ကဘယ်လိုကံကောင်းခဲ့ပါသလဲ´
လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ ကံကောင်းခဲ့တာပဲ ။
ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီးဖြေလိုက်ပါတယ်။
နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး
`ကျွန်တော်ရော ဘယ်လို ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။
အဲဒီလို မေးလိုက်တဲ့ခဏမှာ ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။
ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့ ယေရှုက လှုပ်လို့မရဖြစ်နေတယ်။
ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။
`အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။

Saturday, September 19, 2009

သူ့အမေပဲရင်ကျိုးပါစေတော့

မိဘ နှစ်ပါးက သမီးအား မြို့ကြီး သို့ သွားပြီး အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။ သမီးငယ် ထွက်မသွားခင် မှာ မိခင်ကြီးက သမီး အခန်းထဲကို သမီး ချစ်သူ ခေါ်မလာပါ ဘူး ....ဆိုတဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ်
သမီး ရယ် ဟု ပြော ပြီး .... အေး.......သမီး အခန်းထဲ သမီးချစ်သူလာတယ် ဆိုတဲ့ သတင်းသာ
မေမေ ကြားရရင် မေမေ ရင်ကျိုးမှာ အမှန်ပဲကွဲ့ ဟုလည်း စိုးရိမ် ပူပင်စိတ်ကို လှစ်ပြလိုက်ပါသေးသည်။
သမီး ထွက်သွားပြီး တပတ်လောက် အကြာမှာ သားအမိ ဖုန်းပြောဖြစ်သည်။သမီး ချစ်သူကို သမီး အခန်းထဲ ခေါ်မလာပါဘူးနော်၊ ဟုတ်တယ်မလား သမီးလေး.....အို.............ခေါ်မလာပါဘူး မေမေရဲ့၊ မေမေ အတန်တန် မှာထားတဲ့ကိစ္စ ပဲ၊ သမီး သူ့ အခန်းကို ပဲ သွားပါတယ်၊ သူ့ အမေပဲရင်ကျိုး ပါစေနော် အမေရယ်...

မဖတ်ရ

ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့
ခင်ဗျားအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ တကယ် အကျိုးမရှိလို့
မဖတ်ရဆိုပြီး ခေါင်းစဉ် တပ်ထားတာပေါ့။
ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့ရွေးချယ်ပိုင်ခွင့်ပါ။ တားမြစ်လို့ မရပါဘူး။
ဒါပေမယ့် လုံးဝ မဖတ်ဖို့ ကျနော် ပြောချင်ပါတယ်။
ပြောနေရင်းနဲ့တောင် ခင်ဗျား ဆက်ဖက်နေသေးတယ်နော်။
ကျနော်က ခင်ဗျား အတွက် ပြောနေတာပါ။
ခင်ဗျားဒါကိုနားမထောင်ဘဲဆက်ဖတ်နေတာခင်ဗျားအတွက်အကျိုးလုံးဝမရှိလို့ပါ။
အခုတောင် ခင်ဗျား ဖတ်လာတာ စာကြောင်းရေ တော်တော်များလာပြီ။
ကျနော်က ခင်ဗျား အကျိုးကို ရှေးရှုပြီး မဖတ်စေချင်တာပါ။
ဆက်မဖတ်နဲ့တော့နော်။ လုံးဝကို အကျိုး မရှိဘူး။ အကျိုး လုံးဝလုံးဝ မရှိပါ။
အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော် ပြောမပြတတ်တော့ဘူး။
အလားတူဘဲ .. မဖတ်ပါနဲ့ကိုလည်းဒီထက်ရှင်းအောင်မြန်မာလိုရှင်းမပြတတ်ဘူး။
ဒီတော့ ရှင်းရှင်းပြောမယ်။ဆက်မဖတ်နဲ့။
ပြောနေရင်းနဲ့တောင်ခင်ဗျားဖတ်လာတာများသထက်များလာပြီ။
ကျနော် ဘယ်လိုပြောရမလဲဗျာ၊ မဖတ်ပါနဲ့။ ဟုတ်ပြီလား
မဖတ်နဲ့တော့။ ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့ မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။
လူ့စိတ်ကလည်း အခက်သား၊ မဖတ်ပါနဲ့ဆို တိုးလို့ဖတ်ချင်တယ်။
ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်က မဖတ်ဖို့ တားမြစ်ရလေဘဲဗျာ။
မဖတ်ပါနဲ့။ဘာကြောင့်လဲဆိုတော့ မဖတ်စေချင်လို့ပါ။
အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။ ဒါဘဲ။
ကျနော်ပြောသားပဲဟာကို မဖတ်ပါနဲ့လို့....ဟီး..ဟီး.. ကရော် ကရော်
ကဲ..ခုတော့.. ဘယ်လိုလုပ်ကြမတုန်း.........

Friday, September 18, 2009

ဝက်ဝံလေးအတွက်မွေးနေ့ဆုတောင်း

.......၀က်ဝံလေးအတွက်မွေးနေ့ကိတ်နဲ့လက်ဆောင်လာပါပြီ.....


Birthday Pictures, Images and Photos



ဝက်ကလေးရေ ဒီနေ့က ၀က်ဝံကလေး မွေးနေ့ဆိုလို့သာ ရေးလိုက်ရတယ်..ဘယ်နှယ်နှစ်မြောက်လည်းတော့သိဘူးလေ..
ဝက်ကလေးမွေးနေ့မှတိုင် နောင်လာမယ့်နှစ်တွေမှာလည်း အဆင်ပြေပျော်ရွှင်ပါစေလို့..ကျန်းမာရေးအထူးကောင်းမွန်ပြီး
အသားအရေ စိုပြည်လှပပါစေ... မိဘကိုလုပ်ကျွေးပြုစုနိုင်တဲ့
သမီးကောင်းရတနာတစ်ယောက်ဖြစ်ပြီး နောင်တွင်လည်း
သားသမီးရတနာလေးတွေကို မွေးထုတ်ပေးနိုင်တဲ့
မိခင်ကောင်းတစ်ယောက်ဖြစ်ပါစေ..
ပညာရေးတွင်လည်း ရည်းမှန်းထားသလောက်အောင်မြင်ပါစေဗျာ....
ဒီလောက်ပဲဆုတောင်းပေးတတ်တော့တယ်..
ကျန်တာကတော့ ကျွန်တော့် မမ " မချစ်ရ" ပဲ ဆက်ပြီး
မွေးနေ့ပွဲလေးလုပ်ပေးလိမ့်မယ်လေနော်.....




ဘောလုံးကြိုက်တဲ့ဝက်ဝံလေးအတွက်နော်

Birthday Pictures, Images and Photos


Birthday Card လှလှလေးရောကြိုက်ရဲ့လား




Birthday Pictures, Images and Photos




မွေးနေ့ကိတ်ဆန်းဆန်းလေး..နော်


happy birthday Pictures, Images and Photos




မွေးနေ့လက်ဆောင်လေးတွေနဲ့ပျော်ရွှင်နိုင်ပါစေ...


