Friday, November 13, 2009

မာတုဂါမတွေက မနှစ်သက်တဲ့ ယောင်္ကျား တဲ့....

၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား( အဲဒီထဲကတော့ လွတ်တယ် ဘာလို့လဲဆိုတော့ ဟီး တစ်ခါမှကို မအောင်မြင်ဘူးတာ စာမေးပွဲကလွဲလို့)
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား( ဒါကလည်း သေချာတယ် အဲလိုလိမ်းချင်တာကို မရှိလို့ )
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား ( ဘောက်ကတော့ ရှိဘူးလေ)
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား( ဟားဟ ရေကတော့ တစ်နေ့ နှစ်ခါပဲ အားတိုင်းရားတိုင်းချိုးနေတာ)
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား ( ဒီမှာ နှုတ်ခမ်းမွေးတောင် မပေါက်လို့ စိတ်ညစ်နေတာပါဆို)
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား( လေကတော့ ကြီးသလားမမေးနဲ့တော့လေ အခု ဒီမှာတောင် လျှောက်ပြောနေတာကို)
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား( အင်း မိန်းကလေးကြားထဲမှာ မျက်နှာကတော့ ဟုတ်ပါပြီ ပန်းလှတာက ဘာလဲမသိ ဟီဟိ)
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား ( အားပါးပါး ဒါမျိုးကျတော့ ကောင်လေးငယ်တို့က တော့ အိမ်က ပို့အလောက်လေ)
၉. အာပုပ်စော်နံသော ယောက်ျား ( အောင်မာ အောင်မာ လေဆာနဲ့ တိုက်တာပါနော်)
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား ( အဟင့် အခုမှ တားတားက 23 ပြည့်ပြီးတာပါဆို)
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား ( မရဲလို့ ရည်းစားကတောင် စိတ်ပျက်ပြီင်္း နောက်တစ်ယောက်ရှာ တော့မယ်ဆိုလား ဘာလားပဲ ကြားတော့ကြားနေတယ်လေ)
၁၂. မိန်းကလေးနှင့် တစါခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား ( အင်း မတွေ့ဘူုးသေးတော့လည်း ခက်သားပါ့လားဗျာ )
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား ( အော် ဘောလုံးကန်တာကို ပြောတာနဲ့ တူတယ်နော် )
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား ( နပ်သလားတော့ မသိဘူး တစ်ခါတစ်လေ တူးတောင်တူးသွားလို့ ဂျိုးဆော်တောင် နံရော )
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား ( ကြမ်းတမ်းဆို ဒီကကောင်က လေတိုက်ရင်တောင် တိုင်ဖက်နေရတာ ပါသွားမှာကြောက်လို့)
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား ( ဒါကလည်း တစ်ယောက်ပဲပြောဘူးတာလေ..အဲဒီတစ်ယောက်ကလည်း ပြန်မကြိုက်လို့)
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား ( ဟားဟ အဲဒီ လူက အသန့်ကြိုက်တယ်နဲ့တူတယ်နော်.... )
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား ( အင်း တော်တော်သိပြီး ဗဟုနဲ့ သုတ စုံတယ်နဲ့တူတယ်ညော်)
ံ၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား ( အော် သူငယ်နာမစင်လို့နဲ့တူတယ်)
၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား ( အင်း ဒါကတော့ ခပ်အေးအေးနေတတ်တဲ့ အိမ်ထောင်ဦးပေါ့လေ)
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား ( မာဇက်သွားတာနဲ့စာရင်တော့ တော်သေးတာပေါ့နော )
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား ( ဒီလိုကတော့ တော်တော်ဆိုး )
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား ( ဒါကတော့ တကယ်ကို မှားတာ ကောင်လေးတို့ဆီမှာ မရှိဘူးလေ အဲံဒါ ဟီး ရှိရင်တော့ ဘယ်နေမလဲ ရှေ့ဆုံးကပေါ့ )
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား ( အယ် .... ဒါကလည်း ပညာ ပဲ နော် )
၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား ( ခေတ်ကာလကို သုံးသပ်တတ်တယ်နဲ့ တူပါ့ )
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား ( အင်း တစ်ချို့က ကြောက်တတ်တယ်လေ..ဒါကို အပြစ်လို့တော့ ပြောမရဘူးပေါ့ နော )
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား ( ဥပမာ မြန်မာမင်းသားထဲက နေတိုး တို့လိုပေါ့ အင်း သူ့ကိုကျတော့ ကောင်မလေးတော်တော်များများက ကြိုက်ကျသားပဲ )
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား ( ဘော်ဒီကိုပြတာပေါ့လေ )
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား..(ဒါကတော့ ကြိုက်တဲ့သူလည်းရှိရင်ရှိမှာပေါ့လေ)
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို sexy လုပ်ချင်သော ယောက်ျား ( ဟားဟ ကြည့်တော့ ကောင်းသားပဲ )
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား ( အင်း ဒါကတော့ အစိုးရရုံးဝန်ထမ်းတွေရဲ့ လက္ခဏာပဲလေ)
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား ( တော်တော်လေး သဘောကောင်းတဲ့ သူနဲ့တူတယ် ပါရမီပါတယ်ပေါ့ )

5 comments:

busymozzee said...

ကုန်ရောပေါ့အေ... ဘာကျန်သေးတုန်း....မာတုဂါမတွေ ကြိုက်တတ်တဲ့ အမျိုးအစားတွေလဲ ရေးပါအူး....

အဲတာတွေကရော ဘသူသင်ပေးတာတုန်း.... ဟိဟိ ရီရတယ်....

နံပါတ်လေးကို အရီရဆုံး.... ကယ်လေးငေါင်---င်မှာ ဝဲခြောက်တွေပေါက်..... ၁၂ လကြာရင် ပြည်သူပဆေးရုံရောက်....
ငါးဂျား... ဆယ်ဂျားလောက်....
ဂေါက်...ဂေါက်...ဂေါက်....(ယားတိုင်းေ၇ချိုးတယ် ဆိုလို့)

ဆွေလေးမွန် said...

လုပ်ချလိုက်ပြန်ပြီး..ဒီလိုသာဆိုရင်တော့ ...
ဟင်း...ငါနှယ်နော်..သီချင်းပဲဆိုလိုက်တော့..
"အပျိုကြီးပဲ လုပ်တော့မယ်..."
:P

သားကြီး said...

စကားပြောပြီးနှုတ်ခမ်းဘေးမှာဘာမှတော့
မကျန်ဘူး
အဲ... ဘီယာသောက်ပြီးရင်တော့နှုတ်ခမ်းမှာ
အမြှုပ်တွေ ထကျန်ခဲ့တယ်ကွယ်
အဲဒါလည်းအပြစ်ထဲထည့်မှာပဲလားဟရိုး :P
မှတ်သားသွားတယ်ညီရေ

~ဏီလင်းညို~ said...

ညီလေးရေ...
ဒီပို့စ်လေးဖတ်ရတာပျော်စရာလေးဗျာ...
(မိန်းကလေးဒွေ အားလုံးဒေါ့ အပြိုဂျီးဒွေ ဖစ်ကုန်ဒေါ့မှာပဲညော်...)
ခင်မင်တတ်တဲ့
ဏီလင်းညို

သူကြီးမင်း (တုံးဖလား) said...

အဲဒါတွေ အားလုံးလွတ်ကင်းတဲ့ ယောက်ျားများ အခုခေတ်မှာ ရှိသေးရဲ့လားမသိဘူး။းဝ)