Friday, August 14, 2009

ကွန်ပျူတာဆိုတာ


“ကွန်ပျူတာ”ဆိုတာ ဘာလဲတဲ့ !!
ပြောရမယ်ဆိုရင် ... သေချာတာတော့ .. “ကွန်ပျူတာ”ဟာ electronic device (ပစ္စည်း) တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ စတင်ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို လေ့လာမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)ကျော်လောက် တုန်းက ရှေးခေတ်လူသားတွေ သုံးခဲ့တဲ့ … “ပေသီး” (သို့) ဂဏန်းပေါင်းစက် (Abacus) ခေတ်ကို ပြန်ရောက် သွားပါလိမ့်မယ်။အဲဒီ (Abacus) “ပေသီး”ကနေ အခြေခံပြီး .. လူတွေဟာ ဂဏန်းပေါင်းစက် တီထွင်လာနိုင် သည်အထိ .. ဉာဏ်ရည်တွေ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ် .. ။ အဲဒီ ဂဏန်းပေါင်းစက် မှတစ်ဆင့် .. မှတ်ဉာဏ် (Memory) ပိုမိုကောင်းမွန် .. တွက်ချက် (processing)နိုင်သော ကွန်ပျူတာတွေအထိတီထွင်တိုးတက်လာ ခဲ့ပါတယ် … ကွန်ပျူတာရယ်လို့ ဖြစ်ပေါ်လာပေမယ့်လည်း .. ကွန်ပျူတာဆိုတဲ့ ရှေးသမိုင်းကြောင်းတွေ ထပ်ရှိ ပါသေးတယ် … ။ အသေးစိပ်ကို လေ့လာရင်တော့ … ရှေ့မရောက်ပဲ ဖြစ်ကုန်တော့မယ် အဓိက ဆိုလိုရင်း အဓိပ္ပါယ် (Main Concept) တွေကို သိရှိနားလည်မယ်ဆိုရင် ကွန်ပျူတာကို လေ့လာတဲ့အခါမှာ ပိုမိုလွယ်ကူစေ မှာ ဖြစ်ပါတယ် .. ။သမိုင်းကြောင်း တစ်ခုလုံးကို လေ့လာနေဖို့လည်း မလိုအပ်ပါဘူး .. ။ ဥပမာ ကိုယ်စားနေတဲ့ သစ်သီးတစ်လုံးနဲ့ ယှဉ်ပြီးစဉ်းစားကြည့်မယ်ဗျာ … ။ အဲဒီ“သစ်သီး” ဘယ်ကလာသလဲ .. ဘယ်အပင်ကလည်း .. ဒီလောက်သိထားရင် တော်ပီ။ ဒီအပင်ကို ဘယ်လိုစိုက်ခဲ့လဲ .. မြေသြဇာဘယ်လိုသုံးရလဲ .. မြေသြဇာအတွက် နွားချေးဘယ်နှစ်ပိဿာ ထည့်ရတယ်… အဲဒီအပင်က စိုထိုင်းတဲ့နေရာမှာ ပေါက်တာလား ..ပြီးတော့ခြောက် သွေ့တဲ့ နေရာမှ ပေါက်တာလား စသည်ဖြင့် .. ပုံစံတွေနဲ့ လေ့လာမယ်ဆိုရင် .. ဒါက စိုက်ပျိုးရေးသမား အလုပ် ဖြစ်သွားပါပြီ..။အဲဒီလိုပဲ ကိုယ်က ကွန်ပျူတာကိုလေ့လာမှာ ..အဆင့်မြင့်နည်းပညာဆီကိုလေ့လာမှာဆိုတော့ .. သမိုင်းကြောင်းလည်း အဲလောက်ကြီး နက်နက်နဲနဲ လေ့လာနေဖို့မလိုပါဘူး .. နောက်ပြန်ဆုတ်ရင်းနဲ့ ရှေ့မ ရောက်ပဲ ဖြစ်တတ်လို့ပါ … ။ ပိုဆိုးတာက .. နည်းပညာ (Technology) ဆိုတာကလည်း .. အချိန်နဲ့အမျှ ပြောင်းလဲတိုးတက် (update) အမြဲဖြစ်နေတဲ့အချိန် .. ။ အဲဒီအချိန်မှာ ကိုယ်က သမိုင်းကြောင်းပဲ အသေးစိတ် ပြန်သွားပြီး လေ့လာမယ်ဆိုရင် .. အကျိုးထူးလာနိုင်ဖို့ နည်းလမ်းနည်းပါတယ် ..မြောင်းကြီးကြီးခုန်ဖို့ နောက်ကို ခြေ(၂)လှမ်း၊ (၃)လှမ်းလောက် လှမ်းလိုက်ပါ။ ပြီးတော့မှ .. အရှိန်နဲ့ပြေးခုန်လိုက် .. ကိုယ်လိုချင်တဲ့ ဟိုဖက် အခြမ်း က .. Update Technology ကို မရောက်စရာ အကြောင်းမရှိပါဘူး .. ။ နောက်မဆုတ်ပဲနဲ့လည်း တန်းမခုန်လိုက်နဲ့ .. ချောက်ထဲကြသွားမယ်နောက်လည်းအရမ်းမဆုတ်လိုက်နဲ့ … နောက်ဆုတ်လွန်းရင်လည်း … ချောက်ရှိတယ် ကျသွားမယ်… … မိတ်ဆွေတို့ .. ။အကုန်လုံးသိပြီးသားတွေပါ .. ။ မေ့နေမှာစိုးလို့ သတိပေးယုံလေးပါ .. ။မိတ်ဆွေ၊ သူငယ်ချင်း၊ တိုင်းရင်းသားများ အားလုံး .. နည်းပညာ လေ့လာရေး လမ်းကြောင်းမှာ … အောင်မြင်ကြပါစေ .. ။ "ဟေ့ကောင်လေးငယ် ဒါတွေကို ဘာလို့ရေးနေတာလဲလို့ "မေးရင် ဟုတ်ကဲ့ ကျွန်တော်လည်း ဘာရေးရမလဲ မှန်းမသိလို့ စိတ်ထဲရှိတာရေးလိုက်တာပါလို့ ၀န်ခံပါရစေ... အစ်ကိုတို့အစ်မတို့ စိတ်ရှည်လက်ရှည်နဲ့ ဖတ်ပေးတဲ့ အတွက်ကျေးဇူးပါနော်

No comments: