Tuesday, September 15, 2009

ဝက်ဝံလေးရဲ့ခေါင်းစားပုံကတော့

ကိုယ့်ပေါင်ကိုလှန်ထောင်းရရင်တော့ တော်တော်များပါတယ်.. ကျွန်တော့်ကို သူများတွေ အမြင်ကပ်ရတဲ့ အကြောင်းရင်းကတော့
တော်တော်များမှာပါ..ပထမဆုံးကတော့ ကျွန်တော်က စကားပြောရင် ဖြစ်နေတဲ့အကြောင်းကိုမူတည်ပြီးတော့ စိတ်ထဲရှိတာပြောချလိုက်တာ.. အားနာတတ်ဘူးဗျ.. ပြီးတော့ပိုဆိုးတဲ့ အချက်က ငယ်ငယ်ကတည်းက တစ်ယောက်ထဲလည်း
နေတတ်တော့ ပတ်ဝန်းကျင်ဆိုတာကြီးကို သိပ်ပြီးဂရုမစိုက်တတ်ဘူး... သူငယ်ချင်းတွေအပေါ်မှာတော့ တစ်မျိုးပေါ့လေ..
ဒါပေမယ့် ချစ်တော့ချစ်တယ် အလိုမလိုက်ဘူးဗျ.. သူတို့လုပ်ချင်တာထက် ကျွန်တော်လုပ်ချင်တာ လုပ်တာများတယ်..
နောက်ပြီး ကျွန်တော်ကသူငယ်ချင်းတွေနဲ့ ဆက်ဆံရင် ယောင်္ကျား၊ မိန်းမ ခွဲပြီးမဆက်ဆံတတ်ဘူး.. သူက မိန်းကလေးမို့ပဲ
ရှိပါစေတော့တွေ ဘာတွေ လာမလုပ်နဲ့ ပြောစရာရှိတာ ပြောချလိုက်တာ.. ရှေ့မျက်နှာနောက်ထားပြီး လည်းမနေတတ်ဘူးလေ..
ရမှမရတာ ..ရှေ့မျက်နှာကိုရှေ့မှာပဲထားပြီး တည့်တည့်ပြောလိုက်တာ....
ပြီးကျပိုဆိုးတဲ့ အချက်က သွားစရာတစ်နေရာရာရှိလို့ သွားရရင် လမ်းမှာ သတိမထားမိဘူး..တွေးချင်တာတွေးပြီးသွားတတ်တာ.
လှမ်းပြီးနှုတ်ဆက်ရင်လည်း မသိတာကများတယ်.. ဟီး .ဒါကိုပဲ တစ်ချို့ သူငယ်ချင်းမလေးတွေက မာနကြီးတစ်ခွဲသားနဲ့တဲ့..
သူ့လုပ်စာထိုင်စားနေတာကြနေတာပဲ..ဘာပဲနဲ့ပြောကြတာ.. အဲဒါကို ဒီက ကောင်လေးကလည်း ဘယ်နေလိမ့်မလဲ.. အေး.
နင်တို့ ငါ့လုပ်စာကိုရော တကယ်ထိုင်စားချင်တာလား.. အဲဒါဆိုရင်တော့ဟာ....ဘယ်သူကဘာဖြစ်သွားပြီး ဘယ်သူက အိမ်ထောင်ဦးစီး
ဖြစ်သွားလဲလို့...ငါတော့နှမြောတတ်ဘူး နင်တို့မှ တကယ်ထိုင်စားချင်ရင်တော့ တုံကင်နံပါတ်ပြားကြိုယူထားလို့ နင်တို့ရှေ့မှာ အယောက်
ငါးဆယ်လောက်တော့ရှိတယ်လို့ ပြန်ပြောလိုက်တာလေ....ဟီး.ဟီး ဒါကြောင့်ပြောတာပေါ့.ကောင်လေးက စကားပြောလိုက်ရင်.
တည့်တည့်ကြီးနဲ့ကိုး..အခုလည်းကြည့်ပါ့လား ခင်ဗျားတို့လည်း ဖတ်ရင်းဖတ်ရင်းနဲ့ကို အမြင်ကပ်လာပြီမို့လား..
ဒါကြောင့်ပြောတာပေါ့ ကောင်လေးငယ်က အမြင်ကပ်စရာကောင်းပါတယ်လို့ အကြောင်းအရင်းတွေကလည်း လက်ညှိုးထိုးကိုမလွှဲဘူး

8 comments:

ဝက်ဝံလေး said...

ဟေးရောင် ငါရောက်တယ်ကွ ဖတ်သွားတယ်

ဝက်ဝံလေး said...

ဂျစ်ရေ ဘယ်မှာတုံး ဟားဟားးးးးးး ငါ ၁ ကွ ဘယ်ဂျောင်သွားအိပ်နေလဲ ဟဟဟဟ ပြန်ပြီ ဟိဟိ

Khyl said...

ကောင်လေးမို့လို့ လျှော့ထားတာ..... ကောင်ကြီးဖစ်ရင်... ဒီထက်ပိုကြမ်းမှာ... အဲလေ.... အဲကျရင်.... ရည်းစားတွေက ယောက်ကျားယူကုန်ရင်..... စိတ်လျှော့ရင်လျှော့မှာပေါ့နော်.... ဟတ်ဘူးလား.....

မချစ်ရ said...

ကောင်လေးငယ်
မမရဲ့မောင်လေးပဲလေ
ဒီလောက်တော့ရှိမှာပေါ့
မှန်တယ်ထင်ရင်လုပ်သာလုပ်
အမကလည်းအဲဒါမျိုးတွေဆို
သိပ်ဂရုစိုက်တာမဟုတ်ဘူး
ကိုယ့်လုပ်စာကိုယ်ထိုင်စားနေတာ
မဟုတ်ရင်သူတို့ကလုပ်ကြွေးမှာလည်း
မဟုတ်ဘူးမောင်လေးရေ

မချစ်ရ said...

ဂျစ်လေးဝက်ဝံ
မမအိပ်နေတာဟုတ်ဘူးဇိမ်ကျနေတာ
ဇာတ်လမ်းကြည့်နေတာ :P

စည်သူ said...

ကောင်းပါတယ်ညီရေ..

အကိုတို့ကျတော့လည်း မကောင်းဟ..

အားနာတတ်တယ်လေ.. ကောင်မလေးက ရည်းစားစကားလာပြောရင်တောင်.. အားနာလို့ ပြန်ကြိုက်လိုက်တယ်.. အားနာတာပြောတာပါ.. ကြွားတာမဟုတ်ပါဘူး..း)

အခုတော့လည်း.. အသဲကွဲပြီညီရေးး

chitpalone said...

Good တယ်ထင်ရင် Do သာ Do အားပေးတယ်။ သြော် သံခမောက်ဆောင်းထားဖို့လည်း မမေ့နဲ့နော်။ သူများခေါင်းလာခွဲတော့ မကွဲတော့ဘူးပေါ့။ အဲ့ဒီလိုအားပေးတာလေ။
ခင်မင်လျှက်
ညီမလေး ပါးလုံး

ဂေါက်သီးနဲ့ရှောက်သီး said...

ကောင်းတယ်ထင်ရင်လုပ်တာလုပ်..အားပေးနေတယ်နော်
:D