Happy Birthday Pictures, Images and Photos



ကောင်လေးငယ်
happy birthday Pictures, Images and Photos

Thursday, September 17, 2009

"ချမ်းသာလာပုံက"

သူငယ်ချင်းနှစ်ယောက်ရှိတယ်....တစ်ယောက်ကတော့ စီးပွားရေးသမားဗျ...ငယ်ငယ်ကတည်းက စီးပွားရေးလုပ်လာတာ..
သူ့အတွက်အကျိုးရှိပြီး အမြတ်ထွက်မဲ့အလုပ်ဆိုရင်အကုန်လုပ်တယ်....စီးပွားရေးကို စိတ်ဝင်တစ်စားလုပ်နေတော့သူ့မှာ
ကိုယ်ပိုင်ကားနဲ့ တိုက်တွေခြံတွေနဲ့ပေါ့လေ..အဆင်ပြေတယ်ဆိုကြပါစို့...အဲ..နောက်တစ်ယောက်ကတော့.. ခပ်ပျော်ပျော်
ခပ်ပေါ့ပေါ့သမားလေ..သောက်မယ်စားမယ်..ပျော်မယ်ပါးမယ်ပေါ့...သူက အရွယ်ရောက်ကတည်းက အရက်ကိုစွဲစွဲမြဲမြဲသောက်လာ
တာလေ..အဲဒီတော့ အခု အသက်အရွယ်ကြီးလာတော့ သူ့မှာဘာမှကိုမရှိရှာဘူးပေါ့လေ...
တစ်နေ့ကျ သူငယ်ချင်းနှစ်ယောက် လမ်းမှာဆုံကြပါလေရော.. စီးပွားရေးသမားသူငယ်ချင်းကတော့ ကားအကောင်းစားကြီးနဲ့
ကားပေါ်မှာပေါ့လေ...ဟိုအရက်သမားကတော့ လမ်းလျှောက်လျှက် လမ်းပေါ်မှာပေါ့..အရက်သမားကမေးတယ်..
"ဟာ သူငယ်ချင်း မင်းကောင်းစားနေတာပေါ့လေ..ကားတွေဘာတွေနဲ့ နေပါဦး မင်းဒီလိုချမ်းသာလာတာ ဘယ်လိုစီးပွားရေးတွေများလုပ်နေလဲ"
ဟိုတစ်ယောက်ကပြန်ဖြေတယ် " သူငယ်ချင်းရာ ငါက မင်းလို အသောက်အစားမှ မရှိတာကွ ရတာလေးတွေစုပြီး ဒီလိုပဲစီးပွားရေးလုပ်ပြီး
အဆင်ပြေနေတာလေ"..." မင်းလည်းအသက်အရွယ်ရလာပြီ မင်းမှာရှိတဲ့ ဟာလေးတွေထုခွဲပြီး လိမ္မာတော့ သူငယ်ချင်းရာလို့"
ပြောသွားတယ်..
အဲဒီလိုနဲ့ နောက်တစ်လလောက်လည်းကြာရော သူငယ်ချင်းနှစ်ယောက်ဆုံကြပြန်တယ်..ဒီတစ်ခါတော့ စီးပွားရေးလုပ်နေတဲ့သူငယ်ချင်းရဲ့
ကားပေါ်မှာ ဂျက်လေယာဉ်တစ်စီးက၀ဲနေတယ်ဗျ...အဲဒီ ဂျက်လေယာဉ်ပေါ်ကလူကတော့ ဟိုအရက်သမားလေ...
စီးပွားရေးလုပ်ငန်းရှင်လည်း အံ့သြသွားတာပေါ့...ဟာ သူငယ်ချင်းမင်းနေ့ချင်းညချင်းကို ကြီးပွားသွားပါ့လာကွ..ဂျက်လေယာဉ်တောင်
ကိုယ်ပိုင်ဝယ်စီးနိုင်လို့ပါ့လား...ဘယ်လိုများ ချမ်းသာသွားတာလည်း ပြောစမ်းပါဦး..
အဲဒီတော့မှ ဟိုအရက်သမားကလည်း..ငါဒီလို ကြီးပွားသွားတာ မင်းကျေးဇူးမကင်းပါဘူးကွာ..မင်းပဲ ဟိုတစ်ခါတုန်းကပြောခဲ့တယ်လေ..
မင်းလည်းအသက်အရွယ်ကြီးလာပြီ မင်းမှာရှိတဲ့ဟာလေးတွေ ထုခွဲဆိုလို့..ငါ့မှာရှိတဲ့ အရက်ပုလင်းခွံတွေကို ထုတ်ရောင်းလိုက်တာ
အခုမင်းမြင်တဲ့အတိုင်းပဲလေ..ပိုက်ဆံတွေပိုနေလို့ ဂျက်လေယာဉ်တောင်ဝယ်စီးနေတာ.......

ကဲ..သူငယ်ချင်းတို့ရေ စဉ်းစားသာကြည့်တော့ ဟိုလူကြီး ဘယ်လောက်အရက်သောက်လည်းဆိုတာကို...ဒါပေမယ့် အဲဒီထဲက သင်ခန်းစာ
တစ်ခုတော့ရလိုက်တယ်....ဘယ်လောက်ပဲ ဆိုးဆိုးလေ...သူကအရက်ကိုကြိုက်တယ်..အရက်ပုလင်းခွံတောင် လွင့်မပစ်ပဲ သူသောက်သမျှကို သိမ်းထားတာ...သူကြိုက်တဲ့အရာအပေါ်မှာ သူတန်ဖိုးထားလို့ သူအကျိုးခံစားရတယ်လေ......

ပေါ့မနေကြနဲ့

ရွာတစ်ရွာမှာပေါ့ဗျာ လူပျိုကြီးတစ်ယောက်ရှိတယ် ...တစ်နေ့မှာတော့ လူပျိုကြီး အသည်းအသန်ဖျားပါလေရော
အဲဒီတော့ ရွာထဲမှာရှိတဲ့ ရပ်ဆွေရပ်မျိုးတွေက ၀ိုင်းပြီးပြုစုရတော့တာပေါ့...နေမကောင်းသူဆိုတော့ ဆန်ပြုတ်သာသောက်ခိုင်းရတာပေါ့လေ...ထိုနေ့မှစပြီး လူပျိုကြီးစကားမပြောတော့ဘူး..နောက်သုံးရက်လောက်ကြာတော့
ရပ်ဝေးမှာနေတဲ့ သူ့ညီမရောက်လာတာပေါ့လေ..အဲဒီမှာ လူပျိုကြီးက ၀မ်းနည်းသံလေးနဲ့ ပြောလိုက်ပုံက
" ငါ့ကိုသိပ်ပေါ့မနေကြနဲ့နော် ငါအစားအသောက်တွေပျက်နေတာ ခံတွင်းလည်းပျက်နေတာကြာပြီ.ဒီကြားထဲ
ဆန်ပြုတ်လေးပဲသောက်နေရတာ တစ်ခါတစ်ခါသောက်မှ ဆန် ၄ဗူးချက်ပဲ ကုန်တော့တယ်" တဲ့

