Tuesday, October 27, 2009

ပေါက်တတ်ကလောက်ကွန်ပျူတာ အမေးအဖြေများ

ကွန်ပျူတာ ဟက်ကာ ဆကာကြီး မှ အမေးဖြေများကို ဖြေကြားပေးသည်။

အမေးအဖြေ

မေး ။ကွန်ပျူတာထဲမှာပါတဲ့ ရမ် ( Memory) ဆိုတာဘာပါလဲဟင်
ဖြေ ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ

မေး။ တဂစ် (GB) မှာဘယ်နှစ်ဘိုက် ( Bytes) ရှိပါသလဲ
ဖြေ ။ ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်

ဆက်ဖတ်ကြည့်ရအောင်

မေး ။ email ပို့ နေရင်းconnection ပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင် အကောင်းဆုံးပါလဲ
ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါ ပိတ်ပြီးအိပ်ပါ
ဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ

မေး ။ ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ်
ပြောနိုင်မလား
ဖြေ ။ ဟုတ်ကဲ့ရပါတယ်
၁။ systemပုံးကိုအရင်ဖွင့်ပါ
၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။
၃။ ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့
ဇလုံထဲကိုထည့်ပြီး Decogenနဲ့ တစ်ညစိမ်ပါ
၎ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။
၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ
၆ ။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော်
ရွှင်ဖွယ်တွေ့ ရပါလိမ့် မည်။
၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင်
နေပူထဲထားကာအသုံးပြုပါဟု
၈ ။ နောက်ပိုင်းကျရင် အရက်ပြန်ပုလင်းလေးပါဆောင်ထားပါ...
မေး ။ သမီးကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။ ဒါမှလေးနေရင်ပါဝါစပလိုင်းပါထပ်ဖြုတ်ထား
လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်..စိတ်တိုင်းမကျသေးရင်တော့ Casing ပုံးခွံသက်သက်နဲ့ပဲ အသုံးပြုပါ..

မေး ။ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။ UPS ကလဲသိပ်မကောင်းတော့
မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
ဖြေ ။ ups နဲ့ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။
ချက်ချင်းပိတ်သွားရစေမယ်

မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
ဖြေ ။ဆိုင်ပို့ လိုက်ပါ

မေး။ ကျွှန်တော့်window ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ
window မှာပြသနာရှိလို့ လား
ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ
ထိုးပေးပါ ။ ကဲဆက်ဖြေမယ်နော်

မေး။အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင်
ဖြေ။ ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား

မေး။သမီးပို့ လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။

မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို့ ရှိရင်ဗိုင်းရပ်စ်
ပါလို့ ပေါ့ကွယ်.....

ကဲ...အားလုံးသော ညီအစ်ကို မောင်နှမများ ခင်ဗျာ... မိမိတို့ရဲ့ အခက်အခဲများကို မေးချင်သေးတယ်ဆိုလျှင်ဖြင့်
Comment တွင် ဆက်လက်မေးသားနိုင်ပါသည်... ကွန်ပျူတာတစ်စုံလုံး ပျက်စီးရန် တာဝန်ယူဖြေရှင်းပေးပါမည်...
ခက်ခမဲ့ အိမ်တိုင်ရာရောက် ဖြတ်ဆီးပေးနေပါသည်ခင်ဗျာ....

14 comments:

စည်သူ said...

တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော် လေးကို နောက်တဲ့ ညီကယ်လေးငေါင်ပဲ

အာပြဲသွားတယ်ညီမရေ့
အတွေးလေး ကောင်းတယ်..

စည်သူ said...

ဘယ်လိုဘယ်လို ဝင်းဒိုး အတက်အကျ နှေးနေရင် ပတ်တာကို ဆီးထိုးရမယ်ဟုတ်လား.. ကောင်းကွာ..းP

ဆရာကြီးရယ်.. ကျွန်တော့် မောင့်စ်ကလေ မကိုင်ပဲနဲ့ အော်တို သွားသွားနေတာ အဲဒါဘယ်လိုလုပ်ရမလဲဟင်.

ကြိုးနဲ့သာဖမ်းတုတ်ထားလိုက်..းP
မှတ်ကရောကွာ..

စိမ်း... said...

ပေါက်တီးပေါက်ရှာတွေ ရယ်ရတာတော့ တော်တော်ရယ်ရတယ်...

Yu Ya said...

ကျွန်တော်ကွန်ပျူတာလည်း ညစ်ပတ်နေလို့ ရေချိုးပေးထားတယ်ဗျ... အဟီး။

yu ya

ကောင်လေးငယ် said...

