Friday, December 23, 2011

လောကကြီးမှာရှိ.တဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ…

  • တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်…..ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….

“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “

  • အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..
  • ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….
  • နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်…
  • အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….
  • ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…
  • ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…
  • ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးကပေးလိုက်ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….

သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“

  • ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????

  • ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
  • ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….
  • “သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင်နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်
  • ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရတော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???
  • အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ

သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

  • အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “

  • အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..

“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “

  • ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…

ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????

သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………

………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ………………………………..မလှပနိုင်တော့ဘူးနော်……….

Wednesday, December 21, 2011

ကိုယ်ရံတော် ပစ္စည်းသက်သေ….???

တစ်ခါက လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို

အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ်ပဲ မျှားချင်၏် ။

မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။ တစ်ရက်သောမနက်ခင်းမှာ အချိန် အကြာကြီး ငါးမျှားရာမှ

ပြန်လာသော ယောင်္ကျားက တရေးတမောအိပ်ရန် ဆုံးဖြတ်လိုက်သည် ။ မိန်းမ ကတော့ စာဖတ်မည်ဟု

စိတ်ကူး၍ ရေကန်ထဲတွင် လှေထုတ်လှော်သည်။

ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါစာအုပ် ထုတ် ၍ စာဖတ်နေလိုက်သည် ။

ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။

လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ……..

“မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”

မိန်းကလေးက… “စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း

ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။

“ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး”

“ဒီနေရာဟာ ကန့်သတ်နယ်မြေ”

“ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”

“မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”

“………”

“မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”

“ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့

ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ ရလိမ့်မယ်”

ဟု မိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။

” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”

အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။

”မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ အစုံအလင်ပါနေတာပဲမဟုတ်လား”

ပာုပြောလိုက်လေသည်……….(မှတ်ပလား....ငနာရဲ့ )

မေလ်းထဲမှ ဟာသလေးများ

လူမှန်နေရာမှန်

“မောင်ဘမောင်… မင်း ဘယ်လို ယောက်ျားလဲကွယ့်။

မင်းမိန်းမကတော့ ကိုယ်ဝန်ကြီးနဲ့ ထင်းခွဲနေတယ်။
မင်းကျတော့ ဒီခုံပေါ်မှာ အေးအေးဆေးဆေး မယ်ဒလင် ထိုင်တီးနေတယ်”

“မတတ်နိုင်ဘူး ဒေါ်ဒေါ်… သူမှ မယ်ဒလင် မတီးတတ်တာ။”

စိတ်၏ချမ်းသာခြင်း

ကိုဘမောင်အရက်မူးပြီး အိမ်သို့ပြန်ရောက်လာသည်။ တံခါးကိုဖွင့်သည်။
ဝင်ဝင်ချင်း အသံဆိုးကြီးဖြင့် အော်သည်။
“ ဟေ့၊ ငါပြန်လာပြီကွ၊ ငါပြောတာ ကြားလား၊ ပြန်လာပြီကွ ငါ၊ ငါ ပြောတာ
မရှင်းဘူးလားကွ ဟေ ”
မည်သူမှ မတုံ့ပြန်ချေ။ ကိုဘမောင် မီးဖိုးချောင်ထဲ ၀င်သည်။
ကြောင်အိမ်ကိုဖွင့်ပြီး အထဲမှ ပန်းကန်များကို ကြမ်းပေါ်ကို ပစ်ချသည်။
ကွဲသံရှသံများ မြည်ဟီးသွားသည်။ ကိုဘမောင် ထပ်အော်သည်။
“ ဟေ့ ငါပြန်လာပြီကွ၊ ကြားလား ”
တစ်ခန်းလုံး တိတ်ဆိတ်နေမြဲ၊ ကိုဘမောင် ဧည့်ခန်းထဲဝင်ပြီး ပန်းအိုးကို
ပစ်ခွဲသည်။ ရုပ်မြင်စက်ကို စားပွဲနှင့်အတူ ကြမ်းပြင်ပေါ်ပေါက်ချသည်။
အခန်းထဲရှိသမျှပစ္စည်းတွေကို ဗြောင်းဆန်နေအောင်လုပ်သည်။
ထို့နောက်တွင် ဖိနပ်မချွတ်ဘဲ အိပ်ရာပေါ် လှဲချလိုက်သည်။နှုတ်မှလည်း
ကျေနပ်သံဖြင့် ပြောသည်။
“ တစ်ယောက်တည်း နေရတာ တယ် ကောင်းပါလားနော်”


