Sunday, October 18, 2009

သီချင်း Tag Post တဲ့

အင်း အခုတစ်လော ရေးတယ်..ဘာတွေလဲဆိုတော့ Tag Post လေ...
ဦးနှောက်တော့ စားတယ်ဗျ... ဒါပေမယ့် ပျော်စရာကောင်းပါတယ်...
သဘောလည်းကျတယ်.....ကိုယ်ကလည်း ပြန်ပြီးတော့ Tag ချင်ပါတယ်...
ဘာအကြောင်းကို ရေးခိုင်းရမှန်းမသိဖြစ်နေတာလေ.... အဲလိုကျတော့ ဒီကောင်လေး ဦးနှောက်က မထွက်ဘူးရယ်..
မမ (မချစ်ရ) ပြောသလို ပေါက်တတ်ကလောက်ဆိုရင် တော့ ဟဲဟဲ..တော်တော်လေးတော့ ထွက်ပါတယ်.....
ကဲ ...အခုလည်း မမ (မချစ်ရ) ရဲ့ Tag Post လေးကို စလိုက်တော့မယ်...
စမယ်ဆိုမှ ဘယ်က စရပါ့မလဲ...ကောင်လေးက သီချင်းဆိုရင် အစအဆုံး ရတဲ့ သီချင်းက ခပ်ရှားရှားရယ်...

ကြိုက်မိတဲ့ သီချင်းတွေကတော့ အများကြီးရယ်....
ပထမဆုံးကတော့.....လွမ်းမိုး သီချင်းတွေဆိုရင် အကုန်ကြိုက်တယ်....ဒါပေမယ့် သီချင်းနဲ့ခေါင်းစဉ်တော့တွဲမသိဘူးလေ...ဟီဟိ
ကောင်လေးက လူကသာ ဘာမှမဟုတ်တာ..သီချင်းကျတော့ ငြိမ့်ငြိမ့်လေးတွေမှ ကြိုက်တာလေ...
အမေသီချင်းတွေကို အများကြီးဆိုတဲ့ (ဆရာ) ထူးအိမ်သင် ကိုတော့ အသဲဆွဲပေါ့ဗျာ.....
ပွင့်ဆဲပန်းတိုင်းလန်းပါစေ ဆိုတဲ့ သီချင်းကိုတော့ အစဆုံးကိုရတာလေ... ဗညားဟန်ဆိုထားတဲ့ သီချင်းပေါ့... အဲ...ဒါပေမယ့် သူဆိုထားတာကို ဒီတစ်ပုဒ်ပဲ ခံစားလို့ရတာ.....
" လှမ်းဆွတ်ယူမိုးသားကောင်းကင် ရှေ့ကကောင်းကင် မြင်နေပြီ လက်တစ်ကမ်း ယုံကြည်ရာကို အတွေးတံခါး
ဖွင့်လှစ်...ဘ၀ရဲ့ဖြစ်စဉ်မှတ်စုတစ်ခုကိုရေး..လူသစ်စိတ်သစ်ဘ၀ကို လျှောက်လှမ်း....
တစ်မိုးသောက်ဒီနေ့သစ်နဲ့ အတူ ...အသစ်သစ်ဆန်းတွေ ကမ္ဘာမှာပေါ်လာစမြဲ....
ကမ္ဘာဟာလည်နေပြောင်းလည်းနှစ်သစ်..သီချင်းသစ်တစ်ပုဒ်ကို ကြိုးစားရင်းရှာဖွေ လေလှိုင်းမှတစ်ဆင့် လွှင့်နေပါမည်...." တစ်ပုဒ်
လုံးတော့ မရေးတော့ပါဘူးနော်.......ဒီသီချင်းလေးကိုတော့ အားတိုင်းရားတိုင်း ဆိုဖြစ်နေတာပေါ့ဗျာ...ဟီးဟီးး
ဒါပဲရတာလည်းပါတာပေါ့.....

အခုတစ်လောမှ ရောဂါ အသစ်တစ်ခုရနေတာ...." မ " နဲ့ ပက်သက်တဲ့ သီချင်းတွေဆိုရင် အကုန်ကို ကြိုက်ပစ်တာ..
လိုက်တော့ဆိုတတ်တယ်.. အလွတ်ကတော့ တစ်ပုဒ်မှကို မရတာလေ...ဘယ်ရပါ့မလဲ..သီချင်းဖွင့်ထားရင်
အိပ်ရာပေါ်မှာ မျက်လုံးလေးမှိတ်ပြီး ခံစား နေတာလေ...ပြီးကျ အိပ်ပျော်သွားရော.....

သီချင်းတော်တော်များများကိုတော့ နားထောင်ဖြစ်ပါတယ်...ရသ တစ်မျိုးဆီတော့ ခံစားရတာပေါ့...စိုင်းစိုင်းရဲ့ သီချင်းတွေဆိုရင်
စာသားလေးတွေတော်တော်လေး ကြိုက်ပါတယ်.. အသံနေအသံထားလေးတွေလည်းကြိုက်တယ်..ဒါပေမယ့် သူ့သီချင်းနားထောင်ရင်
မကြိုက်တာက မော်ဒယ်ကောင်မလေးတွေ တော်တော်လေးသုံးထားတာတွေ့နေရတယ်..သူတို့သရုပ်ဆောင်ထားတာကို မကြည့်ပဲ
နားထောင်ရုံသက်သက်ကတော့ ကြိုက်တယ်...အဲဒါကြောင့် သူ့အခွေဝယ်ပြီးရင် ချက်ခြင်းကို MP3 ပြောင်းလိုက်တာ....VCDကိုတော့
ဘယ်လိုမှ ကြိုက်လို့မရတာ.....
နားထောင်လို့ကောင်းပြီးတော့ နားမလည်တဲ့ သီချင်းတစ်ပုဒ်ရှိသေးတယ်ဗျ...ဟို မှိုလိုပေါက် ဆိုတဲ့ သီချင်းလေ (ရှင်းရှင်း)ဆိုထားတာ..
"ဒစ်စကိုမြူးဒစ် အော်ကာဒွန့်...အော်ကာဒွန့်ဒွန့်တစ်နေကုန်ဒွန့်....
အော်မစ်မစ်ကစ်လစ်ဦးနော်...လေကုန်မမောတမ်းအော်ကာဒွန့်.."
ဆိုတဲ့ သီချင်းလေ... ဟီဟိ ကျွန်တော်နဲ့ ခင်တဲ့သူငယ်ချင်းတော်တော်များများကို မေးကြည့်ဖူးပါတယ်... ဘယ်သူမှ သိဘူးတဲ့....အော်...မြန်မာသီချင်းကို မြန်မာလို နားမလည်ကတော့ ခံရခက်သဗျ...
ကျေနပ်တော့နော် မမ(မချစ်ရ)...ကြိုက်တာတွေကိုပြောနေရင်းနဲ့ မကြိုက်တဲ့ ဟာတွေပါကုန်တော့မယ်.... ဝေဖန်တာတော့ မဟုတ်ဘူးဗျ..စိတ်ထဲရှိတာ ရေးလိုက်တာပါ... အဲဒါကြောင့်ပြောတာ..ကောင်လေးက ပေါက်တတ်ကလောက်ပါလို့......

6 comments:

Khyl said...

ဟုတ်ပအေ.... ဗီစီဒီတွေမှာ ပါတဲ့ မော်ဒယ်တွေ ကြည့်ရင် သီချင်းတွေ တောင် ပျက်ကုန်တယ်နော်... ဟီး...(ရိုက်ပေါက်)

အနော် said...

မ သီချင်းကတော့ ကောင်လေးငယ်ဘလော့ကို ရောက်တိုင်း နားထောင်မိလို့ နာ အလွတ်ရနေဘီ ဟိဟိ
စိုင်းစိုင်း ကြိုက်တာချင်းတူတယ်
ဒါပေသိ လူထူထူဆို စိုင်းစိုင်းကို ကြိုက်တယ်ပြောရင် အရူးအနှမ်းလို ကြည့်တတ်လွန်းလို့ စိတ်နာနေတာဟ :(

မချစ်ရ said...

ဗညားဟန် သိပါဘူးကွာ ဘာသီချင်းလည်း
အောင်မလေးအိပ်ရင်တောင်အိပ်ရေးပျက်နေမှဖြင့် ဒုက္ခော ကောင်းတယ်ကောင်းတယ်
ရေးတာလေးတွေ မ သီချင်းလည်းကောင်းတယ်

စည်သူ said...

ဘယ်လိုဘယ်လို..

အော်မစ်မစ် ကစ်အော်ကာဒွန့်
ကြားဖူးဘူး ညီရေ.. ခုမှကြားဖူးတာလေ..

အော်ကဒွန့်တဲ့..ဟုတ်လား..ဘာပါလိမ့်..း)

စည်သူ said...

ဘယ်လိုဘယ်လို..

အော်မစ်မစ် ကစ်အော်ကာဒွန့်
ကြားဖူးဘူး ညီရေ.. ခုမှကြားဖူးတာလေ..

အော်ကဒွန့်တဲ့..ဟုတ်လား..ဘာပါလိမ့်..း)

စိမ်း... said...

ဟုတ်ပါပြီ ဟုတ်ပါပြီ လူတတ်ကြီးရဲ့... :P