Saturday, October 31, 2009

မှားတော့မှားတယ် ကြိုက်တယ်


ဆရာမ - သစ်ပင်တစ်ပင်ပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို့ တစ်ယောက် က သေနတ်နဲ.
တစ်ချက် ပစ်လိုက်ရင် ငှက်ဘယ်နှစ်ကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။

ဂျော်နီ - ဘယ်နှစ်ကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ. အားလုံး ထပျံကုန်မှာပါ။

ဆရာမ - အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ့် မင်းရဲ့ အတွေးအခေါ်ကို ကြိုက်တယ်။

ဂျော်နီ - ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတစ်ခုမေးမယ်နော်။

ဆရာမ - အင်း မေး။

ဂျော်နီ - အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ ရေခဲမုန့်ထိုင်စားနေကြတယ်။
ပထမတစ်ယောက် က ရေခဲမုန့်ကို ဘေးကနေ လျှာ နဲ့လျှက်နေတယ်။
ဒုတိယ တစ်ယောက်က ရေခဲမုန့်ကို အပေါ်ကနေ အားရပါးရ စုပ် နေတယ်။
တတိယ တစ်ယောက် က ရေခဲမုန့်ကို ကိုက်စားနေတယ်။ ဘယ်တစ်ယောက်က အိမ်ထောင်သည် လို့ထင်လဲ ဆရာမ။

ဆရာမက ရှက်ရှက် နှင့်

ဆရာမ - အပေါ်ကနေ အားရပါးရ စုပ်ပြီးစား နေတဲ့ သူက အိမ်ထောင်သည် ပေါ့ကွယ်။

ဂျော်နီ - မှားတယ်ဆရာမ ၊ သူတို.ထဲ က လက်ထပ် လက်စွပ်ရှိတဲ့သူကအိမ်ထောင်သည်ပါ။
ဒါပေမယ့် ကျွန်တော် ဆရာမ အတွေးအခေါ်ကို သဘောကျတယ်။


ပျော်စေချင်လို့ပါ... စေ့စေ့တွေးတော့ ရေးရေးပေါ်တဲ့...အဟိ.. တွေးတော့တွေးပေါ့.... လွှတ်အတွေးကြီးတော့လုပ်နဲ့နော်......

5 comments:

သားကြီး said...

ဟုတ်ကဲ့
ဆရာမရဲ့အတွေးအခေါ်ကိုကျနော်လည်း
သဘောကျပါတယ် လွှတ်အတွေးကြီးလည်းမတွေးရပါ စေ့စေ့တွေးရေးရေးပေါ်ပြီး မှေးမှေးလေးပြုံးသွားပါကြောင်း :)

ကိုလူထွေး said...

အတော်ဆိုးတဲ့ ဂျော်နီ...

းဝ)

အနော် said...

တွေးပုံလေးကိုတော့ သဘောကျတယ်
ဒါပေမဲ့ မှားနေဒယ် ဟိဟိ
အဲ့ဒီစကားလေး ကြိုက်လွန်းလို့ :)

busymozzee said...

ဟေ... အသည်းကြီးပုံကြီးပါလား.... လှချက်....
ဟွမ်.... ဘာတေလဲအေ..... ပေါက်တောက်ကလောက်...

စည်သူ said...

ဆရာမကလေ..
ပေါတော့ဘူးကွာ..

ကောင်းတယ်ညီရေ့..
ပေါ့ပေါ့ ပါးပါးလေး..

ပြုံးသွားရတယ်..း)