ဥာဏ်ကြီးရှင်ဖေဖေ

ရုံးမှာ အချိန်ပိုလုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေဖြစ်သူကို

သားငယ်က မေးသည်။
“လမင်းဟာ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေတာလဲဟင်”
“လမင်း ဟုတ်လား ၊ မသိပါဘူး သားရယ်”
“ကြယ်တွေကျတော့ သေးသေးလေးနော်…. ဘာဖြစ်လို့လဲ ဖေဖေ”
“ကြယ်တွေ ဟုတ်လား၊ အင်း မပြောတတ်ပါဘူးကွာ”
“ဖေဖေ၊ ဘာဖြစ်လို့ ..”
အမေက ၀င်ပြောသည်။
“ဟဲ့သား၊ ဖေဖေ ပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေ ထုတ်မနေစမ်းနဲ့”
“မေးစမ်းပါစေကွာ၊ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား ။”


ကျောင်းသားဘ၀ ဟာသများ

ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀က အလွန်ဆိုးခဲ့သည်။ ကျွန်တော့်သူငယ်ချင်းများလည်း

အလွန် အနောက်အပြောင်သန်ကြသည်။ ဤတွင် တွေ့ကြလေသတည်းပေါ့..။

ကျောင်းဖွင့်စတစ်ရက် အတန်းထဲသို့ မြန်မာစာသင်ရန် ဆရာမအပျိုကြီး ၀င်လာသည်။ အပျိုကြီးပီပီ

ဆံပင်လေး သပ်ကာသပ်ကာဖြင့် လှလှပပ ကြွကြွရွရွလေး သင်လေသည်။

“ကဲ.. ဒီနေ့ စသင်မယ့် သင်ခန်းစာကတော့ မြန်မာအက္ခရာတွေ အဆင့်ဆင့် ပြောင်းလဲလာပုံအကြောင်းပဲ

ဖြစ်တယ်။ အဲဒီထဲကမှ ဆလိမ်ပြောင်းလဲပုံအကြောင်းကို အရင်ဆုံး ပြောမယ်နော်။ ဆလိမ်

ဘယ်လို ပြောင်းလဲသလဲ သိလား”

“သိပါတယ်ဆရာမ”

နောက်ဆုံးတန်းမှ ကျောင်းသားတစ်ယောက်က ထဖြေသည်။

“အလဲ့.. တယ်ဟုတ်ပါ့လား။ ပြောပါဦး.. ဆလိမ် ဘယ်လို ပြောင်းလဲသလဲ”

“စိန်လှ ပါ ဆရာမ”

ရယ်သံများက တဝေါဝေါ ထွက်လာသည်။ ဆရာမခမျာ ခေတ္တမျှ ကြောင်နေသေးသည်။ ပြီးတော့မှ


"သြော်.. ဆရာမက အကောင်းပြောနေတယ် အောက်မေ့လို့။ မင်းတို့က နောက်နေကြတာပဲ။ ပျော်တတ်တာကို

မပြောလိုပေမယ့် ဒီလို နောက်တတ်တာက နောင်ဆို ပြင်ရခက်မယ်။ ဗီဇပါသွားမယ်။ ဗီဇဆိုတာသိလား"

ဆရာမက သူ့အကျင့်အတိုင်း ပြောရင်း ပြန်မေးခွန်းထုတ်လိုက်သည်။ ထိုကျောင်းသားကပင် ထ၍

"သိပါတယ်။ ဘစီပါ ဆရာမ.."

"အင်.."

