Thursday, September 3, 2009

သူ့ဖက်ကလည်းခံစားပေးပါ

တစ်ခါတုန်းကပေါ့ဗျာ ရွာတစ်ရွာမှာ နီမောင်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်ဗျ.. အဲဒီကောင်လေးက ရွာတစ်ရွာလုံးရဲ့ စံပြပေါ့ဗျာ..
မြို့မှာကျောင်းသွားတက်တာဆိုတော့ တစ်ရွာလုံးမှာက သူတစ်ယောက်ပဲ ၇ှိတာကိုးဗျ....ရွာမှာဆို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့လေ..
နီမောင်ကလည်း ရှင်းတယ်..ယောကျာင်္းတို့ရဲ့ သိက္ခာ သေကာမှ လျော့ရမယ်ဆိုတဲ့အထဲကပဲလေ....
တစ်နေ့ နီမောင် ကျောင်းပိတ်တုန်း အိမ်ကိုခဏပြန်လာတာပေါ့ဗျာ.. အဲလို ခဏပြန်လာတာကိုပဲ သူ့ခမျာအားရှာဘူးလေ... ဟိုအိမ်က လာပါဦး ဒီအိမ်က ထမင်းလာစားပါဦ့းပေါ့.. ဒါကတော့ ရွာဓလေ့ပေါ့လေ ..ပျူပျူငှာငှာပဲပေါ့...
နီမောင်ကလည်း အိမ်ပေါက်စေ့ကို လိုက်လည်တာ.. သူကလည်း မိတ်ဆွေကခပ်များများကိုး.....အဲ ဇာတ်လမ်းက ခုမှ စတာဗျ...
ဘယ်ကစလဲဆိုတော့ နီမောင်တို့အိမ်နားက အပျိုကြီးအိမ်ကစတာ... အပျိုကြီးက နီမောင့်ကို တိုင်ပင်တယ်.. တိုင်ပင်မှာပေါ့လေ..
နီမောင်ကလည်းတစ်ရွာလုံးမှာက မြို့သွားကျောင်းတက်တာက သူတစ်ယောက်ရှိတာကိုး...." ဟဲ့. ဟဲ့ နီမောင်ရေ ငါ မင်းကို တစ်ခုတိုင်ပင်မလို့ ဟဲ့ ငါ ၀င်ငွေလေးတစ်ခုရအောင် တစ်နိုင်တစ်ပိုင် မွေးမြူရေးလေးလုပ်မလားလို့လေ အဲဒါဘာလုပ်ရရင်ကောင်းမလဲ အကြံဥာဏ်လေးပေးပါဦးဟဲ့" အင်း ဒါဆိုလည်း ဗျာ ထွေထွေထူးထူးလုပ်မနေနဲ့ ခင်ဗျားအိမ်မှာ ခြံလေးတစ်ခြံလုပ်ပြီး ကြက်မွေးမြူရေးလုပ်ပေါ့ဗျ.. လွယ်ပါတယ်လေ.. ကြက်မ အကောင်၂၀လောက်နဲ့ ကြက်ဖ ၂ကောင်လောက်သာ ၀ယ်ထည့်ထားလိုက်...အချိန်တန်ရင် ဥစားတော့ရတာပေါ့ဗျာ လို့ ပြောသွားသတဲ့... အင်း... ဒီလိုနဲ့ နီမောင်လည်း ကျောင်းတွေပြန်ဖွင့်တော့ နီမောင်လည်း ကျောင်းပြန်တက်ရတာပေါ့လေ...... နောက်နှစ်ကျောင်းပြန်ပိတ်တော့မှပဲ ရွာကို နောက်တစ်ခေါက်ပြန်ရတော့တာပေါ့.. ရွာပြန်ရောက်ရောက်ချင်း နီမောင်သိချင်တာတစ်ခုပဲရှိတယ်.. ဘာလဲဆိုတော့ သူ အကြံဥာဏ်ပေးလိုက်တဲ့ အပျိုကြီးရဲ့ တစ်နိုင်တစ်ပိုင်မွေးမြူရေးကိစ္စကိုပေါ့... ဒါနဲ့ နီမောင်လည်း ရွာရောက်ရောက်ခြင်း အပျိုကြီးအိမ်ကိုသွားတော့တာပေါ့လေ..
ဟိုရောက်တော့ အပျိုကြီးကြက်ခြံထဲ မှာ နီမောင်ပြောလိုက်တဲ့ ဟာကို လွဲမှားစွာအသုံးပြုထားတာတွေ့ရတော့ တော်တော်အံ့သြသွားတာပေါ့... အဲဒါကြောင့်အပျိုကြီးကို လိုက်ရှာပြီးပြောတယ်... " ဟာ အပျိုကြီးရ မနှစ်က ကျွန်တော်ပြောလိုက်တာက ကြက်ခြံထဲကို ကြက်မက အကောင်၂၀ ၊ ကြက်ဖက ၂ကောင်ထဲရယ်.. ၀ယ်မွေးလို့ပြောတာ.. အခု ခင်ဗျားက ကြက်ဖကို အကောင်၂၀၊ ကြက်မကျတော့ ၁ကောင်ထဲ ၀ယ်မွေးထားတယ်.. ဘယ်လိုလို့ ခင်ဗျားစီးပွားဖြစ်တော့မှာလဲလို့ ရှင်းပြတယ်... ဟီးး..ဟီး အပျိုကြီးက ဘာပြန်ပြောလည်းဆိုတော့.. " အမလေးနီမောင်ရယ် နင်က ယောင်္ကျားလေးအမြင်ကိုးဟဲ့.. ကြက်မအကောင်၂၀နဲ့ ကြက်ဖ၂ကောင်နဲ့က လိုက်ဖက်ညီတယ်ပေါ့.. စီးပွားတက်မယ်ပေါ့လေ.. ဟင်း..ဟင်း.. ငါ့တို့အမြင်ကတော့ကွယ်.. အခု မွေးထားတဲ့ ကြက်ဖကတောင်နည်းနေသေးလားလို့ လကုန်မှပဲ နောက်ထပ် ငါးကောင်လောက်ဝယ်မွေးဦးမလားလို့တောင် စဉ်းစားနေသေးတာ".........