Tuesday, September 15, 2009

ဝက်ဝံလေးရဲ့ခေါင်းစားပုံကတော့

ကိုယ့်ပေါင်ကိုလှန်ထောင်းရရင်တော့ တော်တော်များပါတယ်.. ကျွန်တော့်ကို သူများတွေ အမြင်ကပ်ရတဲ့ အကြောင်းရင်းကတော့
တော်တော်များမှာပါ..ပထမဆုံးကတော့ ကျွန်တော်က စကားပြောရင် ဖြစ်နေတဲ့အကြောင်းကိုမူတည်ပြီးတော့ စိတ်ထဲရှိတာပြောချလိုက်တာ.. အားနာတတ်ဘူးဗျ.. ပြီးတော့ပိုဆိုးတဲ့ အချက်က ငယ်ငယ်ကတည်းက တစ်ယောက်ထဲလည်း
နေတတ်တော့ ပတ်ဝန်းကျင်ဆိုတာကြီးကို သိပ်ပြီးဂရုမစိုက်တတ်ဘူး... သူငယ်ချင်းတွေအပေါ်မှာတော့ တစ်မျိုးပေါ့လေ..
ဒါပေမယ့် ချစ်တော့ချစ်တယ် အလိုမလိုက်ဘူးဗျ.. သူတို့လုပ်ချင်တာထက် ကျွန်တော်လုပ်ချင်တာ လုပ်တာများတယ်..
နောက်ပြီး ကျွန်တော်ကသူငယ်ချင်းတွေနဲ့ ဆက်ဆံရင် ယောင်္ကျား၊ မိန်းမ ခွဲပြီးမဆက်ဆံတတ်ဘူး.. သူက မိန်းကလေးမို့ပဲ
ရှိပါစေတော့တွေ ဘာတွေ လာမလုပ်နဲ့ ပြောစရာရှိတာ ပြောချလိုက်တာ.. ရှေ့မျက်နှာနောက်ထားပြီး လည်းမနေတတ်ဘူးလေ..
ရမှမရတာ ..ရှေ့မျက်နှာကိုရှေ့မှာပဲထားပြီး တည့်တည့်ပြောလိုက်တာ....
ပြီးကျပိုဆိုးတဲ့ အချက်က သွားစရာတစ်နေရာရာရှိလို့ သွားရရင် လမ်းမှာ သတိမထားမိဘူး..တွေးချင်တာတွေးပြီးသွားတတ်တာ.
လှမ်းပြီးနှုတ်ဆက်ရင်လည်း မသိတာကများတယ်.. ဟီး .ဒါကိုပဲ တစ်ချို့ သူငယ်ချင်းမလေးတွေက မာနကြီးတစ်ခွဲသားနဲ့တဲ့..
သူ့လုပ်စာထိုင်စားနေတာကြနေတာပဲ..ဘာပဲနဲ့ပြောကြတာ.. အဲဒါကို ဒီက ကောင်လေးကလည်း ဘယ်နေလိမ့်မလဲ.. အေး.
နင်တို့ ငါ့လုပ်စာကိုရော တကယ်ထိုင်စားချင်တာလား.. အဲဒါဆိုရင်တော့ဟာ....ဘယ်သူကဘာဖြစ်သွားပြီး ဘယ်သူက အိမ်ထောင်ဦးစီး
ဖြစ်သွားလဲလို့...ငါတော့နှမြောတတ်ဘူး နင်တို့မှ တကယ်ထိုင်စားချင်ရင်တော့ တုံကင်နံပါတ်ပြားကြိုယူထားလို့ နင်တို့ရှေ့မှာ အယောက်
ငါးဆယ်လောက်တော့ရှိတယ်လို့ ပြန်ပြောလိုက်တာလေ....ဟီး.ဟီး ဒါကြောင့်ပြောတာပေါ့.ကောင်လေးက စကားပြောလိုက်ရင်.
တည့်တည့်ကြီးနဲ့ကိုး..အခုလည်းကြည့်ပါ့လား ခင်ဗျားတို့လည်း ဖတ်ရင်းဖတ်ရင်းနဲ့ကို အမြင်ကပ်လာပြီမို့လား..
ဒါကြောင့်ပြောတာပေါ့ ကောင်လေးငယ်က အမြင်ကပ်စရာကောင်းပါတယ်လို့ အကြောင်းအရင်းတွေကလည်း လက်ညှိုးထိုးကိုမလွှဲဘူး

Monday, September 14, 2009

ထီလာသူလေးသို့

အားနာပါတယ် လာလည်ကျတဲ့ သူငယ်ချင်းတွေရော မောင်နှမအားလုံးကိုပါ..........အခုကျွန်တော်ရေးမယ့်အကြောင်းက
အတင်းပြောတာလည်းမဟုတ်ပါ.. နှမချင်းမစာနာလို့လည်းမဟုတ်ပါ....သိစေချင်ရုံသက်သက်ပါခင်ဗျာ.....
မိန်းကလေးတန်မဲ့နဲ့ လိုက်ပြီးနှောင့်ယှက်တာကျ တော်တော်ဂွကျတယ်ဗျ... အဲဒါကိုကျတော့ ပတ်ဝန်းကျင်က ဘာမှမပြောကျဘူး
ကျွန်တော့်ကိုကျတော့ ကြီးကြီးကျယ်ကျယ်တဲ့... ကိုယ့်ထမင်းကိုစားပြီး အလိုလိုနေရင်းထိုင်ရင်း မျက်စောင်းထိုးခံနေရတာ.....
ကျွန်တော်လည်းကိုယ့်ဘာသာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်..ဘာမှမက်စရာမရှိပါဘူး..တစ်ခါတစ်ခါများ ကိုယ့်ကို ကိုတောင်ပြန်ပြီး
အမြင်ကပ်မိတယ် တကယ်..ကောင်လေးကဆိုးပါတယ်..ဆိုးတာမှတော်တော်လေးကိုဆိုးပါတယ်.....လုပ်ချင်ရင်တော့ရှေ့နောက်တွေ
ဘေးတွေကိုလှည့်ကိုမကြည့်တတ်ပါ...အဲ..ဒါပေမယ့် ကောင်လေးဆိုးတာတော့ဟုတ်ပါတယ်..မမိုက်ရိုင်းတတ်ပါဘူး...အားနာတတ်ပါတယ်.. အားနာတတ်တာမှတော်တော်လေးကိုအားနားတတ်တာပါ....သူနဲ့ကျမှပဲ..ဘယ်လိုအားနာရမှန်းကိုမသိတာ...
ဒါကိုပဲ လာသေးတယ် ..ပွင့်လင်းလို့တဲ့.....ခက်ဘူးလားဗျာ....အမြင်ကပ်လို့ ဒဲ့ပြောပါတယ်ဆို့ ပွင့်လင်းတယ်လုပ်နေသေးတယ်....
သူ့ကိုကောင်လေးဘယ်လိုမှ ချစ်လို့မရပါဘူး.....အဲဒါ အရင်ကလည်းသေချာတယ်..အခုလည်းသေချာတယ်...နောက်လည်းသေချာနေဦးမှာပဲ..ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ပါဘူး...ကျွန်တော်အခု ဒီအကြောင်းတွေကိုရေးနေရတဲ့ ရည်ရွယ်ချက်က သူသိရှင်ကြားပြောတာပါ.....စိတ်ရှည်လက်ရှည်နဲ့ ဖတ်ပေးသွားတဲ့ မောင်နှမအားလုံးကို ဂါဝရပြုပါတယ်..တကယ်ပါ..
စိတ်ထဲကပါလို့ပါ.....ကောင်လေးစိတ်ထဲကမပါရင် ဘာမှကိုမပြောတတ်ပါဘူး..နောက်ဆုံး မိတ်ဆွေသူငယ်ချင်းတွေနဲ့ လမ်းမှာတွေ့လို့
နှုတ်ဆက်ရင်တောင် စိတ်ထဲကမပါပဲပြုံးမတတ်ပါဘူး.. လူမှုရေးအရတော့ လက်ပြနှုတ်ဆက်လိုက်တာပါပဲ....

