Thursday, October 1, 2009

"၀ဋ်"

ကောင်လေးက အမြဲတမ်းနောက်ကျနေကျပါ..ဟုတ်တယ်..ဘယ်နေရာမဆိုပေါ့လေ..
ကျောင်းသွားရင်လည်းနောက်ကျတာပဲ..အိပ်ရာထရင်လည်းနောက်ကျတာပဲ...
အဲဒါတွေ ဘယ်လိုပဲနောက်ကျနောက်ကျ ကောင်လေးဘာမှတော့မဖြစ်ဖူး....အခုနောက်ကျတာကတော့ ကောင်လေး
ဘ၀မှာတော်တော်လေး တုန်လှုပ်သွားခဲ့တယ်လေ....သူနဲ့ပက်သက်လာရင် ကောင်လေးကအမြဲတမ်းနောက်ကပဲလေ..
သူများတွေအများကြီးနဲ့ ယှဉ်ရင်ကောင်လေးက ဘာမှမဟုတ်တဲ့သူတစ်ယောက်ဖြစ်ဖြစ်သွားတယ်...
ဒါကိုလည်း ကောင်လေးကျေနပ်နေပါတယ်လေ....ဘာလို့လည်းဆိုတော့ ကောင်လေးသူ့ကို သိပ်ချစ်နေလို့ပါ..
ချစ်တာချစ်နေရတာပါ...မ၀ံ့မရဲနဲ့ပါလေ...ကောင်လေးအခုတော့ သိသွားပါပြီ..လူကြီးသူမတွေခဏခဏပြောကြတဲ့စကားလေးကို
လက်တွေ့ယုံသွားပါပြီ..ဘာလည်းဆိုတော့ ၀ဋ်ဆိုတာနောင်ဘ၀မကူးဘူး ချက်ခြင်းလည်တယ်ဆိုတာကိုပေါ့......
ဟုတ်တယ်..ကောင်လေးကတစ်ယောက်သောသူအပေါ်မှာ မညှာတာခဲ့ဘူး ဂရုမစိုက်ခဲ့ဘူး...သူဘာလုပ်လုပ်အကောင်းကိုမမြင်ခဲ့တာပါ.
သူက ကောင်လေးအပေါ်မှာ တစ်ခါတစ်လေတော်တော်လေးကို မယုံကြည်နိုင်လောက်အောင်ကိုကောင်းတာပါ..အဲဒါကိုပဲ ကောင်လေးက
အပြစ်တွေမြင်ခဲ့တာ...အခုတော့ ကောင်လေးဝဋ်လည်နေပြီလေ..ခံပေဦးတော့.......
ကောင်မလေးကို အခုတော့ စာနာတတ်သွားပါတယ်..တတ်နိုင်သလောက်တော့ ဖြည့်ဆည်းပေးရတော့မယ်လေ....
ကောင်လေးတောင် အခုဆို တော်တော်ခံစားနေရတာ..... (ဘာမှ မကြာလိုက်တဲ့ အချိန်တိုလေးအတွင်းမှာ)
ကောင်မလေးဆိုတာက လူမှန်းသိတတ်စ အရွယ်ကတည်းက အနွံတာခံလာခဲ့ရတာ...သူ့ကို ကောင်လေး စာနာတတ်သွားပါပြီ...
ဒါပေမယ့်တော့ ချစ်လို့မရသေးဘူး.......စာနာတာနဲ့ ချစ်တာက မတူလောက်ပါဘူးလေဗျာ..ဟုတ်တယ်မို့လား...

6 comments:

ဝက်ဝံလေး said...

သနားတယ် ကောင်လေးရေ ဝဋ်ရှိလဲကျေပါစေတော့နော် ဒါပဲပြောပေးနိုင်တော့မယ် သိလား ဘိုင် တာ့တာ

မချစ်ရ said...

ဝဋ်လည်ရင်ဘာမှလုပ်လို့မရဘူး
ဘာလုပ်လုပ်မရဘူး
ဘုရားတရားသာပိုလုပ်
နောက်ထပ်ဝဋ်ထပ်မပါအောင်
နော်..မောင်လေး

khun thadar said...

ဝဋ်ဆိုတာနောင်ဘ၀မကူးဘူးဆိုတာ
မှန်တယ်။
မြန်မြန်ကြေပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်
ကောင်းလေးရေ။

စိမ်း... said...

သြော် ခုတော့ သိပြီမှတ်လား... ?? :P
စတာ... ခု သိနေပြီဆိုရင် နှစ်ဆတိုးပြီးပြန်ကောင်းလိုက်ပေါ့.... ဒါဆို ကျေမယ်...

Khyl said...

ဟတ်ပီး.. ဗျက်ဓေးးးးးးးးးးးးးးးးးးးးးးးးးးး

Angel Shaper said...

ကဲကဲကဲ ၀က်ကလေးလဲ ကျေစေတော့ အဟဲ။။။