Saturday, September 26, 2009

သူ့အလုပ်က

ဆေးခန်းတစ်ခုကို ခပ်ကြောင်ကြောင်လူတစ်ယောက်ရောက်လာတယ်..
ဆရာဝန်က ကဲ..ပြောစမ်းပါဦးခင်ဗျားဘာဖြစ်သလဲ..
" အခုတလော ကျွန်တော် စိတ်တွေ ကယောက်ချောက်ချား ဖြစ်ဖြစ်နေတယ်ဆရာ"
ဆရာဝန်က လူနာကို စမ်းသပ်ကြည့်ပြီး
" ခင်ဗျားဘာကိုမှ ထွေထွေထူးထူး စဉ်းစားမနေနဲ့ ခင်ဗျားရဲ့ကိုယ်ကို ခင်ဗျားရဲ့အလုပ်ထဲမှာနစ်မြုပ်ထားလိုက်ရင် ခင်ဗျားစိတ်ပြန်ပြီး
တည်ငြိမ်လာမှာပါ ဘာမှစိတ်မပူပါနဲ့ "
အဲဒီအခါမှာ လူနာက ပြန်ပြောလိုက်တာကတော့
" ခင်ဗျာ.....ကျွန်တော်ကအလုပ်ထဲမှာ ကိုယ့်ကို ကို နစ်မြုပ်ထားရမယ်ဟုတ်လား ကျွန်တော်က သင်းချိုင်းမှာ တွင်းတူသမားပါဆရာရဲ့"

4 comments:

ဝက်ဝံလေး said...

ဟိဟိ မြုပ်ထားလိုက်ပေါ့ လို့ နော် ဟားဟားးးးးးး ဘယ်မလဲ ဂျစ် ဘယ်ဂျောင်သွားအိပ်နေလဲ ဝံလေး ရောက်ပြီလေ ဟဟဟဟ

လင်းကြယ်ဖြူ said...

အတွေးလေးက တိုတိုလေးနဲ့ ရယ်ရတယ်..
ကောင်းတယ်..စိတ်လက်ပြေလျှော့သွားတယ်..
ပျော်စရာတွေ ပြုံးစရာတွေ အများကြီးပဲ ...
ဆက်လက်တင်ဆက်နိုင်ပါစေခင်ဗျာ
လေးစားစွာ

မချစ်ရ said...

သူ့အလုပ်ကလည်း
ကောင်းတာပေါ့ကိုယ့်ဟာကိုယ်
တူးထားပြီးသားဆိုတော့
ပိုစိတ်ချရတာပေါ့..ဟိ

Angel Shaper said...

ဟဟဟဟားးးးးးးးးးးးး
အလုပ်ထဲမှာပဲ နှစ်မြုပ်လိုက်တဲ့လားးးးးးး
လာရယ်သွားတယ် ကောင်လေးငယ်ရေ.......