ဘာမှမရည်ရွယ်ပါ ဟာသ သက်သက်သာဖြစ်ပါကြောင်း

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။

သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitude ရှိရင်... သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။

ဖြစ်နိုင်တာ

စိတ်ရောဂါစွဲကပ်နေသူတစ်ဦးထံ သူ့ရဲ့သမီးဖြစ်သူက ဆေးရုံကို လာကြည့်တယ်
တော်တော်လေးကြာတော့ သမီးလေးကပြန်သွားတော့တာပေါ့
ပြန်လည်းပြန်သွားရော ဆရာဝန်က လူနာရဲ့ အခြေအနေတိုးတက်လားလို့ အစမ်းမေးခွန်းလေးမေးကြည့်လိုက်တယ်
ဆရာဝန် .. " စောစောကလာသွားတာ ခင်ဗျားသမီးလား"
စိတ်ဝေဒနာသည် .." ခင်ဗျား ဘာကြောင့် ကျွန်တော့်သမီးလို့ပြောနိုင်တာလဲ"
ဆရာဝန် .. " ဟာ ခင်ဗျားကို ဖေဖေလို့ခေါ်သွားတယ်လေ "
အဲဒီမှာစိတ်ဝေဒနာသည် ပြောလိုက်ပုံက ..
" ဒါဆို ခင်ဗျားတူမလည်းဖြစ်နိုင်တာပဲဗျ.. ခင်ဗျားကိုလည်း ဦးလေးလို့ခေါ်သွားသေးတယ်လေ"

မများပါဘူး

အလွန်ကြွားဝါတတ်တဲ့ ကိုစံပေါဆိုတဲ့လူတစ်ယောက်ရှိတယ်ဗျ.. တစ်နေ့မှာ ကျွဲ ၊ နွား စားရင်းကောက်တဲ့
လူကြီးတွေ ရွာကိုရောက်လာခဲ့တယ်..ကိုစံပေါလည်းသူ့မှာ ရှိတဲ့ ကျွဲလေးတစ်ကောင်အတွက်စာရင်းသွားပေးတယ်
လူကြီးတွေကလည်း တစ်ယောက်ပြီးတစ်ယောက်မေးလိုက် စာရင်းကောက်လိုက်နဲ့ပေါ့..ဒီလိုနဲ့ ကိုစံပေါအလှည့်ရောက်လာပါလေရော
"ကဲ ခင်ဗျားမှာ ကျွဲဘယ်နှစ်ကောင်ရှိသလဲ"
ကိုစံပေါက
" ကျွန်တော့်မှာ ကျွဲကတော့ တစ်ကောင်ပဲရှိပါတယ်"
"' နွားကရော ဘယ်နှစ်ကောင် ရှိလဲ ပြောပါဦး"
ဒီတစ်ခါတော့ ကိုစံပေါပြောလိုက်သည်ကား
" အဲ... နွားကတော့ ကျွဲလောက်တော့ မများပါဘူး" တဲ့


ဟင်း ခက်ဘူးလားနော် ..ကြွားပုံများပြောပါတယ်... မရှိမရှိဘူးမပြောဘူး..

Sunday, September 13, 2009

အော် ဖြစ်ပုံများပြောပါတယ်

ကွန်ပျူတာထဲကို ဗိုင်းရပ်စ်ဝင်လာသလိုမျိုးပဲ..မင်းကငါ့နှလုံးသားထဲကို မသိလိုက်မသိဘာသာဝင်လာခဲ့တယ်...
ဗိုင်းရပ်စ်ဆိုတဲ့ဟာမျိုးတွေက ပထမဆုံး AutoRun file ထဲမှာ Hidden နဲ့ဝင်လာတယ် ပြီးကျမှ regedit ထဲမှာသွားပြီးတော့
ဒုက္ခပေးတာ.. အဲဒီမှာ ကွန်ပျူတာက သူခိုင်းတာကိုလုပ်ရတာလေ...
ငါ့ရဲ့နှလုံးသား HardDisk ထဲမှာ မင်းပေးထားတဲ့ Data တွေကပြည့်နေပြီ.. အဲဒါကြောင့် External HardDisk တစ်လုံးတောင်
အပိုဆောင်ထားရတော့မယ်လေ... အဲဒါဆိုရင်တော့ သူနဲ့လိုက်ဖက်ညီတဲ့ စိုးမိုးခြင်း Memory ကိုတော့လိုက်ပြီးမြင့်ရဦးမှာပဲလေ..
မင်းကိုငါ ဘာလို့ဒီလောက်ချစ်သွားမိမှန်းမသိတော့ပါဘူး..အချစ်ဆိုတာဟာ processer တစ်လုံးဖြစ်ခဲ့ရင်တော့ ငါ့ရဲ့အချစ်ဟာ
Core2 Doual 2.0 လောက်တော့ရှိမှာသေချာပါတယ်ကွာ.. အချစ်က Core2 Doual 2.0 ဆိုရင်တော့. သူ့ကို Supporting လုပ်နိုင်တဲ့
ငါ့ရဲ့မင်းအပေါ်မှာနားလည်မှု MotherBoard ကတော့ P5Q3Dulex လောက်တော့ရှိမှာအမှန်ပါပဲလေ...မင်း ငါ့အပေါ်မှာ
အမြင်လေးနည်းနည်းတော့ပြောင်းစေချင်ပါတယ်.. မင်းရဲ့အမြင် AGP က 1GB လောက်ရှိရင်ကိုပဲ ငါသေပျော်ပါပြီ....
အခုလည်းမင်းနဲ့မတွေ့ရတဲ့ သုံးလေးရက်အတွင်းမှာ မျှော်လင့်ချက်တွေကုန်ဆုံးသွားသလိုပါပဲလေ...
မျှော်လင့်ချက်ဆိုတဲ့ Casing ကြီးက သူ့ဘာသာသူဘာမှလုပ်လို့မှမရတာ...Casing ဆိုတာက အခွံသက်သက်ပဲလေ..သူ့ထဲကိုကောင်းတာထည့်ရင် System Units ကြီးက ကောင်းသွားမယ် သူ့ထဲကိုမကောင်းတာထည့်ရင် System Units ကဘယ်မှာ
ကောင်းတော့မှာလဲ...

ဒီလောက်ကြာရသလား

တစ်ခါတုန်းကပေါ့ဗျာ ..မောင်လှဆိုတဲ့ လူငယ်တစ်ယောက်ရှိပါသတဲ့..တစ်နေ့ကျတော့သူအလုပ်ကိုသွားဖို့ အိမ်ပေါ်ကအဆင်းမှာ
လှေကားကနေ ခြေချော်ကျလို့ လက်ကျိုးသွားပါရော..ဆေးခန်းသွားပြလိုက်တာနဲ့ နှစ်နာရီလောက်နောက်ကျပြီး အလုပ်တိုက်ကိုရောက်
သွားတယ်...ရောက်ရောက်ချင်းပဲ သူ့အလုပ်က မန်နေဂျာကတန်းပြီးမေးတယ်လေ..မင်းဘာလို့ အလုပ်နောက်ကျတာလဲပေါ့..
သူ့ကလည်း အဖြစ်မှန်ကိုရှင်းပြရှာပါတယ်... လှေကားပေါ်ကချော်ကျလို့ လက်တောင်ကျိုးသွားတယ်ပေါ့..
မန်နေဂျာကြီးပြန်မေးတယ်..ဟေ့ကောင် မင်းလှေကားက ဘယ်လောက်မြင့်လဲပေါ့.. မောင်လှကလည်း ဟုတ်ကဲ့ ကျွန်တော်တို့အိမ်က
နှစ်ထပ်အိမ်ဆိုတော့ဆရာရယ် ဆယ်ပေကျော်ကျော်လောက်တော့မြင့်တာပေါ့..
"ဟေဆယ်ပေကျော်ကျော်လောက်လေးမြင့်တဲ့လှေကားကကျတာ နှစ်နာရီလောက်ကြာသလားကွ"..

