Friday, November 13, 2009

တွေးပြီးတော့ မကြောက်ပေါင်ဘူးဗျာ..........

မော်စကွီရှည်ကတော့ တဂ်ထားတယ်..... ကမ္ဘာကြီးက ဘာဖြစ်မယ်ဆိုလား ညာဖြစ်မယ်ဆိုလားပဲ တဲ့..... သိဘူးလေ... ဘာဖြစ်ဖြစ်...

ကောင်လေးက ဗုဒ္မဘာသာဝင်ပါ.... ဗုဒ္မဘာသာတောင်မှ မဟာယနမဟုတ်ပါဘူး ထေရ၀ါဒ ဗုဒ္မဘာသာဝင်ပါခင်ဗျာ.....
ကောင်လေးတို့ မြတ်စွာဘုရားကိုယ်တော်မြတ်က ဟောကြားထားပါတယ်.... သာသနာသက္ကရာဇ် ၅၀၀၀ တည်မယ်တဲ့....
ကောင်လေးတို့ သိသမျှလေးပေါ့..... အခုထိတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟောကြားထားတာ တွေက ဒီနေ့ဒီအချိန်ထိ
သွေဖယ်ပြီးတော့ ဖြစ်ပျက်နေတာ တစ်ခုမှ မတွေ့ဘူးသေးပါ....ခုမှ သာသနာသက္ကရာဇ်က တစ်ဝက်ကျော်ကျော်လေးပဲရှိသေးတာပါ....
မွေးဖွါးခြင်းရှိမယ်ဆိုရင်တော့လည်း သေဆုံးခြင်းကတော့ ရှိနေမှာပါ ..ဒါကလည်း ဘာမှ မထူးဆန်းတဲ့ သဘာဝတာရားပါပဲလေ....
ကောင်လေး ဒါတွေဒါတွေကိုမကြားရခင်သေးကတည်းက စက်တင်ဘာ ၈ရက်နေ့က ဘယ်လောက်ကြာကြာနေရဦးမှာလဲ ဆိုတဲ့
ပို့လေးကို ရေးထားခဲ့ပါတယ်ခင်ဗျာ..... အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ သက်တမ်းပေါ့လေ.နောက်ဘယ်နှယ် နှစ်ကြာကြာ နေထိုင်ခွင့်
ရဦးမလဲဆိုတာကိုပါ..ဟုတ်တယ်ဗျ.ဒါလေးကစဉ်းစားကြည့်တော့တော်တော်လေးတော့လန့်စရာကောင်းတယ်.. အခုဆို ပျှမ်းမျှသက်တမ်းက တစ်ဖြည်းဖြည်းနဲ့နည်းနည်း လာတယ်လေ..ဟိုအရင်တုန်းက အသက်၁၂၀ရှည်စေသော်တဲ့............
အခု ခင်ဗျားတို့ရဲ့ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့် သေဆုံးသွားတဲလူဦးရေရဲ့ သုံးပုံနှစ်ပုံက
အရွယ်ကောင်းတွေချည်းပဲ.. လူနည်းစုလောက်သာ အသက် ၇၀ နဲ့၈၀ ကြားမှာ ရှိကြတာလေ...
တော်တော်များများကတော့ ၅၀နဲ့၆၀ကြားမှာ နိဂုံးချုပ်သွားကြတာ များတယ်.... ဒါတွေကိုထားလိုက်ပါဦး
ကျွန်တော်တို့ ပျှမ်းမျှသက်တမ်းကို ၈၀နဲ့ပဲတွက်ကြည့်လိုက်လေ.. တစ်နှစ်ကို ၃၆၅ရက်ဆိုတော့ သက်တမ်းက ၈၀ ဆိုရင် ရက်ပေါင်း ၂၉၂၀၀ ရှိတယ်လေ
ဒါတောင် သက်တမ်း ၈၀ နဲ့ တွက်တာ ဘယ်သူမှ အာမခံထားတာ မဟုတ်ပါဘူး အသက်၈၀ ထိ နေရမယ်ဆိုရင်တောင် သက်တမ်းက ရက်ပေါင်း ၂သောင်းကျော်လောက်လေးပဲ ကျန်တော့တာ.. အင်း ... အခု လက်ရှိ သက်တမ်းနဲ့ပဲ တွက်ကြည့် .. သက်တမ်း ၆၀ ဆိုရင် ၂၁၉၀၀ ရက်ပေါင်း.. အခုလက်ရှိ အသက်က ၂၃နှစ်ဆို (၈၃၉၅) နှုတ်ကြည့်လိုက်ရင် ၁၃၅၀၅ ပဲကျန်တော့တာနော် ဒါပါပဲ.........ကျွန်တော့် ထက်တစ်နှစ်ကြီးတဲ့သူ …နှစ်နှစ်ကြီးတဲ့သူ

ငါးနှစ်ကြီးတဲ့သူ…ကဲ.. ၁၀နှစ်လောက်ကြီးတဲ့သူတွေအားလုံးလည်း ပြန်တွက်ကြည့်လေ..

ကမ္ဘာမပျက်လည်း လူကတော့ အချိန်တန်ရင်တော့ သေမှာပဲလေ…..

၂၀၁၂မှာ ကမ္ဘာကြီးက ကောင်လေးတို့ ဗုဒ္မဘုရားဟောကြားထားတဲ့ တရားတော်ကို သွေဖယ်ပြီးတော့ ပျက်သွားမယ်ဆိုရင် ကောင်လေး ရှေ့ဆုံးကနေ အသေခံရဲပါတယ်…

နောက်ထပ်သုံးနှစ်ကြီးတောင် အချိန်တွေကျန်သေးတာပဲကိုးး…. ယုံကြည်တယ်မှုရှိရင်တော့

တွေးမကြောက်ပါဘူးခင်ဗျာ….

4 comments:

ဆွေလေးမွန် said...

ဟုတ်ပ ကောင်လေးရေ..မှန်ဧ။်လို့ပဲပြောရတော့မှာပဲ..
တစ်ကယ်တမ်းစိုးရိမ်ရမှာကတော့ သေရမှာကိုမဟုတ်ဘူး..
ဘယ်လိုသေတတ်အောင်ကြိုစားရမလဲ ဆိုတဲ့..
အကြောင်းက ပိုပြီးအရေးကြီးပါတယ်..
ဒီလိုပြောလို့ ...မေသီလရှင် ၀တ်ပါလို့တော့ပြောနဲ့နော်..ပုထုစဉ်ဆိုတော့..
:P :P

အနော် said...

ကောင်လေးငယ်ရေ နော်ကြီးတော့ 2012 ဇာတ်ကားကြည့်ပီးပီဟေ့
တို့တွေ တရုတ်မှာသွားနေရင်တော့ ကမ္ဘာပျက်တဲ့ဘေးက လွတ်နိုင်မနော် ခွစ်ခွစ် တင်းဘောကြီးတွေနဲ့ထွက်ပြေးကြတာ လွတ်တယ်တော့ :P

busymozzee said...

တွက်ခိုင်းကြပြန်ပြီ... တွက်နေကြပြန်ပြီ.... တွက်ဘူးအေ...

မချစ်ရ said...

အင်း ကောင်းတယ်တော်တော်ရေးတတ်နေပြီပဲ
ဒါကိုတောင်လာမေးနေသေးတယ်