ဆရာမ ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ ကျောင်းသူကျောင်းသားများ ရယ်၍ မဆုံးတော့။

ဆရာမမှာ ဒေါသထွက်ပြီး အခန်းထဲမှ ထွက်သွားတော့သည်။

ပြောလေ ဆိုးလေ


မကြာမီ ကျောင်းအုပ်ဆရာကြီးနှင့်အတူ ဆရာမ ပြန်ရောက်လာသည်။ ဆရာကြီးမှာ

အလွန် ဒေါသထွက်နေပုံရ၏ ။


“ဟေ့ကောင်တွေ.. မင်းတို့ မိုက်ရိုင်းလှချည်လား။ ဆရာမကို စော်ကားလွှတ်လိုက်တယ်ဆိုကွ”

ဆရာကြီးစကားကြောင့် ဆရာမအပျိုကြီး မျက်နှာရဲသွားသလို ကျောင်းသူများလည်း ပြုံးစေ့စေ့

ဖြစ်ကုန်ကြသည်။

“အင်.. ဆရာကြီးကလည်း..”

“အဲ.. အေး အေး၊ ဆောရီးဆရာမ။ မင်းတို့ ဒီလိုလုပ်တာ ကောင်းသလား။ ကိုယ့်ကျောင်းကို စေတနာနဲ့

လာသင်ပြပေးရတဲ့ ဆရာမကို နောက်လွှတ်တယ် ဆိုတော့ မင်းတို့က ဘာကောင်တွေလဲ။ ခွေးတွေလား။

မင်းတို့တက်နေတဲ့ ကျောင်းကြီးက ခွေးကျောင်းကြီးလားကွ ဟေ။ မင်းတို့ကို ဘယ်သူတွေက

အဲလို သင်ထားလဲ”

ဆရာကြီးမှာ ဒေါသဖြင့် ပြောနေရာ တစ်တန်းလုံး ငြိမ်သက်နေကြသည်။ ထိုစဉ် နောက်တန်းမှ

အသံတစ်သံက မကြားတကြား ထွက်လာသည်။

“အဲဒီကျောင်းက ဆရာတွေပါပဲခင်ဗျာ”

တခွိခွိ ရယ်သံများက သိသိသာသာ ဖြစ်သွားသည်။ ဆရာကြီးလည်း သူ့စကားနှင့်သူ ပိတ်မိနေ၏ ။

“တိတ်စမ်း...၊ ဘယ်ကောင်လဲကွ ပြန်ပြောတာ”

မျက်မှန်နှင့် ဖြူနွဲ့နွဲ့ကျောင်းသားတစ်ယောက် ထလာပြီး ပြောသည်။


“ကျွန်တော်လည်း မသိပါဘူး ဆရာကြီး”

“မင်းက မသိတာကို ဘာလျှာထရှည်နေတာတုန်း”

“ဆရာကြီးပဲ တိတ်စမ်း ဆို.. ခေါ်လိုက်ပြီးတော့..”

“ဟေ..”

ဆရာမကိုယ်တိုင် ရယ်နေပြီဖြစ်သည်။ ဆရာကြီးလည်း ပြုံးရမလို မဲ့ရမလို ဖြစ်နေသည်။

“ဘာတွေလဲကွ။ နောက်နေကြတာလား မင်းတို့က”

ဘယ်သူမှ ပြန်မဖြေကြ။ တစ်တန်းလုံးတော့ ပြုံးစေ့စေ့မျက်နှာပိုးများကို သတ်ထားရသည်။

“ကဲ.. အဲဒီ စိန်လှ ဆိုတဲ့ကောင်နဲ့ ဘစီ ဆိုတဲ့ကောင် ထွက်ခဲ့ကြစမ်း”

ကျောင်းသားများ ရယ်ကြပြန်သည်။ ဘာကြောင့်ရယ်ကြပါလိမ့်ဟု ဆရာကြီး ဝေခွဲရပုံမပေါ်။

ဆရာမလည်း ဘာပြောရမှန်းမသိ ဖြစ်နေသည်။

“ဘယ်မလဲ စိန်လှ။ ဟိုကောင် ဘစီ ထစမ်း”

“ဒီအတန်းထဲမှာ စိန်လှလည်း မရှိ၊ ဘစီ ဆိုတာလည်း မရှိပါဘူး ဆရာကြီး။ Roll Call စာအုပ်မှာ ကြည့်ကြည့်ပါ”

