Monday, September 14, 2009

ထီလာသူလေးသို့

အားနာပါတယ် လာလည်ကျတဲ့ သူငယ်ချင်းတွေရော မောင်နှမအားလုံးကိုပါ..........အခုကျွန်တော်ရေးမယ့်အကြောင်းက
အတင်းပြောတာလည်းမဟုတ်ပါ.. နှမချင်းမစာနာလို့လည်းမဟုတ်ပါ....သိစေချင်ရုံသက်သက်ပါခင်ဗျာ.....
မိန်းကလေးတန်မဲ့နဲ့ လိုက်ပြီးနှောင့်ယှက်တာကျ တော်တော်ဂွကျတယ်ဗျ... အဲဒါကိုကျတော့ ပတ်ဝန်းကျင်က ဘာမှမပြောကျဘူး
ကျွန်တော့်ကိုကျတော့ ကြီးကြီးကျယ်ကျယ်တဲ့... ကိုယ့်ထမင်းကိုစားပြီး အလိုလိုနေရင်းထိုင်ရင်း မျက်စောင်းထိုးခံနေရတာ.....
ကျွန်တော်လည်းကိုယ့်ဘာသာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်..ဘာမှမက်စရာမရှိပါဘူး..တစ်ခါတစ်ခါများ ကိုယ့်ကို ကိုတောင်ပြန်ပြီး
အမြင်ကပ်မိတယ် တကယ်..ကောင်လေးကဆိုးပါတယ်..ဆိုးတာမှတော်တော်လေးကိုဆိုးပါတယ်.....လုပ်ချင်ရင်တော့ရှေ့နောက်တွေ
ဘေးတွေကိုလှည့်ကိုမကြည့်တတ်ပါ...အဲ..ဒါပေမယ့် ကောင်လေးဆိုးတာတော့ဟုတ်ပါတယ်..မမိုက်ရိုင်းတတ်ပါဘူး...အားနာတတ်ပါတယ်.. အားနာတတ်တာမှတော်တော်လေးကိုအားနားတတ်တာပါ....သူနဲ့ကျမှပဲ..ဘယ်လိုအားနာရမှန်းကိုမသိတာ...
ဒါကိုပဲ လာသေးတယ် ..ပွင့်လင်းလို့တဲ့.....ခက်ဘူးလားဗျာ....အမြင်ကပ်လို့ ဒဲ့ပြောပါတယ်ဆို့ ပွင့်လင်းတယ်လုပ်နေသေးတယ်....
သူ့ကိုကောင်လေးဘယ်လိုမှ ချစ်လို့မရပါဘူး.....အဲဒါ အရင်ကလည်းသေချာတယ်..အခုလည်းသေချာတယ်...နောက်လည်းသေချာနေဦးမှာပဲ..ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ပါဘူး...ကျွန်တော်အခု ဒီအကြောင်းတွေကိုရေးနေရတဲ့ ရည်ရွယ်ချက်က သူသိရှင်ကြားပြောတာပါ.....စိတ်ရှည်လက်ရှည်နဲ့ ဖတ်ပေးသွားတဲ့ မောင်နှမအားလုံးကို ဂါဝရပြုပါတယ်..တကယ်ပါ..
စိတ်ထဲကပါလို့ပါ.....ကောင်လေးစိတ်ထဲကမပါရင် ဘာမှကိုမပြောတတ်ပါဘူး..နောက်ဆုံး မိတ်ဆွေသူငယ်ချင်းတွေနဲ့ လမ်းမှာတွေ့လို့
နှုတ်ဆက်ရင်တောင် စိတ်ထဲကမပါပဲပြုံးမတတ်ပါဘူး.. လူမှုရေးအရတော့ လက်ပြနှုတ်ဆက်လိုက်တာပါပဲ....

10 comments:

ဝက်ဝံလေး said...

ဟဲ့ ဘာတွေဖြစ်နေတာတုံး ဒါက

ဝက်ဝံလေး said...

ဂျစ် ဘယ်နားသွားခွေ နေလဲ နာ ရောက်ပြီလေ ငွားငွားးးး ဟားဟားးးးးးးးးး

ဝက်ဝံလေး said...