"ကဲ အဲဒါကြောင့်မပြောဘူးလား သူ့ဖက်ကလည်းခံစားပေးပါလို့"

7 comments:

မချစ်ရ said...

ဟာသပုံပြင်ပြောပြဖတ်ရမှာပျင်းလို့ :P
ပြောပြတော့........

ကောင်လေးငယ် said...

အင်း ပြောပြမယ် ..ပြီးရင်အိပ်တော့နော်.. တော်ကြာခေါင်းကိုက်နေဦးမယ်......

မချစ်ရ said...

မင်းနော်မင်းခုမှဖတ်မိတယ်
ပေါက်တတ်ကလောက်ကရေးပြန်ပြီ
ဟွန်းးးး
မပြောတော့ဘူးရေးချင်တာသာရေးတော့
ငါမနိုင်တော့ဘူးမင်းကိုတော့

ဝက်ဝံလေး said...

ဟုတ်တယ် တကယ့်ကို မနိုင်တော့တာ မချစ်ရရေ ဟဟဟဟ ပြောချင်ဘူး ဟိဟိ

ဝက်ဝံလေး said...

လာခဲ့ဦး နာ တဂ်ထားတယ် ဟဟဟဟ

သူကြီးမင်း (တုံးဖလား) said...

ညီပြောသလို သူတို့ဖက်လည်း စဉ်းစားပေးကြတာပေါ့လေ။
ဒါပေမဲ့ အကောင်နှစ်ဆိုတော့ များလွန်းတယ်နော။
ဒါတောင် နောက်ထပ် ငါးကောင်ထပ်တိုးဆိုတော့.. ဘုရားရေ.... ကြက်ဥ စားရမဲ့ပုံတော့ မပေါက်တော့ဘူး။

သူကြီးမင်း (တုံးဖလား) said...

အကောင်နှစ်ဆယ်