Wednesday, November 4, 2009

ဘိုးဘွားရိပ်သာတစ်ခုတွင် တွေ့ ရသော စာလေးတစ်စောင်ပါ

သား !
သား...ငယ်ငယ်တုန်းကပေါ့





အချိန်တွေအများကြီးယူပြီး အစားစားတက်အောင်ဇွန်းကိုင်တက်အောင်၊အကျီဝတ်တက်အောင်၊
ကြယ်သီးတပ်တက်အောင်၊ဖိနပ်ကြိုးချည်တက်အောင်၊ဆံပင်ဖြီးတက်အောင်၊နှာရည်တွေကျရင် သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရတာလေးက အမေ့ အတွက်မမေ့ နိုင်စရာလေးတွေပေါ့။
ခုချိန်မှာ ဒါလေးတွေက အမှတ်ရစရာလေးတွေပေါ့ကွယ်။
အဲဒါလေးတွေကို စဉ်စားမိရင် အမေ စိတ်မကောင်းဖြစ်ရတယ်။




ခဏလေး အချိန်နည်းနည်းလေးပေးပါ အမေ ထပ်စဉ်စားပါရစေအုံး။
ဆက်ပြောရမဲ့ စကားများတောင် စဉ်စားမရအောင် မေ့တက်နေပါပြီးသား!
သား...သားမှတ်မိအုံးမလား။
သားငယ်ငယ်က အခေါက် ၁၀၀ လောက် အဆိုလေ့ကျင့်ခဲ့ရတဲ့ ကလေးသီချင်းလေးတစ်ပုဒ်ကိုလေ။
အဲဒီသီချင်းလေးတပုဒ်ကို အမေ ခုထိအမှတ်ရနေတုန်းပေါ့ကွယ်။
ညတိုင်းပြောနေကြ ပုံပြင်လေးတစ်ပုဒ် ၊
တစ်နေ့ တစ်မျိုး မရိုးနိုင်အောင် မေးတက်တဲ့ သားရဲ့မေးခွန်လေးတွေနဲ့ အမေရဲ့တက်သလောက်မှတ်သလောက် ဥာဏ်နဲ့ဖြေခဲ့ရတာလေးတွေကိုလဲ အမှတ်ရနေတုန်းပေါ့။

သား.......

ခုချိန်မှာတော့ အမေ ကသားငယ်ငယ်တုန်းက ဘဝလေးလို့ဖြစ်နေပါပြီ။သား.....
အခုဆိုရင် အကျီကြယ်သီးတပ်တာ ၊ဖိနပ်ကြိုးချည်တာတောင် ခဏခဏမေ့နေပါတယ်။
အစားစားတဲ့ အခါလဲ အကျီတွေ ညစ်ပတ်ကုန်တယ်၊
ဆံပင်ဖြီးရင်တောင် လက်တွေက တုန်တုန်ရင်ရင် နဲ့ပေါ့။
သား... အမေ ကိုတော့ စိတ်ရှည်ပါကွယ်။
ခုချိန်မှာ အမေအတွက် အလိုအပ်ဆုံးကတော့ သားရဲ့ နွေးထွေးတဲ့ လက်တစုံပါပဲ။
သား နဲ့တူတူနေရှိနေမယ့် အချိန်လေးတွေ လိုချင်ပါသေးတယ်။
သား....... ခုဆိုရင် မက်တပ်တောင်ကောင်းကောင်းမရပ်နိုင်၊
လမ်းလည်းကောင်းကောင်းမလျှောက်နိုင်အောင်ပါပဲ။

သားရဲ့နွေးထွေးတဲ့ လက်ကို ဆုပ်ကိုင်ပြီး ကျန်ရှိနေသေးတဲ့ အချိန်ကလေးတွေ ကိုကျော်ဖြတ်ရင်း မကြာမီ ရောက်ရှိလာတော့မဲ့ သေမင်းရဲ့တံခါးဝဆီအထိသို့  တဖြည်း...တဖြည်း...။




သူငယ်ချင်းတို့နားလည်မယ်လို့ မျှော်လင့်ပါတယ်။
မိဘဆိုတာ ဘာနဲ့မှ မလဲနိုင်တဲ့ အရာတခုပါ။
မိဘထက် အရေးကြီးတာ မရှိပါဘူး။
ချစ်သူရည်စား မိန်မ ယောင်္ကျား ဆိုတာ အစားထိုးလို့ရတဲ့ အရာတွေပါ။
မိဘဆိုတာကတော့ အစားထိုးလို့မရနိုင်သလို ဘယ်တော့မှလဲ ပြန်မရနိုင်မဲ့ အရာပါ။
မိဘတွေ မရှိတော့မှ ဝမ်းနည်းပူဆွေးတမ်းတနေမယ့် အတူတူ မိဘ တွေရှိနေစဉ် စောင့်ရှောက်ဖို့ မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့ မမေ့လျှော့ပါနဲ့လို့ သတိပေးချင်ပါတယ်။

ဒါတွေဒါတွေအားလုံးဟာ ကောင်းလေးတတ်လွန်းလို့ရေးထားခြင်းမဟုတ်ပါ...... ဘိုးဘွားရိပ်သာမှာ တွေ့ခဲ့ရတဲ့ နံရံကပ်စာစောင်ထဲမှ
သဘောကျနှစ်သက်လွန်းလို့ ပြန်ပြီးဝေမျှခြင်းသာ ဖြစ်ပါကြောင်း.....................ထပ်ဆင့်ထပ်ဆင့် လက်ကမ်းနိုင်ကြပါစေ....

5 comments:

~ဏီလင်းညို~ said...

ဝေမျှပေးထားတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ...။
ဟုတ်ပါတယ်...
ဘာနဲ့မှ အစားထိုးလို့ရနိုင်စရာ အကြောင်းမရှိတာ..မိဘတွေပါပဲ....
ခံစားဖတ်ရှုသွားပါတယ်ခင်ဗျာ....

မချစ်ရ said...

အင်းဟုတ်တယ်လေ
မိဘ ကဘာနဲ့မှမလဲနိုင်တာသိရင်
သွားသွားပိုက်ဆံတောင်းမနေနဲ့တော့ပေါ့
ကိုယ်ကပြန်ပေးလို့မတတ်နိုင်သေးရင်တောင်
ကိုယ်ကပြန်တောင်းမနေနဲ့တော့လေ

Khyl said...

အဘိုးရေ... မုန့်ဘိုးပေး.... တမီး မာဖီးယားဆော့မလို့.... ဒါဘဲ....

သားကြီး said...

ရင်ထဲထိတယ်ညီရေ
တကယ်ပါပဲ
မျှဝေပေးတယ်ဆိုကတည်းကကျေးဇူးပါကွာ
ဒီပိုစ်လေးကိုကူးပြီးဘော်ဘော်တွေဆီ
မေးပိုစ်ပေးမယ်လေ ညီ့ဘလော့လိပ်စာပါတစ်ပါတည်းပေါ့ ဖြစ်တယ်ဟုတ်

ကောင်လေးငယ် said...

ကောင်းပါလေ့ ကိုသားကြီးရေ....
ကောင်းပါလေ့ ....မိဘဆိုတာကတော့ အစားထိုးလို့မရတဲ့ အရာမျိုးပါ......