Monday, December 19, 2011

မင်းတို့ဆီမှာ ရှိလို့လားးးးး

တစ်ခါတုန်းက ရွာတစ်ရွာမှာ မောင်လှနဲ့ မောင်မြ ဆိုတဲ့အရမ်းချစ်ကြတဲ့ သူငယ်ချင်း ၂ယောက် ရှိသတဲ့.......သူတို့ သူငယ်ချင်း၂ယောက် အရမ်းကို ချစ်ကြခင်ကြတာပေါ့....ရပ်ရေးရွာရေး ကုသိုလ်ရေး

မှာ သူတို့ ၂ယောက် မပါရင် မပြီးသလောက်ပါပဲ.... တစ်နေ့တော့ မောင်လှ တစ်ယောက် လယ်ထဲသွားရင်း

ပိုးထိ ပြီးဆုံးသွားရှာတယ်..... သိပ်မကြာခင်ရက်ပိုင်းမှာပဲ မောင်မြ တစ်ယောက်လည်း ငှက်ဖျားရောကြောင့်

ဆုံးပါး သွားပါလေရော....သူတို့ ၂ ယောက်သေလွန်ပြီးနောက် မိမိတို့ကုသိုလ်ကံ အလျောက် မောင်လှက

နတ်ပြည်မှာ နတ်မင်းကြီးဖြစ်သွားပြီး မောင်မြကတော့ လူ့ဘ၀က သက်ဖြတ်ခဲ့တဲ့ အကုသိုလ်ကံတချို့ကြောင့်

ငရဲပြည်ရောက်သွားတယ်...ဒါပေမယ့် မောင်မြရဲ့ လူ့ဘ၀က ပြုဖူးတဲ့ ကုသိုလ်ကံ တစ်ချို့ကြောင့် ငရဲပြည်မှာ

သာမာန်ငရဲသားမဟုတ်ပဲ ငရဲမင်းကြီးပေါ့ဗျာ.......

ဒီလိုနဲ့ တစ်နေ့ကျတော့ နတ်သားကြီး မောင်လှက သူ့ငယ်ချင်း ငရဲမင်း မောင်မြကို ငရဲပြည်အခြေအနေ

ကို သတင်းလှမ်းမေးတယ်.....

လှ။ ။သူငယ်ချင်းမောင်မြရေ...မင်းတို့ငရဲပြည်မှာ နေလို့ထိုင်လို့ အဆင်ပြေရဲ့လားကွ.....

မြ။ ။အေးသူငယ်ချင်းရေ...အရင်ကတော့ ပူလိုက်အိုက်လိုက်တာမှ ပြောမနေနဲ့ကွာ......

လှ။ ။ခုတော့ရော သူငယ်ချင်းးး

မြ။ ။ခုတော့သူငယ်ချင်းရေ..နေရထိုင်ရတာ ဇိမ်ရှိသွားပြီကွ.......

လှ။ ။ဘာဖြစ်လို့တုန်း...မိန်းမရနေလို့လား....

မြ။ ။အာ..ကြံကြံဖန်ဖန်..မဟုတ်ရပါဘူးကွာ...ဟိုတစ်လောက လူ့ပြည်က အင်ဂျင်နီယာ တစ်ယောက်

ငရဲပြည်ကို မှားအပို့ခံလိုက်ရတယ်လေ....အဲဒါသူကို ရောက်တုန်းရောက်ခိုက် ငရဲမှာ အဲကွန်းတို့

ရေခဲသေတ္တာတို့ တစ်ခြားလျှပ်စစ်ပစ္စည်တွေ ဆင်ခိုင်းလိုက်တာ နေလို့ထိုင်လို့ အတော်အဆင်ပြေ

သွားတယ်ကွ....ဟဲဟဲ

လှ။ ။ဟိုက်ရှ်....ဒါဆိုရင် အဲဒီသူငယ်ကို နတ်ပြည်လွှတ်စမ်းကွာ....ဒီမှာလည်း လိုအပ်တာလေးတွေ လုပ်ခိုင်း

ချင်လို့ပါ......

မြ။ ။ဟားးဟားးးး သူငယ်ချင်းရေ...ဒီလိုလုပ်လို့ ဘယ်ရမလဲကွ..မင်းအကြောင်း မသိရင်ခတ်မယ်....မင်းက

အဲဒီကောင် ရောက်လာရင် ငါ့ကို ဘယ်တော့မှပြန်ပေးမှာမဟုတ်ဘူး..ငါသိနေတယ်..ဟဲဟဲ

လှ။ ။စိတ်ချပါ သူငယ်ချင်းရာ...ဒီမှာ လုပ်စရာတွေပြီးတာနဲ့ မင်းဆီပြန်လွှတ်ပေးပါ့မယ်....

မြ။ ။မရဘူး ကိုယ့်လူရေ...လုံးဝ မပေးနိုင်ဘူးးးးးးး

လှ။ ။ သြော်..မင်းက ဒီလိုကို.....ဒါဆိုလည်းရတယ်.... မင်းကို အပြစ်မရှိသူကို ငရဲမှာ ထားမှုနဲ့ တိုင်ချက်

ဖွင့်ရမယ်.........

မြ။ ။ဟားးးးးးးးးးးးးးးးမောင်လှရယ်...မင်းလည်း အတော်ရယ်စရာပြောသကိုးကွ.....နေပါဦး..မင်းကိုမေး

ရဦးမယ်......`မင်းတို့နတ်ပြည်မှာ ဘယ်တုန်းက ရှေ့နေ ရှိဖူးလို့လဲ´......

ဒီမှာတင်မောင်လှ တစ်ယောက်လည်း မောင်လှကို စကားတုန့်ပြန်မပြောနိုင်တော့ပဲအရှုံးပေး

လိုက်လေတော့သတည်းးးးးးးးးးးး

No comments: