Friday, October 30, 2009

သတိထားနော်....Virus တဲ့ ...


အခု CNN က NCC education ရဲ့ director ကကြေညာထားပါတယ်။ ဒီရက်ပိုင်း
(အခုလောက်ဆို လာလောက်ရောပေါ့)။ Postcard from Beijing ဆိုပြီး attachment
file နဲ့ mail လာပါလိမ့်မယ်။ မေးလ်က ပုံကအရမ်းလှတယ်တဲ့။
အဲဒါကိုဖွင့်လိုက်ရင် Hard disk Drive sector ကို burn တဲ့ virus
ဝင်လာပြီး သင့် Hard disk တစ်ခုလုံးကို ပညာပြပါလိမ့်မယ်။
ဝင်လာလို့ကတော့ပြင်လို့ရဘူးနော် ရေစက်ချအမျှသာဝေလိုက်တော့။ ဒီvirus
ကသက်တမ်းတစ်လျှောက်မှာအဆိုးဆုံးတဲ့ ။ ဒီ virus လာမှာကိုစသိတာက McAfee
company ကပါ။ တကယ်လို့ဒီ virus ၀င်လာလို့ရှိရင်ချက်ချင်းsign out လုပ်ပြီး restart ချပါ။ ပြီးသွားရင် မေးကိုပြန်ခေါ်ပြီးဖျက်ပစ်ပါ။ အဲ့တာဆို OK သွားပါလိမ့်မယ်။

အားလုံးသော မောင်နှမ သူငယ်ချင်းများ အဆင်ပြေပါစေဗျာ..... သတိတော့ ထားနော်.... Hard disk တစ်လုံးထပ်ဝယ်လိုက်ရတာက
ပိုက်ဆံပဲကုန်တာပါ..အထဲမှာပါတဲ့ ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့ Data တွေပျက်သွားရင်တော့ အတော့်ကို နှမြောစရာကောင်းလို့ စေတနာနဲ့
မျှဝေလိုက်ပါတယ်... ဒီမေးလ်လေးကို ပေးပို့ပေးတာကတော့ သူငယ်ချင်းတစ်ယောက်ကနေ ပို့ပေးလို့ ရောင်းရင်းများကို ပြန်ပြီး မျှဝေ
လိုက်ပါတယ်... တစ်ဆင့်မှတစ်ဆင့် လက်ကမ်းလိုက်ကြပါဦးနော်........

7 comments:

စည်သူ said...

[J[J[J..
ဟဲဟဲဟဲ.. ဒို့တော့ ဒို့ကတော့.. အဲ ဟုတ်ပါဘူး
ဒို့ကတော့ ကြောက်ဘူးကွ.. အဲဒီကောင်ကို ကြော်ပြီး ဟိုဟာလုပ်ပလိုက်မှာ...း)

ဘယ်ဟာလည်းလို့ မေးနဲ့... ဒါဗြဲ

သိင်္ဂါကျော် said...

ဗိုင်းရပ်စ်တွေကလည်း အမျိုးမျိုးပါလား..
သိထားတော့ ကောင်းတာပေါ့လေ..

ကောင်လေးငယ် said...

မေးတော့ဘူးလေ... သိနေတယ်..သိနေတယ်..
ဟားဟ.. ကိုစည်သူလုပ်မှာကို....
တားတားဆီကို လာခဲ့ Black တွေရော Blue တွေရော
ဆောင်ထားလိုက်မယ်ညော်... ဟီဟိ

သားကြီး said...

ကျေးဇူးပဲညီ ဘော်ဘော်တွေကိုပြောပြလိုက်ပါ့မယ်

Khyl said...

အမယ်.... ဒီတခါ မရီရပါလားဟ.... :))

အနော် said...

ကယ်လေးငေါင်ရေ
ဗိုင်းရပ်စ်သတင်းလေးအတွက် ကျေးဇူး

ကိုလူထွေး said...

သိတော့လည်း ဆင်ခြင်ရတာပေါ့...

ကျေးဇူး...

းဝ)