Thursday, August 13, 2009

အပြစ်လား လိုအပ်ချက်လား


ကျွန်တော် အွန်လိုင်းပေါ်မှာ မမတစ်ယောက်နဲ့စပြီး ခင်ခဲ့တယ်.... အဲဒီခင်မင်မှုကနေ ကျွန်တော့်ဘက်က စပြီးအရောင်ဆိုးသလိုဖြစ်သွားတယ် ပြီးတော့ခင်မင်မှုကို အခွင့်ကောင်းယူတယ်များ မမထင်နေလား မသိ ပါဘူး... ချစ်မိတာအပြစ်တော့ မဟုတ်လောက်ပါဘူးလေဗျာနော်...တကယ်လို့ချစ်မိတာအပြစ်ဖြစ်မယ်ဆို
ရင်လဲ အဲဒီကပေးတဲ့ အပြစ်ကို ကျွန်တော် ခံယူမှာပါ...ချစ်တယ်ဆိုတဲ့ စကားကိုလူတိုင်း ပြောမိကြမှာပါ...
ပြောရတာ လဲလွယ်တယ်လေ ဒါပေမယ့် တကယ်ကျတော့ခက်တယ်ဗျ.....တစ်ယောက်နဲ့တစ်ယောက်
လည်း မတူနိုင်ကြ ပါဘူး.. ကျွန်တော်က မမကိုချစ်တာကတစ်မျိုးဗျ... မမကို ကျွန်တော်ကပဲချစ်နေချင်တာပါ...သူ့ကိုချစ်တာသက်သက်ပါပဲ... အရင်းတုန်းကအကြောင်းတွေ အခုအကြောင်းတွေကို ဘာဆိုဘာမှ မသိချင်ဘူး.. စိတ်လည်းမ၀င်စားပါဘူး...ကျွန်တော်လေ တစ်ခါတစ်ခါစဉ်းစားမိပါတယ် အချစ်ဆိုတာ ပျော်ရွှင်မှုကိုပေး တာလား၊ ကြေကွဲမှုတွေကို ပေးတာလားဆိုတာကို မသိဘူး..သေချာတာတစ်ခုကတော့ မမနဲ့တွေ့ပြီးတဲ့ အချိန်နောက်ပိုင်းမှာ ကျွန်တော် သိသိသာသာ အများကြီြးေ့ပာင်းလဲလာခဲ့တာတော့ သေချာတယ်အရင်တုန်း ကတော့ ပုံမှန်ပဲလေ ကွန်ပျူတာရှေ့ထိုင်ရတာက ဘာမှ မသိသာဘူး ကျွန်တော် စမ်းစရာရှိတာကိုစမ်းတယ် ပြီးကျသုံးကြည့်တယ် software အသစ်လေးတွေရှာတယ် ဇာတ်လမ်းကြည့်တယ် ဒီလောက်ပါပဲ အခုကျတော့ ဒီလိုမဟုတ်တော့ဘူးဗျ... စိတ်ကိုက တက်ကြွနေတာ....မျှော်လင့်ချက်နဲ့ ရင်ခုန် ရတာက ဘယ်လိုခံစားမှုမှန်းကို မသိဘူး သူနဲ့ကျွန်တော်နဲ့ ချစ်သူတွေဖြစ်ဖို့ဘာတွေလိုအပ်နေသလဲ..လိုအပ်ချက်ကိုသိရရင်သိပ်ကောင်းမှာပဲဗျာ

2 comments:

မချစ်ရ said...

အချစ်ကလုပ်ယူလို့မရဘူးမောင်လေးရဲ့

ချစ်မမ

သုခုမလေဒီ said...

အရောင်တွေမဆိုးနဲ့ လေကွယ်။ အဖြူခံလေးသက်သက် သာကောင်းပါတယ်။ :P