ထိုအခါ ဆရာမမှာ မနေသာတော့၊ ၀င်ရှင်းပေးရတော့သည်။


“မဟုတ်ဘူး ဆရာကြီး။ ကျွန်မက စိန်လှလို့ ပြောရင် သူတို့က ဆလိမ်လို့ ပြောတာ။ ကျွန်မက ဘစီ ဆို

သူတို့က ဗီဇ တဲ့”

ကျောင်းသားများ တ၀ါးဝါး ရယ်ကြတော့သည်။ ဆရာမမှာ ပြောချင်ဇောကြီး၍ ရှေ့နောက်

ပြောင်းပြန်ဖြစ်သွားသည်ကို မသိလိုက်။ ဆရာကြီးက ဆရာမဘက် မျက်မှောင်ကျုံ့လျက်

“နေပါဦး..၊ နင်ကစာသင်တာလား၊ သူတို့ကို ရယ်စရာပြောပြနေတာလား”

“အင်.. ဆရာကြီးကလည်း”

ရယ်သံများက ပတ်တုတ်မရတော့။ ကျောင်းသူများမှာ မျက်မှာများ နီရဲနေအောင် ရယ်ကြသည်။

ကျောင်းသားများကတော့ အူနှိပ်နေကြလေပြီ။

“တော်ကြရှန်း။ အဲဒီ နောက်တဲ့ကောင် ထစမ်း”

ဆရာကြီးမှာ ဒေါသကြောင့် စကားများပင် မပီတော့။ တံတွေးတွေ စင်ထွက်ကုန်အောင် အော်လိုက်၏ ။

နောက်မိသော ကျောင်းသားက မျက်နှာငယ်လေးနှင့် ထ၍

“ဆ..ဆ ဆရာကြီး၊ ဒေါသရှေ့ထားရင် မှားတတ်ပါတယ် တဲ့။ ပြီးတော့ ဟို.. သည်းခံခြင်းသည် အောင်မြင်ခြင်းလို့

ဘုရားကလည်း ဟော.. ဟောထားပါတယ်”

“အေး အေး.. လာခဲ့။ အဲဒီကောင် လာခဲ့။ အဲလောက်တတ်နေရင် ငါနဲ့ ဟိုဘက် ခဏလိုက်ခဲ့။ မင်း သိတာတွေ

သိပ်များနေပြီ”

ဟု ဆိုကာ ထိုကျောင်းသားကို နားရွက်ကဆွဲလျက် ကြိမ်လုံးကြီး တစ်ဖက်ဖြင့် ကျွန်တော်တို့

ကင်ပေတိုင်စခန်းဟုခေါ်သော ကျောင်းအုပ်ကြီးရုံးခန်းသို့ နာဇီစစ် စစ်ရန်အလို့ငှာ

ခေါ်ဆောင်သွားလေတော့သည်။ ခိုင်လုံသော သတင်းရင်းမြစ်များအဆိုအရ ဆရာကြီးက ထိုကျောင်းသားအား

မင်းတို့ကောင်တွေ သေချာ သတိထားနေ....အခု ပြန်တော့..နောက်ကို အဲလောက် အစမသန်နဲ့ကွ ဟူသတည်း

မှတ်ချက် ။ ။ အဲဒီ ကျောင်းသားက ဘယ်သူထင်လည်း ဟင်

Monday, December 19, 2011

မင်းတို့ဆီမှာ ရှိလို့လားးးးး

တစ်ခါတုန်းက ရွာတစ်ရွာမှာ မောင်လှနဲ့ မောင်မြ ဆိုတဲ့အရမ်းချစ်ကြတဲ့ သူငယ်ချင်း ၂ယောက် ရှိသတဲ့.......သူတို့ သူငယ်ချင်း၂ယောက် အရမ်းကို ချစ်ကြခင်ကြတာပေါ့....ရပ်ရေးရွာရေး ကုသိုလ်ရေး

မှာ သူတို့ ၂ယောက် မပါရင် မပြီးသလောက်ပါပဲ.... တစ်နေ့တော့ မောင်လှ တစ်ယောက် လယ်ထဲသွားရင်း