Thursday, September 10, 2009

မကျွမ်းကျင်လို့ပါ

ကောင်မလေး
ဖြစ်နိုင်မယ်ဆိုရင် မင်းရဲ့
ကြင်နာမှုတွေ ယုယနွေးထွေးမှုတွေကို
တစ်ဝက်လောက်လျှော့ချပေးပါလား
မင်းဖက်က အနစ်နာခံနိုင်လေ သည်းခံနိုင်လေ
အလိုလိုနေရင်း ငါကလူဆိုးဖြစ်ဖြစ်သွားတယ်
ငါ..မင်းကို ဘာမှတော့ အနိုင်မယူခဲ့ပါဘူး
ဟိုအရင်တုန်းကလည်း
အနိုင်မယူခဲ့သလို အခုလည်း ငါဘာဆိုဘာမှ မလုပ်ခဲ့သေးဘူးလေ
မင်းလိုချင်တာကို ငါ့ဘက်က မပေးနိုင်တာ
ငါ့အမှားတော့ မဟုတ်လောက်ပါဘူးကွာ...
အချစ်ဆိုတာကြီးကို လုပ်ယူလို့ရလား
တကယ်လို့များ လုပ်ယူလို့ရရင်
ငါလုပ်ပေးလိုက်မယ်..
စစ်မစစ် မှန် မမှန်တော့ မင်းကိုယ်တိုင် စမ်းသုံးကြည့်ပေါ့
ငါ့ဘက်က အာမခံပြီးတော့ ပေးတာမဟုတ်ဘူးနော်
ငါတို့ဆိုင်က ကွန်ပျူတာပစ္စည်းတွေကို
ငါ အာမခံပြီးရောင်းရဲတယ်..
သူများ တစ်နှစ်ဆို ငါ သုံးနှစ်ထိ အာမခံပေးနိုင်တယ်
ဘာလို့လဲဆိုတော့ ဒါက ငါရဲ့ကျွမ်းကျင်တဲ့ အလုပ်လေ
အချစ်ဆိုတာက ငါကျွမ်းကျင်တဲ့ အလုပ်မှ မဟုတ်တာ..
အဲဒီတော့ မင်းအချစ်စစ် အချစ်မှန်ကို သေချာလိုချင်တယ်ဆိုရင်တော့
အာမခံကောင်းကောင်းပေးနိုင်တဲ့ သူကိုရှာပေါ့
အလုပ်ပေါ်မှာ သေချာပိုင်နိုင်ကျွမ်းကျင်သူကတော့ မင်းကိုပေးနိုင်မှာပါကွာ...
ငါတောင်းပန်ပါတယ်.. ငါမကျွမ်းကျင်တဲ့ အလုပ်ကိုတော့
ထပ်ခါထပ်ခါမခိုင်းပါနဲ့ ....
မလုပ်တတ်ပါဘူးလို့ ၀န်ခံထားတဲ့သူကို
အတင်းခိုင်းလိုက်လို့ လွှဲသွားရင်တော့
အဲဒါ လုပ်တဲ့သူရဲ့ အပြစ်မဟုတ်တော့ဘူးနော်
ခိုင်းတဲ့သူရဲ့အပြစ်..

Tuesday, September 8, 2009

ဘယ်လောက်ကြာကြာနေရဦးမှာလဲ


ကျွန်တော် ဒီနေ့ပျင်းပျင်းရှိတာနဲ့ တွေးမိတွေးရာ ဟိုစပ်ဒီစပ်လျှောက်တွေးမိတာ တစ်ခုရှိတယ်ဗျ..
အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ သက်တမ်းပေါ့လေ.နောက်ဘယ်နှယ် နှစ်ကြာကြာ နေထိုင်ခွင့်
ရဦးမလဲဆိုတာကိုပါ..ဟုတ်တယ်ဗျ.ဒါလေးကစဉ်းစားကြည့်တော့တော်တော်လေးတော့လန့်စရာကောင်းတယ်.. အခုဆို ပျှမ်းမျှသက်တမ်းက တစ်ဖြည်းဖြည်းနဲ့နည်းနည်း လာတယ်လေ..ဟိုအရင်တုန်းက အသက်၁၂၀ရှည်စေသော်တဲ့............
အခု ခင်ဗျားတို့ရဲ့ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့် သေဆုံးသွားတဲလူဦးရေရဲ့ သုံးပုံနှစ်ပုံက
အရွယ်ကောင်းတွေချည်းပဲ.. လူနည်းစုလောက်သာ အသက် ၇၀ နဲ့၈၀ ကြားမှာ ရှိကြတာလေ...
တော်တော်များများကတော့ ၅၀နဲ့၆၀ကြားမှာ နိဂုံးချုပ်သွားကြတာ များတယ်.... ဒါတွေကိုထားလိုက်ပါဦး
ကျွန်တော်တို့ ပျှမ်းမျှသက်တမ်းကို ၈၀နဲ့ပဲတွက်ကြည့်လိုက်လေ.. တစ်နှစ်ကို ၃၆၅ရက်ဆိုတော့ သက်တမ်းက ၈၀ ဆိုရင် ရက်ပေါင်း ၂၉၂၀၀ ရှိတယ်လေ... အခု ကျွန်တော့်အသက် က ၂၂နှစ် ဆိုတော့ ၈၀၃၀ရက်တောင် လောကကြီးမှာ အချိန်ဖြုန်းပြီးပြီ.. ရက်ပေါင်း ၂၉၂၀၀ ထဲက ၈၀၃၀ ကိုနှုတ်ကြည့်လိုက်ရင် ၂၁၁၇၀ ပဲကျန်တော့တာနော်...ဒါတောင် သက်တမ်း ၈၀ နဲ့ တွက်တာ ဘယ်သူမှ အာမခံထားတာ မဟုတ်ပါဘူး အသက်၈၀ ထိ နေရမယ်ဆိုရင်တောင် သက်တမ်းက ရက်ပေါင်း ၂သောင်းကျော်လောက်လေးပဲ ကျန်တော့တာ.. အင်း ... အခု လက်ရှိ သက်တမ်းနဲ့ပဲ တွက်ကြည့် .. သက်တမ်း ၆၀ ဆိုရင် ၂၁၉၀၀ ရက်ပေါင်း.. အခုလက်ရှိ အသက်က ၂၂နှစ်ဆို (၈၀၃၀) နှုတ်ကြည့်လိုက်ရင် ၁၃၈၇၀ ပဲကျန်တော့တာနော် ဒါပါပဲ.........

မိတ်ဆွေတို့ လည်း တွက်ကြည့်ကြဦးနော်... နောက်ထပ်ဘယ်လောက်များကျန်သေးလဲလို့....."တစ်နေကွယ်ရင်သေနယ်သို့တစ်ရက်ကူး" တဲ့..
လက်ကျန်အချိန်လေးအတွင်းမှာ ပျော်ရွှင်ကြပါစေလို့....