ဟုတ်ကဲ့ပါ ကိုစည်သူရေ မောက်စ်က မကိုင်ပဲနဲ့ အော်တို
သွားသွားနေရင်တော့ ဖြုတ်သာထားလိုက်ပါ..
ကြိုးတုတ်ထားတာဟာ သိပ်စိတ်မချရပါ...
ဟီးဟီး...
အော် အကိုကြီးယုယက ကွန်ပျူတာ ညစ်ပတ်နေလို့
ရေချိုးပေးထားတယ်လား..ကောင်းပါ့ကောင်းပါ့
အဲ.. ဖူဂျီနဲ့ တိုက်နော်....

Khyl said...

ကျမဂ...စိတ်တိုတိုင်း ကွန်ပူတာကို ဖနောင့်နဲ့ပေါက်ချင်ပါတယ်.... ငရဲ ကြီး မကြီး ဖြေကြားပေးပါ.... မမ ငေါင်ချင့်.....

သားကြီး said...

မှတ်သားလောက်ပါပေတယ်
ကောင်းလိုက်တဲ့အမေးအဖြေ

မချစ်ရ said...

အမေးအဖြေကတော့ ဟုတ်နေတာပါပဲ
အဲ..ဒါနဲ့အမမေးတာလည်းဖြေဦးနော်
ပေါက်တတ်ကလောက် စကားကိုဘာလို့
မပြောမဆိုယူသုံးလိုက်ရတာတုန်း
ဟွန်းးးးးးးးးးးးးး

မချစ်ရ said...

ဟားဟား အမစက်ကကယ်လေးငေါင်နဲ့
စကားပြောရင်ကွန်နက်ကျကျနေတယ်
မီးအားတက်လိုက်ကျလိုက်ဖြစ်နေတယ်
စက် ဟန်းပြီးရပ်ရပ်သွားတယ်ဘာလုပ်ရမလဲ
ပြော.......ပြောသလိုတကယ်လုပ်လိုက်မှာနော်
တကယ်ပျက်သွားလို့ကတော့ ဟားဟ
ကောင်းလိုက်တာမပြောရတော့ဘူး
ဟိ

ကောင်လေးငယ် said...

အယ် မော်စကွီရှည်က စိတ်တိုတိုင်း ကွန်ပျူတာကို
ဖနောင့်နဲ့ပေါက်ချင်တယ်လား...ဟုတ်ကဲ့ပါ
ပေါက်သာပေါက်လိုက် ငရဲ ကတော့ မကြီးသေးဘူးလေ
အခုမှ သုံးနှစ်သားလေးပဲရှိသေးတာကိုး
သူ့အစ်ကို ငမိုးကတော့ တော်တော်ကြီးနေပြီဆိုပဲ အသက်ပြောပါတယ်...

ကောင်လေးငယ် said...

အော် မမ (မချစ်ရ) စက်က တားတားနဲ့ပြောနေရင်
ကွန်နက်ကျ မီးအားမကောင်း စက်ဟန်းသွားတယ်ဆိုပါ့လား... ဒါဆိုရင်တော့
အကောင်းဆုံးကတော့ စက်အသစ်တစ်လုံးထပ်ဝယ်
ဒါမဟုတ် online ပေါ်ကမပြောပဲနဲ့ အိမ်ခေါ်ပြီးတော့သာ
ပြောလိုက်တော့လေ..ဟီး.
အစစ်အမှန်တို့မည်သည် အနှောင့်အယှက်ပယောဂများ၏တဲ့....


ပေါက်တောက်ကလောက်ယူသုံးတာကတော့ ပြောမလို့ပဲလေ.. ဒီမှာလည်းအကျင့်ပါနေပြီ...ပေါက်တောက်ကလောက်ဆိုတာက....

ခြေလှမ်းသစ် said...

ဒီအမေးအဖြေတွေကိုတော့ သဘော အတော် ကျသွားပြီဗျို့ 

Khyl said...

ညီမလေးရေ..... နောက်ဆိုကွန်နက်ရှင် ကျရင် ပရိတ်ရေနဲ့စက်ကိုသာလောင်းလိုက်နော်......

လဂါးစတာ..... မလုပ်ညဲ့...

ဆွေလေးမွန် said...

အောင်မငှီး.. အပျေက်ရှင်း ကွန်ပျူတာပညာရှင်နဲ့ ခုမှလာတွေ့တာ..အတွေ့နောက်ကျတယ်တောင် ထင်သေး ..
:P