Wednesday, August 26, 2009

အစားထိုးမရတဲ့နှလုံးသားတစ်စုံ


မနေ့က ဇာတ်လမ်းလေးကိုဆက်ရရင်ပေါ့ဗျာ.. နှလုံးတစ်စုံကို အစားထိုးကုသဖို့လှူတာက ဘယ်သူမှထင်မထားတဲ့ သူဗျ...
ကောင်လေးနဲ့ ငယ်ငယ်ကတည်းက မောင်နှမတွေလို ချစ်ကြတဲ့ သူငယ်ချင်းမလေးတစ်ယောက်က လှူမလို့တဲ့....
ဟိုကောင်မလေးရဲ့ မိဘမောင်နှမသားချင်းတွေကလည်း လိုက်လိုက်ရောရောပါပဲ.. သူတို့သမီးစိတ်ချမ်းသာဖို့သာ အဓိကပါတဲ့..
ကောင်းလေးကလည်း သူတို့ သားလိုဖြစ်နေတာကိုး ..ငယ်ငယ်လေးထဲက နှစ်အိမ့်တစ်အိမ်ဆိုတော့ သူတို့လက်ပေါ်မှာပဲကြီးလာတာလေ..
အားလုံက မြန်မြန်ဆန်ဆန်ပဲ ကုသဖို့တိုက်တွန်းကြတယ်.. အဲဒီမှာ ကောင်လေးက ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်တယ်လေ..
ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့.. သူ့အတွက်နဲ့ သူငယ်ချင်းကောင်မလေး ဒုက္ခရောက်မှာကိုလည်း မလိုလားဘူး.... ပြီးတော့သူကိုယ်တိုင်ကလည်း လွန်ခဲ့အကြောင်းအရာတွေအတွက် ခံစားနေရတဲ့ ဝေဒနာကလည်း ရှိနေတယ်လေ.....
သူ့စိတ်သူ သိနေတယ် ...သူ့မှာ အကြောင်းပြချက်ရှိတယ်..ဒါပေမယ့်လို့ ဘယ်သူမှ သူ့ကိုနားမလည်နိုင်ကြဘူး..
အားလုံးက ရူးနေလား.. အဲဒီလိုမှ မကုသရင် သေသွားလိမ့်မယ် ဘာညာနဲ့ ပြောကြတယ်...ချော့တစ်ခါခြောက်တစ်လှည့်ပေါ့လေ...
အားလုံးထဲမှာက သူ့အမေနဲ့ သူ့သူငယ်ချင်းမလေးကတော့ တစ်ငိုငိုတစ်ရီရီနဲ့ပေါ့ဗျာ... နားလည်အောင်ဖေးဖေးမမ ပြောကြပါတယ်..
မရပါဘူးလေ.. ကောင်လေးက ငယ်ငယ်တည်းက ဂျစ်တစ်တစ် ခေါင်းမာမာရယ်။ ဆုံးဖြတ်ပြီးရင် မပြင်တတ်တဲ့ လူရယ်..
အဲဒီလိုနဲ့ပဲ နောက်ဆုံးတော့ ကောင်လေးရဲ့သဘောပေါ့.. ဒါကတော့ ထုံးစံအတိုင်းပဲလေ...ကောင်လေးလူမှန်းသိတတ်စအရွယ်ကတည်းက ကောင်လေးစိတ်ချမ်းသာဖို့သာ အဓိကပဲ သူ့အမေနဲ့ သူငယ်ချင်းမလေးက ဘာမဆိုဖြည့်ဆီးပေးတာက အထိုင်ကျနေတာ... ဒါပေမယ့်လို့ သူတို့တွေရဲ့စိတ်ထဲမှာ ကြေကွဲနေကြတယ်လေ...
အင်း ...သူတို့တွေကသာ စိတ်မကောင်းတွေဖြစ် ကောင်လေးကိုအရင်ကထက်ဂရုတွေစိုက်နေကြတာ...ကောင်လေးကတော့..
ဘာမှမဖြစ်သလိုပဲ ..ပေါ့ပေါ့ပါးပါးပဲ သူလုပ်ချင်တာတွေလုပ်လိုက်.. အိမ်ကိုလာတဲ့သူငယ်ချင်းတွေနဲ့ စကားတွေပြောလိုက်.ရီလိုက်မောလိုက်ပါပဲ.. ကောင်လေးပုံမှန်လုပ်နေကြအလုပ်တစ်ခုရှိတယ်.. အဲဒါ သူသိပ်ချစ်တဲ့ ကောင်မလေးကို တွေ့ချင်လို့...
