Thursday, September 17, 2009

ပေါ့မနေကြနဲ့

ရွာတစ်ရွာမှာပေါ့ဗျာ လူပျိုကြီးတစ်ယောက်ရှိတယ် ...တစ်နေ့မှာတော့ လူပျိုကြီး အသည်းအသန်ဖျားပါလေရော
အဲဒီတော့ ရွာထဲမှာရှိတဲ့ ရပ်ဆွေရပ်မျိုးတွေက ၀ိုင်းပြီးပြုစုရတော့တာပေါ့...နေမကောင်းသူဆိုတော့ ဆန်ပြုတ်သာသောက်ခိုင်းရတာပေါ့လေ...ထိုနေ့မှစပြီး လူပျိုကြီးစကားမပြောတော့ဘူး..နောက်သုံးရက်လောက်ကြာတော့
ရပ်ဝေးမှာနေတဲ့ သူ့ညီမရောက်လာတာပေါ့လေ..အဲဒီမှာ လူပျိုကြီးက ၀မ်းနည်းသံလေးနဲ့ ပြောလိုက်ပုံက
" ငါ့ကိုသိပ်ပေါ့မနေကြနဲ့နော် ငါအစားအသောက်တွေပျက်နေတာ ခံတွင်းလည်းပျက်နေတာကြာပြီ.ဒီကြားထဲ
ဆန်ပြုတ်လေးပဲသောက်နေရတာ တစ်ခါတစ်ခါသောက်မှ ဆန် ၄ဗူးချက်ပဲ ကုန်တော့တယ်" တဲ့

5 comments:

စိမ်း... said...

နေများကောင်းရင်တော့ ဒုက္ခ...

မေလေး said...

ဟူးးးးးးး တော်သေးတာပေါ့
နေမကောင်းလို့

မချစ်ရ said...

ဂျစ်..ဘယ်ရောက်နေလည်း
ကျောင်းစာတွေနဲ့အလုပ်ရှုပ်နေတယ်ထင်တယ်
ရှုပ်ရှုပ်..အဲလေ.လုပ်လုပ်
စာကျက်

မချစ်ရ said...
This comment has been removed by the author.
မချစ်ရ said...

ဆန် ၄ ဗူးဆိုတော့နည်းတာပေါ့
ဟုတ်သားပဲအစားသောက်ပျက်နေပြီ
၁ပြည်လောက်ဆိုပြီးရော :P
မောင်လေးလိုပေါ့နော်
မောင်လေးကတော့အသောက်မပျက်ပါဘူး
ဟုတ်လား