Tuesday, October 6, 2009

သတိတရ နေ့လေး

ရတနာပုံတက္ကသိုလ်မှာ ကျောင်းတက်တုန်းက အမှတ်ရစရာလေးတစ်ခုပါ....
ကျွန်တော်တို့သူငယ်ချင်းတွေ မနက်ကတည်းက စုရုံးစုရုံးနဲ့ အလုပ်တွေရှုပ်နေကြတာ..ဘာတွေလုပ်နေကြမှန်းတော့မသိဘူး...ဟိုအဆောင်ရှေ့သွားပြီးဟိုလူ့ကိုတိုးတိုးပြောလိုက် ဒီအဆောင်ရှေ့သွားပြီးဒီလူ့ကို တိုးတိုးပြောလိုက်နဲ့လုပ်နေကြတာ...ဒီလိုနဲ့ညနေစောင်းရောဗျ......
ညနေကျတော့အားလုံးရဲ့စုရပ်နေရာမှာ သွားစုကြရော..ကြည့်လိုက်တော့နည်းတဲ့ လူအုပ်မဟုတ်ဘူးဗျ.....
အားလုံးပေါင်း ၁၈ယောက်တောင်.....အင်းလေ..သူများတွေအမြင်ကပ်ချင်စရာတော့ခပ်ကောင်းကောင်းရယ်...
အဲဒီမှာ ပြသနာကစတော့တာပဲ....ထွက်တော့မယ်ဆိုမှ သွားဖို့လာဖို့စစ်ကြည့်လိုက်တော့ ဆိုင်ကယ်က ၁၆ စီးဖြစ်နေတာ....ပိုတောင်နေတာလေ..ပိုနေလို့ပြသနာဖြစ်တော့ပေါ့ ....ဟုတ်တယ်..ကိုယ့်ကောင်တွေကလည်းအပိုင်တွက်ထားတာကိုး..ကိုယ်နဲ့ဆိုင်ရာဆိုင်ရာလေးတွေကို တင်ချင်နေကြပေါ့...သူတို့မှာအခက်တွေ့နေတော့ဟိုပြောဒီပြောနဲ့ရောင်ရောင်တောင်တောင်နဲ့
မထွက်ကြသေးဘူး.. .ကျွန်တော်လည်းမနေနိုင်လို့ကြားဝင်လိုက်ရလေ...."ကဲ..ဟိုကောင်မလေးတွေ
နင်တို့ကလည်း ရှည်ပြီးဆိုင်ကယ်တွေယူလာကြတယ်..ဒီနေ့ည လူကတော်တော်ရှုပ်မှာဟ..အန္တရာယ်လည်းများပါတယ်ဟာ..ထားခဲ့လိုက်..ပြီးတော့ ဘီးနည်းတော့ဆီဖိုးလည်းသက်သာတာပေါ့ " ဘာညာနဲ့ နည်းနည်းလောက်ဖောလိုက်တော့ ကိစ္စကပြီးသွားတယ်..
ဒါနဲ့ကျွန်တော်တို့တစ်ဖွဲ့လုံး 78 Centre ရောက်သွားတယ်ဗျ...ဟိုကျတော့ သူရဲရထားစီးကြမယ်တဲ့..
ဟီး..ဟီး. ဒါမျိုးဆိုကျွန်တော်က လက်ရှောင်တယ် မစီးရေးချမစီးဘူးဗျ....ဆွဲခေါ်တယ် ငြင်းတယ်ဘယ်ရမလဲ...ကောင်လေးပဲ ဟိုးဘက်က တိုင်လေးနားသွားပြီးစောင့်မယ်ပေါ့လေ...
သူတို့ တစ်တွဲပြီးတစ်တွဲဝင်သွားကြတာ...ဘယ်နှစ်ယောက်စီးပြီးသွားကြမှန်းတောင်မသိတော့ဘူး..
နောက်ဆုံးကြမှ ဇာတ်လမ်းကစတာ...ဟိုတစ်ယောက်မိုးကုတ်သူက မစီးရသေးဘူးတဲ့..သူလည်းစီးချင်တယ်တဲ့
စောစောတုန်းက သူကရေခဲမုန့်သွားရယ်နေတာတဲ့လေ လုပ်ပေါက်က တုတ်ကောက်နဲ့သာစော်ဖို့ကောင်းတယ်...
အားလုံးကလှော်ကြတယ်..ဟိုကောင် ဖိုးသားလည်းမစီးရသေးဘူး..နင့်စောင့်နေတာ ဘာညာနဲ့ဝိုင်းပြီး
တွန်းကြတာ..ကျွန်တော်လည်းမနေသာလို့ ထိုင်ရာကထလိုက်ရတယ်..သူကတောင်မကြောက်မလန့်ခေါ်သေးတာ ငါကဘာကိုရွံ့နေရမလဲပေါ့လေ..
သိတဲ့အတိုင်း ရထားခုံလေးက ကျဉ်းကျဉ်းလေးရယ်ဗျ...ပြောရမယ်ဆို ကိုယ့်ပေါင်ကလှန်ထောင်းသလို
ဖြစ်တော့မယ်ဗျ.ကျွန်တော်ကသရဲကို မကြောက်တတ်ပေမယ့် အမှတ်မထင်လုပ်လိုက်ရင်လန့်တတ်တယ်ဗျ..
ဒီအတိုင်းနေရင်အကောင်းသားရယ်....အဲဒီမှာဗျာ..သူကအော်လိုက် ကျွန်တော်က အော်လိုက်နဲ့