သူကိုယ်တိုင်သူ့အဘိုးပြန်ဖြစ်ခြင်း

မက်တွိန်းဆိုတဲ့ ကမ္ဘာကျော်စာရေးဆရာကြီး တစ်ယောက်ကပြောထားတယ်ဗျ.သူကိုယ်တိုင်သူ့အဘိုးပြန်ဖြစ်နေတာလေ.....
သူကပြောတယ် .."အရွယ်ရောက်နေတဲ့ သမီးတစ်ယောက်ရှိတဲ့ မုဆိုးမတစ်ယောက်ကို ကျွန်တော်က( အဲ ..မက်တွိန်းပြောတာနော်.. ဟီး.ကောင်လေးပြောတာ ဟုတ်ဘူး..)လက်ထပ်လိုက်တယ်ဆိုပါစို့"
" ကျွန်တော့်အဖေက ကျွန်တော့်ရဲ့ မယားပါသမီးနဲ့ကြိုက်ရော ပြီးကျ လက်ထပ်လိုက်တယ်"
အဲဒီမှာ သေချာမှတ်ထားတော့နော်. ဟဲ.ဟဲ နည်းနည်းရှုပ်တော့မှာ..
မယားပါသမီးနဲ့ယူလိုက်တော့ ကျွန်တော်အဖေက ကျွန်တော့်ရဲ့ သမက်ဖြစ်သွားတယ်...အင်း ဒီလိုပဲ ကျွန်တော့်ရဲ့ မယားပါသမီးကလည်း
ကျွန်တော့်အမေ ဖြစ်သွားပြန်ရော.. ဟုတ်တယ်နော်... အဖေ့ရဲ့ မိန်းမဆိုတော့ ကျွန်တော့်ရဲ့အမေပေါ့..
ဆက်ပြောမယ်နော် မှတ်ထားဦးလေ.. ကျွန်တော့် ဇနီးက သားတစ်ယောက်မွေးတယ်. အဲဒီက ကျွန်တော် သားက အဖေ့ရဲ့ယောက်ဖဖြစ်သွားပြီနော်..ဒီလိုပဲ ကျွန်တော်သားကလည်း ကျွန်တော့် ဦးလေးပြန်ဖြစ်သွားပြန်ရော.. ဟဲ.ဟဲ.
နည်းနည်းရှုပ်သွားလား မသိဘူး..
ရှင်းပြမယ်နော်.. ကျွန်တော့်သားက ကျွန်တော့်မိထွေးနဲ့ဆို အမေတူ ဖအေကွဲမောင်နှမ တော်နေတယ်လေ..အဲဒါကြောင့် ကျွန်တော်အဖေနဲ့ဆို ယောက်ဖသွားတော်တော့မှာပေါ့ ဟုတ်ဖူးလား.. ကျွန်တော်နဲ့ဆို ဦးလေးပြန်တော်နေတယ်..
ဟီး...ဟီးး. ပြီးသေးဘူးဗျ.. အဲဒီမှာ ကျွန်တော့်အဖေရဲ့ မိန်းမကလည်း သားတစ်ယောက်မွေးလိုက်သေးတယ်ဗျ...
မိထွေးက မွေးတာဆိုတော့ ကျွန်တော်နဲ့က ဖအေတူ အမေကွဲ ညီတော်နေပြန်ရော..
အင်း ဒီလိုပဲလေ ကျွန်တော်ရဲ့ မယားပါသမီးကမွေးတာဖြစ်နေတာကြောင့် ကျွန်တော့်ရဲ့ မြေးလည်းတော်နေပြန်တယ်လေ..
ဟီး .တကယ်တမ်းပြောရရင် ကျွန်တော့်ရဲ့ မိန်းမကလည်း ကျွန်တော့်အဘွားဖြစ်နေပြန်တယ်..ဟုတ်တယ်လေ.. အဖေ့မိန်းမရဲ့အမေဆိုတော့ ကျွန်တော်နဲ့ဆို မြေးအဘွားတော်နေတာကိုးဗျ... ဒီတော့ ကျွန်တော်ဟာ ကျွန်တော့်မိန်းမရဲ့ လင်ယောင်္ကျားလည်းဖြစ် မြေးလည်းဖြစ်နေတယ်လေ... နောက်ပြီး အဲဒီ ကျွန်တော် အဘွား ယူထားတဲ့ လင်ယောင်္ကျားက
ကျွန်တော့်ရဲ့ အဘိုးဖြစ်နေတော့တာပေါ့... ဟုတ်တယ်မို့လား..........

( ကျွန်တော်.. ကျွန်တော်နဲ့ နာမ်းစားသုံးခြင်းဟာ ဖတ်ကောင်းရုံ အဆင်ပြေဖို့သက်သက်သာ ရည်ရွယ်ပါသည်. ဟီး ကောင်လေးငယ် မဟုတ်ကြောင်းပါ )

Sunday, September 6, 2009

ခွက်ပဲ့လေးတစ်လုံး

ဒီပုံပြင်ကို အင်္ဂလိပ်လို ဖတ်ဖူးသူလည်း ရှိကြပါလိမ့်မယ်။ မြန်မာလိုဘာသာပြန်ဖူးသူလည်း ရှိကောင်းရှိမယ်။ ခပ်ဆင်ဆင် ဇာတ်လမ်းမျိုးလည်းရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ဖတ်ဖူးတာလေးကို ရင်ဘတ်နဲ့ထပ်တူ ပြန်ခံစား လိုက်ပါတယ်။ အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့ ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။ ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။
ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ အဘွားအိုရဲ့နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျောမပေးခဲ့ဘူး။
"မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကို ဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?"
အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။ "ကလေးက ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကို အိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါက ဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ
ဘာအသစ်လဲနေစရာ လိုလို့လဲ။ အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံက အလကား ရတာမဟုတ်ဘူး" အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအို အလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအို ပွတ်သုတ်လိုက်တယ်။
အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့်ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။ အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်အကဲနဲ့ ရှင်သန်နေရသူဖြစ်တယ်။ ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး ကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး "ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်" လို့မေးလိုက်တယ်။
"မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ်စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေ တတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ" မြေးကို ပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ်။ "ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း" ချွေးမရဲ့ အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ် အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ်လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။
အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီက မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာ ယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ်။ မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။
မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအို ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့ မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့ ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူ အဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာ ရှင်သန်ခဲ့ရတယ်။
အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင်နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း
၇ဝဝကျော် ရှိနေခဲ့ပါပြီ။
နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။ ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင် အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့ ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ အရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်" လို့ မှာတယ်။ မယားစကား နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ် ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။ အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲ သားဝင်လာခဲ့တယ်။
ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့ အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက်အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။
"ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး" သားပန်းကန်ထဲ ဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ "မေမေ .. ဘွားဘွားကိုလည်း
သားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ" လို့ တောင်းဆိုလိုက်တယ်။
"သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေ သား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ"
အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။
သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။
"သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား" လို့ မြေးအကြီးက တောင်းဆိုတယ်။
"ဆရာမက ပြောတယ် "လူကြီးမိဘတွေကို ရိုသေလေးစားရမယ်" တဲ့။ မေမေ လုပ်ပုံက မဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလို လုပ်ပါနော် ဘွားဘွား" မြေးမလေးက ဝင်ထောက်ပြန်တယ်။
"ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့် ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။ သားတို့ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအို ခေါင်းညိတ်မိလိုက်တယ်။
ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးက တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာ ပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့... ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို အော်ဟစ်လိုက်တယ်။
"ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း"
ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို လွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံကပိုကျယ်လောင် နေပါတယ်။
"ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီည ထမင်းစားရဖို့ မစဉ်းစားနဲ့တော့"
အဲဒီအချိန်မှာ မြေးကြီးက "အဘွားကလဲကွာ.. ပန်းကန်ကို ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့" ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို အသံမြင့် လှည့်ပြောလိုက်တယ်။
"မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်က အရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားခွဲလိုက်ရင် နောင်နောက်မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ?"
သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ ငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ်။အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို မကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း ပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့ နွေးထွေးလာခဲ့ပါတယ်။

ကဲ ဘော်ဘော်တို့ရေ အဲဒီလိုမျိုး ချွေးမလေးများ မရချင်ကြဘူးလား... အဲဒါတွေက နောက်များကျမှပါ.. အခုလောလောဆယ် အဲဒီလိုမျိုး ချွေးမ ဖြစ်နေပြီလား ...

အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ.. အစ်ကိုတို့ရေ ကိုယ့်ရည်းစားကိုလည်း ဒီစာလေး ပေးဖတ်လိုက်နော်.... ယောက်ခမဆိုတာ တစ်ချိန်က ချွေးမဖြစ်ခဲ့ဖူးကြတာပဲလေ....

Saturday, September 5, 2009

ဘီယာတစ်ခွက်နဲ့မျက်ရည်တစ်စက်ရဲ့ အရသာ

ကျွန်တော်ဒီနေ့ အထိမ်းအမှတ်ပွဲလေးတစ်ခု ကျင်းပခဲ့တယ်.. ဘာပွဲလဲ ဘယ်လိုအထိမ်းအမှတ်ပွဲလဲဆိုတော့
ကျွန်တော်ကိုယ်တိုင်အမှန်တကယ်ကို မချစ်ခဲ့တဲ့ သူငယ်ချင်းကောင်မလေးကို ရည်းစားတွေအဖြစ် သူငယ်ချင်း
အပေါင်းရောင်းရင်းများကြားမှာ တရားဝင် ကြေငြာတဲ့ပွဲလေ...ဘယ်မှာလုပ်သလဲဆိုတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲလေ
ပျော်ပွဲအဖြစ်(သူများတွေအတွက်) စားကြမှာဆိုတော့ အစားကောင်းကောင်းရတဲ့ စားသောက်ဆိုင်မှာ နောက်ပြီးသောက်ကြဦးမှာဆိုတော့
ဘီယာရတဲ့ စားသောက်ဆိုင်မှာပေါ့ဗျာ.. အင်း ကောင်လေးငယ်ဆိုတဲ့ကောင်ကလည်း ဘီယာဆိုင်မှာ လိုက်ပြီးတော့များ ဧည့်ခံလိုက်တာ
လို့တော့ အပြစ်တင်မစောနဲ့ဦး... အားလုံးရဲ့ဆန္ဒအရ သွားတာ.. ဟီး..ဟီးး နည်းနည်းတော့ ကိုယ့်ဖက်မဲများအောင်ဆွယ်ရတာပေါ့..
အမှန်တိုင်းပြောရရင်တော့ဗျာ ကျွန်တော်က ဘီယာာကိုကြိုက်လွန်းလို့တော့ဟုတ်ဘူးဗျ.. သူငယ်ချင်းတွေရဲ့ ပွဲပဲဖြစ်ဖြစ် အလုပ်ကိစ္စအရ
မလွဲသာမရှောင်သာတဲ့ပွဲမှာဖြစ်ဖြစ် အားနာလို့သောက်ရင် နှစ်ခွက်ဆိုတာအလွန်ဆုံးပဲ.. ဒါတောင် ဒီကကောင်မှာ တိုင်ပတ်နေပြီ. မျက်နှာကိုနီရဲပြီးတော့ မဟန်နိုင်ဖြစ်နေတဲ့ကောင်.. အင်း ဒီနေ့တော့.. တော်တော်တော့ ထူးဆန်းသားဗျ. ရောက်တာနဲ့ သောက်လိုက်တာ သူငယ်ချင်းတွေတောင် အံ့သြယူရတယ်.. သုံးခွက်ဆက်တိုက် သောက်ပစ်လိုက်တာ.. သူငယ်ချင်းအထီးတွေရော
သူငယ်ချင်းအမတွေရော ပြောလိုက်တဲ့စကား ရီလိုက်တဲ့အသံတွေက နားထဲမှာ ညံနေတာပဲ. ဘာတွေပြောနေလဲတော့သိဘူး..
အနားက ပူပူနွေးနွေးရည်းစားကတော့ မျက်လုံးလေးကလယ်ကလယ်နဲ့ ကြည့်နေတာတော့သိလိုက်တယ်.. ဒါပေမယ့်လဲ သူ့ကို
တစ်ချက်ရီပြလိုက်ပြီး ၀ိတ်တာကိုနောက်ထပ် မှာလိုက်တယ်.. အင်း ကျွန်တော်မှာလိုက်တော့လဲ အားလုံးကတော့ တားပါဘူး များများမှာတော့ များများသောက်ရတာကိုး.. ပြုံးကြည့်တယ်. သူများတွေပျော်နေတဲ့အချိန်မှာ ပျော်ွှောင်နေကြည့်တယ်.. ရပါဘူးဗျာ..
ဒီကောင်က အရင်ကတည်းကအကျင့်ပါနေတာ. မကြေနပ်ရင်ဟန်ဆောင်လို့ကိုမရတာ.. ဟန်ဆောင်ပြီးတော့လည်းပြုံးတတ်ဘူးဗျ..
တစ်ဖြည်းဖြည်းနဲ့အရှိုန်ရလာကြပြီလေ.. အရှိုန်မရလည်းဘယ်ခံနိုင်ပါ့မလဲ.. စားပွဲပေါ်မှာလည်းပြည့်နေပြီ.. စားပွဲအောက်မှာလည်း ခွက်အလွတ်တွေက တန်းစီနေပြီလေ.. ဒီလောက်ထိန်းထားတဲ့ကြားထဲက ဘယ်လိုကဘယ်လို ကျလာမှန်းမသိတဲ့ မျက်ရည်တစ်စက်က
ပါးစပ်ထဲဝင်သွားတယ်လေ.. ဘီယာက ခါးခါး မျက်ရည်းငံကျိကျိနဲ့ဆိုတော့ တော်တော်လေးတော့ အရသာရှိသား.....
ကျွန်တော် မျက်ရည်ကျလိုက်တာ ဘယ်သူမှသိလိုက်ဘူးထင်တာ.. ဟိုဂျလည်မလေးကသိလိုက်တယ်ဗျ.. ဘယ်လိုများစောင့်ကြည့်နေတယ်သိဘူး.. ကျွန်တော့်လက်မောင်းကို လာကိုင်ပြီး နင်ငါ့ကို တကယ်ချစ်တာရောဟုတ်လားတဲ့....
" အင်း ငါ နင့်ကို နင်နေအောင်ချစ်တာပါ အဲ ဒါပေမယ့် နစ်နေအောင်တော့ ချစ်ဘူးလို့" ငါနင့်ကို ချစ်တယ်ဆိုရင် ပျော်မယ့်သူတွေအများကြီးပဲလေ... အားလုံးအတွက် ငါ နင့်ကို ချစ်ပါတယ်လို့" ပြောလိုက်ရော "ဘာအားလုံးအတွက် နင်ကငါ့ကိုချစ်တာ ဟုတ်လား အားလုံးအတွက်ဆိုတော့ အားလုံးထဲမှာရော ငါကထိပ်ဆုံးကပါလားတဲ့" သိဘူးလေ ကျွန်တော်လည်းဘာမှကို မသိတော့ဘူး
အဲ ဒါပေမယ့်သိလိုက်တာတစ်ခုတော့ရှိတယ်ဗျ.. ဘီယာကခါးခါး မျက်ရည်က ငံငံ .... တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမခံစားဘူးသေးတဲ့
အရသာကို တော်တော်ကြိုက်သွားပြီ......