ဘယ်အချိန်မှာများ လာမလဲပေါ့ မျှော်နေရတာကအလုပ်တစ်ခုလိုပါပဲ.. မနက်အိပ်ရာက ထထချင်း ဘာလုပ်သလဲဆို e-mail လေးများပို့ထားမလား ဘာတွေများမှာပြီး ဘာတွေများရေးထားမလဲဆိုတာကို ဖွင့်ကြည့်ရတာကအမော... ဘာမှမပို့ထားဘူးဆိုရင်လည်း
ဟိုအရင်တုန်းက ပြောထားတာလေးကို ဖတ်ကြည့်လိုက်.. လွမ်းလိုက်နဲ့ပေါ့... ဒီလိုနဲ့ပဲ.......
ကောင်လေးရဲ့ဘ၀က အဆုံးသတ်သွားတော့တာပေါ့ဗျာ............ အဲဒီမှာ ကောင်လေးက သူ့အမေကိုဘာမှာခဲ့သလဲဆိုရင် စာလေးတစ်စောင်ပေးခဲ့တယ်ဗျ.. သူမရှိတော့တဲ့ နောက်ပိုင်းမှာ ကောင်မလေးဆီကိုပို့ပေးပါဆိုပြီးတော့ ပေးခဲ့တာဗျ.......
ကောင်မလေးဆီကို သူ့အမေကိုယ်တိုင်ပဲ စာလေးကိုသွားပေးပါတယ်.. ကောင်မလေးကလည်း စာကိုချက်ချင်းဖေါက်ဖတ်တယ်ဗျ...
စာထဲမှာဘာတွေများပါမလဲပေါ့.......စာထဲမှာပါတာကတော့ တိုတိုလေးပါပဲ..............
" ငါမင်းကို ချစ်ခဲ့တာ ဘယ်သူတွေရဲ့တိုက်တွန်းချက်မှ မပါဘူး ငါ့ဆုံးဖြတ်ချက်နဲ့ငါချစ်ခဲ့တာ... မင်းကိုငါ ချစ်ရုံသက်သက်ပဲချစ်ခဲ့တာပါဟာ.. ချစ်တယ်လို့တောင်လွတ်လွတ်လပ်လပ်ပြောခွင့်မရှိပေမယ့်လည်း မင်းကို သိပ်ချစ်ခဲ့တဲ့ငါ့
နှလုံးသားတစ်စုံကို ဘယ်သူတွေရဲ့ နှလုံးသားနဲ့မှ အစားထိုးပြီးဆက်မချစ်ချင်လို့ ငါကိုယ်တိုင်ပဲဆုံးဖြတ်ခဲ့တယ်.. မင်းကိုငါသိပ်ချစ်တယ်.
ဒီစကားဟာ ငါ့နှလုံးသားစစ်စစ်နဲ့ပြောခဲ့တဲ့ နောက်ဆုံးစကားပါကွာ.. " ...
ကောင်လေးရဲ့ အုတ်ဂူ ဖွေးဖွေးလေးပေါ်မှာ တစ်ပါတ်ကိုတစ်ခါ ကောင်လေးရဲ့ မွေးရက်ရောက်တိုင်း ပန်းဆီးလှလှလေးတွေကို တွေ့တွေ့နေရတယ်ဗျ... အဲဒီ ပန်းဆီးလေးတွေကို ကောင်လေးရဲ့ သူငယ်ချင်းမလေးကပဲ. လာထားသါားတာလား.. ဒါမှမဟုတ်(ဟီး ၀က်ဝံလေးရဲ့ "ဒါမှမဟုတ်" တော့ဟုတ်ဘူးနော်) ကောင်လေးက သိပ်ချစ်ရတဲ့ ကောင်မလေးကပဲ လားထားသွားတာလားတော့ ကျွန်တော်လည်း မသိဘူးဗျ.. ကျွန်တော်သွားတိုင်းတော့ တွေ့တွေ့နေရတယ်...အယ်. ကျွန်တော့်ကို ဘာသွားလုပ်တာလဲ..ဟုတ်လား....
ကျွန်တော်လည်း အကြောင်းရှိလို့ပေါ့ဗျ..... ကောင်လေးက ကျွန်တော့်ရဲ့ ................................

3 comments:

Anonymous said...

ဟင်.. လည်ကုန်ပြီ.... ဘယ်သူက ကောင်လေး အစစ်လဲ ဟီး.... ဖတ်ရင်း လည်ထွက်သွားပြီ...။

မချစ်ရ said...

မောင်လေးပေါက်ကရနမိတ်မရှိတာတွေ
လျှောက်မရေးပါနဲ့အမလည်းစိတ်ညစ်နေတယ်

အမ

ဝက်ဝံလေး said...

အော် ငါ့ရဲ့ ဒါမှမဟုတ်က နင့်ဆီမှာလဲ ရှိသလား ကောင်လေးရေ
ခံစားရတယ် ကွယ် ပထမပိုင်းလေးပါ ဖတ်သွားတယ် ငါ ထင်တယ် အဟီးးး ပို့ပေးတဲ့လူကလေ အဟက်