သောင်းကျန်းတယ်လို့ မထင်ပါနဲ့ ဟိဟိ ဂယ်လဲ သောင်းကျန်းသွားတယ် သိလား ငါ လား စ က မဟုတ်ဘူးနော် ကောင်လေး သိချင်ရင် ကိုယ့်ဟာကို စုံစမ်းပြောဘူး ဟိဟိ ဘိုင်တာ့တာ

မချစ်ရ said...

ဘာတွေဖြစ်နေတာလည်းမောင်လေးရေ
မင်းကတော့လေ..
ပြောမယ့်သာပြောရတယ်
အမလည်းအရေးထဲကွိုင်လာပတ်နေလို့
ဟီးးးးးးးးးးးးးးး

မချစ်ရ said...

အမလည်းမင်းနဲ့တူတူလာပြီ
သြော်...ဖြစ်ပုံများပြောပါတယ်

chitpalone said...

ဘာတွေဖြစ်လည်းဗျို့။ အင်းဖြစ်တတ်ပါတယ်။ တခုတော့ထောက်ခံလိုက်ဦးမယ်။ မချစ်ဘူဆိုတဲ့လူကို တကယ်ချစ်မရတာတော့ အမှန်ပဲဗျို့။ သူ့ဟာသူ ဘာအကောင်ကြီးဖြစ်နေနေ ချစ်မရဘူးဆိုရင် ချစ်မရဘူးပဲ။ ဒါတော့ထောက်ခံတယ် ဆက်လုပ်ဗိုလ်ကြီး ရဲဘော်တော့ပြန်ပြီ တာ့တာ
ခင်မင်လျှက်
ညီမလေး ပါးလုံး

Khyl said...

ဟေ... ဟိန်.... အဟွတ်....
ဘာဒေလဲအေ....
ကရေးဒွေဟာ....
တယ်လေ...
က....တောက်....
(ပြေး...ပီ...)

အိပ်မက်ခြေရာ said...

အဟေးဟေး တယ်ဂွကျသဗျာ ခံရခက်ကြီးနော့
ဘာလို့ဆိုတော့ အဲ့လိုမျိုးကြီး ကျွန်တော်လည်းဖြစ်ဖူးလို့ပါ
ကိုယ်ကသာ ကောင်မလေးတစ်ယောက်ကိုကြည့်ချင်ကြည့်မယ် ဘယ်နှယ့်ကိုယ့်ကို မျက်စိဒေါက်ထောက်လိုက်ကြည့်နေတာကျတော့ အဟိး ကျောမလုံဘူးဗျ ပြီးတော့ ယောကျာ်းကြီးတန်မဲ့ရည်းစား စကားအပြောခံရတာ ရင်တုန်ပန်းတုန်ရှိသားဗျ ဘယ်လိုခံစားချက်ကြီးမှန်းကိုမသိပါဘူးဗျာ။ အဲ့တော့ ဟိုစကားပုံလိုပေါ့ဗျာ ငါဘတ်စ်ကားငါစီး ပဲခူးရောက်ရောက် ဆိုလား အဟီး ပေါက်တတ်ကရပြောသွားတာ စိတ်ဆိုးနဲ့နော်

အနော် said...

ကောင်လေးငယ်ရေ ဒါဆိုလဲ အဲ့ကောင်မလေးကို အမျိုးသားရေးရာနဲ့ တိုင်ပစ်
နှောင့်ယှက်မှုနဲ့ တရားစွဲပစ် ဟိဟိ
တို့ဆီမှာဆို အမျိုးသမီးရေးရာရှိတော့
မင်းတို့ ယောကျာ်းလေးတွေအတွက်လဲ
အမျိုးသားရေးရာ ရှိသင့်တာပေါ့နော် ခွိခွိ

စိမ်း... said...

ကောင်လေး ... ကြွားတာလားကွ... ဟား ဟား စတာ... ဖြစ်တတ်ပါတယ်... ခုခေတ်ကလေးတွေဆီက ဒါမျိုးခဏခဏကြားရတယ် ... အဟက် ကိုးရီးယားတွေ သိပ်မကြည့်နဲ့လို့ပြောလိုက်ပေါ့..