ထွက်ပေါက်ကိုရောက်မှန်းမသိဘူးဗျ...ဟီဟိ ထွက်လာတော့နှစ်ယောက်သား ခေါင်းတွေငုံ့အော်ချင်တိုင်းအော်ပြီးထွက်လာတာကိုး....ကိုယ့်ကောင်တွေကလည်းဗျာ သူတို့က အပြင်ဖက်ကနေ ပြထားတဲ့တီဗွီမှာကြည့်ပြီး တ၀ါးဝါးနဲ့ပေါ့...အဲ ခက်တာက ကျွန်တော်တောင်သတိမထားမိဘူး..ဟို မိုးကုတ်သူက အလည်ခေါင်လောက်ကတည်းက ဖက်ထားတာကိုပဲ ဒီကကောင်က ကိုယ့်ဇောနဲ့ကိုသတိမထားလိုက်တာ အမှား..အဲဒီကတည်းက ပြောလိုက်ဆိုလိုက်ရန်ဖြစ်လိုက်နဲ့ သူငယ်ချင်းမလေးနဲ့ တစ်စီးထဲဖြစ်သွားရော...အားလုံးပြီးတော့
ထုံးစံအတိုင်းဆိုင်သွားထိုင်ဖြစ်ကြတာပေါ့လေ...အဲဒီကိုရောက်တော့ ၉နာရီတောင်ထိုးနေပါပြီရော...
မှာကြ စားကြ သောက်ကြနဲ့ ...နည်းနည်းလည်းအရည်လေးတွေဝင်သွားကြရော..ဆရာမကြီးတွေကအဖွဲ့က ရစ်ကြပါလေရော....
ဒီနေ့ညတော့ အဆောင်မပြန်ကြတော့ဘူးတဲ့...ဟာ..အဲဒါမှဂွကျတာ.
ဘယ်သွားပြီးဘာလုပ်ကြမှာလဲ...တစ်ညလုံး.....ဖြစ်ချင်တော့ ကျွန်တော်တို့ယောကျာင်္းလေးတွေက
နည်းနည်းပဲ သူတို့က တော်တော်လေးကွဲနေပြီ..မိုးကုတ်သူလှပျိုဖြူက ရူးပေါက်ချင်လို့ပါတဲ့..ခဏလောက်တော့ လိုက်ပို့ဦးတဲ့ဗျာ...ယိုင်တိုင်ယိုင်တိုင်နဲ့သွားတယ် သန့်စင်ခန်းကို...တော်တော်နဲ့ထွက်မလာလို့ အခန်းရှေ့မှာ ငုတ်တုတ်လေးထိုင်စောင့်ရပါလေရောလားဗျာ..
မိနစ်၂၀လောက်ကြာသွားတယ် အရိပ်တောင်ထွက်မလာဘူး...အဲဒီမှာ ဆိုင်ကသီချင်းဆိုတဲ့ကောင်မလေးကရောက်လာလို့တော်သေးတာပေါ့..အမ အမ အဲဒီထဲမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဝင်သွားတာကြာပြီ တစ်ချက်လောက်တော့ ကြည့်ပေးပါဦးဆိုပြီး အကူအညီတောင်းရတော့တာပေါ့..သူလည်းဝင်သွားပြီး ခဏလောက်ကြာတော့ ထွက်လာတယ်..
အဲ..မောင်လေး မင်းသူငယ်ချင်းက ဘေစင်နားမှာ ငုတ်တုတ်လေးအိပ်ပျော်နေတယ်.အမလည်းခေါ်တာမရဘူး..အဲဒါမင်းသွားပြီး တွဲကြည့်လိုက်ပါ့လား ငါကလည်းတစ်ယောက်တည်းမနိုင်ဘူးတဲ့လေ...၀င်သွားလို့ဖြစ်ပါ့မလားဆိုတော့ ရတယ် သွားသာခေါ်ပါတဲ့ သူလည်းအပေါက်နားကစောင့်နေမယ်တဲ့...သွားတယ် ခေါ်တယ် လုပ်ကြည့်တယ် ဟီဟိ ရဘူး ဆရာမက ငုတ်တုပ်ကငုတ်တုပ်ပဲ... အဲဒါနဲ့ တွဲခေါ်လာလိုက်တော့တယ်........
အမှတ်ရစရာတော့ကောင်းပါတယ် တစ်ညလုံးတိုင်ပတ်နေတာ..တော်ပါပြီ..အခုက ကျောင်းတက်နေရတဲ့ အချိန်ဆိုတော့ သူငယ်ချင်းတွေကို အမှတ်ရမိလို့ပါ...မဟုတ်တရုတ် အရှုပ်ထုပ်တွေကို ဖတ်ပေးသွားကြတဲ့ မောင်နှမသူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ...

5 comments:

ဝက်ဝံလေး said...

ငါ လာ ဖတ်ပြီးရီသွားတယ် သိလား ဟိဟိ

စိမ်း... said...

ငယ်ကျိုးငယ်နာတွေဖော်တယ်ပေါ့... ကြည့်နေ လမ်းမှာတွေ့ရင် တိုင်ပြောမယ်.... :P

မချစ်ရ said...

အယ်..မူးပြီးသောင်းကျန်းနေတာပေါ့လေ
မင်းလားမမူးမှာ..
သူများမူးတယ်ပဲပြောမနေနဲ့

Angel Shaper said...

အော်.... မူးရင် မမောင်းနဲ့ မောင်းရင်မမူးနဲ့..အဲလေမှားကုန်ပြီ။
ကောင်လေးငယ် လာရယ်သွားတယ် ဟဟားးးးးးးးးးး

Khyl said...

အဲတာနဲ့ နောက်ဆက်တွဲလေး ဆက်ရေး အူးလေဟာ....
ဂလောက်နဲ့ ရပ်ပစ်လို့ ဘယ်ရမလဲ....... ဝေး...