ကျွန်တော်ဒီနေ့ အထိမ်းအမှတ်ပွဲလေးတစ်ခု ကျင်းပခဲ့တယ်.. ဘာပွဲလဲ ဘယ်လိုအထိမ်းအမှတ်ပွဲလဲဆိုတော့
ကျွန်တော်ကိုယ်တိုင်အမှန်တကယ်ကို မချစ်ခဲ့တဲ့ သူငယ်ချင်းကောင်မလေးကို ရည်းစားတွေအဖြစ် သူငယ်ချင်း
အပေါင်းရောင်းရင်းများကြားမှာ တရားဝင် ကြေငြာတဲ့ပွဲလေ...ဘယ်မှာလုပ်သလဲဆိုတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲလေ
ပျော်ပွဲအဖြစ်(သူများတွေအတွက်) စားကြမှာဆိုတော့ အစားကောင်းကောင်းရတဲ့ စားသောက်ဆိုင်မှာ နောက်ပြီးသောက်ကြဦးမှာဆိုတော့
ဘီယာရတဲ့ စားသောက်ဆိုင်မှာပေါ့ဗျာ.. အင်း ကောင်လေးငယ်ဆိုတဲ့ကောင်ကလည်း ဘီယာဆိုင်မှာ လိုက်ပြီးတော့များ ဧည့်ခံလိုက်တာ
လို့တော့ အပြစ်တင်မစောနဲ့ဦး... အားလုံးရဲ့ဆန္ဒအရ သွားတာ.. ဟီး..ဟီးး နည်းနည်းတော့ ကိုယ့်ဖက်မဲများအောင်ဆွယ်ရတာပေါ့..
အမှန်တိုင်းပြောရရင်တော့ဗျာ ကျွန်တော်က ဘီယာာကိုကြိုက်လွန်းလို့တော့ဟုတ်ဘူးဗျ.. သူငယ်ချင်းတွေရဲ့ ပွဲပဲဖြစ်ဖြစ် အလုပ်ကိစ္စအရ
မလွဲသာမရှောင်သာတဲ့ပွဲမှာဖြစ်ဖြစ် အားနာလို့သောက်ရင် နှစ်ခွက်ဆိုတာအလွန်ဆုံးပဲ.. ဒါတောင် ဒီကကောင်မှာ တိုင်ပတ်နေပြီ. မျက်နှာကိုနီရဲပြီးတော့ မဟန်နိုင်ဖြစ်နေတဲ့ကောင်.. အင်း ဒီနေ့တော့.. တော်တော်တော့ ထူးဆန်းသားဗျ. ရောက်တာနဲ့ သောက်လိုက်တာ သူငယ်ချင်းတွေတောင် အံ့သြယူရတယ်.. သုံးခွက်ဆက်တိုက် သောက်ပစ်လိုက်တာ.. သူငယ်ချင်းအထီးတွေရော
သူငယ်ချင်းအမတွေရော ပြောလိုက်တဲ့စကား ရီလိုက်တဲ့အသံတွေက နားထဲမှာ ညံနေတာပဲ. ဘာတွေပြောနေလဲတော့သိဘူး..
အနားက ပူပူနွေးနွေးရည်းစားကတော့ မျက်လုံးလေးကလယ်ကလယ်နဲ့ ကြည့်နေတာတော့သိလိုက်တယ်.. ဒါပေမယ့်လဲ သူ့ကို
တစ်ချက်ရီပြလိုက်ပြီး ၀ိတ်တာကိုနောက်ထပ် မှာလိုက်တယ်.. အင်း ကျွန်တော်မှာလိုက်တော့လဲ အားလုံးကတော့ တားပါဘူး များများမှာတော့ များများသောက်ရတာကိုး.. ပြုံးကြည့်တယ်. သူများတွေပျော်နေတဲ့အချိန်မှာ ပျော်ွှောင်နေကြည့်တယ်.. ရပါဘူးဗျာ..
ဒီကောင်က အရင်ကတည်းကအကျင့်ပါနေတာ. မကြေနပ်ရင်ဟန်ဆောင်လို့ကိုမရတာ.. ဟန်ဆောင်ပြီးတော့လည်းပြုံးတတ်ဘူးဗျ..
တစ်ဖြည်းဖြည်းနဲ့အရှိုန်ရလာကြပြီလေ.. အရှိုန်မရလည်းဘယ်ခံနိုင်ပါ့မလဲ.. စားပွဲပေါ်မှာလည်းပြည့်နေပြီ.. စားပွဲအောက်မှာလည်း ခွက်အလွတ်တွေက တန်းစီနေပြီလေ.. ဒီလောက်ထိန်းထားတဲ့ကြားထဲက ဘယ်လိုကဘယ်လို ကျလာမှန်းမသိတဲ့ မျက်ရည်တစ်စက်က
ပါးစပ်ထဲဝင်သွားတယ်လေ.. ဘီယာက ခါးခါး မျက်ရည်းငံကျိကျိနဲ့ဆိုတော့ တော်တော်လေးတော့ အရသာရှိသား.....
ကျွန်တော် မျက်ရည်ကျလိုက်တာ ဘယ်သူမှသိလိုက်ဘူးထင်တာ.. ဟိုဂျလည်မလေးကသိလိုက်တယ်ဗျ.. ဘယ်လိုများစောင့်ကြည့်နေတယ်သိဘူး.. ကျွန်တော့်လက်မောင်းကို လာကိုင်ပြီး နင်ငါ့ကို တကယ်ချစ်တာရောဟုတ်လားတဲ့....
" အင်း ငါ နင့်ကို နင်နေအောင်ချစ်တာပါ အဲ ဒါပေမယ့် နစ်နေအောင်တော့ ချစ်ဘူးလို့" ငါနင့်ကို ချစ်တယ်ဆိုရင် ပျော်မယ့်သူတွေအများကြီးပဲလေ... အားလုံးအတွက် ငါ နင့်ကို ချစ်ပါတယ်လို့" ပြောလိုက်ရော "ဘာအားလုံးအတွက် နင်ကငါ့ကိုချစ်တာ ဟုတ်လား အားလုံးအတွက်ဆိုတော့ အားလုံးထဲမှာရော ငါကထိပ်ဆုံးကပါလားတဲ့" သိဘူးလေ ကျွန်တော်လည်းဘာမှကို မသိတော့ဘူး
အဲ ဒါပေမယ့်သိလိုက်တာတစ်ခုတော့ရှိတယ်ဗျ.. ဘီယာကခါးခါး မျက်ရည်က ငံငံ .... တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမခံစားဘူးသေးတဲ့
အရသာကို တော်တော်ကြိုက်သွားပြီ......
ပန်းရိုင်းကလေးရဲ့အိပ်မက်
7 years ago
6 comments:
ကောင်မလေးနဲ့အဆင်ပြေပါစေလို့
အမဆုတောင်းပေးလိုက်ပါတယ်နော်
ကောင်းလေးငယ်ရေ....
ကောင်မလေးကိုသနားပါတယ်ဟယ်
အဆင်ပြေပျော်ရွှင်ပါစေနော်
မြူးလေး
ဟဲ့ ဘာတွေတုံး ငါ လိုက်လို့ကို မမီတော့ဘူး တက္ကစီ တက္ကစီ လာပါဦး လိုက်မလို့
ဘာတွေ ဖြစ်နေလဲ ကောင်လေး
ကောင်မလေးကို သနားတယ်...
Post a Comment