Tuesday, November 3, 2009

လူပိုကြီး....ပါ

မင်းအတွက်...ငါဟာ သူများတွေနဲ့ နှိုင်းယှဉ်ရင်
ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး..
ပျော်ရွှင်မှုတွေမပေးနိုင်ခဲ့သလို
ရင်ခုန်စရာအကြောင်းလေးတွေကိုလည်း
မဖန်တီးတတ်ခဲ့ဘူးလေ..
မင်းအတွက်တော့ ငါက လူပို တစ်ယောက်ပေါ့..
ပျင်းရိငြီးငွေ့စရာကောင်းလှတဲ့ လူပိုကြီး သက်သက်ပါ..
အချိန်တန်ရင် ဘာပြောတတ်လဲ..ချစ်တယ်ဆိုတဲ့ စကားကိုပဲ
အက်ကြောင်းထပ်အောင် ပြောတတ်ခဲ့ ငါ့အတွက်တော့
မင်း ငြီးငွေ့မယ်ဆိုလည်း ငြီးငွေ့လောက်ပါတယ်.
ဘယ်သူမှ မလိုအပ်တော့တဲ့
လူပိုကြီးတစ်ယောက်အတွက်
ဆန်ကုန်ပြီး မြေလေးနေပြီလားတော့ မသိတော့ဘူးလေ....

2 comments:

မချစ်ရ said...

ရေးတတ်လှချည်လားမောင်လေး
ဘယ်ကနေဒီလောက်တောင်ထွက်နေရလည်း

သားကြီး said...

ချစ်တယ်ဆိုတာကပဲလုံလောက်နေပါပြီကွာ
ရှည်ရှည်မတွေးနဲ့ညီ