ပိုးထိ ပြီးဆုံးသွားရှာတယ်..... သိပ်မကြာခင်ရက်ပိုင်းမှာပဲ မောင်မြ တစ်ယောက်လည်း ငှက်ဖျားရောကြောင့်

ဆုံးပါး သွားပါလေရော....သူတို့ ၂ ယောက်သေလွန်ပြီးနောက် မိမိတို့ကုသိုလ်ကံ အလျောက် မောင်လှက

နတ်ပြည်မှာ နတ်မင်းကြီးဖြစ်သွားပြီး မောင်မြကတော့ လူ့ဘ၀က သက်ဖြတ်ခဲ့တဲ့ အကုသိုလ်ကံတချို့ကြောင့်

ငရဲပြည်ရောက်သွားတယ်...ဒါပေမယ့် မောင်မြရဲ့ လူ့ဘ၀က ပြုဖူးတဲ့ ကုသိုလ်ကံ တစ်ချို့ကြောင့် ငရဲပြည်မှာ

သာမာန်ငရဲသားမဟုတ်ပဲ ငရဲမင်းကြီးပေါ့ဗျာ.......

ဒီလိုနဲ့ တစ်နေ့ကျတော့ နတ်သားကြီး မောင်လှက သူ့ငယ်ချင်း ငရဲမင်း မောင်မြကို ငရဲပြည်အခြေအနေ

ကို သတင်းလှမ်းမေးတယ်.....

လှ။ ။သူငယ်ချင်းမောင်မြရေ...မင်းတို့ငရဲပြည်မှာ နေလို့ထိုင်လို့ အဆင်ပြေရဲ့လားကွ.....

မြ။ ။အေးသူငယ်ချင်းရေ...အရင်ကတော့ ပူလိုက်အိုက်လိုက်တာမှ ပြောမနေနဲ့ကွာ......

လှ။ ။ခုတော့ရော သူငယ်ချင်းးး

မြ။ ။ခုတော့သူငယ်ချင်းရေ..နေရထိုင်ရတာ ဇိမ်ရှိသွားပြီကွ.......

လှ။ ။ဘာဖြစ်လို့တုန်း...မိန်းမရနေလို့လား....

မြ။ ။အာ..ကြံကြံဖန်ဖန်..မဟုတ်ရပါဘူးကွာ...ဟိုတစ်လောက လူ့ပြည်က အင်ဂျင်နီယာ တစ်ယောက်

ငရဲပြည်ကို မှားအပို့ခံလိုက်ရတယ်လေ....အဲဒါသူကို ရောက်တုန်းရောက်ခိုက် ငရဲမှာ အဲကွန်းတို့

ရေခဲသေတ္တာတို့ တစ်ခြားလျှပ်စစ်ပစ္စည်တွေ ဆင်ခိုင်းလိုက်တာ နေလို့ထိုင်လို့ အတော်အဆင်ပြေ

သွားတယ်ကွ....ဟဲဟဲ

လှ။ ။ဟိုက်ရှ်....ဒါဆိုရင် အဲဒီသူငယ်ကို နတ်ပြည်လွှတ်စမ်းကွာ....ဒီမှာလည်း လိုအပ်တာလေးတွေ လုပ်ခိုင်း

ချင်လို့ပါ......

မြ။ ။ဟားးဟားးးး သူငယ်ချင်းရေ...ဒီလိုလုပ်လို့ ဘယ်ရမလဲကွ..မင်းအကြောင်း မသိရင်ခတ်မယ်....မင်းက

အဲဒီကောင် ရောက်လာရင် ငါ့ကို ဘယ်တော့မှပြန်ပေးမှာမဟုတ်ဘူး..ငါသိနေတယ်..ဟဲဟဲ

လှ။ ။စိတ်ချပါ သူငယ်ချင်းရာ...ဒီမှာ လုပ်စရာတွေပြီးတာနဲ့ မင်းဆီပြန်လွှတ်ပေးပါ့မယ်....

မြ။ ။မရဘူး ကိုယ့်လူရေ...လုံးဝ မပေးနိုင်ဘူးးးးးးး

လှ။ ။ သြော်..မင်းက ဒီလိုကို.....ဒါဆိုလည်းရတယ်.... မင်းကို အပြစ်မရှိသူကို ငရဲမှာ ထားမှုနဲ့ တိုင်ချက်

ဖွင့်ရမယ်.........

