Wednesday, August 19, 2009

အပိုမရှိတော့လို့

ချစ်သူ ငါ့ဘ၀မှာ
တန်ဖိုးကြီးတာဆိုလို့ဘာမှမရှိဘူးနော်.......
တန်ဖိုးဖြတ်မရတဲ့ပစ္စည်းတစ်ခုတော့ရှိတယ်......
အဲဒါက..မင်းကို ရိုးရိုးသားသားနဲ့ ချစ်တယ်......
ဒီပစ္စည်းက မင်းကို ငါ ရောင်းတာမဟုတ်ဘူးနော်
အလကားသက်သက် အပိုင်ပေးတာ..
အလကား ရတဲ့ ပစ္စည်းဆိုပြီး
မင်း တန်ဖိုးထားချင်မှ ထားပါ...
ဒါပေမယ့် လွင့်မပစ်လိုက်ပါနဲ့
ငါ့မှာ အပိုမရှိတော့လို့ပါကွာ.......

6 comments:

မချစ်ရ said...

အပိုမရှိရင်လည်းကိုယ့်ဟာကိုယ်သာ
သိမ်းထားတော့ဟေ့
ပေးမနေနဲ့ကောင်ကလေးးးးးးးး

အမ

စည်သူ said...

အလကားမပေးနဲ့ညီရေးးးးးးး

တန်ဘိုးမထားပဲနေလိမ့်မယ်..

အဲဒါကြောင့်ဖြစ်မယ်..
ကိုယ်လည်း ဘာမှမရဘူး...းP

ပျောင်ရွှင်ပါစေ
စည်သူ။

သုခုမလေဒီ said...

spare ဆိုတာထားရတယ်လေ။း)
spare မရှိလို့ ဘယ်ဖြစ်မလဲ

အနော် said...

ကောင်လေးငယ်ရေ
အချစ်ဆိုတာ ရယူခြင်း ရှိတယ် ဘာညာနဲ့
နောက်ဆုံးတော့လဲ ပေးဆပ်ရတာ များတာပါပဲ
ဒါပေမဲ့ အလကားအချစ်မဟုတ်ဘူး တန်ဖိုးရှိတယ်ဆိုတဲ့ အကြောင်းကိုတော့ သူသိအောင်သေချာပြောပြသင့်တယ်

ဝက်ဝံလေး said...

ဟဲ့ကောင်ယေးရေ အပိုမရှိတော့ရင် ထပ်ဝယ်လေ အဲလိုလုပ်နဲ့ရေ နင်ကရဲဟာ ဟိဟိ ခုဏက အ ချိန်မရလို့ စီဘောက်မှာပဲ အော်သွားတယ်နော် အခုမှ ထပ်ရာတယ် သိရား ကောင်ယေး

အော် ဒါနဲ့ ကောင်ယေးဆိုတာ မစနေစီဘောက်ကို လာတဲ့ ကောင်ယေးရား အဲမှာလဲ နင့်ရိုပဲ ကောင်ယေးတကောင် ရှိလို့ဟ သိရား ဟုတ်ရားလို့ မေးနေတယ် ငါ့ကိုပြန်ဖြေနော် ငါ ဝက်ဝံ စိတ်သိပ်ရှည်တာ သိရား ဟွန်းးးးးး

လိမ့်ပြီဗျိုးးးးးးးးး ဒုန်းးးးးးဒုန်းးးးးးး ဘိုင်

Khyl said...

ဟိုက်... လေးပွ..... မင်းပိုင်တယ်ကွာ........
(ဟိဟိ....စဒါ......................................)