Wednesday, November 16, 2011

RunBOXအရောင်ပြောင်းချင်သူများအတွက်

ဒါဘော်ဒါတို့ရဲ့ စက်ထဲမှာရှိတဲ့ Command Prompt (CMD) မှာရှိတဲ့ရိုးအီနေပြီးသား အမဲရောင် Screen Background ကြီးကို အသစ်အဆန်းလေး ဖြစ်သွားအောင် ပြောင်းကြည့်ချင်တဲ့ သူများအတွက်ပါ။ အရမ်းကိုလွယ်ပါတယ် သိပြီးသားသူများလည်း ရှိမှာပါ ခုဟာက မသိသေးတဲ့ သူများအတွက် တင်ပေးလိုက်တာ ဖြစ်ပါတယ်ခင်ဗျာ......

(၁) အရင်ဦးဆုံး ပထမ အဆင့်အနေနဲ့Start ကနေ Run ကိုသွားပြီး ပေါ်လာတယ့် Run Box ထဲမှာ CMD လို့ ရိုက်ထည့်ပေးလိုက်ပြီး Enter ခေါက်ပေးလိုက်ပါ။




(၂) ပြီးရင် ပေါ်လာတယ့် အမဲရောင် CMD Window ကြီးရဲ့ Title Bar ပေါ်မှာ Right Click နှိပ်ပြီး Properties ဆိုတာကို ရွေးပေးလိုက်ပါ။


(၃) နောက်ပြီး ပွင့်လာတယ့် CMD Properties Pop up Window မှာ Colors ဆိုတယ့် Tab လေးကို ဆက်ရွေးပေးလိုက်ပါ။

(၄) ပြီးရင်တော့ ပုံပေါ်မှာ မျဉ်းတားထားပေးတယ့် Screen Text မှာ ကိုယ်ကြိုက်တဲ့ အရောင်ကို ရွေးပါ သူကကိုယ့် CMD ထဲမှာပေါ်မယ့် စာအရောင်ဖြစ်ပါတယ်။ ပြီးရင် Screen Background မှလည်း ကိုယ့်စိတ်ကြိုက် အရောင်လေးရွေးပေး ဒါကတော့ နောက်ခံအရောင်ပေါ့ အားလုံးပြီးလို့ OK လေးကို နှိပ်လိုက်ရင် ကိုယ့် CMD Window လေးမှာ ကိုယ့်စိတ်ကြိုက် အရောင်ရပြီပေါ့။ ကျွန်တော်ပြောသားပဲ အရမ်းလွယ်ပါတယ်ဆို.....


ဒါက ကျွန်တော်ပြောင်းထားတဲ့အရောင်လေးပါ။ မိုက်တယ်မဟုတ်လား........ ကိုယ့်စက်ကလေးကို သူများတွေထက် ခေတ်မှီလှပပြီး သူများနဲ့ မတူအောင် စတိုင်ကျချင်တယ်ဆိုတယ့် သူများအတွက်တင်ပေးလိုက်တာပါ စမ်းကြည့်လိုက်ကြပါဦး။

မသိသေးသူများအတွက်ရည်၇ွယ်ပါတယ်ခင်ဗျာ....

Tuesday, November 15, 2011

အချစ်စစ်ဆိုသည်မှာ

ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့
သမီးလေးတစ်ယောက်ရှိသတဲ့...

သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ.....

ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....

ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့.
....

ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....

အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ.....

အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့......

ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ....

ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့.....
ပျင်းတာကိုး နော်...

ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း .....

သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော...

မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့....

ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ.....

မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့.....

တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ပိုလာကြပါရောတဲ့.......

သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားပါလေရော....

သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ
ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို ပို့လိုက်ပါရောတဲ့

အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ
မတွေ့ကြရတော့ဘူးတဲ့....

မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့....

ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို
ရောက်ဖို့အကြံထုတ်ရတော့တာပေါ့

ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ....

သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့...

ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင်.....

ဒီသစ်ပင်လေးဟာ နေချင်းညချင်း ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့.....

သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့အချိန်မှာပဲ ဘုံ
ငါဆင့်ကို ရောက်သတဲ့...

ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း....

ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့...

မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့......

ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ.......


.......


...............


...........................


စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး လာခုတ်သွားပါလေရောတဲ့ကွယ်......ဟီးဟီး

Monday, November 14, 2011

မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရခြင်းအတွက်ဂုဏ်ယူလိုက်စမ်းပါ..ရွှေမြန်မာ

၁) စွန့်ဦးတီထွင်သူ အက်ဒီဆင်ကို အမှတ်ရသည့်အနေဖြင့် တစ်နေ့လျှင်(၄)နာရီကြာမျှ လျှပ်စစ်မီးငြိမ်းပြီးယနေ့ထက်တိုင် ဂုဏ်ပြုရခြင်း

၂) ကမ္ဘာပေါ်တွင် အနုပညာ အဆန်ဆုံးသော (ဖယောင်းတိုင်ထွန်းညစာစားပွဲ) CandleLight Dinner ကိုမြန်မာနိုင်ငံသားများ ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်ခြင်း

၃) Tape ကပ်ပြီးအသုံးပြုသောပိုက်ဆံများ ကိုနူးညံ့ရိုသေစွာကိုင်တွယ်ခြင်းကို
ကြည့်ခြင်းအားဖြင့် မြန်မာလူမျိုးတို့၏ အကြင်နာတရားကြီးပုံကိုသိနိုင်ခြင်း

၎) ပညာရေးကိုအားပေးသောမိဘများ ၊ မေးခွန်းအား...ပေးသောဆရာများအားချစ်ခင်ရခြင်း

၅) မိမိပိုင်ဆိုင်ရယူထားသောဘွဲ့နှင့်ကိုက်ညီသော အလုပ်အကိုင်
များမှာ ပြည်ပနိုင်ငံများတွင်သာရှိနေတတ်ခြင်း

၆) ပြည်တွင်းအလုပ်အကိုင်များအတွက် ဘွဲ့လက်မှတ်များတစ်ပိသာခန့်အပြင်
အလှတရားအနည်းငယ်ပေါင်းစပ်ထား ရန်လိုအပ်ခြင်း

၇) ပလာဇာများတွင်ဈေးဝယ်ထွက်ခြင်းဖြင့် သင်အိမ်တွင်မေ့ကျန်ခဲ့နိုင်သော ပစ္စည်းများကို အ၀င်ဝတွင်စစ်ဆေးနိုင်ခြင်း

၈) ခြောက်လုံးပြူးကိုင်အကြမ်းဖက်သမားများကို လိုင်းကားပေါ်တွင်သာ တွေ့မြင်နိုင်ခြင်း

၉) ဆက်သွယ်မှုဧရိယာပြင်ပ၊ဖုန်းပိတ်ထား၊မအားသေးပါရှင်..ဆိုသော Operator ၏ချစ်စဖွယ်စကားသံလေးကို နံပါတ်တစ်ခုထဲမှ (၃)မျိုး(၃)ခါ ကြားနိုင်ခြင်း

၁၀) အခက်အခဲရှိသော မည်သည့်အမျိုးသမီးကိုမဆို အကူညီပေးတတ်သော အမျိုးကောင်းသားများမွေးဖွားရာဒေသဖြစ်ခြင်း

၁၁) ကမ္ဘာ့ရုပ်အဆိုးဆုံး အဆိုတော်များ၊အကောင်းဆုံးဒါရိုက်တာများ မွေးဖွားရာဒေသ လည်း ဖြစ်ခြင်း

၁၂) အဆင့်မြင်ကင်မရာများတပ်ဆင်ထားသည့် ဟိုတယ်များတွင် တည်းခိုနိုင်ခြင်း

၁၃) အမျိုးသားထုတစ်ရပ်လုံးအတွက် အားထားစရာ ၊ အားကိုးစရာ ဘိုးတော်များ ၊ဗေဒင်ဟောခန်းများနှင့် နတ်ကနားများရှိနေခြင်း

၁၄) မြန်မာပြည်ဖွား ကိုရွှေစပယ်ယာများမှာမာရာဒိုနာကဲ့သို့ ရွှေလက်ပိုင်ရှင်များ ဖြစ်နေခြင်း

၁၅) အရာရာကို အရှူံးပေးတတ် ပြီး သည်းခံတတ်သော ဗီဇကို ဘိုးဘွားများထံမှ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ရခြင်း

၁၆) လိုင်စင်မဲ့ကား ၊လိုင်စင်မဲ့ဆိုင်ကယ် ၊လိုင်စင်မဲ့လောင်းကစား ၊လိုင်စင်မဲ့ အချစ်များအတွက် လိုင်စင်မဲ့ပြုလုပ်နိုင်ခြင်း

၁၇) မြန်မာအမျိုးသားဘောလုံးသင်း၏ ဂုဏ်သတင်းမွှေးပျမှုကြောင့် ၊ နိုင်ငံခြားသားများပင် လာရောက်ကစားလိုကြခြင်း