Thursday, September 3, 2009

သူ့ဖက်ကလည်းခံစားပေးပါ

တစ်ခါတုန်းကပေါ့ဗျာ ရွာတစ်ရွာမှာ နီမောင်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်ဗျ.. အဲဒီကောင်လေးက ရွာတစ်ရွာလုံးရဲ့ စံပြပေါ့ဗျာ..
မြို့မှာကျောင်းသွားတက်တာဆိုတော့ တစ်ရွာလုံးမှာက သူတစ်ယောက်ပဲ ၇ှိတာကိုးဗျ....ရွာမှာဆို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့လေ..
နီမောင်ကလည်း ရှင်းတယ်..ယောကျာင်္းတို့ရဲ့ သိက္ခာ သေကာမှ လျော့ရမယ်ဆိုတဲ့အထဲကပဲလေ....
တစ်နေ့ နီမောင် ကျောင်းပိတ်တုန်း အိမ်ကိုခဏပြန်လာတာပေါ့ဗျာ.. အဲလို ခဏပြန်လာတာကိုပဲ သူ့ခမျာအားရှာဘူးလေ... ဟိုအိမ်က လာပါဦး ဒီအိမ်က ထမင်းလာစားပါဦ့းပေါ့.. ဒါကတော့ ရွာဓလေ့ပေါ့လေ ..ပျူပျူငှာငှာပဲပေါ့...
နီမောင်ကလည်း အိမ်ပေါက်စေ့ကို လိုက်လည်တာ.. သူကလည်း မိတ်ဆွေကခပ်များများကိုး.....အဲ ဇာတ်လမ်းက ခုမှ စတာဗျ...
ဘယ်ကစလဲဆိုတော့ နီမောင်တို့အိမ်နားက အပျိုကြီးအိမ်ကစတာ... အပျိုကြီးက နီမောင့်ကို တိုင်ပင်တယ်.. တိုင်ပင်မှာပေါ့လေ..
နီမောင်ကလည်းတစ်ရွာလုံးမှာက မြို့သွားကျောင်းတက်တာက သူတစ်ယောက်ရှိတာကိုး...." ဟဲ့. ဟဲ့ နီမောင်ရေ ငါ မင်းကို တစ်ခုတိုင်ပင်မလို့ ဟဲ့ ငါ ၀င်ငွေလေးတစ်ခုရအောင် တစ်နိုင်တစ်ပိုင် မွေးမြူရေးလေးလုပ်မလားလို့လေ အဲဒါဘာလုပ်ရရင်ကောင်းမလဲ အကြံဥာဏ်လေးပေးပါဦးဟဲ့" အင်း ဒါဆိုလည်း ဗျာ ထွေထွေထူးထူးလုပ်မနေနဲ့ ခင်ဗျားအိမ်မှာ ခြံလေးတစ်ခြံလုပ်ပြီး ကြက်မွေးမြူရေးလုပ်ပေါ့ဗျ.. လွယ်ပါတယ်လေ.. ကြက်မ အကောင်၂၀လောက်နဲ့ ကြက်ဖ ၂ကောင်လောက်သာ ၀ယ်ထည့်ထားလိုက်...အချိန်တန်ရင် ဥစားတော့ရတာပေါ့ဗျာ လို့ ပြောသွားသတဲ့... အင်း... ဒီလိုနဲ့ နီမောင်လည်း ကျောင်းတွေပြန်ဖွင့်တော့ နီမောင်လည်း ကျောင်းပြန်တက်ရတာပေါ့လေ...... နောက်နှစ်ကျောင်းပြန်ပိတ်တော့မှပဲ ရွာကို နောက်တစ်ခေါက်ပြန်ရတော့တာပေါ့.. ရွာပြန်ရောက်ရောက်ချင်း နီမောင်သိချင်တာတစ်ခုပဲရှိတယ်.. ဘာလဲဆိုတော့ သူ အကြံဥာဏ်ပေးလိုက်တဲ့ အပျိုကြီးရဲ့ တစ်နိုင်တစ်ပိုင်မွေးမြူရေးကိစ္စကိုပေါ့... ဒါနဲ့ နီမောင်လည်း ရွာရောက်ရောက်ခြင်း အပျိုကြီးအိမ်ကိုသွားတော့တာပေါ့လေ..
ဟိုရောက်တော့ အပျိုကြီးကြက်ခြံထဲ မှာ နီမောင်ပြောလိုက်တဲ့ ဟာကို လွဲမှားစွာအသုံးပြုထားတာတွေ့ရတော့ တော်တော်အံ့သြသွားတာပေါ့... အဲဒါကြောင့်အပျိုကြီးကို လိုက်ရှာပြီးပြောတယ်... " ဟာ အပျိုကြီးရ မနှစ်က ကျွန်တော်ပြောလိုက်တာက ကြက်ခြံထဲကို ကြက်မက အကောင်၂၀ ၊ ကြက်ဖက ၂ကောင်ထဲရယ်.. ၀ယ်မွေးလို့ပြောတာ.. အခု ခင်ဗျားက ကြက်ဖကို အကောင်၂၀၊ ကြက်မကျတော့ ၁ကောင်ထဲ ၀ယ်မွေးထားတယ်.. ဘယ်လိုလို့ ခင်ဗျားစီးပွားဖြစ်တော့မှာလဲလို့ ရှင်းပြတယ်... ဟီးး..ဟီး အပျိုကြီးက ဘာပြန်ပြောလည်းဆိုတော့.. " အမလေးနီမောင်ရယ် နင်က ယောင်္ကျားလေးအမြင်ကိုးဟဲ့.. ကြက်မအကောင်၂၀နဲ့ ကြက်ဖ၂ကောင်နဲ့က လိုက်ဖက်ညီတယ်ပေါ့.. စီးပွားတက်မယ်ပေါ့လေ.. ဟင်း..ဟင်း.. ငါ့တို့အမြင်ကတော့ကွယ်.. အခု မွေးထားတဲ့ ကြက်ဖကတောင်နည်းနေသေးလားလို့ လကုန်မှပဲ နောက်ထပ် ငါးကောင်လောက်ဝယ်မွေးဦးမလားလို့တောင် စဉ်းစားနေသေးတာ".........

"ကဲ အဲဒါကြောင့်မပြောဘူးလား သူ့ဖက်ကလည်းခံစားပေးပါလို့"

Wednesday, September 2, 2009

ဘယ်နှယ့်တော်လုပ်ရပါ့

ရေချိုးတုန်းမှာ လမ်းကအော်
အောင်မလေး ငါ့မောင်ရယ်
မင်းနှယ်ကွယ် ပြောပုံက
" ဒီအတိုင်းပဲ ဒီအတိုင်းပဲ ဆင်းလာခဲ့ " တဲ့.......
(ဟီး.. သီချင်းဆိုပုံများ ပြောပါတယ်..)