Monday, September 14, 2009

မများပါဘူး

အလွန်ကြွားဝါတတ်တဲ့ ကိုစံပေါဆိုတဲ့လူတစ်ယောက်ရှိတယ်ဗျ.. တစ်နေ့မှာ ကျွဲ ၊ နွား စားရင်းကောက်တဲ့
လူကြီးတွေ ရွာကိုရောက်လာခဲ့တယ်..ကိုစံပေါလည်းသူ့မှာ ရှိတဲ့ ကျွဲလေးတစ်ကောင်အတွက်စာရင်းသွားပေးတယ်
လူကြီးတွေကလည်း တစ်ယောက်ပြီးတစ်ယောက်မေးလိုက် စာရင်းကောက်လိုက်နဲ့ပေါ့..ဒီလိုနဲ့ ကိုစံပေါအလှည့်ရောက်လာပါလေရော
"ကဲ ခင်ဗျားမှာ ကျွဲဘယ်နှစ်ကောင်ရှိသလဲ"
ကိုစံပေါက
" ကျွန်တော့်မှာ ကျွဲကတော့ တစ်ကောင်ပဲရှိပါတယ်"
"' နွားကရော ဘယ်နှစ်ကောင် ရှိလဲ ပြောပါဦး"
ဒီတစ်ခါတော့ ကိုစံပေါပြောလိုက်သည်ကား
" အဲ... နွားကတော့ ကျွဲလောက်တော့ မများပါဘူး" တဲ့


ဟင်း ခက်ဘူးလားနော် ..ကြွားပုံများပြောပါတယ်... မရှိမရှိဘူးမပြောဘူး..

4 comments:

ဝက်ဝံလေး said...

ဟဟဟ ဂျစ်ဘယ်ရောက်နေလဲနာရောက်ပြီလေ ခိခိ

Khyl said...

ဟ..ဟေ့ဟေ့... တူနေဒယ်..ဟေ့... တူနေဒယ်...
တများလဲ ဘွတ်အဲအကြောင်းရေးထားတယ်... ငှဲငှဲ..

မချစ်ရ said...

အယ်..၀က်ဝံလေးကတော့ဦးပြန်ပြီ
ကောင်လေးငယ်အဲဒါကြွားတာမဟုတ်ဘူး
အပြောတတ်တာခေါ်တယ်..:P

chitpalone said...

ဟီး ရယ်ရတယ် ကျွဲကတကောင်တည်းပါဆို နွားက ကျွဲလောက်မများဘူးတဲ့ လှလိုက်တဲ့ အသုံးအနှုန်းလေး။သဘောကျတယ်။
ခင်မင်လျှက်
ညီမလေး ပါးလုံး