Saturday, October 24, 2009

အချစ်တစ်ဖုံစာဖော်စပ်နည်းတဲ့


လိုအပ်တဲ့ပစ္စည်းတွေကတော့....
၁။ အကြင်နာမျိုးငါးပါး - ၁ကျပ်သား
၂။ အပြုံးပွင့်ခြောက် - ၃ကျပ်သား
၃။ သမုဒယအမြစ် - ၂ကျပ်သားနှင့်၎ပဲသား
၎။ နှုတ်ခမ်းလွှာအမှုန့် - ၁ကျပ်သားနှင့်၂ပဲသား
၅။ မျက်ဝန်းသတ္တုရည် - ၁ရွေးသား
၆။ သစ္စာအခေါက် - ၃ကျပ်သား
နှလုံးသွေးဖြင့် တေပြီး ညစဉ် အိပ်မက်မမက်မီ စားပါက အသည်းကွဲခြင်း၊ ရင်နာခြင်း၊ နှလုံးသားအဖျားတတ်ခြင်း၊ မျက်ရည်ကျခြင်း၊ မေတ္တာချုပ်ခြင်း၊ အလွမ်းနာကျခြင်း၊ သံယောဇဉ်လေဖြတ်ခြင်း၊ အချစ်ငုတ်ခြင်း၊ အလွမ်းနာတာရှည်ခြင်း၊ အချစ်စိတ်ပုံမှန်မလာခြင်း၊ အချစ်ပိန် အချစ်ခြောက်ခြင်း၊ အချစ်အဆိပ်တက်ခြင်း၊ ဥပက္ခာပြုခံရခြင်း၊ ကရုဏမဲ့ခြင်း၊ သစ္စာမရှိခြင်း နှင့် အတ္တကြီးခြင်း စသည့်ရောဂါများကို ဒိဌ ပျောက်ကင်းစေကြောင်း အာမခံပါသည်။

မှတ်ချက်။ ။
( ၉၆ ) ပါးသော အမုန်းရောဂါအမျိုးမျိုးကိုပျောက်ကင်းစေကြောင်းအာမခံပါသည်။တတ်ကျွမ်းနားလည်သော အချစ်သမားတော်ကြီးများ ကိုယ်တိုင်ကြီးကြပ်စောင့်ရှောက်ကုသပေးနေပါသည်။လူမျိုးမရွေး ဘာသာမရွေးသုံးဆောင်နိုင်ပါသည်။ဝေဒနာ ခံစားနေရသူများ အမြန်ဆုံးဆက်သွယ်ပါ။( သတိ - အသက် ၁၆နှစ်နှင့်၃၅ကြား ဝေဒနာရှင်များသာ လက်ခံကုသပေးမည် ဖြစ်ပါသည် )

ဆေးခန်းဖွင့်ချိန်- ည ၉ နာရီ မှ မနက် ၄ နာရီထိသာ( Monday to Sunday မှအပကျန်ရက်များတွင်ဆေးခန်းပိတ်ပါသည် )

ဆက်သွယ်ရန်
အချစ်ဝင်္ကပါ ဆေးတိုက်
အိမ်အမှတ် ၁၅၀၀၊ သစ္စာမေတ္တာလမ်း ၊ အကြင်နာရပ်ကွက်
အချစ်မြို့ ၊ ချစ်သူ့ တိုင်းပြည်
ကညာလိမ်စံအိမ်။

မျှဝေမှုလေးပါ.......သူငယ်ချင်းတစ်ယောက်မေးလ်ထဲကနေ ရတယ်လို့ပဲ ထားလိုက်ပါတော့..ဟီဟိ... မှားတာရှိတော့လည်း ကောင်လေး လွတ်တာပေါ့လေနော....အဓိက ကတော့ အပျိုကြီးများ လူပျိုကြီးများ နေ့စဉ်မှီဝဲပါ
ကျန်းခန့်သာလို့ မာပါစေ......

6 comments:

အနော် said...

ဒီကိုလဲ တစ်ဖုံလောက် စပ်ပေးပါ ကောင်လေးငယ်ရေ
ဒါမှမဟုတ် သမားတော်တွေနဲ့ တိုင်ပင်ချင်လို့ပါ
၁၆ နှစ်နှင့် ၃၅ နှစ်ကြားဆိုတော့
မီးက ၁၆ နှစ် ပြည့်ုဖို့ တစ်ရက်လိုနေတာ ဘယ်ရိုရုပ်ရမလဲ မတိ ဟိဟိ :)))

Anonymous said...

အကြင်နာမျိုးငါးပါးကတော့ ထိုင်တာများလို့ ကျင်တာရယ် ဓာတ်လိုက်တာရယ် ဆွဲဆိတ်တာရယ်....မသိတော့ဘူး...:P
အပြုံခြောက်ကတော့ အမယ်ကြီးနဲ့ အဘဆီမှာ သွားတောင်း..
သမုဒ္ဒယ အမြစ်ကတော့ ရေငုတ်ရမှာ..
နှုတ်ခမ်းလွှာ အမှုန့်ကတော့ သချီး ဆိုဖစ်တယ် မလား...
မျက်ဝန်းသတ္တုရည်ကတော့ ငံကျိကျိနဲ့
သစ်စ အခေါက်ကတော့ သစ်စက်မှာ အလကားသွားတောင်းရင် ဆာလာအိပ် တလုံးလောက်တော့ရတယ်... မီးမွှေးမလို့လို့ပြော..

နှလုံးသွေး မစားရဲရင် ဘဲသွေးနဲ့ စတိလုပ်ပေါ့

သွားပါပြီ ရင်ခုန်သံတွေ.... ခွီး..

Khyl said...

အပေါ်ကတခုကို မော်စကွီတို ဒတ်ဖနေးရှင်း ဖွင့်သည်...

စိမ်း... said...

ဘာဒွေဒုံး ဘာဒွေဒုံး... တိုင်းရင်းဆေးမှတ်ပုံတင် လက်မှတ်ရပြီးသားမှနော်... :P

ကောင်လေးငယ် said...

ဆေးတစ်ဖုံစာကို..လိုချင်တဲ့သူများ အော်ဒါမှာထားနော်
လူဦးရေကန့်သတ်ထားပါတယ်..မှာသောသူများကိုသာ
ဗုန်းပေါလအော ပေးမည်ဖြစ်ပါသဖြင့်..
အပြုတ်ကြီး အဲ...အပျိုကြီး .လူပြို ကြီးတွေကို
အဓိကဦးစားပေးပါမည်.....

သူကြီးမင်း (တုံးဖလား) said...

အတော်ကောင်းမဲ့ ဆေးဘဲ။