
ကျွန်တော့်ရဲ့ နှလုံးသားတောင်ကုန်းတစ်ဝိုက်ကို
သူမ....ဗုံးကြဲတိုက်ခိုက်တဲ့ နေ့မှာပဲ....
စကားလုံးတွေက တအုံးအုံးပေါက်ကွဲ
မိုက်မဲစွာ ချစ်တတ်လာခဲ့တယ်
( ကျွန်တော်တွေးကြည့်တယ်...)
နောင်...အနှစ်တစ်ထောင်လောက်ကြာတဲ့ အခါ
အဲဒီနေ့ကို.. Valentine's Day... လို့
သတ်မှတ်ကြမယ်ထင်တယ်....
သူငယ်ချင်းတွေကလည်း သဘောတူတယ်
" ဖြစ်နိုင်ပါတယ် ... ငပေါရယ်..တဲ့.."
7 comments:
တို့လည်း သူငယ်ချင်းပဲ လုပ်တော့မယ်... :P
ပေါ ရက်ပါပေ့ကွယ်
ဟုတ်ပါ့ ငပေါ လေး
ကယ်လေးငေါင် ငပေါလေး
ဟေးဟေးးး
ဗုံးကျဲထားတဲ့ တောင်ကုန်းကိုတော့ ရှောင်မယ် အဟိ။ မိုက်မဲစွာ ချစ်တဲ့သူကို ငပေါလို့ တော့ မပြောသင့်ပါဘူးနော်။ အဟိ ။
ခင်မင်လျှက်
သူငယ်ချင်းပါးလုံး
ဟုတ်ပါ့ ပါးလုံးလေးကမှ သိတတ်သေး
ဟိုအပေါ်က အပျိုကြီးတွေက ဘာမှလည်းမသိတတ်ဘူး
ဟင့်...တားတားကို ငပေါလေးတဲ့..
အင်းးးးးးးးးး
ကောင်လေးငယ်တောင် အရွယ်ရောက်လာပြီပဲ။
(အဟဲ.. လူကြီးလေသံနှင့်)
အဲဒီတောင်ကုန်းက ဗုံးခိုကျင်းမရှိဘူးလား.... တို့ရွှေကျင်မှာဆိုရှိတယ်...ဟီးဟီး... မရှိသေးရင်တူးထားလိုက်နော်...တော်ကြာ ဗုံးဆံမှန်နေအူးမယ်.....
Post a Comment