Thursday, September 10, 2009

မကျွမ်းကျင်လို့ပါ

ကောင်မလေး
ဖြစ်နိုင်မယ်ဆိုရင် မင်းရဲ့
ကြင်နာမှုတွေ ယုယနွေးထွေးမှုတွေကို
တစ်ဝက်လောက်လျှော့ချပေးပါလား
မင်းဖက်က အနစ်နာခံနိုင်လေ သည်းခံနိုင်လေ
အလိုလိုနေရင်း ငါကလူဆိုးဖြစ်ဖြစ်သွားတယ်
ငါ..မင်းကို ဘာမှတော့ အနိုင်မယူခဲ့ပါဘူး
ဟိုအရင်တုန်းကလည်း
အနိုင်မယူခဲ့သလို အခုလည်း ငါဘာဆိုဘာမှ မလုပ်ခဲ့သေးဘူးလေ
မင်းလိုချင်တာကို ငါ့ဘက်က မပေးနိုင်တာ
ငါ့အမှားတော့ မဟုတ်လောက်ပါဘူးကွာ...
အချစ်ဆိုတာကြီးကို လုပ်ယူလို့ရလား
တကယ်လို့များ လုပ်ယူလို့ရရင်
ငါလုပ်ပေးလိုက်မယ်..
စစ်မစစ် မှန် မမှန်တော့ မင်းကိုယ်တိုင် စမ်းသုံးကြည့်ပေါ့
ငါ့ဘက်က အာမခံပြီးတော့ ပေးတာမဟုတ်ဘူးနော်
ငါတို့ဆိုင်က ကွန်ပျူတာပစ္စည်းတွေကို
ငါ အာမခံပြီးရောင်းရဲတယ်..
သူများ တစ်နှစ်ဆို ငါ သုံးနှစ်ထိ အာမခံပေးနိုင်တယ်
ဘာလို့လဲဆိုတော့ ဒါက ငါရဲ့ကျွမ်းကျင်တဲ့ အလုပ်လေ
အချစ်ဆိုတာက ငါကျွမ်းကျင်တဲ့ အလုပ်မှ မဟုတ်တာ..
အဲဒီတော့ မင်းအချစ်စစ် အချစ်မှန်ကို သေချာလိုချင်တယ်ဆိုရင်တော့
အာမခံကောင်းကောင်းပေးနိုင်တဲ့ သူကိုရှာပေါ့
အလုပ်ပေါ်မှာ သေချာပိုင်နိုင်ကျွမ်းကျင်သူကတော့ မင်းကိုပေးနိုင်မှာပါကွာ...
ငါတောင်းပန်ပါတယ်.. ငါမကျွမ်းကျင်တဲ့ အလုပ်ကိုတော့
ထပ်ခါထပ်ခါမခိုင်းပါနဲ့ ....
မလုပ်တတ်ပါဘူးလို့ ၀န်ခံထားတဲ့သူကို
အတင်းခိုင်းလိုက်လို့ လွှဲသွားရင်တော့
အဲဒါ လုပ်တဲ့သူရဲ့ အပြစ်မဟုတ်တော့ဘူးနော်
ခိုင်းတဲ့သူရဲ့အပြစ်..

10 comments:

အိအိချောကလျာ said...

ကောင်လေးရယ် ကျွမ်းကျင်မှုဆိုတာ ချက်ချင်းဖြစ်ပေါ် လာတာမှမဟုတ်ပဲ။ တဖြည်းဖြည်းလေ့လာရင်း၊ လက်တွေ့လုပ်ရင်းနဲ့ တိုးတက်လာမှာပေါ့။ ကြိုးစားပါ အားပေးပါတယ်။

မချစ်ရ said...

မကျွမ်းလည်းအဆင်ပြေသလိုနေလိုက်ပေါ့
မောင်လေးရယ်

အမ

Yu Ya said...

ဟောဗျာ..ကောင်လေးငယ်ရေ.. ခိုင်းတဲ့သူမှာ အပြစ်တဲ့လားဗျာ။..

yu ya

နွေဆူးလင်္ကာ said...

ကျွမ်းကျင်ရာ လိမ္မာပေါ့ဗျာ။ အလိုက်အထိုက်နေလိုက်ပါ။ သူကို့တော့ မလျှော့ခိုင်းပါနဲ့။ အဲဒါ ရှားတယ် ...ဟဲဟဲ။

ဂေါက်သီးနဲ့ရှောက်သီး said...

water follow..fish follow ပေါ့ဗျာ(ဟဲဟဲ)

ဝက်ဝံလေး said...

ဘာဖစ်နေရဲ မသိတော့ဘူး ဟွင်းးးး

သားကြီး said...

ကျင့်ယူလို့ရတယ်
ကျင့်ယူလို့ရတယ်
အားမငယ်နဲ့
ကွန်ပြူတာတောင်၃နှစ်ပဲအာမခံတာ
အဲဒါကြီးကိုသေသေချာချာကျင့်လိုက်
တသက်လုံးအတွက်အာမခံတယ် :P

ကောင်လေးငယ် said...

အာာ ကိုသားကြီးနော် အချွန်နဲ့မ နေတာလား
လုပ်ပါနဲ့ဗျ.. သားသားကြောက်ကြောက်
ဟီး..ဟီး .ကျင့်ယူလို့ ရတယ်တဲ့လား
ဟဲ.. .ဟဲ ပြောရင်းနဲ့တောင် ကျိလိကျိလိနဲ့ ရင်ထဲမှာ

အနော် said...

အချစ်ကို မကျွမ်းကျင်လို့တဲ့လား ကိုကောင်လေးငယ်ရေ
ကျွမ်းနေတဲ့ အနော်တော့ ကောင်လေးငယ်ရေးခိုင်းနေတဲ့ အကြောင်းလေး ရေးနေရင်းနဲ့ ငိုချင်လာတယ်
ရေးပီးရင် လက်တို့လိုက်မယ်နော်
ရေးခိုင်းထားတာလေး မှတ်မိသေးတယ်ဟုတ် :)

Khyl said...

ကျွမ်းကျင်လုပ်သားကြီး အဖြစ်ကျိုးစားနေတယ်ပေါ့လေ....
ဟီး.... လစာ လေးဘာလေးတိုးမလားလို့ပေါ့..... ဟီး....
လာလည်အူးအေ.... ဒါပဲ...