Saturday, September 19, 2009

သူ့အမေပဲရင်ကျိုးပါစေတော့

မိဘ နှစ်ပါးက သမီးအား မြို့ကြီး သို့ သွားပြီး အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။ သမီးငယ် ထွက်မသွားခင် မှာ မိခင်ကြီးက သမီး အခန်းထဲကို သမီး ချစ်သူ ခေါ်မလာပါ ဘူး ....ဆိုတဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ်
သမီး ရယ် ဟု ပြော ပြီး .... အေး.......သမီး အခန်းထဲ သမီးချစ်သူလာတယ် ဆိုတဲ့ သတင်းသာ
မေမေ ကြားရရင် မေမေ ရင်ကျိုးမှာ အမှန်ပဲကွဲ့ ဟုလည်း စိုးရိမ် ပူပင်စိတ်ကို လှစ်ပြလိုက်ပါသေးသည်။
သမီး ထွက်သွားပြီး တပတ်လောက် အကြာမှာ သားအမိ ဖုန်းပြောဖြစ်သည်။သမီး ချစ်သူကို သမီး အခန်းထဲ ခေါ်မလာပါဘူးနော်၊ ဟုတ်တယ်မလား သမီးလေး.....အို.............ခေါ်မလာပါဘူး မေမေရဲ့၊ မေမေ အတန်တန် မှာထားတဲ့ကိစ္စ ပဲ၊ သမီး သူ့ အခန်းကို ပဲ သွားပါတယ်၊ သူ့ အမေပဲရင်ကျိုး ပါစေနော် အမေရယ်...

5 comments:

စည်သူ said...

ဟ... ဟုတ်ပါ့ ညီရေ..

ဟေ.. ဟး.. သူ့အမေပဲရင်ကျိုးပါစေတော့

လုပ်ချက်ကတော့ကွာ....

မချစ်ရ said...

ကောင်းရော..........
လာပြန်ပြီပေါက်တတ်ကလောက်က
မရေးရမနေနိုင်ဘူး
ဒီကောင်လေးကတော့....နော်

chitpalone said...

ဟယ် တကယ်ပဲ ဘယ်ကသွားရှာထားတာလည်း ရယ်ရတယ် သူ့အမေပဲရင်ကျိုးပါစေနော်တဲ့ သူ့အခန်းခေါ်မလာလည်း ဟိုအခန်းလိုက်သွားတာ အတူတူပဲမဟုတ်လားနော်။ သြော် ၂ပေါက်၁ပေါက်ကလည်း ရိုက်လိုက်သေးတယ် လူဇိုး။
ခင်မင်လျှက်
ညီမလေး ပါးလုံး

စိမ်း... said...

ကောင်းရော...

Khyl said...

ဟုတ်တယ် မေမေ... ဖုံ မခါရသေးလို့ပါ... သာမီး အခန်းက... ဟတ်ချိုး...