ကျွန်တော်ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြမယ်...
နားထောင်မှာလား... ဇာတ်လမ်းလေးရဲ့အစက ဒီလိုဗျ......
ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်နေတယ်.. ဒါလေးက ရိုးရိုးလေးပဲဟာကို..
ဒါပေမယ့်ကောင်လေးက ကောင်မလေးကို ချစ်နေတာပဲ သိတဲ့ကောင်.. သူဘယ်လောက်ထိချစ်တယ် သူမနဲ့ပက်သက်လို့
ဘယ်လောက်ခံစားရတယ်ဆိုတာကို ပြောမပြတတ်ဘူး..တွေ့တိုင်းချစ်တယ်ချစ်တယ်ပဲ ပြောတတ်တာ..
ကောင်မလေးကလည်း ဘာအခက်အခဲတွေရှိနေတယ် မပြောတတ်ပါဘူး.. မဖြစ်နိုင်ပါဘူး..နေပါဦးဆိုတာပဲ ပြောတတ်တာ..
ကဲ......ဒီနှစ်ယောက်ကိုဘယ့်နှယ့်လုပ်ကြပါ့ .ဒီလိုနဲ့ကြာလာတော့ ကောင်မလေးက နားငြီးလာတာလား အမြင်ပဲကပ်လာတာလား
တော့မသိဘူး ..နောက်နေ့ ကောင်လေးက ချစ်တယ်လို့လဲပြောရော နောက်ဘယ်တော့မှမပြောနဲ့တော့တဲ့ ....
ကောင်လေးလည်း အဲဒီလို ကောင်မလေးကပြောလိုက်ရော ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားတာပေါ့....
အလိုလိုကမှ ဘာမှမပြောတတ်လို့ ချစ်တယ်ဆိုတဲ့ စကားပဲ ထပ်တလဲလဲ ပြောနေရတဲ့ကောင်.. ဟိုက ဘာမှမပြာနဲ့ဆိုတော့လည်း ဘာမှကိုပြန်မပြောတော့တာ.... သူ့ရင်ထဲမှာခံစားနေရတာတွေကို သူ့ဘာသာသူပဲ သိမ်းထားလိုက်တော့တယ်..
ဒီလိုနဲ့ နေ့ရက်တွေတစ်ဖြည်းဖြည်းကြာခဲ့တာပေါ့....
လောကကြီးရဲ့ဇာတ်ဆရာ ကံကြမ္မာဆိုတာက ငြိမ်ငြိမ်နေတယ်မရှိဘူးဗျ.. နည်းနည်းလောက်တော့ လှုပ်ရှားလိုက်သေးတယ်..
ဘယ်လိုလှုပ်ရှားလိုက်တယ်တော့မသိဘူး... ကောင်လေးမှာ ကောင်လေးတောင်မသိလိုက်တဲ့ မွေးရာပါ နှလုံးရောဂါက ရှိနေတယ်လေ..
အင်း.. သိလိုက်တဲ့အချိန်ကျတော့ သွားပြီး လမ်းကဆုံးနေပြီ.. အစားထိုးကုသမှ ရမယ်တဲ့.... ဘယ်လိုလုပ်ရပါ့မလဲပေါ့......
အဲဒီမှာ ဘယ်လိုမှ မထင်မှတ်ထားတဲ့သူက နှလုံးလှူပါရစေတဲ့... ဟား တော်တော်များများက ၀မ်းသာကုန်တာပေါ့..
နှလုံးအလျှူရှင်တော့ တွေ့ပြီပေါ့လေ.. နှလုံးအလှူရှင်က ဘယ်သူလည်း ဆိုတော့.......
(ဟီး..ဟီး နောက်နေ့မှ ဆက်တာ ကောင်းပါတယ်လေ)
ပန်းရိုင်းကလေးရဲ့အိပ်မက်
7 years ago
3 comments:
အာ.... ဒီကောင်လေးဟာလေ.... လုပ်ပီ....
ကတောက်....
မြန်မြန်ရေးရေ ဝဋ်လိုက်မယ်ညော်.... ဟွင်း.....
အောင်မလေး လေး
အငိုက်မိသွားတယ်။
ကောင်လေးငယ်ငယ် ဆက်စမ်းပါဦးဟဲ့ မြန်မြန်။
ခေါင်းခေါက်ခံရတော့မယ်။
ဟဟ နှလုံးလှူတဲ့လူရှိတုန်း
မြန်မြန်ယူလိုက်လေ
မဟုတ်ရင်ကောင်ကလေး
မင်းဒုက္ခလှလှနဲ့တွေ့မယ်နော်
အမ
Post a Comment