မြ။ ။ဟားးးးးးးးးးးးးးးးမောင်လှရယ်...မင်းလည်း အတော်ရယ်စရာပြောသကိုးကွ.....နေပါဦး..မင်းကိုမေး

ရဦးမယ်......`မင်းတို့နတ်ပြည်မှာ ဘယ်တုန်းက ရှေ့နေ ရှိဖူးလို့လဲ´......

ဒီမှာတင်မောင်လှ တစ်ယောက်လည်း မောင်လှကို စကားတုန့်ပြန်မပြောနိုင်တော့ပဲအရှုံးပေး

လိုက်လေတော့သတည်းးးးးးးးးးးး

Tuesday, December 6, 2011

ဟင့်အင်း ခရမ်းချဉ်သီးဘဲ

တစ်ခါကအမျိုးသမီးတစ်ယောက်ဟာတည်းခိုခန်းတစ်ခုမှာအခန်းငှားတယ်တဲ့။ဒါနဲ့တည်းခိုခန်းမန်နေဂျာ

'အစ်မအခန်းလွတ်ကမရှိတော့ဘူး။4ယောက်ခန်းတော့ရှိတယ် ဒါမဲ့အဲဒီမှာ ယောင်္ကျားလေ3းယောက်ရှိတယ်။

အစ်မတည်းချင်ရင်တော့အဲ့ဒီတစ်ခန်းဘဲရတော့မယ်'ပြောတော့ အမျိုးသမီးကလည်း "ရပါတယ်အဲဒီအခန်းကိုဘဲ

ကျွန်မကိုပေးပါ"ဆိုပြီးအဲဒီအခန်းထဲကိုဝင်သွားရော။အဲဒီမှာအရင်ရောက်နေတဲ့ယောက်ကျာင်္းလေ3းယောက်က"အစ်မ

ကိုမေးခွန်းတစ်ခုမေးမယ် ဖြေနိုင်ရင်အစ်မဖါသာအေးအေးဆေးဆေးအိပ်ပါ။မဖြေနိုင်ရင်တော့ ကျွန်တော်တို့နဲ့အိပ်ရမယ်

ဘယ်လိုလဲ"ဆိုတော့ အမျိုးသမီးကကောင်းပြီမေးပါဆိုပြီးသဘာတူလိုက်တယ်။ ဒါနဲကောင်လေးတစ်ယောက်ကစမေးတယ်

"အပင်ပုပု အသီးကနီနီစားရင်ချိုတယ် အဲဒါဘာသီးလဲ"တဲ့။အဖြေမှန်က စတော်ဘယ်ရီပါ။ဒါကိုအမျိုးသမီးကသိပေမယ့်

ခ၇မ်းချဉ်သီးလို့ဖြေလိုက်တယ်။ဒါနဲ့ပထမကောင်လေးနဲ့အိပ်လိုက်ရော။နောက် ဒုတိယကောင်လေးကလည်းဒီမေးခွန်းဘဲထပ်မေး

တယ်။အမျိုးသမီးကလည်း ခရမ်းချဉ်သီးလို့ဘဲဖြေတယ်။တတိယကောင်လေးအလှည့်လည်းဒီလိုဘဲ။ဒါနဲ့မနက်ကိုးနာရီလောက်ရောက်

တော့တည်းခိုခန်းမန်နေဂျာက ကိုးနာရီတောင်ထိုးနေပြီ ဟိုအခန်းထဲက4ယောက်လည်းခုထိထွက်မလာသေးပါလား။ဘာများဖြစ်နေလဲ

ဆိုပြီးသွားကြည့်လိုက်တော့ ကောင်လေးသုံးယောက်ကကုတင်အောက်ကနေဒူးထောက်ပြီး "အစ်မရယ်ကျေးဇူးပြုပြီး

စတော်ဘယ်ရီလို့ဖြေပါဗျာ" ဆိုတော့ အမျိုးသမီးက" ဟင့်အင်းခရမ်းချဉ်သီးဘဲ" တဲ့။