
မိတ္ထီလာသူ လှပျိုဖြူ
မြင်သူလူတိုင်းငေး
ယဉ်တစ်ကိုယ်မယ် ခန္မာရယ်
နတ်မယ်အရှုံးပေး
မိတ္ထီလာကန် လေညင်းခံ
ဖိတ်မန် သူခေါ်သေး
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်
ယင်ကောင်မသန်းသေး..
ရယ်သံနှောနှော သူ့အပြော
သောသောညံနေသေး
အဘယ့်ကြောင့်ဟူ ပြောရမူ
ကိုယ့်လူမရယ်ကြေး
သွားလေးကခေါ တင်ကလျော
စွေသော မျက်ခွံမှေး
တင်းတိပ်ဝက်ခြံ ၀န်းပတ်ရံ
နီလျှံနှုတ်ခမ်းထွေး(ကွမ်းစားထားခြင်းကြောင့်)
ထို့ကြောင့်သာပ လင်မရ
သူမလှပဂေး........
6 comments:
ဟယ် မိန်းခလေးတွေက ကိုယ်စီအလှတစ်မျိုးစီ ပိုင်ဆိုင်ထားတယ်လို့ ပြောကြတာပဲအေ့
လူမလှဘူးဆိုပေမဲ့လဲ စိတ်ထားလေးတော့ လှရှာမှာပါအေ ဟိဟိ
(နာကလဲ ရုပ်ဆိုးတယ်အေ့ ခွစ်ခွစ်)
ကွမ်းစားတာဘယ်သူလည်း
ဆိုတာသိမှာပေါ့
လှလားမလှဘူးလား
ကွမ်းစားတာခုသိပြီမဟုတ်လား
အောင်မလေး လှချက်...
မြင်မြင်သမျှစိတ်ပျက်အောင်လှပါတဲ့ ရေသည်မထက်ဆိုးနေပါပေါ့လား
နာ့လောက်တော့လှမယ် မထင်ပါဘူး......
သူက အတောင်ပံလဲမပါပဲနဲ့..... ခွိ....
ခြင်စုတ်ခြင်ပျက်....
ငါ့ကိုပြောနေတာများလား ကောင်လေးငယ်။
တိုက်ဆိုင်မှုရှိရင် ခွေးလွတ်ပါ..အဲ ခွံ့လွတ်(မုန့်တွေ)....
Post a Comment