Tuesday, September 8, 2009

ဘယ်လောက်ကြာကြာနေရဦးမှာလဲ


ကျွန်တော် ဒီနေ့ပျင်းပျင်းရှိတာနဲ့ တွေးမိတွေးရာ ဟိုစပ်ဒီစပ်လျှောက်တွေးမိတာ တစ်ခုရှိတယ်ဗျ..
အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ သက်တမ်းပေါ့လေ.နောက်ဘယ်နှယ် နှစ်ကြာကြာ နေထိုင်ခွင့်
ရဦးမလဲဆိုတာကိုပါ..ဟုတ်တယ်ဗျ.ဒါလေးကစဉ်းစားကြည့်တော့တော်တော်လေးတော့လန့်စရာကောင်းတယ်.. အခုဆို ပျှမ်းမျှသက်တမ်းက တစ်ဖြည်းဖြည်းနဲ့နည်းနည်း လာတယ်လေ..ဟိုအရင်တုန်းက အသက်၁၂၀ရှည်စေသော်တဲ့............
အခု ခင်ဗျားတို့ရဲ့ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့် သေဆုံးသွားတဲလူဦးရေရဲ့ သုံးပုံနှစ်ပုံက
အရွယ်ကောင်းတွေချည်းပဲ.. လူနည်းစုလောက်သာ အသက် ၇၀ နဲ့၈၀ ကြားမှာ ရှိကြတာလေ...
တော်တော်များများကတော့ ၅၀နဲ့၆၀ကြားမှာ နိဂုံးချုပ်သွားကြတာ များတယ်.... ဒါတွေကိုထားလိုက်ပါဦး
ကျွန်တော်တို့ ပျှမ်းမျှသက်တမ်းကို ၈၀နဲ့ပဲတွက်ကြည့်လိုက်လေ.. တစ်နှစ်ကို ၃၆၅ရက်ဆိုတော့ သက်တမ်းက ၈၀ ဆိုရင် ရက်ပေါင်း ၂၉၂၀၀ ရှိတယ်လေ... အခု ကျွန်တော့်အသက် က ၂၂နှစ် ဆိုတော့ ၈၀၃၀ရက်တောင် လောကကြီးမှာ အချိန်ဖြုန်းပြီးပြီ.. ရက်ပေါင်း ၂၉၂၀၀ ထဲက ၈၀၃၀ ကိုနှုတ်ကြည့်လိုက်ရင် ၂၁၁၇၀ ပဲကျန်တော့တာနော်...ဒါတောင် သက်တမ်း ၈၀ နဲ့ တွက်တာ ဘယ်သူမှ အာမခံထားတာ မဟုတ်ပါဘူး အသက်၈၀ ထိ နေရမယ်ဆိုရင်တောင် သက်တမ်းက ရက်ပေါင်း ၂သောင်းကျော်လောက်လေးပဲ ကျန်တော့တာ.. အင်း ... အခု လက်ရှိ သက်တမ်းနဲ့ပဲ တွက်ကြည့် .. သက်တမ်း ၆၀ ဆိုရင် ၂၁၉၀၀ ရက်ပေါင်း.. အခုလက်ရှိ အသက်က ၂၂နှစ်ဆို (၈၀၃၀) နှုတ်ကြည့်လိုက်ရင် ၁၃၈၇၀ ပဲကျန်တော့တာနော် ဒါပါပဲ.........

မိတ်ဆွေတို့ လည်း တွက်ကြည့်ကြဦးနော်... နောက်ထပ်ဘယ်လောက်များကျန်သေးလဲလို့....."တစ်နေကွယ်ရင်သေနယ်သို့တစ်ရက်ကူး" တဲ့..
လက်ကျန်အချိန်လေးအတွင်းမှာ ပျော်ရွှင်ကြပါစေလို့....

9 comments:

မချစ်ရ said...

အောင်မလေးသေနေ့တွေ
ဘာတွေတွက်ချက်လို့ပါလား
ဘယ်လိုဖြစ်ရပါ့..........
ကောင်ကလေး

ကောင်လေးငယ် said...

ဘာရယ်လို့တော့ ဟုတ်ဘူးလေ.. တစ်နေ့ကျ ဖြစ်လာမယ့် အကြောင်းလေးကို ကြိုတွက်ထားတော့
ပြင်ဆင်ချိန်ရအောင်လို့ပါ.....

ဝက်ဝံလေး said...

ဟေ့အေး နာတော့ တွက်သေးဘူးဟယ် နီ့ဟာနီ တွက်ချင်တွက် ဟွန်းးးး

အနော် said...

ရက်တွေ တွက်မနေနဲ့ ကောင်လေးငယ်ရေ
ပျော်ပျော်သာနေ ကောင်းကောင်းကဲ
အနှစ်တစ်ရာ မနေရပေမဲ့ နေခဲ့ရသလို ဘဝကို ကျေနပ်အောင်နေပစ် ဟုတ်ပီလား
သေမှာကတော့ တစ်နေ့ဆိုတာ အသေအချာပဲ
တွေးပူရင် အပူလေးတယ် ကောင်လေးငယ်ရေ :P

ဂေါက်သီးနဲ့ရှောက်သီး said...

အင်း...သေဖို့ရာတွက်ကြည့်ဦးမယ်နော်

စိမ်း... said...

သူများမေ့ထားတာတွေကို အစလာဖော်နေတယ်... နာတော့မယ် ကောင်လေးငယ်တော့... :P

သားကြီး said...

စိတ်ညစ်လို့တွက်မနေတော့ဘူး
လာလေရော့သေမင်းရေ
သေမထူးနေမထူးသားကြီးကွ
မြန်မာပြည်ဖွားပဲ သေမင်းကိုလူကြီးတင်ထားတဲ့နိုင်ငံကလာတာ
ငရဲကလာတာ ပြာပူတော့ကြောက်မနေတော့ဘူး

Khyl said...

ဟမ်... ချိတ်ညစ်လို့ လဘော့ဖတ်ပါဒယ်ဆို.....
တူက တေမယ့် အကြောင်းရေးပြန်ပြီ...
ကိကိဆီသွားတော့လဲ မမြင်ရဲလို့ မက်စိ မှိတ်ပီး ဖတ်ခဲ့ရဒယ်....
ဒီလဘော့ဂါတွေ... သဘိတ်မှောက်ခံချင်နေပြီနဲ့ တူသယ်...
ဟင်းငှင်းငှင်း.....

Khyl said...

နောက်ဆုံးတော့ တဘိတ်မမမှောက်ရက်လို့....
ကိုယ့်ဘာသာကိုယ်ပဲ.....
ဇလုံလေးပဲ မှောက်ပလိုက်ပါတယ်...
ဟီးဟီး....